Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 16, 2014

ဗိုလ်စိန်မှန်ကွင်း လူထုဟောပြောပွဲ




တပ်မတော်သားတွေစဉ်းစားစေချင်တယ်။ 
တခြားပြည်သူတွေထက် အခွင့်အရေး ရနေတာက ၀မ်းသာစရာဟုတ်ရဲ့လား။ 
လက်နက် အာဏာကြောင့် အထူးအခွင့်အရေးရတာ သိက္ခာရှိရဲ့လား။ 
ကိုယ့် အတွက်ကော ကောင်းရဲ့လားဆိုတာစဉ်းစားစေချင်တယ်။ ''ဟု ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်စိန်မှန်ကွင်းတွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလူထုဟောပြောပွဲတွင်ပြောခဲ့သည်။

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ'' ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစဉ်ခါတုံးက တိုင်းပြည်ရဲ့ထိပ်တန်း ပုဂ္ဂိုလ်တွေပါတယ်လို့ ပြောကြပါတယ်။ဘယ်လိုလူ တွေပါသလဲ။ ပြည်သူလူထုကို ကိုယ့်အသွေးအသားလို့ သဘောထားရမယ့်အစား ပြည်သူလူထုက တစုံတရာလိုချင်လို့ ငြိမ်းချမ်းစွာပြောတော့မယ်ဆိုတာနဲ့ အကြမ်
းဖက်နှိမ်နင်း တဲ့နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလား။ ပြည်သူတွေပိုင်တဲ့ ၊ နောက်မမွေးသေးတဲ့ ကလေးတွေပါ ပိုင်တဲ့ ပြည်ထောင်စုကြီးရဲ့ သယံဇာတတွေကို ကြောက်လို့ပဲဖြစ်ဖြစ်၊ အခွင့်အရေးအ တွက်ပဲဖြစ်ဖြစ် လက်ညှိုးထိုးပြီး ဈေးပေါပေါနဲ့ ရောင်းစားခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေလား။'' ဟု
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဗိုလ်စိန်မှန်ကွင်း တွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ တွင်ပြောခဲ့သည်။
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ


No comments:

Post a Comment