Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 18, 2019

ခိုလှုံခွင့်လျှောက်ထားသူ ရာနဲ့ချီ တက္ကဆက်ကနေ ကယ်လီဖိုးနီးယားကို လေယာဉ်နဲ့ပို့



အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ကြိုးစားသူ ရာပေါင်းများစွာကို လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက တက္ကဆက်ပြည်နယ်တောင်ပိုင်းကနေ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို လေယာဉ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက်များလွန်းတာကြောင့် အမေရိကန်အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဟာ အလုပ်တွေ မနိုင်မနင်းဖြစ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူ ၅ သိန်းကျော်ကို မက္ကဆီကိုနိုင်ငံနဲု့ ထိစပ်နေတဲ့ အမေရိကန်တောင်ပိုင်း နယ်စပ်တလျှောက်မှာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီလူတွေအတွက် လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို တဦးချင်းစီအလိုက်ရော၊ မိသားစုအလိုက်ပါ အချိန်မီပြီးအောင်လုပ်ပြီး ပြန်လွှတ်ပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တပတ်မှာ ၃ ကြိမ် San Diego မြို့ကို လေယာဉ် နဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ လေယာဉ် ၁ စင်းကို လူ ၁၃၀ ထက်မနည်းဆန့်တယ်လို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကို မလုပ်ရသေးတဲ့ တခြားရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ၊ အမေရိကန်နိုင်ငံတ၀ှမ်းက တခြားမြို့တွေကို ပို့ဆောင်ပြီး လုပ်သွားဖို့အတွက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

No comments:

Post a Comment