Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 14, 2013

Horlicks ဟောလစ်

Facebook 6 hours ago 15-9-2013
ဆရာရှင့် သားသားက တစ်နှစ်လေးလကျော်ပါပြီ။ အာဟာရ စုံအောင်ကြိုးစား ချက်ပြုတ်ပြီး သူ့ဖွံ့ဖြိုးမှုကို ဂရုစိုက်ပါတယ်။ နွားနို့ကို ဈေးထဲကဝယ်ပြီး ကိုယ်တိုင်ကြိုတိုက်တာ သား ၆ လ ကတည်းက မပျက်အောင်ဂရုစိုက်ခဲ့ပါတယ်ဆရာ။ ကျန်းမာရေးလည်း အားရလောက်အောင်ကောင်းပါတယ်။ အရပ် အလေးချိန် အမြဲစောင့်ကြည့်ခဲ့ပါတယ်ဆရာ။ သူ့အဖေရော ကျွန်မရော ပုတယ်ဆရာ။ ခုဈေးကွက်ထဲမှာရနိုင်တဲ့ Ovaltine တို့ Zee Horlicks တို့ အကြောင်းပါဆရာ။ ခြံကတိုကိရိုက်ရတဲ့နွားနို့ရယ် အာဟာရထပ်ဖြည့်ထားတဲ့ အဲဒီနို့အမျိုးအစားတွေရဲ့ အားသာချက် အားနည်းချက် ယှဉ်ပြောပြပေးပါရှင်။ အဲဒါတွေ တိုက်သင့်မတိုက်သင့် တိုက်ရမယ်ဆိုရင် အသက်အပိုင်းအခြား ကန့်သတ်ချက် အဲဒါလေးတွေ ဖြေပေးစေချင်ပါတယ်ဆရာ။ သားကို အရပ်ရှည် ဉာဏ်ကောင်းစေချင်တော့ သူတို့ပြောတဲ့ကြော်ငြာတွေ ယုံသင့်မယုံသင့် သိချင်ပါတယ်ဆရာ။ နေ့စဉ်တိုက်ရမယ်ဆိုတော့ သားကို အဆိပ်အတောက်ဖြစ်မှာစိုးပြီးမဝယ်ရဲလို့ပါရှင့်။

မိဘမေတ္တာကိုဖေါ်ပြတဲ့ မေးခွန်းဖြစ်ပါတယ်။ အသက် ၁ နှစ်ကျော်တဲ့ကလေးကို လူကြီးစားတာတွေ အကုန်လောက် ကြွေးနိုင်ပါပြီ။ နွားနို့၊ ဟောလစ်၊ အိုဇာလ်တင်း စတာတွေကို ဖြည့်စွက်အာဟာရအဖြစ်သာ တိုက်ကြွေးရပါမယ်။ တမင်းကို တနေ့ ၃ ခါကြွေးရင်၊ ကြားချိန်မှာ တိုက်နိုင်ပါတယ်။ ဒီလိုဖြည့်စွက်အာဟာရကြောင့် ထမင်း-ဟင်းစားတာကို မလျှော့စေသင့်ပါ။

• Horlicks ဟောလစ်ဆိုတာ Malted milk hot drink နွားနို့ကနေထုတ်လုပ်တယ်။
• Ovaltine ကလဲ Milk flavoring product နွားနို့ကိုဘဲ အနံ့မွှေးတာထည့်ထားတယ်။
• Milk powders နွားကျွဲနို့ကို အမှုံ့လူပ်ထာတာတွေချည်းဖြစ်တယ်။ Proteins ပရိုတင်းတွေနဲ့ Soluble vitamins ဗီတာမင်တွေရယ် Minerals ဓါတ်ဆားတွေပါတယ်။ ပရိုတင်း ၃၆%၊ ကာဗွန်ဟိုက်ဒရိတ် (လက်တို့စ် သကြားဓါတ်) ၅၂%၊ ပိုတက်ဆီယမ် ၁့၈% နဲ့ ကယ်လ်စီယမ် ၁့၃% ပါတယ်။
• Whole milk powder ရိုးရိုးနို့ကနေ ထုတ်တာဆိုရင် ပရိုတင်း ၂၅-၂၇%၊ ကာဗွန်ဟိုက်ဒရိတ် ၃၆-၃၈%၊ အဆီ ၂၆-၄ဝ% နဲ့ ဓါတ်ဆား ၅-၇% ပါဝင်တယ်။ အထားအသို လိုတာကနေ အာဟာဓါတ်တွေလျှော့နည်းတာကို သတိထားရမယ်။
• နွားနို့ လတ်လတ်ဆတ်ဆတ်ထက် ရောင်းကုန် နို့မှုံ့တွေမှာ Oxysterols (Oxidized cholesterol) ကိုလက်စထော ပိုပြီး ပါတယ်။ ဒီဓါတ်က များရင် သွေးကြောကျဉ်းရောဂါဖြစ်စေနိုင်တယ်။
• အစားအသောက်တိုင်းရဲ့ အခြေခံဥပဒေသကတော့ လတ်ဆတ်လေကောင်းလေဖြစ်တယ်။ သဘာဝဟာ အတုအပနဲ့ ပြုပြင်ထားတာတွေထက် ပိုသင့်မြတ်တယ်။
• ကလေးအရပ်ဟာ မျိုးဗီဇကိုလိုက်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တွေရှိတယ်။ အရွယ်ရောက်ခါနီး (၁၁-၁၂-၁၃ နှစ်) အရေးကြီးတယ်။ ဥာဏ်ရည်မှာလဲ (မျိုးဗီဇ + သင်ကြားမှု + ပါတ်ဝန်းကျင်) တွေကနေ သက်ရောက်စေပါတယ်။
• အစာအာဟာရကဲ ပြည့်စုံ-မျှတရပါမယ်။ ကလေးတိုင်းက သင်ယူနေတာ အချိန်နဲ့အမျှဖြစ်လို့ တနေ့ထက် တနေ့ အသစ်အဆန်းတွေ သင်ကြားပေးသင့်ပါတယ်။ မိဘတွေက စိတ်တော့ မလောသင့်ပါ။ အတင်းတော်စေ၊ တတ်စေချင်လွန်းတာလဲ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၃

No comments:

Post a Comment