Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်မည့် Website လွှင့်တင်နိုင်ရန် စီစဉ်နေ...


(3.8.2013, Saturday)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိဖြစ်ပေါ်
နေသောသတင်းများကို စုံစုံလင်လင်သိရှိနိုင်ရန်အတွက် website တစ်ခု
လွှင့်တင်နိုင်ရန် လုပ်ဆောင်နေကြောင်းဂေါပကရုံးအဖွဲ့မှူး ဦးဝင်းကြိုင်
ကပြောသည်။လက်ရှိအချိန်တွင် ယခုလိုလွှင့်တင်နိုင်ရန် လုပ်ဆောင်နေပြီး
ဆယ်ရက်အတွင်းလွှင့်တင်နိုင်မည်ဟုပြောပြခဲ့သည်။ယခုအခါရွှေတိဂုံစေတီ
တော်မြတ်ကြီးသတင်းထုတ်ပြန်ချက်များကိုသတင်းမီဒီယာများနှင့် တွေ့ဆုံပြီး
တစ်လတွင် (၂)ကြိမ် ပုံမှန်ထုတ်ပြန်ပေးနေသော်လည်း website သော
လွှင့်တင်နိုင်လျှင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သတင်းအချက်အလက်
များကို ပြည်သူများကမြန်မြန်ဆန်ဆန်သိရှိနိုင်မည်ဖြစ်သည်။“ရွှေတိဂုံစေတီ
တော်မြတ်ကြီးရဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးနိုင်မယ့်
website တစ်ခုကို(၁၀)ရက်အတွင်း လွှင့်တင်နိုင်အောင်ပြုလုပ်သွားမှာပါ။
အဲ့ဒီwebsite ထဲမှာစေတီတော်မြတ်ကြီးရဲ့အကြောင်းအရာ စုံစုံလင်လင်ကို Updateတင်ပေးသွားမှာပါ”ဟုလည်းဆက်လက်ပြောပြခဲ့သည်။ရွှေတိဂုံ
စေတီတော်မြတ်ကြီးအတွက် website လွှင့်တင်ပြီးလျှင်လည်း
နောက်ပိုင်းတွင် တစ်လကို(၂)ကြိမ်ပြုလုပ်ပြီး သတင်းထုတ်ပြန်နေသော
မီဒီယာတွေ့ဆုံပွဲကို ပုံမှန်ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး
ယခုအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အကြောင်းအရာ၊
သတင်းအချက်အလက်များကို www.shwedagongawpaka.com

 

မှာသာဖတ်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment