Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

လွယ်လွယ်ကူကူနဲ့ ဖန်တီးနိုင်တဲ့ ဆံပင်ပုံစံအဆန်းများ

Saturday, March 01, 2014
ထသွားထလာကနေ ပွဲတက်အထိ ကိုယ့်ဘာသာကိုယ်ပြင်ဆင်လို့ရတဲ့ ဆံပင်ပုံစံလေးတွေ ရှိပါတယ်။ ဆိုင်သွားစရာမလိုပဲ အိမ်မှာပဲ စမ်းလုပ်ကြည့်လို့ အဆင်ပြေတာမို့ အမိုက်စားဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ကိုယ့်ဆံပင်က ကောက်သားနည်းနည်းရှိတဲ့ လှိုင်းတွန့်ဆံပင်မျိုးဆိုရင် ခုလိုဘေးခွဲလိုက်ပြီး ပုံမှာပြထားသလို ဆံပင်နည်းတဲ့ဘက်က နားသယ်စပ်ဆံသားတွေကို ယူကာ၊ လိမ်ပြီး ခုလို ကလစ်သေးသေးလေးနဲ့ မြင့်မြင့်လေး ထိုးလိုက်ပါ။ ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံကို ရပြီပေါ့။ ကိုယ်ဆံပင်က အဖြောင့်ဆိုရင်လည်း အပူချောင်းသုံးပြီး နည်းနည်းကောက်ပစ်လိုက်ပေါ့။



၂။ပိုနီတေးကို ခုလို စည်းကြည့်ဖူးပါသလား။ ပွဲတက်အတွက် ဆံပင်ပုံစံအဆန်းလေး လုပ်ကြည့်မယ်ဆိုရင် ပိုနီတေးကို ခုလိုစည်း၊ ဘေးကိုချပြီး ရှေ့ဆံပင်ကို အမောက်နည်းနည်းထောင်ပစ်လိုက်ရုံပါပဲ။


၃။ကိုယ့်ဆံပင်က အတိုဆိုရင်တော့ ခုလို ဆံပင်သုံးပုံတစ်ပုံလောက်ကို အပေါ်မှာ ခုလို ပွပွလေးဖြစ်အောင် ချည်နှောင်ပြီး မပြင်မဆင်ပဲ ထွက်လာတဲ့ အထာမျိုး ဖမ်းပစ်လိုက်ပေါ့။


၎။ကိုယ့်ဆံပင်က ပခုံးမရောက်တရောက်မို့ ပွဲတက်အတွက် ဆံပင်ကို ဘယ်လိုလုပ်သွားရင် ကောင်းမလဲ ခေါင်းစားမနေပါနဲ့တော့။ အားလုံးနဲ့ကွဲထွက်ပြီး အထာကျချင်တယ်ဆိုရင် ပုံမှာပြထားသလို ဂျယ်လိမ်းပြီး ဆံပင်တွေကို နောက်လှန်သိမ်းသွားလိုက်ပါ။ အ၀တ်အစားကိုတော့ လိုက်ဖက်အောင် ရွေးချယ်လိုက်ပေါ့။


၅။ကိုယ်ကအမြဲတမ်း ချစ်စရာကောင်းအောင် ၀တ်ဆင်တတ်တဲ့သူမျိုးလား။ ဟုတ်တယ်ဆိုရင်တော့ ခုလို ချစ်စရာကောင်းတဲ့ ဆံပင်ပုံစံမျိုးလေး ပြင်ဆင်ကြည့်လိုက်ပေါ့။ ရှေ့ဆံပင်တွေကိုယူပြီး ကျစ်ဆံမြီးကျစ်ပစ်လိုက်ရုံနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး ဖြစ်သွားပြီနော်။

Ref:womenshealthmag.com
Trend Myanmar

No comments:

Post a Comment