Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 8, 2019

ခ်င္းျပည္နယ္တြန္းဇံျမိဳ့ကိုေရာက္ေနတဲ့မိုးစက္ဝိုင္တို႔အဖြဲ႕


Miss Universe Myanmar 2013 ဆုရွင္ျဖစ္တဲ့ မိုးစက္ဝိုင္နဲ့သူရဲ့ myanmar heart ပရဟိတ အဖြဲ႕ဟာ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕ကိုေရာက္ရွိေနပါတယ္။သူသြားေရာက္ခဲ့တဲ့တြန္းဇံျမိဳ့အေၾကာင္းမိုးစက္၀ိုင္ကခုလိုေရးထားပါတယ္။

" တြန္းဇံၿမိဳ႕ေလးဟာဆိုရင္ ဖြံၿဖိဳးတိုးတတ္မူနည္းပါးၿပီး လမ္းပမ္းဆက္သြယ္မူ ခဲယဥ္းတဲ့ေေနရာေလးျဖစ္ပါတယ္ .
ခ်င္းျပည္ရဲ့ အေနာက္က်ဆုံးအေခါင္ဆုံးေနရာထဲမွာပါတယ္လို႔လဲေျပာလို႔ရေပမဲ့ ဘာဝတရားေတြကို ထိေတြ႕ခံစားခ်င္တဲ့သူေတြအတြက္ သြားေရာက္လည္ပါတ္ရန္ အေကာင္းဆုံးေနရာေဒသတခု ျဖစ္တဲ့ ခ်င္းျပည္နယ္အတြင္းရွိ တြန္းဇန္ၿမိဳ႕ကို ၂၀၁၉ ႏွစ္သစ္ရဲ့အစပိုင္းမွာ ဒုတိယအႀကိမ္သြားေရာက္ျဖစ္ခဲ့ပါတယ္။ "

" ပထမအႀကိမ္က ၂၀၁၆ တုန္းကေႏြရာသီမွာပါ . မခ်မ္းေပမဲ့ ေလေတာ့ေတာ္ေတာ္ျပင္းပါတယ္ .
အဲ့တုန္းက ဖုန္းလိုင္း, မီး, ေရေတာင္ေကာင္းေကာင္းမရပါဘူး . ဒါေၾကာင့္ လည္း ၂၀၁၆ ႏွစ္ကုန္ေလာက္မွာပဲ တြန္းဇံၿမိဳ႕ သုံးေရရွိေရးအတြက္ myanmar heart မွ လွူဒါန္းခဲ့ပါတယ္ ဒီတခါသြားတဲ့ အခါမွာေတာ့ ေတာ္ေတာ္ေလးအဆင္ေျပလာပါၿပီ .
လမ္း, ဖုန္းလိုင္း, ေရ မီး အကုန္ပါပဲ . ဒီတခါကေတာ့ ေဆာင္းမွာသြားတာဆိုေတာ့ စစခ်င္း ရာသီဥတု ကေတာ့ အရမ္းကို ခ်မ္းပါတယ္။
 ေရာက္ေရာက္ခ်င္း မီးပုံပြဲေလးနဲ႔ ႀကိဳၾကၿပီး ေခါင္ရည္ေလး တစ္က်ိဴက္ ေသာက္ျဖစ္ခဲ့တယ္ ေပါ့ေနာ္"

" ခ်င္းတိုင္းရင္းသား အမ်ိဴးသမီးမ်ား စိတ္ဓာတ္စြမ္းရည္ျမႇင့္တင္ေရးနဲ႔ တိုင္းရင္းသူေလးေတြကိုယ့္ကိုကိုယ္ ယုံၾကည္မူေတြရရွိလာဖို႔အတြက္
ရည္ရြယ္ၿပီေတာ့ သက္ဆိုင္ရာက တာဝန္ရွိသူေတြ တြန္းဇံၿမိဳ႕နယ္ အမ်ိဴးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚက်ိန္ငိုက္မန္နဲ႔
တြန္းဇန္အလွမယ္ ေရြးခ်ယ္ၿပိဳင္ပြဲေလးကိုဇန္နဝါရီလ (၅) ရက္မွာ က်င္းပေပးျဖစ္ခဲ့တယ္။
အဲဒီမတိုင္ခင္မွာ မိုးစက္အေနနဲ႔ ၿပိဳင္ပြဲဝင္ၿပိဳင္မဲ့ အလွမယ္ေလးေတြကို အသားအရည္ထိန္းသိမ္းမူ၊ အလွမယ္နဲ႔ပါတ္သတ္တဲ့
သိသင့္သိထိုက္တာေတြ၊ မိတ္ကပ္လိမ္းနည္းေတြကို လက္ေတြ႕ သ႐ုပ္ျပေဆြးေႏြးခဲ့ၾကေသးတယ္။ "

" မိုးစက္တို႔ Myanmar's Heart Charity Group ကေနၿပီးေတာ့ အိႏၵိယနိုင္ငံ Swelect ကုမၸဏီရဲ့နည္းပညာကုမၸဏီနဲ႔
ပူးေပါင္းၿပီးေက်ာင္းသားေက်ာင္းသူ စုစုေပါင္း တစ္ေထာင္ေက်ာ္ခန႔္ပညာသင္ၾကားလၽွက္ရွိေနတဲ့ တြန္းဇန္ၿမိဳ႕ အထက္တန္းေက်ာင္းမွာ
 ေက်ာင္းသူေက်ာင္းသားမ်ားအတြက္ ေရသန႔္ကို ေေသာက္ေစခ်င္တဲ့အတြက္ ဆိုလာျပားမွတဆင့္ ေေနႏွင့္ေလမွတဆင့္
ဓာတ္ျပဳၿပီးေတာ့ ထုတ္လုပ္နိုင္သည့္ ေရသန႔္စနစ္နဲ႔လၽွပ္စစ္မီးကို ၂၀၁၉ရဲ့ ႏွစ္သစ္အစမွာ လူဒါန္းခဲ့ပါတယ္။ဒီေနရာမွာလည္း
 ေလးကၽြန္းသူအဖြဲ႕ မွ ေက်ာင္းအတြက္ ပညာေရးအလွူေငြေတြပံ့ပိုးခဲ့ပါတယ္ . မိုးစက္တို႔အဖြဲ႕ နဲ႔ခုလို လိုက္ပါလွူဒါန္းေပးတဲ့ အတြက္ အတိုင္းမသိေက်းဇူးတင္ပါတယ္ "
Photo - Moeset Wine





















...........
Miss Universe Myanmar 2013 ဆုရှင်ဖြစ်တဲ့ မိုးစက်ဝိုင်နဲ့
သူရဲ့ myanmar heart ပရဟိတ အဖွဲ့ဟာ ချင်းပြည်နယ် တွန်းဇံမြို့ကိုရောက်ရှိနေပါတယ်။
သူသွားရောက်ခဲ့တဲ့တွန်းဇံမြို့အကြောင်းမိုးစက်ဝိုင်ကခုလိုရေးထားပါတယ်။
" တွန်းဇံမြို့လေးဟာဆိုရင် ဖွံဖြိုးတိုးတတ်မူနည်းပါးပြီး လမ်းပမ်းဆက်သွယ်မူ ခဲယဉ်းတဲ့ေနေရာလေးဖြစ်ပါတယ် .
ချင်းပြည်ရဲ့ အနောက်ကျဆုံးအခေါင်ဆုံးနေရာထဲမှာပါတယ်လို့လဲပြောလို့ရပေမဲ့ ဘာဝတရားတွေကို ထိတွေ့ခံစားချင်တဲ့သူတွေအတွက်
သွားရောက်လည်ပါတ်ရန် အကောင်းဆုံးနေရာဒေသတခု ဖြစ်တဲ့ ချင်းပြည်နယ်အတွင်းရှိ တွန်းဇန်မြို့ကို ၂၀၁၉ နှစ်သစ်ရဲ့အစပိုင်းမှာ ဒုတိယအကြိမ်သွားရောက်ဖြစ်ခဲ့ပါတယ်။ "

" ပထမအကြိမ်က ၂၀၁၆ တုန်းကနွေရာသီမှာပါ . မချမ်းပေမဲ့ လေတော့တော်တော်ပြင်းပါတယ် .
အဲ့တုန်းက ဖုန်းလိုင်း, မီး, ရေတောင်ကောင်းကောင်းမရပါဘူး . ဒါကြောင့် လည်း ၂၀၁၆ နှစ်ကုန်လောက်မှာပဲ
တွန်းဇံမြို့ သုံးရေရှိရေးအတွက် myanmar heart မှ လှူဒါန်းခဲ့ပါတယ် ဒီတခါသွားတဲ့ အခါမှာတော့ တော်တော်လေးအဆင်ပြေလာပါပြီ .
လမ်း, ဖုန်းလိုင်း, ရေ မီး အကုန်ပါပဲ . ဒီတခါကတော့ ဆောင်းမှာသွားတာဆိုတော့ စစချင်း ရာသီဥတု ကတော့ အရမ်းကို ချမ်းပါတယ်။
 ရောက်ရောက်ချင်း မီးပုံပွဲလေးနဲ့ ကြိုကြပြီး ခေါင်ရည်လေး တစ်ကျိူက် သောက်ဖြစ်ခဲ့တယ် ပေါ့နော်"

" ချင်းတိုင်းရင်းသား အမျိူးသမီးများ စိတ်ဓာတ်စွမ်းရည်မြှင့်တင်ရေးနဲ့ တိုင်းရင်းသူလေးတွေကိုယ့်ကိုကိုယ် ယုံကြည်မူတွေရရှိလာဖို့အတွက် ရည်ရွယ်ပြီတော့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ တွန်းဇံမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နဲ့
တွန်းဇန်အလှမယ် ရွေးချယ်ပြိုင်ပွဲလေးကိုဇန်နဝါရီလ (၅) ရက်မှာ ကျင်းပပေးဖြစ်ခဲ့တယ်။
အဲဒီမတိုင်ခင်မှာ မိုးစက်အနေနဲ့ ပြိုင်ပွဲဝင်ပြိုင်မဲ့ အလှမယ်လေးတွေကို အသားအရည်ထိန်းသိမ်းမူ၊ အလှမယ်နဲ့ပါတ်သတ်တဲ့ သိသင့်သိထိုက်တာတွေ၊ မိတ်ကပ်လိမ်းနည်းတွေကို လက်တွေ့ သရုပ်ပြဆွေးနွေးခဲ့ကြသေးတယ်။ "

" မိုးစက်တို့ Myanmar's Heart Charity Group ကနေပြီးတော့ အိန္ဒိယနိုင်ငံ Swelect ကုမ္ပဏီရဲ့နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းပြီးကျောင်းသားကျောင်းသူ စုစုပေါင်း တစ်ထောင်ကျော်ခန့်ပညာသင်ကြားလျှက်ရှိနေတဲ့ တွန်းဇန်မြို့ အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားများအတွက် ရေသန့်ကို ေသောက်စေချင်တဲ့အတွက် ဆိုလာပြားမှတဆင့် ေနေနှင့်လေမှတဆင့်
ဓာတ်ပြုပြီးတော့ ထုတ်လုပ်နိုင်သည့် ရေသန့်စနစ်နဲ့လျှပ်စစ်မီးကို ၂၀၁၉ရဲ့ နှစ်သစ်အစမှာ လူဒါန်းခဲ့ပါတယ်။ဒီနေရာမှာလည်း လေးကျွန်းသူအဖွဲ့ မှ ကျောင်းအတွက် ပညာရေးအလှူငွေတွေပံ့ပိုးခဲ့ပါတယ် . မိုးစက်တို့အဖွဲ့ နဲ့ခုလို လိုက်ပါလှူဒါန်းပေးတဲ့ အတွက် အတိုင်းမသိကျေးဇူးတင်ပါတယ် "
Photo - Moeset Wine

No comments:

Post a Comment