Saturday, August 3, 2013 //ဝေယံလင်းလက်
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မြို့သန့်ရှင်းရေးဆောင်ရွက် ရာ
ဘုရားစေတီဟောင်း နှစ်ဆူ ပေါ်တော်မူခဲ့ကြောင်း သိရသည်။ ဘုရာစေတီဟောင်း ပေါ်တော်မူရာသို့ ယနေ့
ဩဂုတ်လ ၃ ရက်၊ မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိ(ပရဟိတ)
ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ တပ်နယ်မှ ဗိုလ်မှူးကြီး အောင်ဇော်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မ တီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းလွင်ဦး တို့ တက်ရောက်ကြည်ညှိသည်။
ထို့နောက် ပေါ်တော်မူခဲ့သည့် ဘုရားနှစ်ဆူအား အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက်
မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျံကျောင်းတိုက်တွင် ညှိနှိုင်း အစည်းအဝေးကျင်းပရာ စေတီအသစ်ပြန်လည် တည်ဆောက်ရေးကော်မတီများဖြင့်
ဖွဲ့စည်းပြီး တည်ထားကိုးကွယ်မည်ဖြစ်သည်။ ဘုရားစေတီ အသစ် တည်ထား
ကိုးကွယ်နိုင်ရေးအတွက် အစည်းအဝေးတွင် အလှူရှင်များက အလှူငွေကျပ်
(၁၂)သိန်းကျော် စတင်မတည်လှူဒါန်းခဲ့သည်။ စေတီ အသစ်ပြန်လည်
တည်ထားကိုးကွယ်ရာတွင် ပါဝင်လှူဒါန်းလိုသည့် စေတနာရှင် အလှူရှင်များကလည်း
တည်ထားကိုးကွယ်ရေးကော်မတီသို့ ထည့်ဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။
အဆိုပါ ပေါ်တော်မူဘုရားစေတီ အနီးတစ်ဝိုက်ရှိ မြို့သစ်ရပ်ကွက်တွင် ၁၉၅၀ ခုနှစ်ခန့်က မြို့စားကြီး ဦးစောကော် က မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဖြူများ ၀င်ရောက်လာသည့်အတွက် မြို့သစ်တည်ရန် အစီအစဉ်ပျက်ခဲ့ဖူးကြောင်း၊ ယခုတွေ့ရှိသည့် စေတီဟောင်းမှာ ခေတ်အဆက်ဆက် မတွေ့ရှိခဲ့ဘဲ ယခုမှ ပေါ်တော်မူ တွေ့ရှိခြင်းသည် ပဋ္ဌာန်းဆက်ရှိ၍သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်း က ပြောကြားကြောင်း သိရသည်။
သတင်းပေးပို့သူ။ ။ ဝေယံလင်းလက်(မိုင်းဆတ်)
Tachileik Online News
www.tachileik.net



သတိပေးချက်
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်တွင် မြို့သန့်ရှင်းရေးဆောင်ရွက်
ဘုရားစေတီဟောင်း နှစ်ဆူ ပေါ်တော်မူခဲ့ကြောင်း သိရသည်။ ဘုရာစေတီဟောင်း ပေါ်တော်မူရာသို့ ယနေ့
ဩဂုတ်လ ၃ ရက်၊ မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာမြတ်မုနိ(ပရဟိတ)
ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ တပ်နယ်မှ ဗိုလ်မှူးကြီး အောင်ဇော်အေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖ ဦးစိုင်းချစ်သောင်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မ
ထို့နောက် ပေါ်တော်မူခဲ့သည့် ဘုရားနှစ်ဆူအား အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက
မြို့သစ်ရပ်ကွက်ရှိ ကောင်းမှုလျံကျောင်းတိုက်တွင
အဆိုပါ ပေါ်တော်မူဘုရားစေတီ အနီးတစ်ဝိုက်ရှိ မြို့သစ်ရပ်ကွက်တွင် ၁၉၅၀ ခုနှစ်ခန့်က မြို့စားကြီး ဦးစောကော် က မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ဖြူများ ၀င်ရောက်လာသည့်အတွက် မြို့သစ်တည်ရန် အစီအစဉ်ပျက်ခဲ့ဖူးကြောင်း၊ ယခုတွေ့ရှိသည့် စေတီဟောင်းမှာ ခေတ်အဆက်ဆက် မတွေ့ရှိခဲ့ဘဲ ယခုမှ ပေါ်တော်မူ တွေ့ရှိခြင်းသည် ပဋ္ဌာန်းဆက်ရှိ၍သာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သတင်းပေးပို့သူ။ ။ ဝေယံလင်းလက်(မိုင်းဆတ်)
Tachileik Online News
www.tachileik.net




No comments:
Post a Comment