Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 3, 2014

လွတ်ငြိမ်းချမ်းသာခွင့် မုံရွာထောင် မပါ

နိုင်ငံတော်သမ္မတရုံးမှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် တရားဝင်
ထုတ်ပြန်ခဲ့သော အမိန့်အမှက် ၅၁/ ၂၀၁၃ ပြစ်ဒဏ်လွတ်ငြိမ်း
ချမ်းသားခွင့် အမိန့်အရ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ် ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် မုံရွာ
အကျဉ်းထောင် ပါဝင်ခြင်းမရှိကြောင်း မုံရွာမြို့မှ People Power သတင်းထောက်က သတင်းပေးပို့ထားသည်။

"မနက်အစောကြီးကတည်းက သွားစောင့်နေတာ နောက်မှ မပါဘူးဆိုပြီးသိရတာ၊ စောင့်ရတာ အလကားပဲ" ဟူ မုံ၇ွာ
ထောင်ရှေ့တွင် သွားရောက်စောင့် ဆိုင်းနေ သူတစ်ဦးက ဆိုသည်။

မုံရွာထောင်မှ တစ်ဦးတစ်ယောက်မှ ပါဝင်ခြင်းမရှိကြောင်း၊ မုံရွာအကျဉ်းထောင်ရှေ့တွင် ဆိုင်းဘုတ်ထောင်ထား ကြေညာ ထားကြောင်း ထောင် ရှေ့မှ ပြန်လာသူများက ပြောကြားသည်။

မွန်းလွဲ ၁၂ နာရီမှ လွှတ်မည်ဟု ကြား၍ ပြန်သွားပြီး ၁၂ နာရီတွင်
ပြန်လည်ရောက်လာချိန်တွင် တစ်ယောက်မှ မတွေ့ရတော့ကြောင်း လာရောက်ကြိုဆိုသူ တစ်ဦးက ဆိုသည်။

မုံရွာထောင်ရှေ့တွင် လွတ်ငြိမ်းခွင့်အမိန့်နှင့် လွတ်လာမည်ထင်ပြီး လာရောက် စောင့်ဆိုင်းနေသူ ၅၀ ခန့်ရှိကာ နောက်ပိုင်းတွင်
တဖြည်းဖြည်းနှင့် ပြန်သွားကြကြောင်း ၎င်းက ဆိုသည်။

မိုးသီးဇွန်(ချောင်းဦး)
People Power

No comments:

Post a Comment