Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

တီဘီရောဂါပျောက်ပြီး ပြန်ဖြစ်တတ်သလား


 
ကုသမှုခံယူပြီးသော်လည်း TB ရောဂါပြန်ဖြစ် ရသော ဖြစ်နိုင်ချေတစ်ရပ်ကို သိပံ္ပပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းသုတေသနတွင် ဖော်ပြထားချက်အရ တီဘီပိုးသည်ရိုးတွင်း ချဉ်ဆီတွင်း၌လည်း ခိုအောင်းနိုင်ပြီး ဆေးဝါးများ၏အာနိသင်ကို ကာကွယ် နိုင်သည်ဟု သိရသည်။
စတင်းဖို့ဒ်တက္ကသိုလ်မှ သုတေသီတစ်စုသည် ရိုးတွင်းချဉ်ဆီ(bone marrow)တွင်း၌ ခိုအောင်းနိုင်သဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သောပိုးများ (infiltrating bacteria)ဟု ခေါ်ဆိုကြောင်း၊ ယင်း TB ပိုးများသည် ရိုး တွင်းချဉ်ဆီတွင်းဝယ် တည်ရှိနေပါက ဆေးဝါးများကို ခုခံနိုင်သောအာနိသင်ကို ရရှိနေကြောင်း၊ အကြိမ်ကြိမ် ပွား များနိုင်ကြောင်း၊ လူနာ၏ခုခံအားစနစ်ကို ယိုယွင်းစေကြောင်းနှင့် ကုသမှုပုံစံမျိုးစုံကိုလည်း ခံနိုင်ရည်ရှိနေကြောင်း ကို တွေ့ရှိခဲ့ကြသည်။
ယခုသုတေသနတွင် တွေ့ရှိခဲ့သောအချက်သည် အခြားပိုးဝင်ခြင်းကြောင့်ဖြစ်သော ရောဂါများတွင်လည်း အသုံးဝင်စေမည်ဖြစ်ကြောင်း ဆေးကုသသော်လည်း ထိရောက်မှုမရှိဆိုသည့် အချက်ကိုပိုမိုသိရှိစေ မည်ဖြစ်ကြောင်း၊ ယခုသုတေသနတွင် ကုသမှုခံယူပြီး၊သော်လည်း ရောဂါပျောက်ကင်းမှု မရှိသော တီဘီရော ဂါရှင်များကိုလေ့လာခဲ့ကြောင်း၊ ယင်းလူနာများ၏ဘက်တီးရီးယားများကို ခြေရာခံ လေ့လာ ခဲ့ ရာတွင် mesenchymal stem cell ဟုခေါ်သောဆဲလ်များနှင့်ပူးပေါင်း တည်ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းဆဲလ်များနှင့်ပူးပေါင်းနေပါက TB ပိုးများသည် အရိုးဆဲလ်၊ အဆီဆဲလ်များနှင့် အရွတ်များသို့ ပျံ့နှံ့နေ ကြောင်း၊ရိုးတွင်းချဉ်ဆီတွင်း၌ ခိုအောင်းနေသော တီဘီပိုးများသည် အဆုတ်တွင်းသို့လည်း လွယ်လွယ်ကူ ကူပျံ့နှံ့နိုင်ကြောင်း လေ့လာမှုကို ဦးဆောင်သူ စတင်းဖို့ဒ်တက္ကသိုလ်မှ သုတေသီ Dr.Bikul Dasက ပြောကြား ခဲ့သည်။
Dr.Bikul Das က ရိုးတွင်းချဉ်ဆီတွင် ခိုအောင်းနေသော TB ပိုးများ သည် အခြားနေရာတွင်ရှိသော TB ပိုးများကို ကုသပျောက်ကင်းပြီးသော်လည်း ကျန်ရှိနေနိုင်ကြောင်း၊ တီဘီ ပျောက်ကင်းသွားပြီးမှ နောက် တစ် ကြိမ်ထပ်ဖြစ်သည်ဆိုခြင်းမှာ အဆိုပါ အချက်ကြောင့်ဖြစ်ကြောင်းကို ရှင်းပြ ထားသည်။
ယခုတွေ့ရှိမှုကို Journal Science Translational Medicine တွင် ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
IANS
Health Updates Journal
Vol-2,No-8

No comments:

Post a Comment