ဟိုစား ဒီစား လျှောက်စားကြရင်း ဘဝမကူးအောင် ဒီ post ကို အမြန်တင်ရပါတယ်။
ဒီ ဒရင်ကောက်ပင်နှစ်ပုံကိုကြည့်ပါ။
ပထမပုံက စကောထဲကအပင်စည်းလိုက်ကြီး၊ စားမယ်ဆိုပြီး ခူးထားတဲ့ ဒရင်ကောက်ညွန့်၊
ဒုတိယပုံမှာက ဒီအတိုင်းရိုက်ထားတဲ့အပင်၊ တောထဲက ဒရင်ကောက်ညွန့်။
စကောထဲက စားလို့ရတယ်ဆိုတဲ့ ဒရင်ကောက်၊

ဘယ်လိုခွဲခြားကြမလဲ ???
ခွဲလို့မရပါ။
စားလို့ရတဲ့ ဒရင်ကောက်ကို စားစရာအပင်အနေနဲ့ သေချာစိုက်ထားရင် ခူးစားလို့ ရပါတယ်။
အခုလို လျှောက်ခူး လျှောက်စားကြတာ ပျော်နေကြတဲ့ ဂရုထဲမှာ မိုးတွင်း ဒီအပင်တွေ လှိုင်လှိုင်ပေါတုန်း တောထဲမှာ မခွဲတတ်ခွဲတတ်နဲ့ စားမိကုန်ရင် ဘဝပြောင်းမှာဖြစ်ပါတယ်။
အဆိပ်ဖြစ်စေတဲ့ ဒုတိယပုံထဲက ဒရင်ကောက်အရွက်မှာ ptaquiloside လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းပါနေပါတယ်၊ဒီဒြပ်ပေါင်းက နည်းနည်းလေး စားမိရုံနဲ့ အစွမ်းပြပါတယ်။
ဘယ်လိုပြတာလဲဆိုတော့ အစာအိမ်ကင်ဆာ ပါ။
ကင်ဆာဖြစ်တာက နောက်မှ ။
စားပြီးပြီးချင်း ချက်ချင်းလက်ငင်းကို ပျို့လာမှာဖြစ်ပါတယ်။
ဒီဒြပ်ပေါင်းက ဆဲလ်ထဲမှာရှိတဲ့ DNA ကို ဖျက်စီးပစ်ပြီး ကင်ဆာဖြစ်စေတာဖြစ်ပါတယ်။
ဒီတော့ စားလို့ရတဲ့ ဒရင်ကောက်ညွန့်တွေလို့ ဘယ်လိုပြောပြော မတော်တဆ ဒီအဆိပ်ညွန့် တစ်ညွန့်လေးစားမိရင်တော့ စားသူခံပါ။
ဒါက စားလို့ရတာလား စားလို့မရတာလား ခွဲဖို့ လုံးဝမလွယ်တဲဲ့ ဒီ အရွက်တွေကို စားပြီး ကင်ဆာဖြစ်မဖြစ်နဲ့ လောင်းကြေးထပ်ရလောက်အောင် မတန်ဘူးထင်ပါတယ်။
ဒီတော့ လျှောက်မခူးစားခင် ကြိုတင်ပြီး သတိပေးပါရစေ။
ငါခွဲတတ်တယ်လေ ၊ စားတော့ဘာဖြစ်လဲဆိုရင်လည်း သဗ္ဗေသတ္တာ ကမ္မသကာပါ။
No comments:
Post a Comment