Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 22, 2014

အရေးကြီးသော ပုဒ်မ (၄၃၆)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါ်.( ၈၈ ကျောင်းသားခေါင်းဆောင်များ) ပူပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ တနည်းဟားဖြင့် လူထု အသိပညာဟောပြောရေး. တို့ကို မအူပင်မြို့နယ်.၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့မှာ ပြည်သူလူထုကို ဘာကြောင့်မို့ ပြင်သင့်တယ်..၊ ဆိုတာကို ရှင်းပြကြပါတယ်..။
ဒါပေမဲ့ တစ်ချို့ ညီငယ် ညီမငယ်များက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတဲ့ စာအုပ်ကြီးကို မဖတ်ဖူးကြပါဘူး..၊ ဖတ်ချိန်လည်း မရှိကြပါဘူး..။ ကျနော်တို့ကိုယ်တိုင်ပင် ၀ါသနာပါလွန်းလို့သာ တနည်းအားဖြင့် အောက်ကျမှာစိုးလို့သာ လေ့လာထားသူအဆင့်ပါပဲ..။ ဥပဒေပညာရှင်တွေလောက် မသိတာကို ရိုးသားစွာ ၀န်ခံပါတယ်..။
ဒီပုဒ်မ (၄၃၆) ဆိုတာ ဒီအခြေခံဥပဒေတစ်ခုလုံးရဲ့ အချုပ်ဆိုလည်း မမှားပါဘူး..၊ နောက်ပြီး ခြံဝင်းတံခါးပေါက်ကြီးလည်း ဆိုရင်လည်း မှန်ပါလိမ့်မယ်။
ဖွဲ့စည်းပုံမှာ အခန်းပေါင်း (၁၅) ခန်းပါရှိပါတယ်..၊ အခန်း (၁၂) မှာ ၄၃၆ ပုဒ်မဆိုတာ ပါရှိပါတယ်..၊ ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄၊ ပုဒ်မ၄၃၅၊ ဆိုပြီး အခန်း (၁၂)ထည်းမယ် ပါရှိပါတယ်..၊ အဲ့ဒါတွေကတော့ ဖွဲ့စည်းပုံကို ပြင်ချင်ပါက မည်သို့မည်ပုံ ပြင်ရမည်ကို ပြဆိုသော ပုဒ်မတွေဖြစ်ပါတယ်..။ 
ဒီဖွဲ့စည်းပုံ ကို ပြင်ချင်တယ်ဆိုရင်.. ပထမဦးစွာ မူကြမ်းရေးဆွဲရပါမယ်..၊ မူကြမ်းကို ပြည်ထောင်စုလွှတ်တော် စုစုပေါင်း၏ (၂၀) ရာခိုင်နှုံန်းက တင်ပြလာလျှင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပါရှိပါတယ်..။
လာပါပီ (ပုဒ်မ ၄၃၆) 
ပုဒ်မ ၄၃၆ မှာ ဘာတွေ ပြဌာန်းထားသလဲဆိုတော့.. 
ပုဒ်မခွဲ (က).. ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း( ၃) ပုဒ်မ ၅၉ မှ ၆၀ အထိ၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊၃၀၅၊ ၃၁၄၊၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်..။
(ခ) ပုဒ်မခွဲ (က)တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်..။
ဒါဟာ ဖွဲ့စည်းပုံထဲက ပါသည့်အတိုင်းကို ရေးပြတာပါ..၊ ဒါဆို ရှင်းကြအုံးစို့.. 
ဒီနေရမှာ လွတ်တော်ကိုယ်စာလှယ် စုစုပေါင်း( အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ၃၃၀ ဦး၊ အမျိုးသားလွှတ်တော်မှ တပ်မတော်သား ကိုယ်စာလှယ် ၅၆ ဦး ၊ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စာလှယ် ၁၁၀ ဥိး၊ ) စုစုပေါင်း ( ၆၆၄ ) ဦး ဖြစ်ပါတယ် ပြည်သူမှ ရွေးကောက်တင်မြှောက်သူဟာ ၇၀ % ဖြစ်ပြီး ကာချုပ်မှ အမည်စာရင်းတွင်သွင်းပြီး လွှတ်တော်သို့ တက်ရောက်နေသော တပ်မတော်သား ကိုယ်စာလှယ်သည် ၃၀% ဖြစ်ပါတယ်၊ အကယ်၍ အထက်ပါ ဥပဒေများကို ပြင်ဆင်လိုပါလျှင်.. တပ်မတော်သား ကိုယ်စာလှယ် အနဲဆုံး တစ်ဦး ပါဝင်မှသာလျှင် ပြင်ဆင်၍ ရပါမယ်၊ ပြည်သူများက တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များက မည်မျှပင် ပြင်ဆင်ချင်စေကာမူ တပ်မတော်သား ကိုယ်စားလှယ်များက မပြင်ဆင်လိုပါက လုံးဝပြင်ဆင်၍ မရပါ၊
ဒါမို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ရာဟာ သိပ်ကိုခဲရင်းနေပါတယ်..။ နောက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များရော ပြင်ဆင်လိုပါတယ်ဆိုစေဦး ပြည်တွင်းမှာ ဆန္ဒခံယူပွဲလုပ်ရပါအုံးမယ်…၊ 
အထက်ကဖော်ပြခဲ့သည့်အတိုင်း..၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ထက်ဝက်ကျော် ဖြင့်သာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်..။ ဆန္ဒမဲ ပေးလာသူမဟုတ်ပါဘူး.. တိုင်းပြည်တွင်းမှာ ရှိနေတဲ့ အသက် (၁၈)နှစ်ကျော် သော လူပုဂ္ဂိုလ်များ အားလုံး၏ ထက်ဝက်ကျော်ဖြစ်ပါတယ်.. သဘောအားဖြင့် မြန်မာပြည်မှာ သန်း ခြောက်ဆယ် ရှိတယ်ဆိုပါစို့ အဲ့ဒီသန်းခြောက်ဆယ် ၏ ထက်ဝက် သန်းသုံးဆယ်နဲ့ တစ်ယောက် ဆန္ဒမဲပေးမှသာလျှင် ပြင်ဆင်ခွင့်ရှိနေပါတယ်.။
ဒါမို့ ဥပဒေပညာရှင်များက ကမ္ဘာပေါ်မှာ အလွန်ပြင်ရခက်သော အခြေခံဥပဒေ ဖြစ်ကြောင်း မှတ်ချက်ချကြတယ်လို့ မှတ်သားရဘူးပါတယ်..။ မိတ်ဆွေများလည်း စဉ်းစားကြပါ..။ 
ပြင်ဆင်ရန်ခက်ခဲသော ဥပဒေတစ်ခုကို ထုတ်ပြပါရစေ..
အခန်း( ၅) အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း။ ပုဒ်မ (၂၀၁ )ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်သည်။
(က) နိုင်ငံတော် သမ္မတ
(ခ ) ဒုတိယသမ္မတ 
(ဂ )ဒုတိယသမ္မတ 
(ဃ) ပြည့်သူ့လွတ်တော်ဥက္ကဌ
(င)အမျိုးသားလွှတ်တော်ဥက္ကဌ
(စ )တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
(ဆ)ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊
(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊
(ဈ ) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊
(ည) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊
(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊
အားလုံးပေါင်း (၁၁) နဲ့ ဖွဲ့စည်းထားသည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မယ်။
နောက်ပုဒ်မ တစ်ခုကို လေ့လာကြရအောင်ပါ မိတ်ဆွေတို့..။
(အဲ့ဒါကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ) ခန့်အပ်ခြင်ဆိုင်ရာဖြစ်ပါတယ်..။
ပုဒ်မ (၂၃၂ ) (ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်၊
(၁) လွတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ရမည်။
(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။
(၃) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
``````````````````````````````````````````````````````````````````
ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် ပုဒ်မတစ်ခုကို ထုတ်ပြခြင်ပါသေးတယ်..၊ လေ့လာကြပါဦးနော်.။
အခန်း (၇) ပုဒ်မ (၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
ပုဒ်မ(၃၃၈ )နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူအောက်တွင် ရှိသည်။
ပုဒ်မ (၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဥိးဆောင်ရမည်။
ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင် 
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဥပဒေနှင့်အညီ စီရင်နိုင်သည်။
(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်..။
````````````````````````````````````````````````````````````
အစက နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်..။
နောက် ပုဒ်မတွေက အရာအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ ညှိနိုင်းမူကို ရယူပြီး လုပ်ဆောင်ရမည်ဟု ပါရှိသည်ကို သတိပြုမိမယ်ထင်ပါတယ်..။ နောက် တပ်မတော်သားများသည် ပြည်သူပြည်သားများထဲမှ ပေါက်ဖွားလာသည်ဟု ဆိုသော်ငြားလည်း ဥပဒေအရ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်၊ မြန်မာပြည်ထဲမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒါးမြပဲတိုက်တိုက် လူပဲသတ်သတ် ခိုးပဲခိုးခိုး မုဒိန်းပဲကျင့်ကျင့် အရပ်ဖက်တရားစီရင်ရေးက စွက်ဖက်ခွင့်မရှိဘူးဆိုတာ သိမယ်လို့ထင်ပါတယ်..။ မိတ္ထီလာမှာ ဘဏ်ကိုဒါးပြတိုက်သော ဗိုလ်ကြီးကို အရပ်ဖက်တရားစီရင်ရေးက ဘာမှလုပ်မရပါဘူး တပ်ကိုပဲလွဲပေးလိုက်ရတာ သိမယ်လို့ထင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာ အဓိကဖြစ်နေလို့ပါပဲ..။ တရားမျှတလား မမျှတလား ဆိုတာ သိမြင်မည်ဟု ယုံကြပါတယ်..။
နောက်တစ်ခု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းခြင်း ဆိုတာကို ပြန်ပြီး ဖတ်စေလိုပါတယ်..။ အားလုံးပေါင်း ၁၁ ယောက်ဆိုတာကို သတိထားမိမယ်ထင်ပါတယ်၊ ဘယ်ဌာနတွေပါတယ်ဆိုတာကိုလည်း သတိထားမိမယ်ထင်ပါတယ်၊ ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပရန်ကို တွန်းလှန်ရာတွင်သော်လည်းကောင်း အမျိုးသားကာကွယ်ရေး ကောင်စီက အစီးအဝေးထိုင်ပြီး ဒီမိုကရေစီကျကျ မဲခွဲကြမယ်ဆိုရင်ကိုပဲ သမ္မတမှာ အင်အားမရှိပါဘူး.။ ရှင်းပြပါအံ့
အရပ်ဖွဲ့ အဖွဲ့အစည်းဟု နာမယ်ခံထားသော နိုင်ငံတော် သမ္မတ ဒု သမ္မတ နှစ်ယောက် ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဌများ အားလုံးပေါင်း (၅) ယောက်ဆိုတာ သတိထားမိမယ်ထင်ပါတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ( ၆) ယောက် ဆိုတာ သတိထားမိပါလိမ့်မယ်၊..။
နယ်စပ်ရေးရာဝန်ကြီးဌာနများ စသည်တို့ကို သမ္မတက တိုက်ရိုက် ခန့်ပိုင်ခွင့်အား ပုဒ်မ (၂၃၂) ခ ပုဒ်မခွဲ (၁) (၂) (၃) တို့ဖြင့် ပြန်လည်ပြီး ချုပ်ကိုင်ထားတာကို မြင်သိရပါလိမ့်မယ်..။ 
ဒီတော့ ကျနော်တို့တစ်တွေ သမ္မကြီး ဦးသိန်းစိန်ဟာ ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ သိပ်ဝမ်းနဲစရာကောင်းပါတယ်..။ ဒါမို့ ကချင်ကိုတိုက်နေခြင်းဟာ သမ္မတကို အသိပေးစရာမလိုပဲ တိုက်လို့ရနေပါတယ်၊ သမ္မတ၏ ညွှန်ကြားချက်မလိုပါဘူး၊ ကာချုပ်၏ အမိန့်ဖြင့် တိုက်လို့ရနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်..။ တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်သိသာပါတယ်၊ ဒီထက်မက ထုတ်ပြစရာတွေ အများကြီး ပါနေပါသေးတယ်..။ 
ဒါမို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခြင်းဖြစ်ပါတယ်..
ဆိုတော့ ဒီဖွဲ့စည်းပုံကို ပြင်ချင်တယ်ဆိုရင် ပထမဦးစွာ အချုပ်ဖြစ်သော တံခါးမကြီးဖြစ်သော ပုဒ်မ ၄၃၆ကို စတင်ပြရမှာဖြစ်ပါတယ်..၊ ဒါတောင်ပဲ ဒီဥပဒေအတိုင်းပြင်မယ်ဆိုရင် အထက်က တင်ပြခဲ့သည့်အတိုင်း ပြင်ရရင် အလွန်ကို ငွေကုန်ကြေးကျများပါလိမ့်ဦးမယ်..။ အချိန်လည်းပေးရပါလိမ့်မယ်..၊ 
ပြည်သူများကလည်း ပြင်ဆင်စေခြင်တယ်ဆိုတာ ပြောစရာမလိုပါဘူး..၊ ဘာဖြစ်လို့လဲ ဆိုရင် တန်တူညီမျှမူမရှိဘူး၊ လွတ်လပ်မူမရှိပါဘူး..၊ နောက်ပြီး သားစဉ်မြေးဆက် မတူညီမူဆိုတဲ့ ခါးသီးတဲ့ ခံစားမူတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်..၊
ပြည်သူပြည်သားတွေနဲ့ တန်းတူညီမျှ အေးအတူပူအမျှ မျှဝေခံစားခြင်တယ်.. ဆိုရင် တပ်မတော်သားကပါ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားရမှာ ဖြစ်တဲ့အကြောင်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန်းခွန်းတွေမှာ တပ်မတော်သားများကို အမှာစကား ပါးနေခြင်းဖြစ်ပါတယ်..။
ဒီပုဒ်မ (၄၃၆) ကို ပြင်မှသာလျှင် အထဲမှာရှိနေသော မသင့်လျှော်သော ဒီမိုကရေစီနည်းမကျသော ပုဒ်မများကို တစ်ဆင့်ခြင်း နှစ်တွေခြားလျှက် ပြင်သွားနိုင်မှာ ဖြစ်ပါတယ်။။ 
ဒါကြောင့် ပုဒ်မ (၄၃၆) ပြင်ဆင်ရန် လက်မှတ်ရေးထိုးပွဲမှာ သင်တို့ရဲ့ လက်မှတ်တစ်ချက်ဖြင့် တိုင်းပြည်တာဝန်ကို ထမ်းလှည့်ပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဒါတွေပြောလို့ နာလိုခံခက်စရာလဲမလိုပါဘူးလို့ ယူဆမိပါတယ်..။ မိတ်ဆွေများလည်း ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ဖတ်စေခြင်ပါတယ်.. တစ်အုပ်မှာ ၁၀၀၀လောက်ပဲ ရှိတာပါ..၊ မသိရင် ဥပဒေပညာရှင်များကို မေးလို့လဲရပါတယ်..။
ဒီလောက်ဆို ဘာကြောင့်ပြင်ဆင်ရမယ်ဆိုတဲ့အချက်ကို နားလည်ကြမယ်လို့ ယုံကြည်မိပါကြောင်း…။
လေးစားစွာဖြင့်
မိုးတိမ်လွှာ
၂၁-၅-၂၀၁၄

No comments:

Post a Comment