Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

ကားဝယ်ရောင်း လောကအတွင်း Permit စာရွက်များ ရာနှင့်ချီ၍ လှောင်ထားသူများရှိဟုဆို

 
ကားလောကအတွင်းရှိကား ၀ယ်ရောင်းအများစုမှာ အပ်ကားစလစ် အရောင်းအ၀ယ်မပြုလုပ်ကြဘဲPermit ကိုသာ အရောင်းအ၀ယ်ပြုလုပ်ကြ ပြီး Permit စာရွက်များရာနှင့်ချီ၍ လှောင်ထားသူများရှိကြောင်း ၀ါရင့် ကားဝယ်ရောင်းအကျိုးတော်ဆောင် ကြီးတစ်ဦးက Auto World ဂျာနယ်သို့ ပြောပြခဲ့သည်။

Permit တစ်စောင်လျှင် ကုန် ကျစရိတ် (၅) သိန်းခန့်ကုန်ကျနိုင် ပြီး ကားများအား Permit အပါဖြင့် အပြီးအစီး ရောင်းချခြင်းဖြစ် ကြောင်းသိရသည်။ ယခုလတ်တလော အချိန်၌ (၂၀၁၄) ခုနှစ်တွင် ဘယ်မောင်းများသာ တင်သွင်းရမည် ဟူသော သတင်းကြောင့် Permit လှောင်ထားသူများအနေဖြင့် အခက် တွေ့နေကြောင်း သိရသည်။

စလစ်အပ်မည့်ကားများအား မလှောင်တော့ဘဲ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး စသောဒေသများဘက်မှ အိမ်ထောင်စု သန်းခေါင်စာရင်း၊ မှတ် ပုံတင်တို့ကို (၅) သောင်းဝန်းကျင်ပေး ကာ Permit လျှောက် ထားရယူပြီး လှောင်ထားခြင်းဖြစ်ကြောင်း သိရ သည်။

Free Permit ပိတ်ခဲ့ပါက ကားဈေးများ တက်နိုင်သည်ဟူသော အချက်ဖြင့် ၀ယ်ယူလှောင်ထားခြင်း များဖြစ်ကာ ယခုနှစ် ဒီဇင်ဘာလအ ကုန်၌ Free Permit ဖြင့်အပြီးသွင်း ခိုင်းပါက အခက်တွေ့လာနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်မှ သုံးသပ်ပြသည်။

“စလစ်အပ်ကားကို လှောင်ရင် ထားဖို့နေရာလိုတယ်။ ဒီ Permit စာ ရွက်ကိုလှောင်ထားလိုက်တော့ပြီးပြီ။ အခု (၂၀၁၄) ခုနှစ် ဇန်န၀ါရီကစပြီး ဘယ်မောင်းပဲသွင်းရတော့မယ်လို့ သ တင်းထွက်နေတယ်။ ဒီဘက်က Free Permit ပိတ်ခဲ့ရင် ကားဈေးတက်နိုင် တယ်လို့မျှော်မှန်းပြီးလှောင်ထားတာ တွေက အများကြီး။ ကားကိုဈေးနှုန်း သက်သာစွာနဲ့ စီးနိုင်အောင်လုပ်ထား တဲ့ မူဝါဒဆိုတော့ Free Permit ကို ပိတ်ရင်ဈေးကတက်လာမှာ။ ဆိုတော့ (၂၀၁၄) ခုနှစ်မှာ ဘယ်မောင်းပဲသွင်း ရမယ်ဆိုတဲ့အချက်နဲ့ ကန့်သတ်လိုက် တာ။ Free Permit ကိုတော့မပိတ် ဘူး။ ဘယ်မောင်းဆိုတော့ကားကိုရွေး သွင်းရတော့မယ်။ Free Permit စာ ရွက်လှောင်ထားတဲ့သူတွေက (၂၀၁၃) ခုနှစ် ဒီဇင်ဘာအကုန်ကို အကုန်သွင်း ပြီးရောင်းရတော့မှာ။ အဲ့ဒါခေါင်း ကိုက်နေကြတယ်” လို့ ရှင်းပြသည်။

ကားဝယ်ရောင်းများမှာ အဆို ပါ Free Permit စာရွက်များဖြင့် Permit ပါအပြီးအစီးဖြင့် ရောင်းချ ကာ တဖြည်းဖြည်းချင်းတင်သွင်းကြ ခြင်းဖြစ်ကြောင်းသိရသည်။ ၀ယ်သူမှ နာမည်ပေါက်မရဘဲ အပြီးအစီးဝယ်ယူ ခွင့်ရရှိပြီး ရောင်းသူဘက်မှလည်း ပါမစ်စာရွက်သာ ကိုင်ထားကာ အ ရောင်းအ၀ယ်လုပ်ကြသဖြင့် အဆင် ပြေကြောင်းသိရသည်။ အကယ်၍ Free Permit ပိတ်ခဲ့ပါက (၅) သိန်း ၀န်းကျင်ခန့် ကုန်ကျထားသော Permit စာရွက်မှာ (၁၅) သိန်း၊ သိန်း (၂၀) ထိ တက်လာနိုင်ကြောင်း မျှော် မှန်း၍၀ယ်ယူလှောင်ထားခြင်းများ ဖြစ်ကြောင်းသိရသည်။

Auto World Journal

No comments:

Post a Comment