Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

အစိုးရပိုင်သတင်းစာ ထုတ်ဝေရန် ကျပ်သန်းသုံးထောင်ကျော် တောင်းခံ

နေပြည်တော်၊ ဇန်နဝါရီ ၁၅

ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီး ထုတ်ဝေလျက်ရှိသော အစိုးရပိုင် သတင်းစာများအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အသုံးပြုရန် ငွေကျပ် ၃၃၃၇ သန်းကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ တောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား စီမံကိန်း ဥပဒေကြမ်းကို ဆွေးနွေးစဉ် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယင်းသို့ တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြန်ကြားရေး ဝန်ကြီးဌာနက အသုံးပြုမည့် အစိုးရပိုင် သတင်းစာများ ထုတ်ဝေရေးအတွက် ငွေကျပ်သန်းပေါင်း ၃၃၃၇ သန်းနှင့် အခြားသော လုပ်ငန်းများအတွက် ကျပ် ၃၆၅၆၆ ဒသမ ၉၉၀ သန်းကို လွှတ်တော်က အတည်ပြုပေးရန် အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာနက လာမည့် ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ရုံးသုံးငွေ ကျပ် ၂၃ ဒသမ ၃၇၅ သန်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် ကျပ် ၃၀,၉၆၂ ဒသမ ၉၁၅ သန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအတွက် ကျပ် ၆၃၇ ဒသမ ၈၆၉ သန်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းအတွက် ကျပ် ၁၄၁၃ ဒသမ ၅၆၈ သန်း၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် ကျပ် ၃၃၃၇ ဒသမ ၀၉၀ သန်းနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းအတွက် ကျပ် ၁၉၂ ဒသမ ၁၇၃ သန်းအသုံးပြုရန် လျာထားကြောင်း ဦးအောင်ကြည်က ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်လောကကို နိုင်ငံတကာ စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် ရုပ်ရှင်ဥပဒေ ရေးဆွဲသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က ကျပ် ၄၁၆၈၆ ဒသမ ၅၄၃ သန်း သုံးစွဲရန်ခွင့် ပြုပေးခဲ့ပြီး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment