Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

မြန်မာမီနီဆလွန်း မော်တော်ယာဉ်များ အရစ်ကျစနစ်ဖြင့် (၄၀၈) စီး ရောင်းချပေးခဲ့


အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ မြန်မာမီနီဆလွန်းကားများအား ဈေးနှုန်းသိန်း (၆၀) ဖြင့်အစိုးရအရာထမ်းများကို စက်တင်ဘာလ အတွင်းက အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကားများအားလုံး ရောင်းချပြီးဖြစ်ကြောင်း အဆိုပါဌာန မှ တာဝန်ရှိသူတစ်ဦးက Auto Word ဂျာနယ်သို့ပြောပြခဲ့သည်။

ရောင်းချမှုပုံစံ (၃) မျိုးဖြင့် အစီးရေစုစုပေါင်း (၄၀၈) စီးအား ရောင်းချပေးခဲ့ကြောင်းသိရသည်။ စက်တင်ဘာ (၂၇) ရက်နေ့တွင်အရစ် ကျရောင်းချရန်သတ်မှတ်ထားသော ကားအစီးရေအားလုံး ကုန်သွားပြီး အောက်တိုဘာ (၃) ရက်နေ့တွင် ကား များကိုထုတ်ပေးခဲ့ ကြောင်းသိရသည်။

အရစ်ကျစနစ်ဖြင့် ဆက်လက် ရောင်းချရန် ရှိ /မရှိကို Auto Word ဂျာနယ်မှ မေးမြန်းခဲ့ရာတွင် “အဲ့ဒါ ကတော့ အရစ်ကျစနစ်နဲ့ ထပ်ရောင်း ပေးမယ်၊ မပေးဘူးဆိုတာ ကို အထက် ကမပြောသေးတဲ့အတွက် ဘာမှမသိရ သေးပါဘူး။ အခုစပြီး အရစ်ကျနဲ့ ရောင်းခဲ့တာမှာ အစီး (၄၀၈) စီး ရောင်းပြီးသွားပါပြီ” လို့ အဆိုပါ တာဝန်ရှိသူကဖြေကြားခဲ့ သည်။

အရစ်ကျရောင်းချမှုတွင် လက် ငင်းငွေချေစနစ်၊ ကနဦးသွင်းငွေ (၁၀) သိန်းပေးသွင်းကာ တစ်လလျှင် (၂) သိန်းခွဲဖြင့် အရစ် (၂၀) ပေးသွင်း ရမည့်စနစ်နှင့် တစ်လလျှင် (၂) သိန်း ခွဲနှုန်းဖြင့် (၂၄) ရစ်ပေးသွင်းရမည့် စနစ်တို့ဖြင့်ရောင်းချပေးခဲ့ကာ ၀န် ကြီးဌာနများမှ အရာရှိဝန်ထမ်းများက ၀ယ်ယူခဲ့ကြကြောင်းသိရသည်။

Auto World Journal

No comments:

Post a Comment