ပညာရပ် တစ်ခုပါပဲ။
ရှိတယ်။
ကဲ... ဘယ်လို ကျင်ကြမလဲ။
Hein Tint Zaw
#Unicode Version
ကျွန်ုပ်သည် ဗေဒင်လက္ခဏာ ဟောပြောသော အလုပ်များကို လုပ်နေရသောအခါများတွင် တစ်ခါတစ်ရံ မိမိ ကိုယ်ကိုမိမိ မကျေမနပ် ဖြစ်မိလေ၏။ တစ်ခါတစ်ရံတွင် ကျွန်ုပ်ထံသို့ ပစ္စည်းပျောက်များ
ငွေပျောက်များ လာမေးကြလေရာ ကျွန်ုပ်သည် တားရော့ အင်္ဂဝိဇ္ဇာ သုံးတန်ပေါ်နိစ်စသော ပညာရပ်များဖြင့် တွက်ချက်၍ ဟောပြောရလေ၏။
များသောအားဖြင့် ထိုအခါမျိုးတွင် မိမိကိုယ်ကို မိမ အားမရခဲ့ပေ။ ကျွန်ုပ်၏ ဟောကိန်းများသည် ဝါးလုံးရှည်နှင့် ရမ်းသကဲ့သို့၎င်း ငှက်အုပ်ထဲသို့ ခဲအလုံးတစ်ရာလောက် ပြစ်ထည့်လိုက်သကဲ့သို့၎င်း တိကျသေချာ ရေရာမှု့ မရခဲ့ပေ။ ပစ္စည်းပျောက်များ လာရောက်၍ မေးမြန်းသော အခါ၌လည်း အင်း ပစ္စည်းက အိမ်မှာ မရှိတော့ဘူး နေရာ ရွေ့သွားပြီ။ ပြန်မရနိုင်တော့ဘူး။ ခိုးတဲ့လူရဲ့ နာမည် အစမှာ တနင်္လာ (သို့) ကြာသပတေးနံနှင့် စတယ်။ အရပ်ကတော့ မပုမရှည်ပဲ။
အသားကတော့ သိပ်လဲ မဖြူဘူး။ အစရှိသည်ဖြင့် မရေရာ မသေချာလှသော ဟိုဘက်လိုလို ဒီဘက်လိုလို တွေးယူ၍ ရသော အဖြေမျိုးများဖြင့်သာ ဟောပြောလေ့ရှိ၏။ ထိုအခါမျိုးတွင် လာမေးသူများက ကိုယ်လိုရာ ကိုယ်ထင်ရာ ဆွဲယူ၍ တွေးသွားတတ်ကြတာချဉ်းပင် ဖြစ်၏။ သူတို့အချင်းချင်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင် ဟုတ်မယ် ဟုတ်မယ် ဟိုကောင် သေချာတယ် အစရှိသည်ဖြင့် ကိုယ်လိုရာ ကိုယ်တွေးထင်၍ ပြန်သွားကြလေ၏။
နောက်.. လူပျောက်တယ် ဆိုပါတော့။ ကျွန်ုပ်တို့၏ အဖြေမှာ အင်း အနီးမှာပဲ ရှိတယ်။ ဆွေမျိုး (သို) မိတ်ဆွေ တစ်ဦးသီးအိမ်ကို ရောက်နေတယ်။ လောလောဆယ်တော့ ပြန်လာဖို့ မမြင်သေးဘူး။ အစရှိသည်ဖြင့် ဗေဒင်မေး မြန်းသူများအတွက် ကျေနပ်အားရဖွယ် မကောင်းသော တိကျခြင်း မရှိသော အဖြေမျိုးဖြင့် ဟောပေးတတ် ကြလေ၏။ ထိုအခါမျိုးတွင်လည်း ကျွန်ုပ်သည် မိမိကိုယ်ကို မိမိ ကျေနပ်အားရခြင်း မရှိခဲ့ပေ။
အမှန်အတိုင်း ကျွန်ုပ်ဖြစ်ချင်သော ဗေဒင်ဆရာ ဆိုသည်ကား ဤကဲ့သို့သော ဗေဒင်ဆရာမျိုး မဟုတ်ပေ။ ဥပမာ ပစ္စည်းပျောက်လို့ ဗေဒင်လာမေးမယ် ဆိုပါစို့။ ကျွန်ုပ်က မျက်စိကို မှိတ်၍ အာရုံပြုလိုက်မယ်။ ပြီးတာနဲ့ အင်း ခင်ဗျားပစည်းက ပျောက်တာမဟုတ်ဘူး။ အခိုးခံရတာ။ ခိုးတဲ့ လူက ည (၃)နာရီလောက်က လာခိုးသွားတာ။ သူ့မှာ အဖော်တစ်ယောက်တောင် ပါလာသေးတယ်။ သူ့နာမည်က ဟိန်းဇော်လို့ ခေါ်တယ်။ သူနေတာက နင်တို့လမ်း ဘေးကပ်ရက်က
အောင်သစ္စာလမ်းမှာနေတာ။ အခု သူ အိမ်မှာ ရှိနေတယ် ။ မယားငယ်နဲ့ ဖက်အိပ်နေတယ်။ အိပ်ယာနိုးရင် သူတို့ ရောင်းနေကျ ဆိုင်မှာ သွားရောင်းတော့မှာ ။ အခုနေ သွားဖမ်းရင် မှီနိုင်သေးတယ်။ အစရှိသည်ဖြင့် ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦး ဖြစ်ချင်မိ၏။
နောက် လူပျောက်တယ်ဆိုရင်လည်း ထိုနည်းအတိုင်းပင်။ အင်း ရေနစ်သေသွားပြီ။ သူများသတ်လို့ သေသွား ရှာပြီ။ သူ့အလောင်က ဓနိတောထဲမှာ ပစ်ထားခဲ့တယ်။ ဒါမှမဟုတ် မသေသေးဘူး။ ဘန်ကောက်မှာ ရောက်နေတယ်။ သူ ညီမနဲ့ အတူ ရှိနေတယ်။ ဒါမှမဟုတ် လင်ငယ်နောက်ကို ပါသွားပြီ။ သူတို့ မလေးဘက်ကို နှစ်ယောက်အတူ ထွက်ပြေးသွားကြပြီ အစရှိသည်ဖြင့် လိုက်မကြည့်ယုံ တမယ် ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦး ဖြစ်ချင်လွန်းလှလေ၏။
ထိုအခါမျိုးတွင် ကျွန်ုပ်၏ ဗေဒင်ဟောသက် အတွေ့အကြုံများအရဆိုရင် ထိုကဲ့သို့သော ဟောပြောနိုင်သော ဗေဒင်ဆရာ တစ်ဦးဖြစ်ချင်ပါမူ တွက်နည်း ချက်နည်းများ တစ်ခုတည်းကိုပင် အားကိုး၍တော့ ဖြစ်မလာနိုင်ပေ။ ကျင့်ယူ၍ ရသော ပညာရပ်များကို စနစ်တကျ ပြီးဆုံးအောင်မြင်သည့်အထိ ကျင့်ကြံပြီးမှသာ ရရှိနိုင်သည်ဟု တွေးမိလေ၏။ လက္ခဏာဆရာကြီး ကိုင်ရိုသည်၎င်း အဘမင်းသိင်္ခ အစရှိသော နာမည်ကျော် လက္ခဏာဆရာ ဗေဒင်ဆရာကြီးများသည် တွက်နည်းကို၎င်း ကျင့်စဉ်များကို၎င်း ပူးတွဲ ကျင့်ကြံ တွေးခေါ်ဆက်စပ်၍ ရသော အဖြေများသည် ဧကံသဟု ခေါ်သောတစ်ခွန်းတည်းသော ဟောကိန်းများကိုထုတ်နိုင်သောပညာရှင်များ ဖြစ်လာကြလေ၏။
ထိုကြောင့် ကျွန်ုပ်သည် အဘမင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် သင်ယူလေ့လာခဲ့ရသော နတ်မျက်စိကဲ့သို့ အရာအားလုံးကို ထိုဖောက်၍ မြင်နိုင်သော ကျင့်စဉ်ကို အောက်တွင် အသေးစိပ် ဖော်ပြပေးလိုက်ပါသည်။ မသိသူကျော်သွား သိသူဖော်စား ဟူသောစကားအရ ဝါသနာပါသော သူများ လိုက်နာ ကျင့်ဆောင်၍ အမြင်များပေါက်မြောက်
အောင်မြင်နိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့် ဖော်ပြပေး လိုက်ရပါသတည်း။
နတ်မျက်စိကျင့်စဉ်ဆိုတာ....
အရာအားလုံးကို မြင်နိုင်စွမ်းရှိတယ်။ အမေးတိုင်းကို အဖြေ ထုပ်နိုင်တယ်။ မည်သည့် ပညာရပ်နှင့်မဆို အစမ်းသတ်ခံနိုင်တယ်။ အဝေးက အရာဝတ္ထုကိုလည်း ဟောနိုင်တယ်။ ဖုံးထားတဲ့ အရာဝတ္ထုကိုလည်း ဖွင်ချ ဟောပြောနိုင်တယ်။အတိတ်အနာဂါတ်ပစ္စုပ္ပန်ကာလသုံးပါးလုံး ဝေဖန်ပိုင်းဖြား ဟောပြောနိုင်သော
ပညာရပ် တစ်ခုပါပဲ။
ဒီကျင့်စဉ်မှာက Crystal Gazing ခေါ် ဓာတ်ဖန်လုံးကို အသုံးပြု၍ ကျင့်ယူရမယ်။ ဓာတ်ဖန်လုံး မရှိရင်ရော။ ရပါတယ်။ ဓာတ်ဖန်လုံးကတော့ အကောင်းဆုံးပေါ့။ ဓာတ်ဖန်လုံး မရှိရင်တော့ ရေတို့ မှန်တို့နဲ့ လေ့ကျင့်လို့ ရပါတယ်။
ဒီလောက် အာနိသင်ထက်မြက်တဲ့ ကျင့်စဉ်ကို လူတိုင်းလေ့ကျင့်လို့ ရမလား၊ အောင်မြင်မလား။
အောင်မြင်ပါတယ်။ လူတိုင်း လေ့ကျင့်လို့ရပါတယ်။ ဒါပေမယ့် မြန်တာနဲ့ နှေးတာပဲ ရှိတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရင် ထောင်ထောင်မောင်းနဲ့ ဘာလုပ်လုပ် တက်တက်ကြွကြွ ရှိတတ်တဲ့ လူမျိုးတွေရယ် ခန္ဓာကိုယ် ဖွဲစည်း တည်ဆောက်ပုံအရ အရိုးအဆစ်တွေ ကြီးမား ကျယ်ပြန့်တဲ့ လူတွေ ဖွံ့ထွားတဲ့လူတွေဟာဒီလိုကျင့်စဉ်ကို လေ့ကျင့်ရင်သူတကာတွေထက်ပိုပြီး ပေါက်မြောက်အောင်မြင်လေ့
ရှိတယ်။
တစ်ချို့ကြတော့ ကြည့်လိုက်ရင် ကုတ်ချောင်ချောင်နဲ့။ သူတို့ အသံက ညောင်နာနာနဲ့။ စကားပြောရင်လဲ မပွင့်တပွင့်နဲ။ ခိုကြောင် ခိုးဝှက် လုပ်တတ်တယ်။ ဘာလုပ်လုပ် တက်တက်ကြွကြွ မရှိဘူး။အဲဒီလိုလူတွေကြတော့ကြာတတ်တယ်။ နောက်ဆုံးတော့ နှစ်ယောက်စလုံးက
အောင်မြင်တာချဉ်းပါပဲ။ မြန်တာနဲ့ ကြာတာ နှစ်မျိုးပဲ ရှိပါတယ်။
ကဲ... ဘယ်လို ကျင်ကြမလဲ။
ဓာတ်ဖန်လုံး ရှိရင်တော့ ဓာတ်ဖန်လုံးနဲ့ ကျင့်ပေါ့။ ဓာတ်ဖန်လုံး မရှိဘူးဆိုရင်တော့ ဖန်ခွက်ထဲကို ရေထည့်ပြီး လေ့ကျင့်လို့ ရပါတယ်။ စမ်းချောင်းရေဆို ပိုကောင်းတယ်လို့ အဘပြောဖူးတယ်။ ဖန်ခွက်ကတော့ ပြောင်နော်။ လုံးလုံး။ လေးဒေါင့်တို့ ပန်းတွေ ဘာတွေပါတဲ့ ဖန်ခွက်ဆို မရဘူး။ ပြောင်ချောမှ ကောင်းတယ်။ အဲဒီ ဖန်ခွက်ထဲမှာ ရေထည်။ ကိုယ့်ရှေ့က စားပွဲပေါ်တင်ပြီး ကြည့်ရမယ်။ ဒါပါပဲ။ အရေးကြီးတာက ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မဝင်အောင် ဂရုစိုက်ရမယ်။ ကောင်းတာကတော့ ကျင့်မယ့်လူရဲ့ နောက်ကျောမှာ မီးထွန်းထားရင်တော့ ပိုကောင်းမယ်။
တစ်နေ့ကို အနည်းဆုံး ဆယ်မီနစ် ဆယ့်ငါးမိနစ်လောက် စပြီး တစိမ့်စိမ့် ကြည့်ရမယ်။
နောက်တော့လည်း ကြည့်တဲ့ အချိန်တွေ တဖြေးဖြေး တိုးသွားပေါ့။ ပါးစပ်က ဂါထာတွေ မန္တာန်တွေ ရွတ်နေစရာ မလိုဘူး။ ကိုယ့် စိတ်ထဲကလည်း ဘာမှ မှတ်နေစရာမလိုဘူးနော်။
တွေးနေစရာလည်း မလိုဘူး။ ပုတီး စိပ်နေဖို့လည်း မလိုဘူး။ အဲဒီ ရေထည့်ထားတဲ့ ဖန်ခွက်ကို တစိမ့်စိမ့် ကြည့်နေတဲ့ အလုပ်တစ်ခုပဲ လုပ်ရမှာ။ ကြည့်နေတာ တစ်ခုပဲ လုပ်ရမှာ။ ဒါအရေးအကြီးဆုံးပဲ။
အဲဒီလို ကြည့်နေရင်းနဲ့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ ပိုပို နောက်လာမယ်။ ဆန်ဆေးရေးလို နောက်လာမယ်။ နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို လှုပ်လှုပ် ရွရွ ဖြစ်လာမယ်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ နောက်ဆို ဖန်ခွက်မလိုတော့ဘူး။ ကိုယ်သိချင် မြင်ချင်တာလေး အာရုံပြုလိုက်တာနဲ့ ပေါ်လာတော့တာပဲ။
နောက်ဆုံးတစ်ခုက တစ်နေ့တာ ကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ အဘမင်းသိင်္ခ ပြောခဲ့တာကတော့ လူတစ်ရာ ကျင့်ရင် လူအယောက် (၉၀)လောက်က
အောင်မြင်ပါတယ်တဲ့။ အဲဒီတော့ ကျွန်တော်၏ မိတ်ဆွေများလည်း ဝါသနာပါသူဖြစ်ပါက စတင်၍ လေ့ကျင်နိုင်ပါရန် ပြန်လည် ဖော်ပြပေး လိုက်ပါသည်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသောစေတနာကောင်းဖြင့်....
Hein Tint Zaw
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label ဂမ္ဘီရ. Show all posts
Showing posts with label ဂမ္ဘီရ. Show all posts
Monday, August 20, 2018
Friday, April 24, 2015
သိုက်ဆက်နန်းဆက် ကလေးနှစ်ယောက် အလှူအတွက် ရတက်မအေးနိုင်ဖြစ်ရတဲ့ မလ၀န်းကြည်ဖြူ
အလှူအတန်းများစွာတွေ့မြင်ခဲ့ဖူးသော်လည်း ယခုတွေ့ရှိခဲ့သည့်အလှူမှာ လွန်စွာထူးခြားသည်။ ထူးခြားသည်ဆိုသည်မှာ ယခုအလှူသည် သိုက်နန်းရှင်ကလေး နှစ်ယောက်ကိုယ်စား လှူတန်းသောအလှူ ဖြစ်သည်။ အစ်မတော်ရှမ်းမလေးနှင့် မောင်တော်ချက်ဖောင်းအတွက် ရည်စူးလျက် အလှူပြုလုပ်ပေးသူမှာ အသက် ၂၃ နှစ်အရွယ် မလ၀န်းကြည်ဖြူ ဖြစ်သည်။
မလ၀န်းကြည်ဖြူသည် ရှမ်းမလေးနှင့်ချက်ဖောင်းတို့ ၂ ဦးကို သက်ရှိကလေး ၂ ယောက်ကဲ့သို့ပင် ပြုစုစောင့်ရှောက်ပေးလာခဲ့သည်မှာ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်သည်။
“ညီမ ဒီကလေးနှစ်ယောက်ကို ၂၀၁၂ ထဲကခေါ်ပြီး ပင့်ဆောင်ထားတာပါ။ အိမ်မှာ ကလေးတယောက်လိုလည်း ဝေယျာဝစ္စတွေ လုပ်ပေးပါတယ်။ အကျိုးဆက်အကြောင်းဆက် အမှီသဟဲပြုနေကြတော့ ယုံကြည်ပြီး ပြုစုစောင့်ရှောက်ထား ပါတယ်”ဟု မလ၀န်းကြည်ဖြူက ပြောသည်။ မန္တလေး ရွှေစာရံဘုရား၊ ပဲခူး ဒေးစွန်ပါစေတီတော်မြတ်နှင့် သင်္ဃန်းကျွန်း မြစာရံအေးစေတီတော်တို့တွင် အဆိုပါ ကလေးနှစ်ယောက်၏ နန်းတိုင်များရှိကြောင်းလည်း မလ၀န်းကြည်ဖြူက ပြောသည်။
“သူတို့ ၂ ယောက်ကို ကစားကွင်းတို့၊ ဘာတို့လိုက်ပို့တယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကလည်း သူတို့ကိုရေပက်ခံလိုက်ပို့တယ်။ အကြီးမလေးက ၁၃ နှစ်နဲ့ အငယ်လေးက ၂ နှစ်။ အကြီးမလေးက ခုဆို ကျွန်မနဲ့ စကားတောင်ပြောနေပြီ”ဟု မလ၀န်းကြည်ဖြူ က ပြောသည်။ ကလေးများ၏ အသက်အရွယ်များကို အိပ်မက်အရ ဆက်သွယ်မှုမှတဆင့် သိရှိခြင်းဖြစ်ကြောင်း မလ၀န်းကြည်ဖြူ က ပြောသည်။
လောကီရေးရာကိစ္စရပ်များတွင် ကလေးငယ် ၂ ဦးထံမှ အကူအညီရလိုသူများ မလ၀န်းကြည်ဖြူမှတဆင့် ချဉ်းကပ် အကူအညီတောင်းခံလေ့ရှိသည်ဟု သူမက ပြောသည်။
“ညီမက ပိုက်ဆံလုံးဝ မကိုင်ဘူး။ သူတို့လိုချင်တဲ့ အကူအညီ အထမြောက် အောင်မြင်သွားရင် သူတို့ စေတနာရှိသလောက် ကလေး ၂ ယောက် ကိုရည်စူးပြီး အလှူအတန်းလုပ်လို့ရတယ်။ ဥပမာ ရပ်ကွက်ထဲက ကလေးတွေကို မုန့်ဝေတာ၊ အရုပ်ဝေတာမျိုးလည်း လုပ်လို့ရတယ်။”ဟု ယင်းက ပြောသည်။
ဧပြီလ (၇)ရက်နေ့က သင်္ဃန်းကျွန်း မြို့နယ်တွင်းရှိ မြစာရံအေးစေတီတော်တွင် ရှမ်းမလေးနှင့်ချက်ဖောင်းတို့ ၂ ယောက်အတွက် အလှူအတန်းပြုလိုကြောင်း မြစာရံအေးစေတီတော်ဘုရားဂေါပကအား သွားရောက်ပြောဆိုခဲ့ရာ ဂေါပကက ကျင်းပခွင့်မပြုခဲ့ဟု ဆိုသည်။ ထိုသို့ခွင့်မပြုသဖြင့် သံဃနာယကသို့ တင်ပြလျှောက်ထားရာ သင်္ဃန်းကျွန်းမြို့နယ် မဟနဥက္ကဋ္ဌ ဆရာတော်ဦးစန္ဒိမာကခွင့်ပြုသဖြင့် ကျင်းပခွင့်ခဲ့ရသည်ဟု လ၀န်းကြည်ဖြူက ပြောသည်။
“ညီမတို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ(၂၅)တုန်းက အလှူတကြိမ် လုပ်ခဲ့ဖူးပါတယ်။ အယုတ်အလတ် အမြတ်မရွေး ထမင်းလှူဒါန်းခဲ့တယ်။ ကလေးတွေကိုလည်း အရုပ်နဲ့မုန့်တွေ ပေးဝေလှူဒါန်းခဲ့ပါတယ်။ ဖိတ်စာ ၄၀၀ ကို ဂေါပကလက်ထဲထည့်ပြီး ဖိတ်စာထဲတွင် လှူဖွယ်ကုန်သည်ထိလို့ရေးသားထားခဲ့ပါသည်။ ကိုယ့် ဒေသလည်းမဟုတ်တဲ့အတွက် ဘယ်လောက်ကုန်မယ်မသိလို့ အဲလိုရေးခဲ့ပါတယ်။ ညီမရဲ့လှူဖွယ်မကုန်ခင် နောက် အလှူရှင်တဦးကတက်လာပြီး ရင်ပြင်ပေါ်က ဖယ်ရှားပေးဖို့ ပြောပါတယ်။ အဲဒီမှာ ဂေါပကနဲ့ ညီမတို့ပုထုဇဉ်အနေနဲ့ ဒေါသထွက်မိပြောဆိုမိတယ်ပေါ့။ ဘုရားဂေါပက လူကြီးနဲ့ ညီမတို့ အတိမ်းအစောင်းလေးတွေဖြစ်ခဲ့ကြပါတယ်။ အလှူပွဲမပြီးမြောက်ခင် ဖယ်ရှားပေးခဲ့ရပါတယ်”ဟု ယင်းက ပြောသည်။ အဆိုပါအလှူပွဲကို နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီခန့်အထိ ကျင်းပခဲ့ရသည်ဟုဆိုသည်။
“ဧပြီ (၇)ရက်လုပ်မည့်အလှူအတွက်သွားပြောတဲ့အခါ ပထမတခေါက်ကဖြစ်ခဲ့တာကို စိတ်ထဲမှာ ဘယ်လို သတ်မှတ်ထားလဲမသိဘူး။ ထွက်လည်း မတွေ့ဘူး။ ညီမအနေနဲ့ ခိုင်မာတဲ့ အကြောင်းပြချက် မသိခဲ့ရပါဘူး။ ညီမ သံဃနာယက ဘုန်းဘုန်းတွေဆီ လျှောက်လွှာသွားတင်ခဲ့ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ ဂေါပကကိုသွားပြောတော့ သူက ပြောပိုင်ခွင့်မရှိတဲ့ အတွက်လုပ်ပါ။ သူအားမပေးဘူးလို့ပြော ပါတယ်”ဟု မလ၀န်းကြည်ဖြူက ပြောသည်။
မြစာရံအေးဘုရားသည် လက်ရှိတွင် စစ်တပ်ပိုင်မြေဟု သတ်မှတ်ထားသော်လည်း မိကျောင်းကန်သပိတ်သမားများက ဘိုးဘွားပိုင်မြေဟုဆိုကာ ရက်ရှည်သပိတ်မှောက်တောင်းဆိုမှုများပြုနေသည့် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ရပ်ကွက်တွင် တည်ရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂေါပက ဦးစိန်မင်းအားမေးမြန်းရာ “လူတကာလာတာပြောတာတွေကို ယုံလို့မဖြစ်ဘူး။ သူတို့ကလည်း ဟိုဝိဇ္ဇာက ဘာပြောတယ် ဘာညာပြောမှာလေ။ ကျွန်တော်ကလည်း သူတို့ပြောတာတွေ သိနိုင်အောင် ကျင့်ထားရတယ်။ အဲလိုကျင့်ထားမှ (၇)ရက်သားသမီး လာပြောမယ့်ဟာကို မိမိဉာဏ်နဲ့ဆုံးဖြတ်နိုင်မှာ။ ကျွန်တော် ဒီပွဲနဲ့ပတ်သက်ပြီး လုံးဝမပြောပါဘူး”ဟု ပြောသည်။
ဧပြီ(၇)ရက်နေ့တွင် မဟန၏ခွင့်ပြုချက်ဖြင့် ကျင်းပခွင့်ရခဲ့ပြီး အလှူသို့လာရောက်မည့်ကလေးများအတွက် အရုပ် (၂၀၀)နှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းရန် စီစဉ်ခဲ့ကြသော်လည်း မြစာရံအေးဘုရားနားသို့ တစုံတယောက်၏ အမိန့်ကြောင့် မည်သူမှ ရောက်မလာခဲ့ကြကြောင်း မလ၀န်းကြည်ဖြူနှင့် မိခင် ဖြစ်သူတို့ကပြောသည်။ ယင်းကြောင့် လှူဖွယ် ကြက်သားပလာတာ၊ သာကူနှင့် ကစားစရာများအား ပဲခူးတိုင်း ဒေးစွန်ပါ စေတီတော်မြတ်သို့ နေ့တွင်းချင်း သွားရောက်လှူဒါန်းခဲ့ရကြောင်း မလ၀န်းကြည် ဖြူကပြောသည်။
“ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုရားပေါ်မှာ စတုဒိသာအလှူလုပ်တာကို ဘာကြောင့် နှောင့်ယှက်ချင်ရတာလဲ။ ညီမတို့ အလှူရှင်တယောက်အနေနဲ့ တော်တော်ခံစားရပါတယ်။ ကုသိုလ်လိုချင် လို့လုပ်တာ သူနဲ့ကိုယ်နဲ့ အကုသိုလ်တွေ ဖြစ်ကုန်တာပေါ့။ စိတ်မကောင်း ဖြစ်ရတယ်။”ဟု မလ၀န်းကြည်ဖြူ က သူမ၏ ခံစားချက်ကို ပြောပြသည်။
ဣန္ဒနီလာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Thursday, February 12, 2015
ဇော်ဂျီ အကြောင်းတစေ့တစောင်း
ဇော်ဂျီဆိုတဲ့ စကားဟာ ပါဠိသက္ကတစကားအမျိုးအစားတစ်မျိုး ဖြစ်ဟော
ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ)ဆိုတဲ့စကားကနေ ဆင်းသက်လာပြီးတော့ တကယ်တမ်းတော့
ယောဂီဆိုတဲ့အသံကနေ မြန်မာတွေက ဇောဂီ ပြီးနောက် ကာလရွေ့လျားလာတဲ့အခါ
ဇော်ဂျီဆိုပြီးခေါ်ဆိုခဲ့ကြပါတယ် ။ အဓိပ္ပာယ်ကတော့ "ယောဂတရားကို အားထုတ်နေသူ" ပင်ဖြစ်ပြီး သမထတရား၊ ဈန်တရား၊ သမာဓိတရားများကိုကျင့်ကြံအားထု တ်နေသူလို့လည်းခေါ်ဆိုနိုင်ပါတယ် ။
အချို့က ဇော်ဂျီနဲ့ဝိဇ္ဇာဓိုရ်ဆိုတာကို အတူတူပဲ လို့ဆိုကြပေမယ့်
ဇော်ဂျီနဲ့ ဝိဇ္ဇာဓိုရ်ဟာ တူညီခြင်းမရှိဘူးလို့ အချို့
ပညာရှိပုဂ္ဂိုလ်များကဆိုကြပြန်ပါ
ဆုတောင်းခန်းပျို့အရ ဇော်ဂျီတို့ရဲ့
လုပ်ငန်းတာဝန်များကတော့ ဗေဒင်ဟောခြင်း၊ လက္ခဏာဖတ်ခြင်း၊
မြေကြန်အတတ်ကိုနားလည်ခြင်း၊ နေသွား လသွား၊ နေကြတ်လကြတ်၊ ဂြိုဟ်နေ
ဂြိုဟ်ဂရပ်၊ အတိတ်နိမိတ်၊ တဘောင်စံနည်းတို့ပဲဖြစ်ပြီး အဆိုပါပညာရပ်များမှာ
အထူးပင်ကျွမ်းကျင်ကြတယ်လို့ဆို ပါတယ်။ သုဝဏ္ဏသျှံ သစ္စာခန်းပျို့မှာတော့
'သဏ္ဌာန်ရွှေလှော်၊ ရှင်လှကျော်ကို၊ သက်တော် ဝင်ကြောင်း၊ နတ်များပေါင်း၍၊
နှုတ်ကောင်းတညီ၊ ဇော်ဂျီ အတတ်၊ နတ်မန္တရား၊ နတ်ဆေးဝါးဖြင့်၊
ယောက်ျားအိပ်ပျော်၊ နိုးဘိသော်သို့၊ နုဘော်ပြင်းဝှန်၊ တန်ခိုးထန်ဘိ'
လို့စပ်ထားတဲ့ အဆိုအရ သုဝဏ္ဏသာမကို အသက်ပြန်သွင်းရာမှာပါဝင်ခဲ့တဲ့
ဇော်ဂျီတို့ဟာ အသက်သွင်းသောအတတ်ကိုတတ်တယ်လို့ လည်း ဆိုနိုင်ပါတယ်။
အချို့စာပေများမှာတော့ ဇော်ဂျီကို ဝိဇ္ဖာဓိုရ်နှင့်အတူတူပင်ဟုဖော်ြ ပကြပါတယ်။ သထုံသူရဲကောင်းကုလားညီနောင်တို့ ကင်စားသောဖုတ်ကောင်မှာ ဝိဇ္ဇာဓိုရ်ဇော်ဂျီဖြစ်ကြောင်းကို
ဦးကုလား ရာဇဝင်မှာဖွင့်ဆိုထားတာကိုလည်း တွေ့ရနိုင်ပါတယ်။ ဇော်ဂျီတို့ဟာ
ဃောရမည်တဲ့ မန္တန်၊ ဂန္ဓာရီမည်တဲ့ မန္တန်၊ အဲ့ဒီနှစ်ခုသော
ဂုဋ္ဌိကာမည်သောဆေးနှစ်စုံတတ်ပါမှ ဝိဇ္ဇာဓိုရ်အဖြစ် ပြီးမြောက်ခြင်းသို့
ရောက်နိုင်ပါလိမ့်မယ်။ ဝိဇ္ဇာဓိုရ်တစ်ပါးဖြစ်သွားရင်တော့ 
ပိုမိုများပြားလှစွာသော ဖန်ဆင်းခြင်းများ၊ ကိုယ်ခွဲခြင်းများ၊
အများစုပေါင်း၍ တစ်ကိုယ်တည်းဖန်တီးခြင်းများ စသည်တို့ကိုဖြစ်စေနိုင်ပါတယ်။
ဝိဇ္ဇာဓိုရ်ဇော်ဂျီတို့ရဲ့ သတ္တိကို
သမန္တစက္ခုဒီပနီကျမ်းမှာ "ထင်ရှားသော ကိုယ်ရှိသောအဖြစ်ကို၎င်း၊ ကွယ်ပျောက်သော
ကိုယ်ရှိသောအဖြစ်ကို၎င်း၊ တိုက်ခြားရာအရပ်သို့၎င်း၊ တံတိုင်း ခြားရာ အရပ်သို့၎င်း၊
တောင်ခြားးဆီးရာအရပ်သို့၎င်း ကောင်း ကင်ပြင်ကဲ့သို့ မငြိမရှောက်သွားနိုင်၏။
မြေအပြင်၌လည်း ရေ၌ ကဲ့သို့ ငုပ်ခြင်း ပေါ်ခြင်းကိုပြုနိုင်၏။ ရေ၌သော်လည်း
မြေပြင် ၌ကဲ့သို့ မပက်စေဘဲသွားနိုင်၏။ ကောင်းကင်ပြင်၌လည်း ထက်
ဝယ်ပလ္လင်ဖြင့် အတောင်ရှိသော ငှက်ကဲ့သို့ ပျံနိုင်၏။ တန်ခိုး
အာနုဘော်ကြီးသော လဝန်းကို၎င်း၊ နေဝန်းကို၎င်း လက်ဖြင့် သုံးသပ်နိုင်၏။
ဆုပ်နယ်နိုင်၏။ ဗြဟ္မာပြည်တိုင်အောင်သော် လည်း
ကိုယ်ဖြင့်အလိုသို့ပါစေနိုင်၏" လို့ ဖော်ပြထားတာလည်း တွေ့ရပါသေးတယ်။
မြန်မာရာဇဝင်များမှာတော့ သရေခတ္တရာပြည် ဒွတ္တပေါင်မင်းကြီးထံ ဝိဇ္ဇာဓိုရ်နှစ်ယောက်ခစားဖူးခြင်း၊
သထုံပြည်တွင် ဝိဇ္ဇာဓိုရ်အသေကောင်ကို ဆရာတော်တောမှရခဲံ့ဖူးခြင်း၊
ရခိုင်ပြည်ရှိတောင်တစ်ခုတွင် ဝိဇ္ဇာဓိုရ်တစ်ဥိး ရေဗူးကို အလိုအလျောက်
မြစ်သို့သွား၍ ရေယူစေအောင်ခိုင်းစေခြင်း၊ အင်းဝဘုရင် တရဖျားမင်း
ဝိဇ္ဇာဓိုရ်လုလင်ကို မြင်ဖူးခြင်း၊ ဘုရင့်နောင်မင်းတရားကြီးလက်ထက်
ဟံသာဝတီကျုံးကိုတူးစဉ် မြေတွင်းထဲတွင်အောင်းနေသော ဝိဇ္ဇာဓိုရ်ကို
တွေ့ခဲ့ဖူးခြင်း စသဖြင့် ဝိဇ္ဖာဓိုရ်၊ ဇော်ဂျီများအကြောင်းကို
မကြာခဏတွေ့မြင်ရပါတယ်။
ဇော်ဂျီများအကြောင်းကတော့ မြန်မာ့ဇာတ်သဘင်များ၊
ပန်းချီပန်းပုလောကမှာ ဆက်လက်တွေ့နေရပြီး ဇော်ဂျီများအကြောင်းကတော့
သိသူနည်းနေတဲ့အတွက်ကြောင့် သုတအမွေ လက်ဆင့်ပေးဝေနိုင်စေဖို့
ဇော်ဂျီများအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Sunday, November 2, 2014
ချစ်စကားဆိုနိုင်မယ့်လက်ညှိုးထိုးမန္တန်
မြန်မာ့လောကီမှော်ပညာမှာ အထက်မှော်၊ အောက်မှော်နဲ့
ခုလတ်မှော်ဆိုပြီး သုံးမျိုးရှိတဲ့အနက်ကမှ အထက်မှော်မန္တန်ပဲဖြစ်ပြီး
အပေးအယူကင်းတဲ့အစီအရင်တစ်ခုပြဲ
ဖစ်ကာ မိမိချစ်စကားဆိုလိုတဲ့ အမျိုးသမီးကို
လက်ညှိုးထိုးရုံနဲ့ အချစ်ရေးမှာအဆင်ပြေနိုင်မယ့် မန္တန်တစ်ခုပဲဖြစ်ပါတယ်။
ဒီိမန္တန်ကိုတော့ ကိုယ်မိန်းကလေးတစ်ယောက်ကို
ချစ်စကားမဆိုမီမှာရွတ်ဆိုနိုင်ပြီးတော့ ကိုယ်မိန်းကလေးဆီ ချစ်စကားဆိုဖို့
မထွက်မီ သူ့ကိုမေတ္တာအရင်ပို့ခဲ့ပါ။ မေတ္တာပို့ခြင်းဟာလည်း မန္တန်ရဲ့
အစွမ်းထက်မှုကို ပိုမိုမြှင့်တင်စေနိုင်ပြီး မန္တန်ရဲ့အစွမ်းအပြင်
မေတ္တာစွမ်းကြောင့်ပဲ ချစ်ရသူရဲ့အချစ်ကို ရဖို့
ရာနှုန်းပိုများနိုင်ချေရှိပါတယ်။
ချစ်ရေးဆိုဖို့သွားရင်းနဲ့
ကိုယ်ချစ်ရတဲ့သူဆီရောက်သွားပြီဆိုရင်တော့ သူနဲ့အရင်မတွေ့သေးဘဲ
သူကိုယ့်ကိုမမြင်နိုင်ဘဲ ကိုယ်ကသာ သူ့ကိုမြင်နိုင်မယ့်နေရာကနေပုန်းနေကာ
သူ့မျက်နှာရှိရာကိုလက်ညှိုးနဲ့ထိုးကာ အောက်ပါမန္တန်ကို
(၇)ခေါက်တိတိရွတ်ဆိုလိုက်ပါ။
"ဥုံ - ဝစေ အန္တော ရုက္ခောစေဝ၊
နေမင်းသားအဖ၊ လမင်းသားအမိ၊
ဟဲ့ က္ကတ္ထိယ၊ ငါ့မျက်နှာမြင် သင်ဦးနှိမ်ချ၊
န - ဘယံဘေးမရှိ"
လက်ညှိုးတစ်ချက်ထိုး(၇)ခေါက်ရွတ်ခြင်း
(၃)ကြိမ်တိတိပြုလုပ်ပြီးနောက်မှာတော့ ကိုယ်ချစ်ရတဲ့သူဆီသွားကာ
ချစ်ရေးဆိုခြင်းကို ပြုလုပ်နိုင်ပါပြီ။ ဒီအချိန်မှာ ကိုယ်သူ့ကို
ပြောသမျှကို သူယုံကြည်နိုင်ခြင်း၊ ချစ်ဖို့ဘက်ကို
ပိုမိုယိမ်းယိုင်နေခြင်းတို့ရရှိနိုင်ပြီး ထိုအချက်တို့ကို အသုံးချကာ
မိမိဥာဏ်ရှိသလို ချစ်ရေးဆိုနိုင်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
http://kcb-center.blogspot.com/2014/11/blog-post.html
Saturday, September 6, 2014
အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည်
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊
ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ" စသည်မျိုး။
(၆) မန္တာန် - ဥုံ= အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊
ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှု။
ပရိတ်ကြီး(၁၁) သုတ်-သမ္ဗုဒ္ဓေဂါထာ၊ ဒိဝါ တပတိ စသော ဂါထာတို့သည် ဥုံ ၊ သြောင်း စသည် မပါသောကြောင့် သံသယ ရှင်းရှင်း ရွတ်ဖတ်သရဇ္ဈာယ် ကောင်း၏။ အထူးအဆန်း အသစ်အဆန်း အနေဖြင့် အများသူငါ မရဖူး မကြားဖူးသော ဂါထာများကိုသာ ရွတ်ရန် စိတ်ဝင်စားကြသော သူများ သတိမူကြပါကုန်။
ဂါထာ ရှေ့၌ဖြစ်စေ ၊နောက်၌ဖြစ်စေ ဥုံ - သြောင်း စသည် တွေ့မြင်ပါက ဘုရားဟော ဂါထာ မဟုတ်ဘဲ လောကီ ၀ိဇ္ဖာပညာရှင်တို့ လောကီအကျိုးအတွက် ရေးသွင်းခဲ့သော အစီအရင်ဂါထာများဖြစ်ပေသည်။
အင်းကန်းခြင်း ၇-ပါး
အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မ
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့်ရှင်း ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။
အင်းကျိုးခြင်း ၇-ပါး
အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီ လေချွန်ခြင်း၊
(၃) လူးလဲလှယ်၍ စီစဉ်ခြင်း၊
(၄) စီရင်မပြီးဆုံးခင် ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမတားမီ အတွင်းမျဉ်းများကိုတားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။
အင်းချသူ အင်္ဂါ ၈-ပါး
ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည် ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ် ပညာရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မတွေးတောရခြင်း။
အင်းပေါက်ခြင်း ၇ ပါး
ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိ တတ်ဟူ၏၊
(၁) အင်းဘောင်ချင်းမထိစပ်ခြင်း၊
(၂) အင်းဘောင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချ မမှန်ခြင်း၊
(၄) အင်းဘောင်နှင့် အင်းဆံ ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့် မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချ မညီခြင်း။
ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
မှတ်ချက်။ ။ယုံသော်ရှိ မယုံသော်ရှိ မိမိတို့ ကိုယ်ပိုင်အမြင်သာဖြစ်ပြီး ဗဟုသုတ ရစိမ့်သောငှာတင်ပေးခြင်းပါသည်။
ကိုးကား- ဘားမဲ့လောကီကျမ်း
The Express Times
Thursday, August 28, 2014
ထူးခြား ဖြစ်စဉ်ကလေး တခုပါ “ထူးဆန်းသော သစ်ပျံတော် -
၁၉၉၅ခုနှစ်၊ မေလတွင် စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊
ဖောင်းပြင်မြို့နယ်၊ အထက်ချင်းတွင်း သစ်ထုတ်ရေးဒေသ
မိုင်းချောင်းအကွက်(၂၄)ရှိ တွန်နိမ်ရွာနှင့် မဲဒင်းလေးရွာတို့မှ
(၅)မိုင်ခန့်အကွာဝေးသော တောတွင်းတစ်နေရာမှ ရရှိခြင်းပါသည်။
သစ်ပျံတော်သည် ရေကြီးချိန်များတွင် မူလငုတ်ရင်းနေရာသို့ပြန်လည် ရောက်ရှိလေ့ရှိတတ်ကြောင်း၊ ၄င်းသစ်တုံးကြီးပေါ်တွင် အ၀တ်များ လျှော်ဖွတ်မိပါက ဖျားနာခြင်း၊ ၀မ်းလျောခြင်းများဖြစ်ပွားကြောင်း၊ ၄င်းသစ်တုံးကြီးပေါ်တွင် သား၊ ငါး များ ခုတ်စင်းမိပါက ရောဂါဘယ အမျိုးမျိုးဖြစ်ပွားခြင်း၊ ဘေးအန္တရာယ်ကျရောက်ခြင်းများနှင့် ကြုံတွေ့ရကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရကြောင်းတို့ကို ဒေသခံများမှ သတင်းပို့ပြောပြကြပါသည်။
၎င်းသစ် ထူးခြားပုံအား မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ စစ်ဆေးခဲ့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၉၀)ကျော်ကာလ အင်္ဂလိပ်လက်ထက် BBC ၏တံဆိပ်ဟောင်းပါရှိပြီး သစ်နံပါတ်မှာ (၉၉၉)ဖြစ်ပါသည်။
အလျားမှာ ၂၇ပေနှင့် လုံးပတ်မှာ ၇ပေ၂လက်မရှိကြောင်း တွေ့ရှိရပါသည်။
ထူးခြားသည့် သစ်ပျံတော်သည် ဆွေးမြေ့ခြင်း၊ ဟောင်းနွမ်းခြင်းမရှိဘဲ၊ လတ်ဆပ်လျက်ရှိပါသည်။
ရွှေကံကူလေပျံသစ်တော်ဘုရားအဖြစ်သို့
၎င်းထူးဆန်းသော သစ်အပိုင်းအား တစ်ဆင့်လက်ခံရရှိသည့် မော်လိုက်မြို့မှ ဦးမောင်မောင်+ဒေါ်ညွှ့န်ရီ (မောနင်းစတား-ကဖီး)တို့သည် ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် ရှင်သီဝလိ ရုပ်ပွားတော်နှစ်ဆူ ထုလုပ်ကိုးကွယ်ပြီး(9-9-1995)ရက်နေ့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ မိခင်ကြီးအမေကောင်းနှင့် ညီမဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ခင်ခင်ထွေးနှင့် ညီ ဦးဘိုဘိုတို့ထံသို့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီဝလိရဟန္တာရုပ်ပွားတော်တစ်ဆူတို့ကို ပင့်ဆောင်ပေးပို့ခဲ့ပါသည်။
၎င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များ ကိန်းဝပ်နေခြင်း၊ ရုပ်ပွားတော်ထုလုပ်ချိန်တွင် ထူးခြားသော နက္ခတ်ကောင်းများနှင့် ကြုံကြိုက်ခြင်းတို့ကြောင့် တစ်နေ့တစ်ခြား တန်ခိုးတော်များ ကြိးများလာကာ (9-9-1999)ရက်နေ့မှစ “ရွေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်လာတော်မူပါသည်။
ထူးဆန်းသော တန်ခိုးတော်များနှင့်
ဘုရားရှင်သည် အခါအားလျော်စွာ အရပ်မျက်နှာများသို့ ပြောင်းကြွတော်မူလေ့ရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ကြွမြန်းတော် မူလေ့ရှိခြင်း၊ မျက်နှာတော် ပြုံးတော်မူလေ့ရှိခြင်း၊ မျက်လုံးတော် ဖွင့်တော်မူလေ့ရှိခြင်း၊ နှုတ်တော်ဖွင့်ဟတော်မူလေ့ရှိခြင်း၊ ခန္ဓာကိုယ်နေရာအနှံ ရောင်ခြည်တော်များ ကွန့်မြူးလေ့ရှိခြင်း၊ ပင့်ဆောင်ဖူးမျှော်သူများကို အိပ်မက်ပေးတော်မူလေ့ရှိခြင်း၊ လှူဒါန်းသော ပန်းအဖူးအငုံ(သဘာဝပန်း၊ ပလပ်စတစ်ပန်း၊ စက္ကူပန်များ) စက္ကန့်အပိုင်းအတွင်း ပွင့်တော်မူစေခြင်း၊ လှူဒါန်းထားသော သောတော်ရေများ ဆူဝေတော်မူခြင်း၊ ကျောင်းဆောင်သော့ခတ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက် ကြွတော်မူခြင်း၊ ဘွဲ့တော်သည် အိပ်မက်ဖြင့် ပေါ်ပေါက်လာခြင်း (2003ခုနှစ်၊ မေလ) ရန်ကုန်မြို့တွင် မကိုဋ်စလွယ်တော် ရေစက်ချ လှူဒါန်းချိန်တွင် တစ်ခန်းတည်း ငလျင်လှုပ်ခါ (2004ခုနှစ် ၊မေလ) စသည်ဖြင့် တန်ခိုးတော်များပြသလေ့ရှိပါသည်။
ယခုအခါ ”ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ဘုရားအမကြီး အမေကောင်း၏နေအိမ်တွင် သီတင်းသုံးတော်မူလျက်ရှိပါသည်။
ပါရမီဆက် သာဝကများတို့၏ ပင့်ဆောင်ပူဇော်ရာ မြန်မာနိုင်ငံ တစ်နံတစ်လျား တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံအပြားသိုက ဒေသစာရီခရီးများ ကြွမြန်းတော်မူလျက်ရှိပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ..
Credit: Thein Than
သစ်ပျံတော်သည် ရေကြီးချိန်များတွင် မူလငုတ်ရင်းနေရာသို့ပြန်လည် ရောက်ရှိလေ့ရှိတတ်ကြောင်း၊ ၄င်းသစ်တုံးကြီးပေါ်တွင် အ၀တ်များ လျှော်ဖွတ်မိပါက ဖျားနာခြင်း၊ ၀မ်းလျောခြင်းများဖြစ်ပွားကြောင်း၊ ၄င်းသစ်တုံးကြီးပေါ်တွင် သား၊ ငါး များ ခုတ်စင်းမိပါက ရောဂါဘယ အမျိုးမျိုးဖြစ်ပွားခြင်း၊ ဘေးအန္တရာယ်ကျရောက်ခြင်းများနှင့် ကြုံတွေ့ရကာ နောက်ဆုံးတွင် အသက်ဆုံးရှုံးရကြောင်းတို့ကို ဒေသခံများမှ သတင်းပို့ပြောပြကြပါသည်။
၎င်းသစ် ထူးခြားပုံအား မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ စစ်ဆေးခဲ့ရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၉၀)ကျော်ကာလ အင်္ဂလိပ်လက်ထက် BBC ၏တံဆိပ်ဟောင်းပါရှိပြီး သစ်နံပါတ်မှာ (၉၉၉)ဖြစ်ပါသည်။
အလျားမှာ ၂၇ပေနှင့် လုံးပတ်မှာ ၇ပေ၂လက်မရှိကြောင်း တွေ့ရှိရပါသည်။
ထူးခြားသည့် သစ်ပျံတော်သည် ဆွေးမြေ့ခြင်း၊ ဟောင်းနွမ်းခြင်းမရှိဘဲ၊ လတ်ဆပ်လျက်ရှိပါသည်။
ရွှေကံကူလေပျံသစ်တော်ဘုရားအဖြစ်သို့
၎င်းထူးဆန်းသော သစ်အပိုင်းအား တစ်ဆင့်လက်ခံရရှိသည့် မော်လိုက်မြို့မှ ဦးမောင်မောင်+ဒေါ်ညွှ့န်ရီ (မောနင်းစတား-ကဖီး)တို့သည် ဗုဒ္ဓရုပ်ပွားတော် (၂)ဆူနှင့် ရှင်သီဝလိ ရုပ်ပွားတော်နှစ်ဆူ ထုလုပ်ကိုးကွယ်ပြီး(9-9-1995)ရက်နေ့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ မိခင်ကြီးအမေကောင်းနှင့် ညီမဒေါ်နွဲ့နွဲ့အေး၊ ဒေါ်ခင်ခင်ထွေးနှင့် ညီ ဦးဘိုဘိုတို့ထံသို့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီဝလိရဟန္တာရုပ်ပွားတော်တစ်ဆူတို့ကို ပင့်ဆောင်ပေးပို့ခဲ့ပါသည်။
၎င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များ ကိန်းဝပ်နေခြင်း၊ ရုပ်ပွားတော်ထုလုပ်ချိန်တွင် ထူးခြားသော နက္ခတ်ကောင်းများနှင့် ကြုံကြိုက်ခြင်းတို့ကြောင့် တစ်နေ့တစ်ခြား တန်ခိုးတော်များ ကြိးများလာကာ (9-9-1999)ရက်နေ့မှစ “ရွေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်လာတော်မူပါသည်။
ထူးဆန်းသော တန်ခိုးတော်များနှင့်
ဘုရားရှင်သည် အခါအားလျော်စွာ အရပ်မျက်နှာများသို့ ပြောင်းကြွတော်မူလေ့ရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ကြွမြန်းတော် မူလေ့ရှိခြင်း၊ မျက်နှာတော် ပြုံးတော်မူလေ့ရှိခြင်း၊ မျက်လုံးတော် ဖွင့်တော်မူလေ့ရှိခြင်း၊ နှုတ်တော်ဖွင့်ဟတော်မူလေ့ရှိခြင်း၊ ခန္ဓာကိုယ်နေရာအနှံ ရောင်ခြည်တော်များ ကွန့်မြူးလေ့ရှိခြင်း၊ ပင့်ဆောင်ဖူးမျှော်သူများကို အိပ်မက်ပေးတော်မူလေ့ရှိခြင်း၊ လှူဒါန်းသော ပန်းအဖူးအငုံ(သဘာဝပန်း၊ ပလပ်စတစ်ပန်း၊ စက္ကူပန်များ) စက္ကန့်အပိုင်းအတွင်း ပွင့်တော်မူစေခြင်း၊ လှူဒါန်းထားသော သောတော်ရေများ ဆူဝေတော်မူခြင်း၊ ကျောင်းဆောင်သော့ခတ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက် ကြွတော်မူခြင်း၊ ဘွဲ့တော်သည် အိပ်မက်ဖြင့် ပေါ်ပေါက်လာခြင်း (2003ခုနှစ်၊ မေလ) ရန်ကုန်မြို့တွင် မကိုဋ်စလွယ်တော် ရေစက်ချ လှူဒါန်းချိန်တွင် တစ်ခန်းတည်း ငလျင်လှုပ်ခါ (2004ခုနှစ် ၊မေလ) စသည်ဖြင့် တန်ခိုးတော်များပြသလေ့ရှိပါသည်။
ယခုအခါ ”ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ရန်အောင်မြင်ရပ်ကွက်၊ ဘုရားအမကြီး အမေကောင်း၏နေအိမ်တွင် သီတင်းသုံးတော်မူလျက်ရှိပါသည်။
ပါရမီဆက် သာဝကများတို့၏ ပင့်ဆောင်ပူဇော်ရာ မြန်မာနိုင်ငံ တစ်နံတစ်လျား တိုင်းနှင့်ပြည်နယ် မြို့ရွာအနှံအပြားသိုက ဒေသစာရီခရီးများ ကြွမြန်းတော်မူလျက်ရှိပါသည်။
ချမ်းသာကိုယ်စိတ်မြဲကြပါစေ..
Credit: Thein Than
Saturday, July 19, 2014
လိင်ပိုင်းဆိုင်ရာဆွဲဆောင်စေနိုင်သောမှော်အစီအရင်
ရှန်တီမှော်ကျောင်း(၂) - လိင်ပိုင်းဆိုင်ရာဆွဲဆောင်စေနိုင်သောမှော်အစီအရင်
မင်္ဂလာပါ။ မိတ်ဆွေတို့
အနေနဲ့ ဂါထာတွေ မန္တာန်တွေဆိုတာ ကြားဖူးကြမှာပါ။
အချို့က ယုံကြပေမယ့် အချို့ကတော့ အယုံအကြည်မရှိကြပါဘူး။ ဘာပဲဖြစ်ဖြစ်
လူတိုင်းက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပါ။ ရှန်တီကိုယ်တိုင်ကတော့
ယုံကြည်သမှု ရှိပါတယ်။ ဒါ့ကြောင့်ပဲ ကိုနဲ့ ၀ါသနာတူရာ မိတ်ဆွေတို့
အတွက် မျှဝေပေးပါတယ်။ မိတ်ဆွေတို့ ဂါထာတွေ ကိုတော့ကြားဖူးမှာပါ။ ရ
ကြမှာပါ။ ဒါပေမယ့် လက်ငင်းအစွမ်းပြတာမျိုးကော မြင်ဖူးလား? ဥပမာ
ဟယ်ရီပေါ်တာထဲမှာ ပါတဲ့ ဂါထာတွေလိုမျိုးပေါ့ “၀င်ဂါးဒီးယမ်း
လားဘီအိုးစာ ” ဆိုရင် ပစ္စည်းလေးက လေထဲပျံလာတာမျိုး။ “စတူပီဖိုင်း”
ဆိုရင် မေ့မျောစေတာမျိုး။ “အဗာဒါ ကာဒါဘရာ” ဆိုရင်
အသက်ပျောက်စေတာမျိုးပေါ့။
ချက်ခြင်း အစွမ်းပြတဲ့ အသံလေး
တစ်ခုကို ပြောပြပါမယ်။ ဂါထာလို့ သတ်မှတ်ချင်ရင်လည်း ရတာပေါ့။
မန္တာန်လို့ သတ်မှတ်ရင်လည်း ရတယ်။ မိတ်ဆွေတို့
အကြောင်းအမျိုးမျိုးကြောင့် စိတ်မချမ်းမသာ ဖြစ်ရတဲ့အခါ။
အကြောင်းအမျိုးမျိုးကြောင့် ဒေါသထွက်ရတဲ့အခါ။ စိတ်တိုတဲ့အခါ။
စိတ်လှုပ်ရှားနေတဲ့အခါမှာ ဒါလေးကို ဆိုကြည့်ပါလား။
“ဥုမ်……….ရှန်………..တီ
ရှန်……..တီ ရှန်……………..တီ”
“ဥုမ်” ဆိုတဲ့အခါမှာ “အုံ” လို့
ဆိုပြီး ပါးစပ်ပိတ်ရပါမယ်။ ပါးစပ်ပိတ်ပြီး ပဲ့တင်ထပ်နေရမယ်။ အနည်းဆုံး
ငါးစက္ကန့် ဆွဲ ဆိုရပါမယ်။ ရှန်တီ တစ်လုံးနဲ့ တစ်လုံးကြားလည်း
အနည်းဆုံး ငါးစက္ကန့် ကြာအောင် ဆွဲပြီး ဆိုရပါမယ်။ ဒါ့ကြောင့် ဒီ
စကားစု တစ်ခုလုံး ဆိုဖို့ အတွက် အနည်းဆုံး စက္ကန့် ၂၀ ကြာပါမယ်။
ရှန်တီဆိုတာ ငြိမ်းချမ်းခြင်း၊
ငြိမ်းအေးခြင်း၊ ချမ်းမြေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ကို့ နာမည်ကို
ကြော်ငြာနေတာတော့ မဟုတ်ပါဘူး။ အဓိပ္ပာယ်ကို ကြိုက်လွန်းလို့ကို နာမည်
အဖြစ် မှည့်ထားတာပါ။ စမ်းကြည့်ပါလား။ စက္ကန့် ၂၀ ပဲ ကြာမှာပါ။
ချက်ခြင်း စိတ်ငြိမ်သွားမယ်။
နောက်တစ်ခု ပြောပြပါမယ်။ sex
ကို စိတ်ဝင်စားကြကုန်သော အကိုကြီး၊ ညီလေး၊ မမ၊ ညီမများအတွက်
လက်ဆောင်ပါ။ သင်ဘယ်သူနဲ့ လိင်ပိုင်းဆိုင်ရာပတ်သတ်မှုကို လိုချင်လဲ ? ဖြစ်စေရမယ်။
သေပြီးတဲ့လူကိုတော့ စိတ်ကူးမယဉ်နဲ့ပေါ့။ ဟိုး အဝေးကြီးကလူကိုလည်း
မမျှော်မှန်းနဲ့ပေါ့။ ဖြစ်နိုင်ချေလည်း ရှိတဲ့လူကို စမ်းလေ။ တော်ကြာ
အောင်ရဲလင်းကိုပဲ ၀ိုင်း မန်းနေမှ ဟီးဟီး… ။
ကဲ ဟုတ်ပါပြီ။ စမ်းကြည့်ပေါ့။
အရှုံးမရှိပါဘူး။ လွယ်လွယ်လေး။ မဖြစ်လို့လဲ မှော်ဆရာ့ကို ဒေါပွ မနေကြနဲ့ဦး။
ယုံကြည်ချက်နဲ့ပဲ ဆိုင်တယ်။
အင်္ဂါည တွင်သာ
ပြုလုပ်ရန်
လိုအပ်သော ပစ္စည်းများ
သင်နှင့် အ၀ှါ ဖြစ်စေချင်သော
လူ၏ ဓာတ်ပုံ
ပန်းရောင် ဖယောင်းတိုင်
သို့မဟုတ် အနီရောင် ဖယောင်းတိုင်
ခဲတံ တစ်ချောင်း
စက္ကူပေါ်တွင် ခဲတံဖြင့်
စက်ဝိုင်းတစ်ခု ၀ိုင်းလိုက်ပါ။ ထို့နောက် အချစ်နတ်သမီး ဗီးနပ်စ်ကို
ဤဂါထာရွတ်၍ ပင့်ပါ။
Venus,
Mighty one of Lust!
I call upon you with your trust
To bring this person to me now
Your fragile trust is your vow!
I call upon you with your trust
To bring this person to me now
Your fragile trust is your vow!
အင်္ဂလိပ်လိုသာ ရွတ်ဆိုရမည်
ဖြစ်ပါသည်။ မြန်မာ ဘာသာပြန်၍ မရပါ။
ထို့နောက်
ဖယောင်းတိုင်ထွန်းလိုက်ပါ။ သင်နှင့် သင်လိုချင်သောလူ အတူတကွ
သင်လုပ်စေချင်သောအရာကို လုပ်နေသည်ဟု စိတ်ကူးယဉ်ပါ။ ( လိင်ပိုင်းဆိုင်ရာပတ်သတ်မှုပြု နေသည်ဟု
စိတ်ကူးယဉ်ပါ ) ထို့နောက် ဤဂါထာကို ရွတ်ပါ။
(Person's desired name)
please come to me
Fufill my desire successfully
I beg of you to come to me
As I will, so mote it be.
Fufill my desire successfully
I beg of you to come to me
As I will, so mote it be.
Person’s desired name
ဆိုသည့်နေရာတွင် ကိုနဲ့ ဖြစ်စေချင်သော လူ၏ အမည်ကို ထည့်ရမည်။
ဓာတ်ပုံ၏ နောက်ကျောတွင်
သင့်အမည်နှင့် ထိုလူ့ အမည်ကိုရေးပါ။ ၄င်းနောက် ထိုပုံကို
မက်မက်စက်စက်နမ်းပါ။ ထိုပုံကို သင့်နှလုံးသားနှင့် ကပ်ထားလိုက်ပါ။
ဖယောင်းတိုင်ကို မီးငြှိမ်းလိုက်ပါ။ ထို့နောက် ဓာတ်ပုံကို
သင့်ခေါင်းအုံးအောက်တွင် ထားအိပ်ပါ။
တစ်ပတ် အတွင်းတွင် သင်နှင့်
ထိုသူ နှစ်ပါးသွားရပေလိမ့်မည်။
မာမားရှန်တီ
Saturday, November 30, 2013
သေဆုံးခြင်းမရှိဘဲ ထာဝရအသက်ရှင်နေထိုင်သွားနိုင်မလား?
Ye Wint Aung
သေမှာကြောက်လို့ ပဲဖြစ်ဖြစ် ၊ နောက်ထပ်လူ့ ဘ၀အတွေ့ အကြုံအများကြီးယူချင်သေးလို့ ပါလို့ ဆင်ခြေပေး ပေး ဘယ်သူကတော့ သေချင်ပါ့မလဲ။ နည်းပညာဆိုတာ နတ်ဘုရားလိုဖြစ်လာတဲ့ အခုခေတ်ကြီးမှာ ခင်ဗျား ထာဝရအသက်ရှင်နေနိုင်ဖို့ လမ်းစတွေရှိပါတယ်။
၁။ ပုံတူကိုယ်ပွား ပွားခြင်း
အခုခေတ် ဆေးသိပ္ပံပညာရှင်တွေဟာ ပုံတူကိုယ်ပွားပွားခြင်း (Cloning ) မှာ အရေးပါတဲ့အောင်မြင်မှုတွေရရှိ နေပါပြီ။ သိုးတွေနွားတွေကို လိင်မဲ့မျိုးပွားစမ်းသပ်ချက်တွေဟာလည်း အောင်မြင်မှုတွေ အထိုက်အသင့်ရရှိခဲ့ ပါတယ်။ ဒီပညာရပ်သာ ရာခိုင်နှုန်းပြည့် အောင်မြင်လာခဲ့မယ်ဆိုရင် , လူတစ်ယောက်ကိုလည်း ပုံတူပွားဖို့  ဖြစ်နိုင်မှာပါ။ ဆဲလ်တစ်ခုကနေ ထပ်ဆင့်ပွားပြီး ခင်ဗျားနဲ့ မျိုးရိုးဗီဇထပ်တူကျတဲ့ ခင်ဗျား နောက်တစ်ယောက်ကို ပုံတူကိုယ်ပွား ပွားနိုင်မှာပါ။ တကယ်လို့ ခင်ဗျားမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ချို့ ယွင်းတာပဲဖြစ်ဖြစ်၊ မကောင်းတော့ရင်ပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ပုံတူကိုယ်ပွားကနေ ရယူအစားထိုးနိုင်မှာပေါ့။ ချို့ ယွင်းလာတဲ့ကိုယ်တွင်း ကိုယ်ပြင် အစိတ်အပိုင်းတွေကို အစားထိုးရင်း ထာဝရအသက်ရှင်နေနိုင်သွားမှာပါ။ တစ်ခုရှိတာကတော့ ခင်ဗျားရဲ့ ကိုယ်ပွားက ခင်ဗျားနဲ့ မျိုးရိုးဗီဇတွေပဲ ထပ်တူကျမှာဖြစ်ပြီး စိတ်ကတော့ ထပ်တူမကျနိုင်တဲ့အတွက် သူ့ ကို သေချာကြည့်ထိန်းထားဖို့ လိုပါတယ်။
၂။ အိုမင်းလာမှုကိုရှောင်ရှားခြင်း
ကျွန်တော်တို့ သေဆုံးသွားရတဲ့ အဓိက အကြောင်းက ရိုးရိုးလေးပါပဲ။ အိုမင်းသွားလို့ ပါ။ အို၊နာ၊သေ၊ ဆိုသလို အသက်အရွယ် အိုမင်းလာတာနဲ့  ရောဂါအနာမျိုးစုံ စွဲကပ်လာပါတယ်။ အသက်ကိုဆွဲဆန့် ခြင်းဆိုတာ သိပ္ပံ နည်းကျ အိုမင်းနာမကျန်းဖြစ်မှုကို ကုသတဲ့ ကုထုံးတွေ (SENS) ဖြစ်ပါတယ်။ ဒီကုထုံးကို သဘာဝက လက်ဆောင်ပေးထားတဲ့ သတ္တ၀ါတွေကတော့ ပင်လယ်ကျောက်ပုဇွန်တွေပါ။ သူတို့ မှာ အသက်အရွယ်ကြီးမြင့် လာတဲ့နဲ့ ပတ်သက်တဲ့ အိုမင်းနာမကျန်းဖြစ်မှု လက္ခဏာတွေမရှိဘဲ အသက်ပိုကြီးတဲ့ ကျောက်ပုဇွန်က အသက်ငယ်တဲ့ ကျောက်ပုဇွန်ထက် ပိုပြီးတော့ သန်မာမြန်ဆန်ပါတယ်။ ဒါကြောင့် ဇီဝသိပ္ပံပညာရှင်တွေဟာ ဒီ SENS ကုထုံးကိုသာ လူတွေမှာ အောင်အောင်မြင်မြင်အသုံးချနိုင်ရင် အသက်ကြီးလို့ နာမကျန်းဖြစ်ပြီး သေတာမျိုးတွေ မရှိတော့ဘဲ လူတွေအားလုံးရဲ့အသက်ကို ပိုဆွဲဆန့် နိုင်မှာပါ။ အခုလောလောဆည် ဒီကုထုံးကို ကြွက်တွေမှာ စမ်းသပ်နေပြီး ကြွက်ရဲ့သက်တမ်းကို အရှည်ကြာဆုံးဆွဲဆန့် နိုင်တဲ့ ပညာရှင်ကို ဆုကြေးငွေထိုက်ထိုက်တန်တန် ပေးကာ SENS ကုထုံးကို လေ့လာလျက်ရှိပါတယ်။အခုလက်ရှိ စံချိန်ကတော့ ကြွက်တစ်ကောင်ကို ၁၈၁၉ ရက် အထိ အသက်ရှည်နာမကျန်းဖြစ်အောင်ထားခဲ့နိုင်တာဖြစ်ပြီး ပုံမှန်သက်တမ်း တစ်နှစ်ထက်နည်းတဲ့ ကြွက်တွေ အတွက် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။
၃။ ၀ိညာဉ်ကူးပြောင်းနေထိုင်ခြင်း
ဒါကတော့ နာမ်ဝိညာဉ်ပိုင်း ဘက်ရောက်တဲ့နည်းတစ်နည်းပါ။ ထာဝရအသက်ရှင်နေထိုင်ဖို့ သင် ကြံနေပြီဆိုကတည်းက သိပ္ပံနည်းတွေကော ၊ ဂမ္ဘီရနည်းတွေ ပါ လေ့လာရတော့မှာပါ။ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဘာသာတရားတစ်ခုဖြစ်တဲ့ ဟိန္ဒူကျမ်းစာတွေအရ ကျွန်တော်တို့ ဟာ ဘ၀သံသရာစက်ဝိုင်းကြီးထဲ မှာနေထိုင်နေကြတာပါ။ လူတွေဟာ ဒီဘ၀မှာ သေလွန်ပြီးရင် ဒီဝိညာဉ်နဲ့ ပဲ နောက်ဘ၀ကို ကူးပြောင်းကြပါတယ်။ နောက်ခန္ဓာတစ်ခုကို ကူးပြောင်းနေထိုင်တဲ့သဘောလို့ ပြောနိုင်ပါတယ်။ ဒီဘ၀မှာ လုပ်ခဲ့တဲ့ မကောင်းမှု၊ကောင်းမှုရဲ့ အကျိုးအပြစ်တွေ ကို နောက်ဘ၀မှာ ပြန်ခံစားရမယ်လို့ ဟိန္ဒူဘာသာမှာ ရေးမှတ်ထားပါတယ်။ဒီအယူအဆကို သမိုင်းရဲ့အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ပိုက်သာဂိုရပ်(စ်)၊ပလေတို၊ ဆိုကရေးတီးစ်တို့ က လက်ခံခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့ သာ ၀ိညာဉ်တစ်ခုကို ပျက်စီးနေတဲ့ ခန္ဓာကိုယ်တစ်ခုကနေ အကောင်းတစ်ခုကို ရွှေ့ ပြောင်းနိုင်မယ်ဆိုရင် သေခြင်းတရားကို မေ့ပစ်လိုက်လို့ ရပါ တယ်။ မဖြစ်နိုင်ဘူးလို့ ထင်သလား။
၎။ နာနိုစက်ရုပ်နည်းပညာ
နာနိုစက်ရုပ်ဆိုတာ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်မှမြင်နိုင်တဲ့ စက်ရုပ်ငယ်ကလေးတွေ ဖြစ်ပါတယ်။ နာနိုစက်ရုပ်ကလေးတွေကို သင့်ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း၊အစိတ်အပိုင်းအကုန်လုံးထိ ၀င်ရောက်ပြီး ပျက်စီးနေတဲ့နေရာအစိတ်အပိုင်းတွေကို ပြုပြင်ဖို့ ဒီဇိုင်းထုတ် နိုင်လိုက်ပြီဆိုပါစို့ ။ သူတို့ တွေက ခင်ဗျားရဲ့ကိုယ်ထဲမှာ တစ်ချိန်လုံးနေထိုင်ပြီး ပျက်စီးသမျှကို လိုက်ပြုပြင်ပေးနေမှာပါ။ အိုမင်းပျက်စီး လာခြင်းမရှိ ထာဝရအသက်ရှင်နေနိုင်သွားမှာပေါ့။ ဒါဟာ စိတ်ကူးယဉ်ဆန်လွန်းလှတဲ့ သိပ္ပံဝတ္ထုတစ်ခုမဟုတ်ပါဘူး။ အခုမျက်မှောက်ခေတ်မှာ ဆေးသိပ္ပံပညာရှင်တွေဟာ မျက်လုံးကန်းနေတဲ့ကြွက်တစ်ကောင်ကို နာနိုစက်ရုပ်တွေ သုံးပြီးကုသပေးခဲ့နိုင်ပါတယ်။ ကြွက်ခန္ဓာကိုယ်ထဲကို နာနိုစက်ရုပ်ကလေးတွေ ထိုးသွင်းလိုက်ပြီးတာနဲ့ စက်ရုပ် တွေက ပျက်စီးနေတဲ့ စက္ခုအာရုံကြောကို ပြုပြင်ဖို့  သူတို့ ကိုယ်သူတို့ စုပေါင်းပြီး နာနိုဖိုင်ဘာမော်လီကျူးတွေ အဖြစ် တာဝန်ဝင်ထမ်းဆောင်ကာ နာ့ဗ်ကြောကို အစားထိုးပြုပြင်နိုင်ခဲ့ပါတယ်။
၅။ လူသားစက်ရုပ်
ခေတ်လွန်သိပ္ပံကားတွေတိုင်းမှာ ပါတဲ့ နည်းပညာဆိုတာ အပေါစားပြက်လုံးတစ်ခုမဟုတ်ပါဘူး။ အခုလက်တွေ့ ကျွန်တော်တို့ စက်ရုပ်လက်အစားထိုးတာတွေ၊စက်ရုပ်ခြေထောက်တပ်ဆင်တာတွေ မြင်တွေ့ ကြားနေရပါတယ်။ အထင်ရှားဆုံးသာဓက ကတော့ အစားထိုးထားတဲ့ စက်ရုပ်ခြေထောက်နဲ့ အိုလံပစ်အပြေးပြိုင်ပွဲမှာ ဆုရခဲ့တဲ့ အော်စကာပစ်တိုးရီးယပ်စ် ကိုကြည့် ကြည့်ပါ ။ သူ့ ခြေထောက်တွေ ဘယ်လောက်များသန်စွမ်းတယ်ဆိုတာ တွေ့ ကြတယ်မလား။ နောက်ထပ်ရှေ့ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ ပျက်စီးလာမယ့် ခန္ဓာအစိတ်အပိုင်း တိုင်းကို စက်ရုပ်နည်းပညာအစိတ်အပိုင်းတွေ အစားထိုးနိုင်မှာပါ။ သတ္တု၊အလူမီနီယံတွေနဲ့ သန့် စင်တဲ့ ထာဝရအသက်ရှင် စက်ရုပ်တစ်ကောင် ဖြစ်ရတာဟာ သေရမှာထက်စာရင် ပိုပြီးကဗျာဆန်မှာပါ။ အထူးတပ်ဆင်ထားတဲ့စက်က ကျွန်တော်တို့ နှလုံးကို ခုန်စေမယ်၊ကြံ့ခိုင်အားပြည့်တဲ့ စက်ရုပ်စွမ်းရည်ခန္ဓာကိုယ်တွေနဲ့  စိတ်ပါရင် ခင်ဗျားရဲ့ ညာဘက်လက်ကိုတောင် မီးမှုတ်သေနတ် လုပ်ထားလိုက်လို့ ရသေးတယ်။ တာမီနေတာ ရုပ်ရှင်ကားဆိုတာ အဲဒီ့အချိန်ကျရင် သိပ်ဆန်းတော့မှာမဟုတ်ပါဘူး။
၆။ စိတ်နဲ့ ကွန်ပြူတာချိတ်ဆက်နေထိုင်ခြင်း
နာမည်ကျော် မက်ထရစ်နဲ့ Surrogates ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးကြမှာပေါ့။ စိတ်ကူးယဉ်သက်သက် အပျော်ကြည့်ဖို့ လို့ သင်ထင်နေပါသလား။ ဒီဇာတ်ကားမရိုက်ခင်ကတည်းက သိပ္ပံပညာရှင်တွေဟာ အဲ့ဒီပညာရပ်နယ်ပယ်ကို ခြေချပြီးပါပြီ။ ကျွန်တော်တို့ ရဲ့ စိတ်ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး Upload လုပ်မယ်။ ဒီဂျစ်တယ်ဦးနှောက်ဖြစ်သွားပြီး ကွန်ပြူတာဘ၀ထဲမှာ နေထိုင်မယ်။ စိတ်ကတော့ လူသားတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်ပါပဲ။ ဒါက ဒီမှာရပ်မသွား ပါဘူး။ Upload တောင် လုပ်ခဲ့တာပဲ ပြန် Download လုပ်လို့ ရမှာပေါ့။ ကျွန်တော်တို့ ရဲ့ ဒီဂျစ်တယ်ဦးနှောက်စိတ်ကြီးကို စက်ရုပ်တစ်ရုပ်ကိုယ်ထဲ ထည့်လိုက်မယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ စိတ်ကို ကွန်ပြူတာထဲ 100 % upload လုပ်ပြီးတာနဲ့ ကွန်ပြူတာကမ္ဘာထဲက ပြန်မထွက်တော့ဘဲ ထာဝရနေနိုင်သွား နိုင်တယ်လေ။
၇။ အအေးခံသိမ်းဆည်းထားခြင်း
ဒီအချက်ဟာ အခုတင်ပြတဲ့အချက်တွေထဲမှာ အအောင်မြင်ဆုံးအချက်တွေဖြစ်ပါတယ်။ ရှေးခေတ်လူသေ အလောင်းတွေ ဆေးရည်စိမ်တာကို သင် စာအုပ်တွေရုပ်ရှင်တွေထဲ ဖတ်ဖူးမြင်ဖူးမှာပေါ့။ ဒီနည်းပညာကလည်း အဲ့သဘောပါပဲ။ ရေခဲသေတ္တာထဲသိုလှောင်ထားတဲ့အသားတွေက ပိုကြာရှည်ခံသလိုပဲ လူ့ ခန္ဓာကိုယ်ကိုလည်း နိုက်ထရိုဂျင်အရည်နဲ့ အအေးခံထားပြီး အနှုတ် ၁၉၆ စင်တီဂရိတ်ရှိတဲ့အတွက် ဆဲလ်ဖွဲ့ စည်းမှုတွေမ ထိခိုက်အောင်လို့  cryo-protectant အရည်ကို သွေးနေရာမှာ အစားထိုးထားပါတယ်။ ပြီးရင် ထိတ်လန့် စရာ စတီးအခေါင်းကြီးထဲမှာ လူကိုဇောက်ထိုးထားပြီး သိုလှောင်ထားလိုက်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ရဲ့ ဦးနှောက်တွေက ကွန်ပြူတာဟာ့ဒစ် တွေလိုပါပဲ။ ဒေတာအချက်အလက်တွေ၊ သိုလှောင်ထားပြီး မပျက်စီးသေးရင် နောက်ခန္ဓာကိုယ်တစ်ခုနဲ့ ချိတ်ဆက်ပြီး ပြန်လည်နိုးထလာနိုင်ပါတယ်။ ဇောက်ထိုးထားရတာက ဦးခေါင်းပိုင်းကို ပိုအေးအောင်လုပ်ထားတာပါ။ ဒီနည်းပညာကို အခု ဆေးပညာအရ အချိန်အနည်းငယ်အတွင်း သေမှာသေချာနေတဲ့လူတွေ၊ခန္ဓာကိုယ်ပျက်စီးနေတဲ့လူတွေကို စမ်းသပ်ထားပါတယ်။ အခုလက်ရှိတော့ သူတို့ ကို ပြန်လည်နိုးထအောင်လုပ်ဖို့ နည်းပညာမရှိသေးပါဘူး။ တကယ်လို့ အနာဂတ်မှာ ပြီးပြည့်စုံတဲ့ နည်းပညာတစ်ခုရှိလာလို့ ရှိရင် အဲဒီနည်းနဲ့ ကုသခံနေတဲ့လူတွေ ကမ္ဘာမြေပေါ် ခြေထောက် ပြန်ထောက်နိုင်မှာပါ။ ဒီနည်းပညာကို အထင်တော့မသေးလိုက်ပါနဲ့ ။လက်ရှိ ဒီနည်းပညာနဲ့ ကုသခံ (စတီးအခေါင်းထဲဝင်) နေသူတွေ တစ်ကမ္ဘာလုံးမှာ အယောက် ၂၅၀ ကျော်ရှိပါတယ်။ သင်လည်း ဒီကုထုံးကို ခံယူပြီး ကျန်းမာသန်စွမ်းစွာနဲ့  အနာဂတ်မှာ ပြန်လည်နိုးထ လာဖို့ မျှော်လင့်ထားတယ်ဆိုတော့ ဒေါ်လာ (၂)သိန်းကျော်နဲ့  ကုထုံးခံယူနိုင်ပါတယ်။http://www.trend.com.mm/2013/11/30/science-892
Ref: listverse.com