Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 14, 2013

ဘာရိန်းကဆန္ဒပြပွဲ






Photo :.msn.com

ဒီဓာတ်ပုံက စက်တင်ဘာ ၄ ရက်နေ့ က ဘာရိန်းမှာဆန္ဒပြနေတဲ့ မူဆလင်အမျိုးသမီးတစုရဲ့ ကြားထဲက ကလေးငယ်တယောက်ရဲ့  ဓာတ်ပုံပါ။
ဒီအမျိုးသမီးတွေက ကားနဲ့ တိုက်သတ်ခံလိုက်ရတဲ့ တက်ကြွလှုပ်ရှားသူ ဆာဒစ်ဆက်ရဲ့ အသုဘနောက် ဆုံးနေ့  မှာဆန္ဒပြနေကြ တာပါ။အသက်၂၀အရွယ် တက်ကြွလှုပ်ရှားသူဆာဒစ်ဟာ ဆေးရုံပေါ်မှာ တလလောက်မေ့မျောနေပြီး  စက်တင်ဘာ ၁ရက်နေ့ ကဆုံးသွားပါတယ်။ ဆာဒစ်ကို ကားနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်သတ်ခဲ့ပြီး သူသေဆုံးမှုအတွက် ဘယ်သူကမှတာဝန်မယူဘူးလို့ သိရပါတယ်။
သုံးရက်မြောက်ဆန္ဒပြတဲ့နေ့ မှာ ဆန္ဒပြသူတွေဟာ ဓာတ်ဆီဗုံးတွေ၊ကျောက်ခဲတွေနဲ့  လုံထိန်းတွေကို         ပ စ်ပေါက် ခဲ့ကြပါတယ်။

အယ်ခါလစ်ဖါမင်းဆက်ကိုအာဏာစွန့် ဖို့ တောင်းဆိုခဲ့တဲ့  ဖေဖော်ရီ ၂၀၁၁ ကစတင်ခဲ့တဲ့ ရှီအိုက်မူဆလင်တွေ ဦးဆောင် တဲ့ဆန္ဒပြပွဲ တွေကခုထိမငြိမ်သက်သေးပါဘူး။ အာရပ်နွေဦးရဲ့ အဆက် ဒီတော်လှန်ရေးကိုအစိုးရကနှိပ်ကွပ်ခဲ့ပြီး အတိုက်အခံနဲ့ အာဏာပိုင်တွေကြားမှာ ညှိနှိုင်းဆွေးနွေးမှုတစုံတရာမရှိပဲ ခုချိန်ထိ မငြိမ်မသက်ပဋိပက္ခတွေဖြစ်နေဆဲပါ။
ဘာရိန်းအစိုးရက မြို့ တော်မနားမာမှာဆန္ဒပြမှုကိုပိတ်ပင်တဲ့ဥပဒေတရပ် ဂျူလိုင်လမှာထုတ်ပြန်ခဲ့ တယ်။

ဆန္ဒပြသူတွေက လူများစုရှီအိုက်မူဆလင်တွေ အလုပ်ခွင်နဲ့  ပြည်သူ့ ဝန်ထမ်းဌာနတွေမှာ ခွဲခြားဆက်ဆံခံ ရမှုတွေကို ကန့် ကွက်ခဲ့ကြပါတယ်။ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်သိမ်းပြီး ပြည်သူက ဒီမိုကရေစီနည်းကျရွေးချယ်တဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့   ပြောင်းလဲကျင့်သုံးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် အစိုးရကတော့ ခွဲခြားဆက်ဆံမှုတွေ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဘာရိန်းကကျွန်းနိုင်ငံလေးဖြစ်ပြီး  အောက်ကမြေပုံမှာနိုင်ငံတည်နေရာ ကိုကြည့်လို့ ရပါတယ်။
The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး)


File:Map of Bahrain.svgSource

No comments:

Post a Comment