Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 16, 2019

အလြန္အေရးၾကီးလို႔ ကေမာၻဇဘဏ္က တရားဝင္ထုတ္ျပန္ေၾကျငာလိုက္ေသာ သတိေပးစာ


ေလးစားရပါေသာ KBZ Online Banking အသံုးျပဳမ်ား
လတ္တေလာအခ်ိန္တြင္ ကေမာၻဇဘဏ္၏ Online Banking အသံုးျပဳသူမ်ားထံသို႔ ကေမာၻဇဘဏ္မွေပးပို႔ေသာ Email ပုံစံအသြင္ေဆာင္၍ Email အဆံုးသတ္တြင္ ကေမာၻဇဘဏ္၏ ရံုးခ်ဳပ္လိပ္စာကိုပင္ထည႔္သြင္းေရးသားလ်က္ ထင္ေယာင္ထင္မွားျပဳကာ Customer ၏အေကာင္႔ကိုတျခားသူတစ္ဦးမွ နိုင္ငံရပ္ျခားတစ္ေနရာမွေန၍ ၀င္ေရာက္အသံုးျပဳေနပါသည္ဟု ဆိုေသာ လိမ္လည္ျဖားေယာင္း မဟုတ္မွန္ေသာ ႏိႈးေဆာ္ခ်က္မ်ားအား ေပးပို႔လ်က္ customer မ်ားအားထိတ္လန္႕စိုးရိမ္မွဳမ်ားျဖစ္ေပၚေစကာ Username နွင္႔ Password ကိုအသံုးျပဳ၍ Login ၀င္ေရာက္ေစျပီး မိမိတို႔၏အေကာင္႔အား စစ္ေဆး အတည္ျပဳေပးခိုင္းသည့္ Phishing email မ်ားကို မသမာသူမ်ားမွ အဆက္မျပတ္ ေပးပို႔လ်က္ရွိပါသည္။

KBZ ဘဏ္၏ domain လိပ္စာႏွင့္၀င္ေရာက္လာေသာ ေမးလ္မဟုတ္လွ်င္ လံုးဝမႏွိပ္ပါႏွင့္။
ကေမ႓ာဇဘဏ္မွ တရားဝင္ ေပးပို႔ေသာ email မွာ (KBZ Bank ) ျဖစ္ျပီး “ ” ေနာက္တြင္ kbzbank com ဆိုေသာ domain ႏွင့္ အဆံုးသတ္ပါသည္။

အဆိုပါ အခ်က္မ်ားအား သတိမျပဳမိပဲ ထုိကဲ့သို႕ေသာ email မ်ားကိုနွိပ္မိသြားခဲ့လွ်င္ အေကာင့္ကို ခ်က္ခ်င္း ပိတ္ႏုိင္ရန္ ဘဏ္သုိ႕အခ်ိန္မွီအေၾကာင္းၾကားသင္႔ပါသည္။

အေသးစိတ္သိရွိလိုသည္မ်ားအတြက္ KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 မ်ားသို႔ ေန႔စဥ္ မနက္ ၆ နာရီမွ ည ၁၀ နာရီအတြင္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

KBZ

Unicode ျဖင့္ဖတ္ရန္
KBZ ဘဏ်မှ ကြေညာထားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားရပါသော KBZ Online Banking အသုံးပြုများ
လတ်တလောအချိန်တွင် ကမ္ဘောဇဘဏ်၏ Online Banking အသုံးပြုသူများထံသို့ ကမ္ဘောဇဘဏ်မှပေးပို့သော Email ပုံစံအသွင်ဆောင်၍ Email အဆုံးသတ်တွင် ကမ္ဘောဇဘဏ်၏ ရုံးချုပ်လိပ်စာကိုပင်ထည့်သွင်းရေးသားလျက် ထင်ယောင်ထင်မှားပြုကာ Customer ၏အကောင့်ကိုတခြားသူတစ်ဦးမှ နိုင်ငံရပ်ခြားတစ်နေရာမှနေ၍ ၀င်ရောက်အသုံးပြုနေပါသည်ဟု ဆိုသော လိမ်လည်ဖြားယောင်း မဟုတ်မှန်သော နှိုးဆော်ချက်များအား ပေးပို့လျက် customer များအားထိတ်လန့်စိုးရိမ်မှုများဖြစ်ပေါ်စေကာ Username နှင့် Password ကိုအသုံးပြု၍ Login ၀င်ရောက်စေပြီး မိမိတို့၏အကောင့်အား စစ်ဆေး အတည်ပြုပေးခိုင်းသည့် Phishing email များကို မသမာသူများမှ အဆက်မပြတ် ပေးပို့လျက်ရှိပါသည်။

KBZ ဘဏ်၏ domain လိပ်စာနှင့်ဝင်ရောက်လာသော မေးလ်မဟုတ်လျှင် လုံးဝမနှိပ်ပါနှင့်။
ကမေ႓ာဇဘဏ်မှ တရားဝင် ပေးပို့သော email မှာ (KBZ Bank ) ဖြစ်ပြီး “ ” နောက်တွင် kbzbank com ဆိုသော domain နှင့် အဆုံးသတ်ပါသည်။

အဆိုပါ အချက်များအား သတိမပြုမိပဲ ထိုကဲ့သို့သော email များကိုနှိပ်မိသွားခဲ့လျှင် အကောင့်ကို ချက်ချင်း ပိတ်နိုင်ရန် ဘဏ်သို့အချိန်မှီအကြောင်းကြားသင့်ပါသည်။

အသေးစိတ်သိရှိလိုသည်များအတွက် KBZ Bank Online Banking Call Center 01 370108 ၊ 01 370109 များသို့ နေ့စဉ် မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

KBZ

No comments:

Post a Comment