Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

pragnant - Spring Flowers



pregnant ဆိုတာ ကိုယ်ဝန်ရှိတယ်ဆိုတာ အားလုံးအသိပါ ။ ဒါပေမယ့် အဲဒီစကားကို နောက်အဓိပ္ပါယ်တစ်ခုနဲ့ မကြာခဏသုံးတတ်ကြသေးတယ် ။ ဥပမာ

Election days are always pregnant with thrills .
ရွေးကောက်ပွဲ ရက်တွေဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတယ် ။

ကိုယ်ဝန်ဆိုတာ ဗိုက်ထဲမှာ ကလေးနဲ့ ပြည့်လာတာမဟုတ်လား ။အဲဒီသဘောဘဲစိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတယ် လို့ ဆိုလိုတာ ။

မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ နေ့များ days pregnant with hope

The songs are pregnant with irony and insight.
ဒီသီချင်းတွေမှာ သရော်ခြင်း ၊ အခြေအမှန်ကို ထင်ဟပ်နားလည်ခြင်းတွေ အပြည့်ဘဲ

လေးနက်သော ၊ အဓိပ္ပါယ်များစွာရှိသောလို့လည်း ရတယ် ။
Now is the politically pregnant time in Myanmar.
အခုအချိန်ဟာ မြန်မာပြည်မှာ နိုင်ငံရေးအရ လေးနက်တဲ့ အချိန်ဘဲ ။


'' Ok, let's move on, '' said Koko after a long and pregnant pause.

ရှည်လျားနက်နဲစွာ ဆိတ်ငြိမ်နေပြီးမှ '' ဟုတ်ပြီလေ ။ ဆက်လုပ်ကြတာပေါ့ '' လို့ ကိုကိုက ဆိုတယ် 

Spring Flowers

No comments:

Post a Comment