Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 21, 2019

ဗုံးခွဲခံရမှု နောက်ဆုံးသတင်း.. သေဆုံးသူ ၂၀၀ ကျော် ဒဏ်ရ ၄၅၀ ရှိလာ..


သီရိလင်္ကာ ဘုရားကျောင်းများနှင့် ဟိုတယ်များ ဗုံးခွဲတိုက်ခိုက်ခံရမှု့ အတွက် သေဆုံးသူ ၂၀၇ ဦးနှင့်ဒဏ်ရာရသူ ၄၅၀ ဦးရှိသည်ဟု သိရှိရ

ယနေ့ (ဧပြီ ၂၁) အီစတာပွဲတော်ရက်တွင် သီရိလင်္ကာရှိ ခရစ္စယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များတွင် ဗုံး ၈ ကြိမ်ဆက်တိုက်ပေါက်ကွဲခဲ့ရာလူပေါင်းရာချီသေဆုံးခဲ့ပြီး ဒဏ်ရာရသူလွန်စွာများပြားခဲ့သည်။

သေဆုံးသူနှင့်ဒဏ်ရာရသူအရေအတွက်မှာ အချိန်နှင့်အမျှထပ်တိုးလာဖွယ်ရှိနေသည်ဟု ခန့် မှန်းထားကြသလို သီရိလင်္ကာအစိုးရကလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအိမ်ပြင်မထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။

မြန်မာစံတော်အချိန် ဧပြီ ၂၁ ညနေ ၆း၃၀ နာရီ ဗြိတိန်မှ ဂါးဒီးယန်းသတင်းစာ၏ Live ထုတ်လွင့်မှု့ သတင်းအရ သေဆုံးသူအရေအတွက် ၂၀၇ ဦး အထိရှိလာပြီဖြစ်သလို ဒဏ်ရာရသူ ၄၅၀ ဦးရှိခဲ့ပြီး တိုက်ခိုက်မှု့ များအတွက် ၇ ဦးကိုဖမ်းဆီးထားလိုက်ပြီဟု ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှု့ မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု့ ဖြစ်သည်ဟုသီရိလင်္ကာရဲတပ်ဖွဲ့ က အတည်ပြုလိုက်ပြီဖြစ်သော်လည်း မည်သည့်အဖွဲ့ အစည်းကမှ၎င်းတို့ ၏တိုက်ခိုက်မှု့ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာလာခြင်းမရှိသေးပေ။ Credit – Aung Myo Thu

No comments:

Post a Comment