CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 2, 2014
ချစ်စကားဆိုနိုင်မယ့်လက်ညှိုးထိုးမန္တန်
မြန်မာ့လောကီမှော်ပညာမှာ အထက်မှော်၊ အောက်မှော်နဲ့
ခုလတ်မှော်ဆိုပြီး သုံးမျိုးရှိတဲ့အနက်ကမှ အထက်မှော်မန္တန်ပဲဖြစ်ပြီး
အပေးအယူကင်းတဲ့အစီအရင်တစ်ခုပြဲ
ဖစ်ကာ မိမိချစ်စကားဆိုလိုတဲ့ အမျိုးသမီးကို
လက်ညှိုးထိုးရုံနဲ့ အချစ်ရေးမှာအဆင်ပြေနိုင်မယ့် မန္တန်တစ်ခုပဲဖြစ်ပါတယ်။
ဒီိမန္တန်ကိုတော့ ကိုယ်မိန်းကလေးတစ်ယောက်ကို
ချစ်စကားမဆိုမီမှာရွတ်ဆိုနိုင်ပြီးတော့ ကိုယ်မိန်းကလေးဆီ ချစ်စကားဆိုဖို့
မထွက်မီ သူ့ကိုမေတ္တာအရင်ပို့ခဲ့ပါ။ မေတ္တာပို့ခြင်းဟာလည်း မန္တန်ရဲ့
အစွမ်းထက်မှုကို ပိုမိုမြှင့်တင်စေနိုင်ပြီး မန္တန်ရဲ့အစွမ်းအပြင်
မေတ္တာစွမ်းကြောင့်ပဲ ချစ်ရသူရဲ့အချစ်ကို ရဖို့
ရာနှုန်းပိုများနိုင်ချေရှိပါတယ်။
ချစ်ရေးဆိုဖို့သွားရင်းနဲ့
ကိုယ်ချစ်ရတဲ့သူဆီရောက်သွားပြီဆိုရင်တော့ သူနဲ့အရင်မတွေ့သေးဘဲ
သူကိုယ့်ကိုမမြင်နိုင်ဘဲ ကိုယ်ကသာ သူ့ကိုမြင်နိုင်မယ့်နေရာကနေပုန်းနေကာ
သူ့မျက်နှာရှိရာကိုလက်ညှိုးနဲ့ထိုးကာ အောက်ပါမန္တန်ကို
(၇)ခေါက်တိတိရွတ်ဆိုလိုက်ပါ။
"ဥုံ - ဝစေ အန္တော ရုက္ခောစေဝ၊
နေမင်းသားအဖ၊ လမင်းသားအမိ၊
ဟဲ့ က္ကတ္ထိယ၊ ငါ့မျက်နှာမြင် သင်ဦးနှိမ်ချ၊
န - ဘယံဘေးမရှိ"
လက်ညှိုးတစ်ချက်ထိုး(၇)ခေါက်ရွတ်ခြင်း
(၃)ကြိမ်တိတိပြုလုပ်ပြီးနောက်မှာတော့ ကိုယ်ချစ်ရတဲ့သူဆီသွားကာ
ချစ်ရေးဆိုခြင်းကို ပြုလုပ်နိုင်ပါပြီ။ ဒီအချိန်မှာ ကိုယ်သူ့ကို
ပြောသမျှကို သူယုံကြည်နိုင်ခြင်း၊ ချစ်ဖို့ဘက်ကို
ပိုမိုယိမ်းယိုင်နေခြင်းတို့ရရှိနိုင်ပြီး ထိုအချက်တို့ကို အသုံးချကာ
မိမိဥာဏ်ရှိသလို ချစ်ရေးဆိုနိုင်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
http://kcb-center.blogspot.com/2014/11/blog-post.html
ချစ်စကားဆိုနိုင်မယ့်လက်ညှိုးထိုးမန္တန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment