Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 29, 2013

အသဲချင်း တူကြရဲ့လား

 Liver Transplant Matching Criteria အသဲချင်း တူကြရဲ့လား



အသဲအစားထိုးဘို့အတွက် အသဲလှူမဲ့သူကို (က) Blood and tissue type သွေးနဲ့ (တစ်ရှူး) အမျိုးအစား၊ (ခ) Condition and size of the organ အသဲအခြေအနေနဲ့ အရွယ်အစားတွေကို စစ်ဆေးပါမယ်။

(၁) Blood and Tissue Compatibility သွေးနဲ့ (တစ်ရှူး) အမျိုးအစား တူ-မတူ၊
• သွေးအုပ်စု A ကနေ A နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု B ကနေ B နဲ့ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု AB ကနေ AB ကိုလှူနိုင်တယ်။
• သွေးအုပ်စု O ကနေ A, B, AB, နဲ့ O ကိုလှူနိုင်တယ်။

Tissue type (တစ်ရှူး) အမျိုးအစား တူ-မတူစစ်ဆေးခြင်း
ဆေးရုံတခုနဲ့တခု မတူပါ။ Tissue compatibility (တစ်ရှူး) အမျိုးအစား တူ-မတူ ဆိုတာမှာ Human leukocyte antigens (HLA) ကိုစစ်ပါတယ်။ တူလေကောင်းလေဖြစ်တယ်။ တော်တော်တန်တန်မတူလဲ Anti-rejection drugs ဆေးတွေ ပေးမှာမို့ စိုးရိမ်စရာမရှိပါ။

Cross-matching တိုက်ရိုက် တူ-မတူ စစ်ဆေးခြင်း
White blood cells သွေးဖြူဥတွေချင်း ပေါင်းစပ်ကြည့်ပါမယ်။ သွေးဖြူဥတွေသေကျေပျက်စီးရင် Positive ခေါ်ပြီး လှူလို့မရပါ။ Negative ဆိုရင် လှူနိုင်တယ်။

(၂) General Health အထွေထွေကျန်းမာရေး စစ်ဆေးခြင်း
Chest x-ray ရင်ပတ်ဓါတ်မှန်၊ Electrocardiogram (ECG) အီးစီဂျီ၊ Blood tests သွေးစစ်၊ Urine tests ဆီးစစ်တာတွေ လုပ်ပါမယ်။ လှူမဲ့သူက အမျိုးသမီးဖြစ်နေရင် သားဖွါးမီးယပ်ဆိုင်ရာကို စစ်ပါမယ်။ ရာသီ၊ ကိုယ်ဝန်၊ (မင်မိုဂရမ်)။
• No heart, renal, or liver problems or abnormalities နှလုံး၊ ကျောကပ်နဲ့ အသဲ၊
• No history of deep vein thrombosis or history of bleeding problems သွေးယို-သွေးခဲဘူးတဲ့ရာဇဝင်၊
• Negative for Hepatitis B and C and for HIV ဘီပိုး၊ စီပိုးနဲ့ အိတ်ခ်ျအိုင်ဗွီ၊
• No history of diabetes ဆီးချို၊
• No prior liver surgery အရင်ကအသဲခွဲစိတ်ဘူးခြင်းမရှိ၊
• No alcoholism or frequent and heavy alcohol intake အရက်၊
• No history of cancer ကင်ဆာရာဇဝင်၊
• No psychiatric illness under treatment စိတ်၊
• Height and weight ကိုယ်အလေးချိန်နဲ့ အရပ်အမောင်း၊
• Age limit အသက် ၄၅-၅၅-၆ဝ ထက်မကြီးရ။

• (၃) Health of Liver အသဲအခြေအနေ စစ်ဆေးခြင်း
• Hepatic angiogram အသဲသွားသွေးကြောတွေအခြေအနေကို သိရမယ်။ သွေးလွှတကြောထဲကို ဆေးထိုးပေးပြီးမှ ရိုက်မယ်။
• Computed tomography (CT) angiography (CT scan) သွေးပြန်ကြောထဲကို ဆေးထိုးပြီးမှ ရိုက်မယ်။

(၄) Other Assessments တခြား စစ်ဆေးချက်များ
• Psychological စိတ်ပိုင်းစစ်ဆေးမှုနဲ့
• Financial reviews ငွေကြေးစစ်ဆေးမှု။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၃  

No comments:

Post a Comment