Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 19, 2014

တောင်းရမ်းစားသောက်ပြီး သမီးကို မင်္ဂလာဆောင်ပေးချင်တဲ့အတွက် မျက်နှာခွဲစိတ်မှုကို ငြင်းဆန်


အိန္ဒိယမှာ မျက်နှာတစ်ခုလုံးအရည်ပျော်ကျနေသလို ဖြစ်နေတဲ့အတွက် ‘အရည်ပျော်လူသား’ လို့  နာမည်ကြီးသူ ဟာ သူ့ ရဲ့မျက်နှာပေါ်က အသားပိုတွေကို ခွဲစိတ်ဖယ်ရှားဖို့ ငြင်းဆန်လိုက်ပါတယ်။ အခုလို ပုံစံနဲ့ ဆက်လက် တောင်းရမ်းစားသောက်ပြီး သမီးကို မင်္ဂလာဆောင်ပေးချင်တဲ့အတွက် ခွဲစိတ်မှုကို ငြင်းဆန်လိုက်တာ ဖြစ်တယ် လို့ ဆိုပါတယ်။
အသက် ၅၀ အရွယ် Mannan Mondal ဆိုသူ နယူးဒေလီမြို့ သားဟာ သူ့ ရဲ့ ဆိုးရွားတဲ့မျက်နှာပုံစံကြောင့် အသက်ရှင်နေနိုင်တာဖြစ်တယ်လို့ ယုံကြည်နေသူပါ။
Neurofibromatosis လို့ ခေါ်တဲ့ မျိုးဗီဇဖောက်ပြန်ချို့ ယွင်းမှုရောဂါကြောင့် အာရုံကြောတစ်လျှောက် အသားပို တွေ ကြီးထွားလာပြီး မျက်နှာတစ်ခုလုံး ဆိုးဆိုးရွားရွားပုံစံဖြစ်နေတာပါ။ ဒါပေမယ့် ဒီအသားပိုတွေဟာ ကင်ဆာ ရောဂါမဖြစ်စေနိုင်ဘဲ နာကျင်မှုတောင် မရှိဘူးလို့ ဆိုပါတယ်။
Mondal ဟာ အိန္ဒိယတစ်ခွင်က မြင့်မြတ်တဲ့နေရာတွေကို လှည့်လည်သွားရောက်ပြီး တောင်းရမ်းစားသောက် တယ်လို့ သိရပါတယ်။ သူ့ အချိန်တော်တော်များများကို လမ်းပေါ်မှာ တောင်းရမ်းနေထိုင်ပြီး တစ်နေ့ ဝင်ငွေ ငါးပေါင်လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာငွေ ရှစ်ထောင်လောက်နဲ့ ညီမျှပါတယ်။
ဒီ မျက်နှာမှာ အသားပိုတွေကြီးထွားမှုကြောင့် မျက်အိမ်၊ နားရွက်တစ်ဖက် နဲ့ သွားတော်တော်များများ ဆုံးရှုံးခဲ့ ရပေမယ့် အသက် ၁၈ နှစ်အရွယ်မှာ ချစ်သူရှာတွေ့ ခဲ့ပြီး ကလေးလေးယောက် မွေးခဲ့ပါတယ်။
အိန္ဒိယခွဲစိတ်ဆရာဝန်တွေဟာ သူ့ ကို မျက်နှာခွဲစိတ်ပြီး အသားပိုတွေ ဖယ်ရှားပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် Mondal က ငြင်းဆန်ခဲ့ပြီး အသက် ၂၀ နှစ်အရွယ် အကြီးဆုံးသမီးကို လက်ထပ်ပေးဖို့ အတွက် ဆက်လက် တောင်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Mirror.co.uk
Trend

No comments:

Post a Comment