Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

ကျောင်းပေါင်း ၇၀ ကျော်တွင် ဒီဇင်ဘာလအတွင်း ကင်းထောက်ဦးရေ ၇၈၀၀ ထပ်မံတိုးချဲ့ ဖွဲ့စည်းမည်



တစ်နိုင်ငံလုံး အတိုင်းအတာအရ အခြေခံပညာ ကျောင်းပေါင်း ၇၀ ကျော်တွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကင်းထောက်ဦးရေ ၇၈၀၀ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကင်းထောက်များကို အခြေခံပညာ ကျောင်းပေါင်း ၇၈ ကျောင်း၌ တစ်ကျောင်းလျှင် အမျိုးသား ကင်းထောက် ၅၀ ဦး၊ အမျိုးသမီး ကင်းထောက် ၅၀ ဦး စုစုပေါင်း ၁၀၀ ဦးစီဖြင့် ကင်းထောက်ဦးရေ ၇၈၀၀ ဦးတို့အား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း ထပ်မံဖွဲ့စည်း သွားမည်ဖြစ်ပြီး ကင်းထောက်သင်တန်း များကိုလည်း ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ ကင်းထောက်များကို ပြန်လည်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ ကင်းထောက်ဦးရေ ၉၈၀၀ ဦး ရှိလာတော့မည်ဖြစ်ပြီး အဆိုပါ ကင်းထောက်များတွင် အမျိုးသမီး ကင်းထောက် ၄၉၀၀ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း အခြေခံပညာ ကျောင်းတွေမှာ ကင်းထောက်လူငယ်များ ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ဖို့အတွက် ဦးဆောင်စည်းရုံး အကောင်အထည် ဖော်သွားမယ့် ကင်းထောက် အရာရှိတွေကို သင်တန်းတွေပေးပြီး ပျိုးထောင်သွားမှာ ဖြစ်ပါတယ်။ ကင်းထောက်တွေရဲ့ အတွေ့အကြုံတွေနဲ့ လုပ်ငန်းစဉ်တွေကို မျိုးဆက်သစ် ကင်းထောက်လူငယ်တွေကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ဖို့အတွက် ဒီသင်တန်းမှာ အသေးစိတ် ရှင်းလင်းသင်ကြား ပေးသွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ သင်ကြားရေးမှူး ဦးတင်ညိုက ဆိုသည်။

ကင်းထောက်ဆိုသည်မှာ စစ်သဘော မပါ၊ နိုင်ငံရေးလည်း မစွက်၊ လူမှုဝန်ထမ်း လုပ်ငန်းသက်သက်ကိုသာ ဆောင်ရွက်ကြသူများ ဖြစ်ပြီး ကင်းထောက်လုပ်ငန်း ရည်ရွယ်ချက်မှာလည်း နိုင်ငံ့သားကောင်းများ ဖြစ်စေရန်၊ စာရိတ္တ ကောင်းမွန်စေရန်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေရန်နှင့် လူသားတို့ ကောင်းကျိုးများအား သယ်ပိုးဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အခြေခံပညာ ကျောင်းများတွင် ကင်းထောက်များ တိုးချဲ့ဖွဲ့စည်းရေးအတွက် အရာရှိများ ရက်တိုသင်တန်းများ၊ ကင်းထောက်သင်တန်းများကို နိုင်ငံတကာ ကင်းထောက်အဖွဲ့များနှင့်လည်း ပူးပေါင်းဖွင့်လှစ် သင်ကြားပေးခဲ့သည်။

အာဆီယံ ကင်းထောက်အဖွဲ့မှလည်း မြန်မာနိုင်ငံသို့ လာရောက်၍ ကင်းထောက်ဆရာများ သင်တန်းကို မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာ ဦးစီးဌာနများမှ အရာရှိများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပညာရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်များမှ ကင်းထောက်သင်တန်း ဖွင့်လှစ်မည့် အထက်တန်းကျောင်း အုပ်များကိုလည်း သင်တန်းများဖွင့်လှစ် ပို့ချခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ ကင်းထောက်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်၍ ကင်းထောက်ကိစ္စများ ဆွေးနွေးနေစဉ်

No comments:

Post a Comment