Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

အကုန်အကျ အနည်းဆုံးဖြင့် ကိုယ်အလေးချိန် လျှော့ချလိုပါက အသက်ပြင်းပြင်းရှုသင့်


Sunday, October 13, 2013

မုန်လာဥနီနှင့် ဆလတ်ရွက်ကဲ့သို့ အစာများစားပြီး ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားနေစဉ် နောက်ဆုံးပေါ် ကိုယ်အလေးချိန် လျှော့ချနည်းမှာ အသက်ပြင်းပြင်း ရှူသွင်း၊ရှူထုတ်သည့်နည်း ဖြစ်လာခဲ့သည်။ သရုပ်ဆောင်ဟောင်း မိုက်ကီသည် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်သည့် နည်းကို ကျင့်သုံးခဲ့ရာ ခုနစ်ပတ်အတွင်း ခါးအတိုင်းအတာ ငါးလက်မ လျော့ကျခဲ့ကြောင်း ဆိုသည်။ အသက် ၅၅ နှစ် အရွယ် မိုက်ကီသည် တစ်နေ့လျှင် နှစ်မိနစ်ခန့် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်သည့်နည်းကို လိုက်နာပြီး ကိုယ်အလေးချိန် လျှော့ချခဲ့ခြင်း ဖြစ်သည်။အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်သည့် နည်းလမ်းကို လိုက်နာခြင်းဖြင့် ခါးနာခြင်းပင် သက်သာစေကြောင်း မှတ်တမ်းအရ သိရသည်။

အဆိုပါနည်းအရ ကိုယ်အလေးချိန် လျော့ကျကြောင်း သတိပြုမိခဲ့ပြီးနောက် မိုက်ကီသည် သုံးစက္ကန့်ခန့် အသက်ရှူသွင်းမှု မပြုခင် အထူးအနေအထားတစ်ရပ်အတိုင်း နေကာ ခုနှစ်စက္ကန့်ခန့် လေကို ပြန်ထုတ်ခဲ့သည်။ 
Oddity Central မှတ်တမ်းအရ ဝိတ်လျှော့နည်း နှစ်နည်း ရှိကြောင်း၊ 

ပထမနည်းမှာ
ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်ကာ မတ်မတ်ရပ်ပြီးနောက် ခြေထောက် တစ်ချောင်းပေါ်တွင် ကိုယ်အလေးချိန် အများစုကို သက်ရောက်စေကာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်နည်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ အနေအထားပြီးလျှင် ကြွက်သားများ အားလုံးကို ခုနစ်စက္ကန့်ခန့် ဖြေလျှော့ရကြောင်း သိရသည်။ 

ဒုတိယနည်းမှာ 
မတ်မတ်ရပ်ရင်း ဝမ်းဗိုက်ပေါ် လက်တစ်ဖက်တင်ကာ နောက်လက်တစ်ဖက်ကို ကျောပေါ်တင်ထားရကြောင်း၊ ထိုအနေအထားအတိုင်း ခုနစ်စက္ကန့်ကြာ အသက်ရှူသွင်းရကြောင်း သိရသည် “အဆီဆိုတာ အောက်ဆီဂျင်၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်တွေနဲ့ ပြုလုပ်ထားတာပါ၊ အောက်ဆီဂျင်ကို ရှူသွင်းတဲ့အခါ အဆီမော်လီကျူးတွေဆီ ရောက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ရေအဖြစ် ပြိုကွဲသွားပါတယ်။ သွေးက ကာဗွန်ဒိုင်အောက်ဆိုက်ကိုယူပြီး အဆုတ်ကနေ ပြန်ရှူထုတ်လိုက်ပါတယ်။ ဒါကြောင့် အောက်ဆီဂျင်ကို ရှူသွင်းမှုများလေလေ၊ အဆီလောင်ကျွမ်းမှု များလေလေ ဖြစ်ရတာပါ” ဟု Oxycise နည်းလမ်းတီထွင်သူ ဂျွန်စင်က ရှင်းပြသည်။ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ခြင်းသည် ကြွက်သားများကို သန်စွမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြင့်တက်စေကြောင်း သို့ရာတွင် နှစ်မိနစ်ကြာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ရုံဖြင့် ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ကျမှု မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတို့က ပြောဆိုကြပြန်သည်။

PYI MYANMAR
ကျန်းမာရေးစာတိုများစုစည်းမှု

No comments:

Post a Comment