Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 16, 2014

ဆိုင်ကယ်ခိုးမှု တွင် ပါဝင်သူ သုံးထပ်တိုက်ပေါ်မှ ခုန်ချသော်လည်း အသက်မသေ

မန္တလေး၊ ဇန်န၀ါရီ ၁၆

ဆိုင်ကယ်ခိုး ယူရာတွင်ပါဝင်သူ တစ်ဦး သုံးထပ်တိုက်ပေါ်မှ ခုန်ချသော်လည်း အသက်သေဆုံးမှု မရှိ ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗောဓိကုန်းဘုရားဝင်းအတွင်း ဆိုင်ကယ် တစ်စီးပျောက် ဆုံးသွားကြောင်း သတင်းရရှိသဖြင့် တရားခံအား ဖမ်းဆီးရမိရေး အသွင် ယူဆောင်ရွက်ရာတွင် ကျူးလွန်ထားကြောင်း သတင်းရရှိသူ ကို-----၁၉နှစ်၊ ဂေါဝိန်၊ စိန်ပန်းရပ်နှင့် တစ်ရပ်ကွက် ထဲနေ ကို----(၂၃)နှစ်မှာ Dayang 125 ဆိုင်ကယ်အား သော့မပါဘဲ ဗောဓိကုန်းဘုရား အနောက်ဘက် ပေါက်သို့ တွန်းလာခဲ့ပြီး နှစ်ဦးသား စီးနှင်းမောင်းထွက်သွားကြောင်း သတင်းရရှိသဖြင့် အမှုစစ်ဆေးရန် အနောက်မှ လိုက်ခဲ့ကြောင်း ထို့နောက် ဆိုင်ကယ်မောင်းနှင် သူတစ်ဦးသာ တွေ့ရှိရ်ျ မေးမြန်းရာ ဗောဓိကုန်း ဘုရားဝန်းအတွင်းမှ ခိုးယူကြောင်းဝန်ခံခဲ့ကြောင်း၊ ဆိုင်ကယ်မောင်းနှင်းသအားစစ်ဆေးနေစဉ် ၈၁လမ်း၊ ၂၈-၂၉လမ်းကြားတွင် နေအိမ် သုံးထပ် တိုက်ပေါ်မှ အမျိုးသားတစ်ဦးခုန်ချကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ဘုရားဝန်းအတွင်းမှ ဆိုင် ကယ်ခိုးယူခဲ့သူ နှစ်ဦးအနက် တစ်ဦးဖြစ်နေကြာင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါခုန်ချသူမှ အသက်မသေဘဲ ရင်ဘက်/ကျောအောင့်၊ ယာလက်/ဒူးနာ ဒဏ်ရာများရရှိရ်ျ မန္တလေးဆေးရုံးကြီးသို့ ပို့ဆောင်ကုသလျှက်ရှိပြီး အဆိုပါတရားခံနှစ်ဦးအား မဟာအောင်မြေမြို့နယ်ရဲစခန်းမှ (ပ)၂၉/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၇၉/၅၄အရအမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment