Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 8, 2019

၂၀၁၈ အတွက်ဖက်ရှင်ဘုရင်မ သင်ဇာဝင့်ကျော်



၂၀၁၈ ခုနှစ်မှာ ဖက်ရှင်အမျိုးမျိုးနဲ့ ပရိတ်သတ်ကိုပွဲဆူအောင်လုပ်နိုင်ခဲ့သူဟာ မင်းသမီးသင်ဇာဝင့်ကျော်ပါလို့ဆိုလိုက်ရင်ဘယ်သူမှငြင်းနိုင်ကြမယ်မထင်ပါဘူး။
ဆန်းဆန်းပြားပြား ဒီဇိုင်းမျိုးစုံဖန်တီးတတ်သူမို့ ဒီပွဲမှာ မတ်မတ်သင်ဇာဘာဒီဇိုင်းဝတ်လာလေမလဲစောင့်ကြည့်ခဲ့ကြရပါတယ်။
အစောပိုင်းက မင်းသမီးဟာ ပေါင်တစ်လုံးဖော်ဖက်ရှင်လောက်နဲ့ပွဲတက်နေရာက နောက်ပိုင်းမှာ
ဒီထက်ပိုမိုဆန်းပြားတဲ့ပိုက်ကွက်၊ဇာကွက်များနဲ့ သူ့ရဲ့ဖက်ရှင်လမ်းစကိုတွေ့ရှိသွားပုံရပါတယ်။
ဆင်ဆာလက်မှလွတ်အောင်ရေးရသော စာရေးဆရာများကြံဆသကဲ့သို့
ဇာကွက်အသေးမှာသည် ဇာကွက်ကျဲကျဲ၊ပိုက်ကွက်အသေးမှသည် ပိုက်ကွက်ကျဲကျဲဖြင့်သူမကိုယ်ကို အထူးထူးတန်ဆာဆင်ကာဘော်ဒီအလှကို ပြသပါတော့တယ်။
မွေးစဉ်က အ၀တ်ဗလာဖြင့်မွေးဖွားလာကြသော်လည်း အသားပေါ်လျှင် ပြသနာရှိသည့်
အချို့မြန်မာဆန်ချင်လွန်းသူများ၏
ဝေဖန်သံများအထူးဆူငြံပွက်လောထနေသည့်ကြားက သူမလုပ်လိုသည့်ဖက်ရှင်များကို 
တစိုက်မတ်မတ်တီထွင်ဖန်တီးခဲ့သည့် ထိုအမျိုးသမီး၏ သတ္တိကိုမူ အထူးလေးစားမိပါတယ်။
သင်ဇာဝင့်ကျော်ဖန်တီးတီထွင်ခဲ့တဲ့ ဖက်ရှင်များကိုအသေအချာ အနုလုံပဋိလုံသုံးသပ်၍
၂၀၁၈ ခုနှစ်အတွင်း အတွက် ဖက်ရှင်ဘုရင်မဆုကို မင်းသမီးသင်ဇာဝင့်ကျော်ကို ပေးအပ်မည်ဆိုပါက
 မည်သူမျှ ငြင်းနိုင်အံ့မည်မထင်ပါ။







No comments:

Post a Comment