Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

စစ်တုရင်ကစားနည်း နဲ့ အောင်လ


အားကစား ကဏ္ဍ အတွက် ဒီတစ်ပတ် မှာလည်း စစ် တုရင် အားကစားနည်း ကို အနုပညာ ရှင် အောင်လနဲ့     ရိုက်ကူးခဲ့ပါတယ်။

ဆီးဂိမ်းမှာ ကျင်းပမယ့် စစ်တု ရင် အားကစားနည်းမှာ ရွှေ ၁၈ခု၊ ငွေ ၁၈ခု၊ ကြေး ၁၈ခု ချီးမြှင့်သွားမှာ ဖြစ်ပြီး မြန်မာ့ရိုးရာ စစ်တုရင် အား ကစားလည်း အခု ပြိုင်ပွဲမှာ စတင် ပါဝင်လာပါ တယ်။

အပြည်ပြည် ဆိုင် ရာ စစ် တုရင် နည်း၊ မြန်မာ့ရိုးရာ စစ်တုရင်နည်း၊ အာဆီယံ စစ်တုရင်နည်း တို့ပါဝင်မယ့် စစ်တု ရင်ပြိုင်ပွဲမှာ မြန်မာ့ စစ်တုရင် အဖွဲ့ချုပ်က အနည်း ဆုံးရွှေ ၁ဝခုယူနိုင် အောင် ကြိုးစားသွားမယ်လို့ စစ်တုရင် အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။၂၆ ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းမှာတုန်း က မြန်မာ့ စစ် တုရင် အဖွဲ့ အနေနဲ့ ငွေ ၁ခု၊ကြေး ၁ခု ရယူနိုင် ခဲ့ပါတယ်။ မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ စစ်တုရင် ကစားနည်းကနေ ပြိုင်ပွဲ ဝင်ဖို့ အားကစား သမား (အမျိုးသား ၁၃ဦး၊ အမျိုးသမီး၂ဦး) တို့ဟာလည်း အပြင်းအထန် လေ့ကျင့် နေကြပါတယ်။ စစ်တုရင် ကစားနည်း ကိုငယ်စဉ်အခါ ကတည်း က နှစ်ခြိုက် စွာ ကစားတတ်သူ တေးသံရှင် အောင်လ ကို အခု ကဏ္ဍ အတွက် ရွေးချယ် ရိုက်ကူးဖြစ်ခဲ့ ရာ အခုလို ပါဝင်ဖြစ်ရခြင်း နဲ့ ပတ်သက်လို့ အောင်လက

" ကျွန်တော် တို့ အနုပညာရှင်တွေ အနေ နဲ့ ဆီးဂိမ်း ပြိုင်ပွဲကြီး မှာ တစ်ထောင့် တစ်နေရာက ပါဝင် ကူညီပေးချင်တဲ့ သဘောပါ။ ကျွန်တော် ငယ်ငယ် ကတည်းက စစ်တုရင် ထိုး ဖြစ် တယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေ၊ ညီအစ်ကို တွေနဲ့ပေါ့။ ကြီးလာ တော့ အရင် ကလောက်တော့ မက စားဖြစ်ဘူး။ ဒီကစားနည်း က ဟိုး အရင်ကတည်း ကရှိခဲ့တာ စိတ်ဝင် စားဖို့ ကောင်းတယ်။ စစ်ဗျူဟာတွေ ဆိုလည်း ဒီစစ်တုရင် နဲ့ ဆက်စပ်တယ် လေ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်" လို့ အောင်လက စစ်တုရင် ကစားနည်း အပေါ် စိတ်ဝင်စားရခြင်း နဲ့ပတ်သက်ပြီး ပြောပါတယ်။ အောင်လက အခုလို စစ်တုရင် လှုံ့ဆော်ရေး ကဏ္ဍမှာ ပါဝင်ခြင်း အပြင် Fight for it ဆိုတဲ့ ဆီးဂိမ်း လှုံ့ဆော်ရေး သီချင်းကို လည်း Big Bag,Wanted, idiots အဖွဲ့ သုံးဖွဲ့ နဲ့ အတူ သီဆိုထားပြီး အဲဒီ MTV ကိုတော့ ငွေဆောင်မှာ သွား ရောက် ရိုက်ကူး ထားပါသေး တယ်။

"ကျွန်တော်တို့ S.I.R လေးဖွဲ့တစ်ယောက် တစ်ပိုဒ် ဆိုထားတယ်။ MTVကို ချောင်း သာမှာ ရိုက် ထားတယ်။ ရှေ့လထဲ လောက် ရုပ်သံတွေက လွှင့်မယ် ထင်တယ်။ အားပေးတဲ့ ပုံစံပေါ့။ ကိုယ့် အပိုဒ် ကိုယ်ရေးကြတယ်။ Chorous ပိုဒ် ကိုတော့ အင်္ဂလိပ်လို ဆိုထားတယ်" လို့အောင်လ က ဆီးဂိမ်း လှုံ့ဆော်ရေး သီချင်း သီဆိုထားပုံ ကို လည်း ဖြည့်စွက် ပြောပြီး အခုလာမယ့် ဆီးဂိမ်းမှာ ကစားသမား အားလုံး အနိုင် ရဖို့ အတွက် အားလုံးက ဝိုင်းပြီး အားပေးနေမယ့် အကြောင်း ကိုလည်းပြောပြ ခဲ့ပါ တယ်။

ရဲရဲ၊သီဟ

ဓာတ်ပုံ-အောင်ဇော်မင်း

No comments:

Post a Comment