Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 19, 2014

မြန်မာလူငယ်အကျိုး သယ်ပိုးနေတဲ့ Eileen


ပုံမှာ မြင်တွေ့နေရတဲ့ လူငယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး Eileen Lui လို့ အမည်ရ ပါတယ်။ မလေးရှားမှာ မွေးဖွားပြီး သြစတေးလျမှာ စကော်လာရှစ်နဲ့ ကျောင်းသွားတက် ပါတယ်။ ကမ္ဘောဒီးယားမှာ Volunteer အဖြစ် လုပ်ကိုင်ပြီးတော့ မြန်မာပြည်ကို ရောက်ရှိ လာပါတယ်။ ပြည်တွင်းက စူပါမားကတ် ကုမ္မဏီကြီး တစ်ခုရဲ့ အချိန်ပိုင်း မာကဲတင်း အကြံပေး အဖြစ် လုပ်ကိုင်ရင်း သူ တစ်ဖက်မှာ လုပ်ကိုင်နေတဲ့ အလုပ်က မိဘမဲ့ ကလေး ငယ် များကို ထောက်ပံ့ကူညီ ခြင်း ဖြစ်ပါတယ်။

အလှူငွေများ ကောက်ခံပြီးတော့ ကူညီနေခြင်း မဟုတ် ပါဘူး။ သူကိုယ်တိုင် ကြိုးစားရရှိတဲ့ ဝင်ငွေ ကို အခြေခံလို့ အသေးစား အိမ်တွင်းမှု လုပ်ငန်း တစ်ခု ပြုလုပ် ပါတယ်။ ပဲနို့နှင့် အခြား ပဲပိစပ် လုပ်ငန်း လုပ်ကိုင် ဖို့ အတွက် စက်ပစ္စည်း အကူအညီ ရလို့ အရွယ်ရောက်ပြီး မိဘမဲ့ လူငယ်တွေနဲ့ ပေါင်းလို့ စီးပွားရေး လုပ်နေ ပါတယ်။ ရရှိတဲ့ ငွေအားလုံးကို လှူဒါန်းပြီး ရာနှုန်းပြည့် ကိုယ်ကျိုးသုံးစွဲခြင်း မရှိ ပါဘူး။ မြန်မာပြည်က မိဘမဲ့ ကလေးငယ် အချို့တွေရဲ့ ပင်ကိုယ်စိတ်ဟာ အလှူငွေပေါ် မှီခို နေထိုင်ရမယ်လို့ ထင်နေကြတယ်လို့ ထင်မြင် နေကြတယ်လို့ သူမ သုံးသပ်ပါတယ်။ ဒါကြောင့် မိမိ စားသောက်ဖို့ အတွက် ကိုယ်တိုင် ကြိုးစား ရှာဖွေရမယ် ဆိုတဲ့ အသိစိတ် ဖြစ်ပေါ်လာအောင် အလှူငွေတွေ လှူဒါန်း၊ လုပ်အားဖြင့် စာသင်ပေးရင်း ကနေ အရွယ်ရောက်ပြီး ၁၆ နှစ်အထက် လူငယ် အမျိုးသား၊ အမျိုးသမီး များကို ဖိတ်ခေါ်လို့ ပဲနို့ထုတ်လုပ်တဲ့ လုပ်ငန်း အသေးစားကို ပြုလုပ် ပါတယ်။

သူ့ဆီမှာ လုပ်ကိုင်နေသူ လူငယ်များကို ပညာရေးအတွက် အပြည့် အဝ ပြန်လည်ထောက်ပံ့ပေးပြီး အခြားသော အလုပ်အကိုင် အခွင့်အလမ်း များပါ ဖန်တီးပေးကြောင်း ဆိုပါတယ်။ နိုင်ငံတကာကလိုပဲ အရွယ်ရောက်ပြီး လူငယ် များဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည် ကြိုးစား ရှာဖွေနိုင်တဲ့ စိတ် မွေးဖွားရန်၊ ဗုဒ္ဓဘာသာဝင် လူမျိုး ပီပီ ကျေးဇူး ပြန်ဆပ်သည့် အကျင့်စရိုက် ရှိစေရန် ရည်ရွယ်လို့ ယင်း လုပ်ငန်းကို လုပ်ကိုင် ပါတယ်။ မိဘမဲ့ ကလေးငယ်များ အနေနဲ့ ကြိုးစားရှာဖွေ ထားမှုကို မိမိတို့ကို ပြုစုခဲ့ သည့် ဂေဟာနဲ့ ဘုန်းကြီးကျောင်း များထံ ပြန်လည် ပေးအပ်ဖို့လည်း သင်ကြားပေးထားကြောင်း ဆိုပါတယ်။

လုပ်ငန်းပြုလုပ်တဲ့ ရည်ရွယ်ချက်က စီးပွားရှာရန် မဟုတ်ပဲ မိဘမဲ့ ကလေး ငယ် များအား ပညာသင်ကြား ပေးရေး၊ အစား အသောက် ထောက်ပံ့ပြုစုရေး တို့ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့် Eileen ဟာ အများ အတုယူ လေး စား ရမယ့် စွန့်ဦးတီထွင်သူ (Entrepreneur) တစ်ဦးပဲ ဖြစ်ပါတယ်။ အသက် ၃၀ ကျော်သာ ရှိသေးပြီး ဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ယခုလို မြန်မာပြည်မှာ အများအကျိုးပြု ပြု လုပ် နိုင်ဖို့အတွက် သူမ ကိုယ်တိုင် ရှာဖွေ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။

ပဲနို့ကို Soyai လို့ အမည်ပေးထား ပါတယ်။ သူမနဲ့ သူမရဲ့ လုပ်ငန်းကို မှီတည်လို့ ရပ်တည်နေရတဲ့ မိဘမဲ့ ကလေးနှင့် လူငယ်ပေါင်း ၂၀၀ ကျော်မက ရှိပါတယ်။ Elieen ဟာ အလှူငွေ လက်မခံ ပါဘူး။ အလှူဒါနနဲ့ မရပ်တည်ပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ ရပ်တည်တဲ့ လူငယ်တွေ ဖြစ်ပေါ်လာအောင် ဖန်တီးနေတာကြောင့် ကူညီချင်သပ ဆိုင် သူတို့ ထုတ်လုပ်တဲ့ ပဲနို့ကိုသာ ဝယ်ယူ အားပေးစေလိုကြောင်း ရိုးရာလေးကို ပြောဆိုခဲ့ ပါတယ်။ အသေးစိတ် သိရှိဖို့ အတွက်www.facebook.com/cotyouthcentre မှာ ဝင်ရောက်လေ့လာ နိုင်ပြီး teamsoyai@gmail.com သို့လည်း မေးမြန်း နိုင်ကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment