Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

လေဖြတ်စေနိုင်သော တောင်ပိုင်းအမေရိကန်အစားအစာများ



ကြက်ကြော်၊ ၀က်ဆားနယ် (bacon)၊ ၀က်ပေါင်ခြောက်(ham)ကဲ့သို့သော တောင်ပိုင်းအမေရိကန် အစားအစာများနှင့် စည်သွတ်အချိုရည်ဗူးများသည် လေဖြတ်စေနိုင်သော အခွင့်အလမ်းကိုမြင့်တက်စေကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုလေ့လာမှုသည် အသက် ၄၅ နှစ်နှင့်အထက် အမေရိကန်နိုင်ငံသား၂၀၀၀၀ကျော်၏ နေ့စဉ်စားသုံး သော အစားအစာများကိုလေ့လာမှု ပြုခဲ့ရာမှထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုလေလ့ာမှုတွင် လူမျိုး၊အသား အရောင်နှင့်နေရာဒေသစသော အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ပါဝင်သူများ သည်နေ့စဉ်စားသုံးသော အစားအစာ (diet) နှင့်ကျန်းမာရေးနှင့်ပတ်သက်သော မေးခွန်းများကိုဖြေဆိုခဲ့ရပြီး ငါးနှစ်ကြာ လေ့လာမှုကာလတွင်ပုံမှန် ကျန်းမာရေးစစ်ဆေးမှုနှင့်ပညာပေးမှုများကို ခံယူခဲ့ကြသည်။
သုတေသီများကတောင်ပိုင်း အမေရိကန်အစားအစာများဖြစ်သော ကြက်ကြော်၊ ၀က်ဆားနယ်၊ ၀က်ပေါင်ခြောက်များသည် လေဖြတ်စေနိုင်သော အခွင့်အလမ်းကိုမြင့်တက်စေကြောင်း၊ ယင်းအစားအစာများသည် သွေးတွင်းကိုလက်စတီရောကို မြင့်တက်စေပြီး သွေးတိုးရောဂါနှင့် ဆီးချိုသွေးချိုရောဂါ များကိုပါ ဖြစ်ပွားမှုနှုန်း မြင့်တက်စေကြောင်း ပြောကြားခဲ့သည်။
လေ့လာမှုအရတောင်ပိုင်း အမေရိကန်ရိုးရာအစားအစာများကို တစ်ပတ်လျှင် ခြောက်ကြိမ်ခန့်စားသုံး သူများသည်တစ်လတစ်ကြိမ်သာ စားသုံးသူများထက်လေဖြတ်ရန် ၄၁%ပိုမို ကြောင်း၊ ထို့ပြင်ယင်းအစား အစာ များကိုစားသုံးသူများတွင်လည်း လူဖြူများထက်စာလျှင် အာဖရိကနွယ်ဖွားများက ငါးဆပိုမိုလေဖြတ်နိုင်ချေ များကြောင်း၊ အသီးအရွက်များ၊သစ် သီးများ၊အစေ့အဆန်များနှင့်ငါး စားသုံးသူများကကြက်ကြော်၊ ၀က်ဆားနယ်၊ ၀က်ပေါင်ခြောက်စားသုံးသူများထက် လေဖြတ်နိုင်ချေ၂၉%လျော့နည်းကြောင်းကို ဖော်ထုတ်နိုင် ခဲ့သည်။ ယခုလေ့လာမှုသည် အမေရိကန်တောင်ပိုင်းတွင် နေထိုင်သော အာဖရိကန်နွယ်ဖွားများ၏ နေ့စဉ်စားသုံးမှုပုံစံနှင့် အမေရိကန်အစားအစာများကို ခုံမင်သောအာရှ၊ တောင်အမေရိက နှင့် အာဖရိကတိုက်သားများ၏ စားသုံးမှုပုံစံကို သက်ရောက်မှုရှိစေနိုင်မည် ဟုသိရသည်။
ယခုသုတေသနကို အမေရိကန်နိုင်ငံ၊ ဟာဝိုင်ရီကျွန်းတွင်ကျင်းပသော International Stroke Conference တွင် စာတမ်းတင်သွင်း ထားခြင်းဖြစ်သည်။

သန့်စင်
Ref: MedIndia
Health Updates Journal
Vol-2,No-8

No comments:

Post a Comment