Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

တစ်မြို့လုံးကို တစ်ခုမကျန် ပြန်ဆွဲ ပြနိုင်တဲ့ Stephen Wiltshire

Saturday, March 01, 2014
 Stephen Wiltshire ဆိုတာ အမေရိကန်က လူမည်း လူငယ် တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ထူးခြားချက်က ပန်းချီးပညာ ပဲ ဖြစ်ပါတယ်။ နယူးယောက် မြို့ကို မိနစ် ၂၀ နဲ့ တစ်ပတ်ပတ်ပြီး အောက်ပြန်ဆင်းတဲ့အခါ မြို့ ပန်းချီကား ပြားချပ်ကျယ်ကို ဘယ်အစိတ်အပိုင်းမှ မကျန်အောင် ပြန်ဆွဲတတ် ပါတယ်။ ခဲပန်းချီ ဖြစ်ပါတယ်။

မြို့ရဲ့ အထင်ကရ အစိတ်အပိုင်းတွေ၊ တိုက်တွေကော သူ့နေရာနဲ့ မလွဲ ဓာတ်ပုံ ရိုက်ထားတဲ့အလား နေရာ ကျအောင် ဆွဲနိုင်ခြင်း ဖြစ်ပါတယ်။ ဒီအတွက် သူ့က နားမှာ နားကြပ်တပ်ထား ပါတယ်။ သီချင်းအမြဲ ဖွင့်ထားပြီး သူဆွဲမယ့် မြိုကနေရာကို ပတ်ကြည့်တုန်း သီချင်း နားထောင်သလို ပန်းချီဆွဲ တဲ့ အခါကျရင်လည်း သီချင်း ဖွင့်ထား ပါတယ်။ ဒါနဲ့ သူဟာ ခဲပန်းချီကို အကောင်းဆုံး ရေးဆွဲ နိုင်ခြင်း ဖြစ်ပါတယ်။ သူ့သက်တမ်း တစ်လျှောက်မှာ ရောမ၊ ဂျေရုစလင်၊ တိုကျို၊ ဒူဘိုင်း၊ မက်ဒရစ်၊ လန်ဒန်၊ ဟောင်ကောင် အစရှိတဲ့ မြို့များကိုလည်း ဆွဲပြီး သွားပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က ဗြိတိန် တော်ဝင်မိသားစုက ပေးအပ်တဲ့ အနုပညာ ဆုကိုလည်း ရရှိခဲ့ ပါတယ်။ လန်ဒန်မှာလည်း ဗြိတိန် အစိုးရ ကိုယ်တိုင် ဖွင့်လှစ်ခွင့် ပေးထားတဲ့ Royal Opera Arcade မှာ သူ့ရဲ့ လက်ရာ များကို ခင်းကျင်း ပြသ ထားကြောင်း သိရ ပါတယ်။ သူ့ရဲ့ ပန်းချီဆွဲပုံ အဆင့်ဆင့်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါ သေးတယ်။

http://www.dailymail.co.uk/news/article-1223790/Autistic-artist-draws-18ft-picture-New-York-skyline-memory.html

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment