Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 26, 2020

အံ့ဖွယ်ရောဂါ ______________________ ရွှေဥဒေါင်း


အံ့ဖြယ္ေရာဂါ ______________________ ေရႊဥေဒါင္း
By  သတင္းစံုေပ္ာ္၀င္အိဳးႀကီး  May 26, 2020 


ဗိုလ္ခ်ဳပ္တို႔ေသဆုံးၿပီးေနာက္ရက္သတၱႏွစ္ပတ္ခန႔္အၾကာတြင္ ကၽြန္ုပ္သည္ စာၾကည့္တိုက္မွပါဆယ္ ထုပ္တစ္ခုရရွိသျဖင့္ ဖြင့္ၾကည့္လိုက္ရာတြင္ မိန္းမလက္ေရးႏွင့္စာတစ္ေစာင္အျပင္ ဖူးစကတ္စာရြက္ျဖင့္ ေရးသားထားေသာ စာမ်ားကိုေတြ႕ရွိရေလ၏။ထိုစာမွာ..........
စာေရးအစီရင္ခံပါသည္ ဆရာႀကီးေရႊဥေဒါင္းရွင့္။
ပူးတြဲပါစာအိတ္မွာ နိုင္ငံေတာ္လုပ္ႀကံမႈႀကီးတြင္ က်ဆုံးသြားရေသာ ကၽြန္မ၏ လင္ေယာက္်ားသည္ မေသဆုံးမီ ဇူလိုင္လ ၁၈ ရက္ညက စီကုံးေရးသားခဲ့ၿပီးလၽွင္ ဆရာႀကီး၏ လိပ္စာကိုတပ္၍ စာေရးစားပြဲ အံဆြဲထဲတြင္ ထားပစ္ခဲ့ေသာ စာအိတ္ျဖစ္ပါသည္။ေတြ႕သည့္အခ်ိန္ကပင္ ဆရာႀကီးထံေပးပို႔ရန္ျဖစ္ေသာ္လည္း ကိစၥမ်ားျပားလွသျဖင့္ယခုမွေပးပို႔လိုက္ရပါသည္။၎င္းစာအိတ္ကို ဖြင့္ထားေသာေၾကာင့္ ကၽြန္မ ဖတ္ၾကည့္သည့္အခါ ဝတၳဳ သဖြယ္ထူးဆန္းအံ့ၾသဖြယ္ေကာင္းသည္ျဖစ္၍ ကၽြန္မတို႔၏အမည္နာမမ်ားကို အထင္အရွားမေဖာ္ျပပဲ အသုံးျပဳထိုက္သည္ထင္ကအသုံးျပဳ ပါရန္ ေပးပို႔လိုက္ျခင္းျဖစ္ပါေၾကာင္း။

ကၽြန္ုပ္သည္ အထက္ပါစာကိုဖတ္ၿပီးေနာက္ ပူးတြဲပါစာမ်ားကိုဖတ္ၾကည့္ရာတြင္ ဝန္ႀကီးကေတာ္ေရးသား ခဲ့သည့္အတိုင္း အမွန္ပင္ ထူးဆန္းလွသည္ ျဖစ္ေသာေၾကာင့္ ကာယကံရွင္၏အမည္နာမမ်ားကိုမေဖာ္ျပပဲ အခ်ိဳ႕ေသာစကားလုံးမ်ားကို သင့္ေတာ္ဆီေလ်ာ္ေအာင္ ျပင္ဆင္၍ ဝန္ကေတာ္၏ခြင့္ျပဳ ခ်က္အ " ဒဂုန္ မဂၢဇင္း " တိုက္သို႔ ပို႔ေပးလိုက္ရျခင္းျဖစ္ေပသည္။

၁၉၄၆ ခုႏွစ္မတ္ လ တြင္ ကၽြန္ုပ္သည္ ေျမာက္ပိုင္းရွမ္းျပည္နယ္သီေပါနယ္၌ ႏွစ္စဥ္က်င္းပျမဲျဖစ္ေသာ ေဘာ္ႀကိဳ ဘုရားပြဲေတာ္သို႔ တစ္ႀကိမ္တစ္ခါမွ မေရာက္ဖူးသျဖင့္ အိမ္သားတစ္စုတို႔ႏွင့္အတူ သြားေရာက္ခဲ့၏။တေပါင္းလဆန္း၁၃ရက္ေန႔ ညေနခင္းအခ်ိန္တြင္ အသင့္ေဆာက္လုပ္ထားေသာ ကပ္မိုး ကပ္ကာ အခန္းေလးတစ္ခုတြင္ ပြဲမၿပီးမခ်င္း ေငြ ၁၅ က်ပ္ႏွင့္ အိမ္သားတစ္စုေနထိုင္ရန္စီမံၾကေလရာ ဂုဏ္သေရရွိလူႀကီးလူေကာင္းတစ္ေယာက္ျဖစ္ေသာေၾကာင့္ မိတ္ေဆြမ်ားကေက်ာက္မဲၿမိဳ႕ထဲ၌တည္းခို၍ ဘုရားပြဲသို႔တစ္ေန႔တစ္ေခါက္သြားေရာက္ရန္ ေျပာၾကေသာ္လည္း လာရသည့္အတူတူ ပြဲစခန္း အတြင္း၌ တည္းခိုေနထိုင္ ရျခင္းကသာ၍ေပ်ာ္စရာေကာင္းသည္ဟုအိမ္သားမ်ားကေျပာဆိုၾကသည့္အေလၽွာက္ ထိုကဲ့သို႔တည္းခိုေနထိုင္ရျခင္းျဖစ္ေလသည္။
ေဘာ္ႀကိဳ ဘုရားပြဲမွာ ရွမ္းျပည္နယ္အတြင္း၌က်င္းပေသာ ဘုရားပြဲမ်ိဳးမ်ားအနက္တြင္ အစည္ကားဆုံး ျဖစ္၍ ျမန္မာလူမ်ိဳးတို႔အမ်ားဆုံးသြားေရာက္ၾကေသာ ဘုရားပြဲႀကီးျဖစ္ေပ၏။သို႔ရာတြင္ ၎င္းပြဲေတာ္သို႔သြားၾကသည့္ျမန္မာမ်ားအနက္ ၃၆ ေကာင္ႏွင့္ ေလးေကာင္ဂ်င္၊ ပါထမ္ စေသာေလာင္းကစားနည္းမ်ားကို ဝါသနာပါသူတို႔သာလၽွင္ မ်ားလွေပသည္။စင္စစ္ေသာ္ကား ကုသိုလ္ေရးအတြက္ သြားသူတို႔မွာ တစ္ ရာခိုင္ႏႈန္းပင္မျပည့္သျဖင့္ ဒသမ ဖြဲ႕၍ ေဖာ္ျပရေပလိမ့္မည္။ကၽြန္ုပ္မွာလည္း အမွန္ဆိုရလၽွင္ ကုသိုလ္ေရးေၾကာင္မဟုတ္ ၊ထို ဘုရားပြဲသို႔ ေရာက္ဖူးေသာမိတ္ေဆြတစ္ေယာက္က အလြန္တရာ ေပ်ာ္စရာေကာင္းသည္ ဟု အႀကိမ္ ႀကိမ္ ေျပာဖူးသည့္အတိုင္း အခါအခြင့္သင့္သည့္ အားေလ်ာ္စြာ ထို တေပါင္းလက သြားခဲ့ရျခင္းျဖစ္ေလသည္။
ကၽြန္ုပ္တို႔မိသားစုသည္အလ်ား ၁၅ေပ အနံ ၁၀ေပ ခန႔္ရွိေသာ တဲကေလးတစ္ခုအတြင္း တည္းခိုၾက၍ အေစခံ ႏွစ္ေယာက္တို႔က အခန္းကို ရွင္းလင္းၿပီးေနာက္ ေကာ္ေဇာမ်ားခင္းက်င္းၿပီးေနာက္ မီးေမႊးသူေမႊး ၊ေဈးဝယ္သူဝယ္၊ ခ်က္သူခ်က္ ျပဳတ္သူျပဳတ္ ၊အလုပ္မ်ားလၽွက္ရွၾကေသာ္လည္း ဘုရားပြဲတို႔ထုံးစံအတိုင္း ကၽြန္တို႔ အိမ္သူအိမ္သားမ်ားမွာ ပင္ပန္းသည္ မေအာင့္ေမ့ပဲ ၾကည္ႏူးေပ်ာ္ရႊင္စြာ အလုပ္လုပ္လ်က္ရွိၾကေလသည္။ည ၇ နာရီထိုးသည္ႏွင့္တစ္ၿပိင္နက္ ဘုရားပြဲလာရျခင္း ၏အႀကီးဆုံးေသာအရသာတစ္ခုျဖစ္သည့္ ထမင္းၿမိန္ စားရျခင္းတည္းဟူေသာ ေက်နပ္မႈကိုခံစားၾကၿပီးေနာက္ ကစားဝိုင္းမ်ားသို႔အိမ္သားတစ္စု သြားေရာက္ၾကေလ၏။ကစားဝိုင္းမ်ားအနက္ အႀကီးက်ယ္ဆုံးမွာ ေလးေကာင္ဂ်င္ဝိုင္းႏွင့္ပါထမ္ ဝိုင္းတို႔ျဖစ္ရာ တစ္မူး၊တစ္မတ္ ေလာင္းကစားရေသာ ေျခာက္ေကာင္ ဝိုင္း၊ဂုန္းဂင္ဝိုင္း၊စၾကာ ဝိုင္း စသည္တို႔မွာလည္း ရွမ္းႀကီး၊ရွမ္းကေလး၊အပ်ိဳ အအို မက်န္ ဝိုင္းအုံေလာင္းကစားလ်က္ရွိၾက၏။

၉ နာရီေလာက္တြင္ ညပိုင္းအတြက္ ၃၆ ေကာင္ဖြင့္ေလရာ အလြန္စိတ္ဝင္စားလ်က္ရွိေသာ လူတစ္စုတို႔သည္ အနီးရွိလက္ဖက္ရည္ဆိုင္တြင္ ေလးေယာက္တစ္ဝိုင္း ၊ ငါးေယာက္တစ္ဝိုင္း စသည္ျဖင့္ ခုံကေလးမ်ားႏွင့္ ဝိုင္းဖြဲ႕ကာ လက္ဖက္ရည္ေသာက္ရင္း ေစာင့္ေမၽွာ္ လ်က္ရွိၾကသည္။ ၃၆ ေကာင္မပိတ္မီ တစ္နာရီခန႔္၌ ဝါးလုံးတန္းမ်ားတြင္ သူ႔ထက္ငါ တိုးေဝွ႕ကာ ေလးပဲဖိုးမွ တစ္ရာ ၊ႏွစ္ရာဖိုး တိုင္ေအာင္ ထိုးလ်က္ရွိၾကေသာ ပရိတာသတ္မ်ားေၾကာင့္ ဆယ္ေယာက္ထက္မနည္းေသာ ၃၆ ေကာင္စာေရးမ်ား လက္မလည္နိုင္ေအာင္ရွိၾကေလ၏။လက္ႀကီးသမားမ်ား ထိုးေသာ စာေရးထံ၌ကား တစ္ခ်ိဳ႕လူမ်ားသည္ တစ္ေကာင္တည္းအတြက္ ငါးရာ ၊ေျခာက္ရာ မၽွပင္ ထိုးေနၾကသည္ကို ေတြ႕ရသျဖင့္ အံ့ၾသမိ၏။စုံ ႏွင့္ မ ၊အျဖဴ ႏွင့္ အနီ စသည္ျဖင့္ ႏွစ္လမ္းထဲ ရွိေသာ ေလာင္းကစားမ်ိဳးတြင္ ငါးရာ ၊တစ္ေထာင္ ေလာင္းကစားျခင္းကို မအံ့ၾသမိေသာ္လည္း၊၃၆ ေကာင္ရွိသည့္အနက္ "တိုက္" ခဲ့လၽွင္ ၂၇ ဆေလ်ာ္ေၾကးရေသာ ေလာင္းကစားမ်ိဳးတြင္ တစ္ေကာင္တည္းအတြက္ ငါးရာမၽွေလာင္းကစားဝံ့ျခင္းကိုမူကားမအံ့ၾသ ပဲမေနနိုင္ေအာင္ျဖစ္ရ၍ ထိုသူတို႔၏အစား အသည္းယားမိ၏။

မည္သူသည္ ငါးရာဖိုး ထိုး၍ ေငြ တစ္ေသာင္းသုံးေထာင့္ငါးရာ ကိုက္သြားသည္။ေျခာက္ရာဖိုးထိုး၍တစ္ောင္းေျခာက္ေထာင္ေက်ာ္ တိုက္သြားသည္ ဟူေသာသတင္းကိုၾကားရသျဖင့္ အားက်ကာ ပါသမၽွ ေငြကိုတစ္ေကာင္တည္း ထိုးသူမ်ားလည္း မရွားေခ်။၃၆ ေကာင္တန္းလ်ားႀကီးမွ ထလာခဲ့ၾကၿပီးေနာက္ ကၽြန္ုပ္သည္ အိမ္သားမ်ားကို တဲခန္း သို႔လိုက္ပို႔၍ တပည့္ တစ္ေယာက္ႏွင့္အတူ ေလးေကာင္ ဂ်င္ဝိုင္းသို႔ ေလၽွာက္လာခဲ့ေလသည္။ကၽြန္ုပ္မွာ ေလာင္းကစားျခင္း၏ အသည္းႏွလုံးတုန္လႈတ္ရေသာ အရသာ ကိုခံစားခဲ့ရဖူး သျဖင့္ ႏွစ္သက္တုန္းပင္ျဖစ္ေသာ္လည္း အရြယ္အားျဖင့္ မသင့္ေတာ္သည့္အျဖစ္ကိုသိရွိ၍ မိမိ ၏စိတ္ကိုခ်ဳပ္တည္းၿပီး ထားရေစကာမူ အျခားသူတို႔ေလာင္းကစားျခင္းကို မူကား ၾကည့္လိုေသာစိတ္ ရွိေသး၏။သို႔ျဖစ္၍ ကၽြန္ုပ္သည္ လက္ႀကီးသမားမ်ား ေလာင္းကစားၾကေသာလက္ရင္းဇယား သို႔ေဆးျပင္းလိပ္ေသာက္ရင္း ၾကည့္ရႈလ်က္ရွိေလ။ကၽြန္ုပ္သည္ ကိုယ္တိုင္ မေလာင္းစားေသာ္လည္း အျခားသူတို႔စိတ္ဝင္စားၾကပုံႏွင့္ ခ်မ္းေအးေသာေဒသျဖစ္ေသာ္လည္း နဖူး၌ ေခၽြးမ်ားျပန္ေနၾကပုံတို႔ကိုၾကည့္ရင္း စိတ္ဝင္စားလ်က္ရွိရာ ညဥ့္ ၁၁ နာရီေက်ာ္ခန႔္တြင္ အရပ္ျမင့္ျမင့္ ႏွင့္ အလြန္တစ္ရာ ၾကဳံလွီလွေသာ ျမန္မာတစ္ေယာက္သည္ တုတ္ေကာက္ကိုေထာက္ကာ ခုံရွည္ေပၚတြင္ေျခတစ္ဖက္တင္လၽွက္ အကၤ်ီ အိတ္ထဲမွ ၁၀ တန္တစ္ရြက္ကိုထုတ္ၿပီးလၽွင္ ဝက္ကုန္းေပၚ၌ တင္၍ " ေအာ " လိုက္၏။ေလးေကာင္ဂ်င္ထိုးျခင္း၌ အပါးဝသူတို႔သည္ တစ္ေကာင္တည္း ေအာ ထိုးသည္မရွိ။ဆတူေလ်ာ္ေၾကးရေသာ "ႀကိဳး"ကို၎င္း ၊ႏွစ္ဆ ေလ်ာ္ေၾကးရေသာ " ရံ "ကို၎င္းထိုးတတ္ၾကေလရာ အမ်ားအားျဖင့္မူကား ရံ ႏွင့္ ႀကိဳး ကိုတြဲ၍ထိုးတတ္ၾကသည္။ ေအာ ထိုးျခင္းမွာေလ်ာ္ေၾကး ၃ ဆ ရေသာ္လည္း အလြန္တရာ ျဖစ္ခဲေသာေၾကာင့္ မက်င္လည္ သူတို႔သာလ်င္ ေလာဘအလိုက္ထိုးတတ္ၾက၍ ကၽြမ္းက်င္သူတို႔မူကား ရံဖန္ရံခါ မၽွသာ ထိုးတတ္ၾကေလသည္။ ကၽြန္ုပ္ၾကည့္ေနေသာလူပိန္ႀကီးမွာမူကား ေငြ ၁၀ ကို ဝက္ကုန္း တစ္ေကာင္တည္း ေအာ ထိုးလိုက္သျဖင့္ အပါးမဝေသးသည့္ လူရမ္း တစ္ေယာက္ဟူ၍သာေအာက္ေမ့လိုက္မိ၏။

ခြက္ကိုဖြင့္လိုက္ေသာအခါ ထိုးထားေသာလူ အခ်ိဳ႕က
ဝက္ကုန္း ဟုေအာ္လိုက္ၾက၍ ကၽြန္ုပ္ သည္ လူပိန္ႀကီး၏ မ်က္ႏွာကို လွမ္းၾကည့္လိုက္ရာတြင္ ကၽြန္ုပ္ ေမၽွာ္လင့္သည့္အတိုင္း အားရဝမ္းသာရွိေသာ အမူအရာမ်ိဳးကို မေတြ႕ရပဲ တစ္ပဲ၊ႏွစ္ျပား အေလ်ာ္ရေသာ လူတစ္ေယာက္၏မ်က္ႏွာထားမ်ိဳးႏွင့္ခပ္ေအးေအးပင္ ရွိေနသ္ာကိုေတြ႕ရသျဖင့္ အံ့ၾသမိ၏။အလံ ရႉးသည္ လူပိန္ႀကီး၏ ေငြ တစ္ဆယ္ အတြက္ အေကာက္ႏႈတ္ၿပီး ၂၈ က်ပ္ ၂ ပဲ ေလ်ာ္လိုက္ရာတြင္ ထိုသူသည္ အရင္းေရာ ေလ်ာ္ေၾကးပါ သိမ္းယူ၍ ေရွ႕၌ရွိေသာခုံေပၚတြင္ ပုံထားေလ၏။
အလံရႉးမ်ားသည္ အေလ်ာ္အစား ေပးၿပီးေနာက္ ဂ်င္ကိုလွည့္၍ ခြက္ႏွင့္ဖုံးလိုက္ရာ လူပိန္ႀကီးသည္ ဂ်င္လည္ေအာင္ပင္မေစာင့္ပဲ ေရွ႕၌ရွေသာေငြ ၂၈ က်ပ္ ၂ ပဲကို ဖား ေပၚသို႔ တင္၍ တစ္ေကာင္တည္း ေအာ လိုက္ျပန္၏။အလံရႉးမ်ားသည္ ခြက္ကိုဖြင့္လိုက္ရာ
"ဖားကားရားကြ"ဟု လူတစ္ခ်ိဳ႕ကေအာ္လိုက္ၾက၏။ကၽြန္ုပ္မွာ လူပိန္ႀကီးကိုတိုး၍ စိတ္ဝင္စားလာခဲ့ေလၿပီ။ထို႔ေၾကာင့္ ထိုသူအား လွမ္းၾကည့္မိရာ အျခားဖက္လွည့္၍ေဆးျပင္းလိပ္တစ္လိပ္ကိုမီးညႇိ ၍ ေနသည္ကိုပင္ေတြ႕ျမင္ရ၏။တုန္လႈပ္ဟန္ လကၡဏာ မူကား အလ်င္းပင္ မရွိေခ်။
တတိယ အႀကိမ္ ေျမာက္ ဂ်င္ကို လွည့္၍ ခြက္ႏွင့္အုပ္ ၿပီးသည့္ေနာက္ လူပိန္ႀကီးသည္ တစ္ရာ ေက်ာ္မၽွ ရွိေသာေငြအားလုံးကို ၾကက္ ေပၚသို႔ပုံခ် လိုက္ရာ ထိုသူအား စိတ္ဝင္စားေနၾကၿပီျဖစ္ေသာ လူအုပ္ႀကီးမွာ တစ္အံ့တစ္ၾသေဝဖန္ေနၾကၿပီျဖစ္ရာ လူပိန္ႀကီးကမူ ေဆးျပင္းလိပ္ကို ခဲျမဲတိုင္း ခဲ လ်က္ရွိ၏။ထို႔ေနာက္ ခြက္ကို ဖြင့္လိုက္ေသာအခါ ၾကက္ ပင္က်ေလ၏။ကၽြန္ုပ္ပင္လ်င္မက ပရိတ္သတ္ တို႔ပါ အံ့အားသင့္သြားၾကေလ၏။ဤအခ်ိန္တြင္မူကား အလံရႉးသည္ သုံးရာေက်ာ္မၽွေသာေငြကို မေလ်ာ္ခ်င့္ေလ်ာ္ခ်င္ ေလ်ာ္ေပး၍ အလံရႉးေပါက္ေဖာ္ အခ်င္းခ်င္း ပြစိ ပြစိ ႏွင့္ စကားေျပာကုန္ၾကေလ၏။စတုတၳ အႀကိမ္ လူပိန္ႀကီးသည္ ေငြ ေလးရာ ေက်ာ္ကို " ငါးရွဉ့္ " ေပၚသို႔ ေရွးနည္းတူတစ္ေကာင္တည္း ပုံခ် လိုက္ျပန္ရာ ထို အႀကိမ္တြင္မူကားအခ်ိဳ႕ လူမ်ားသည္ လူပိန္ႀကီးေနာက္သို႔ လိုက္၍ ထိုးေနၾကေလၿပီ။အလံရႉး မ်ားသည္ မိမိတို႔၏ အႀကီးအကဲအား လွမ္း၍ တိုင္ပင္ေသးရာ ေပါက္ေဖာ္ႀကီး ကိုယ္တိုင္ထြက္လာ၍ ဖြင့္သာဖြင့္ ဟု အမိန႔္ေပးေလ၏။ဖြင့္လိုက္ေသာ အခါ ၌ကား ငါးရွဉ့္ ပင္ျဖစ္ေနသျဖင့္ ဂ်င္ဝိုင္းတစ္ခုလုံး အုတ္အုတ္က်က္က်က္ ျဖစ္သြားရကား အျခားဝိုင္းမွထိုးသားမ်ားသည္ပင္ ၎င္းဝိုင္းသို႔ ေရႊ႕ေျပာင္းလာၾက၏။
ပရိတ္သတ္တို႔မွာ ထိုအခါတြင္ ႐ုတ္႐ုတ္ရက္ရက္ ျဖစ္လာၾက၍ လူပိန္ ႀကီးအနားသို႔တိုးေဝွ႕ကာ ေရာက္လာၾကသည္တြင္ လူပိန္ႀကီးသည္ မိမိ၏ ေငြရင္း ေလးရာေက်ာ္ႏွင့္ ေလ်ာ္ေၾကး ၁၂၀၀ က်ပ္တို႔ကို လွည့္၍မၽွမၾကည့္ပဲစြတ္ခနဲ ထြက္သြားသျဖင့္ ပရိတ္သတ္ႀကီးမွာ အံ့အားသင့္ လ်က္ က်န္ေနရစ္ၾကေလ၏။
"ဘယ္မလဲ ဟိုလူႀကီး ဟိုလူႀကီးဘယ္ေရာက္သြားသလဲ "ဟု အခ်င္းခ်င္းေမးျမန္းကာ လူပိန္ႀကီး၏ အျပဳ အမူကို နားမလည္နိုင္ျဖစ္ၾကရေလ၏။
ဒိုင္လူႀကီးသည္ လူပိန္ႀကီးထားခဲ့ေသာ ေငြမ်ားကို လူအားလုံးေရွ႕တြင္ေရတြက္ကာသိမ္းယူထားၿပီးေနာက္ဆက္ကစားၾကျပန္ရာ ကၽြန္ုပ္မွာမူ ၎င္းတို႔ကစားဝိုင္းကို စိတ္မဝင္စားေတာ့ပဲ လူပိန္ႀကီးအေၾကာင္းကိုသာစဥ္းစား၍ေနမိသျဖင့္ ဂ်င္ဝိုင္းမွထြက္ကာ တဲအိမ္သို႔ ျပန္လာခဲ့ေလ၏။ထိုညတစ္ညလုံးအိပ္မေပ်ာ္ပဲလူပိန္ႀကီးမ်က္ႏွာသာတစ္ဝဲလည္လည္ ေပၚလာ၍ လူသား စင္စစ္ ဟုတ္ပါေလ၏ေလာ ေမွာ္ ေအာင္သည္၊ ခြက္ေပါက္ ေဆး ရွိသည္ဆိုေသာစကားမ်ားမွာ အကယ္ပင္ ဟုတ္ေလသေလာ စသည္ျဖင့္ အမ်ိဳးမ်ိဳးေတြးေတာကာ အိပ္ယာထဲ၌ တလိမ္လိမ္ တလြန႔္လြန႔္ ျဖစ္ေနေလေတာ့သည္။
ေနာက္တစ္ေန႔နံနက္၌ အိမ္သားတစ္စုတို႔သည္ဘုရားပြဲအနီး၌ရွိေသာေခ်ာင္းထဲသ္ို႔ ေရခ်ိဳးရန္ ထြက္လာခဲ့ၾကရာ ေရဆိပ္သို႔ေရာက္ၾက၍ လူအမ်ားခ်ိဳးၾကေသာေနရာတြင္ ေရခ်ိဳးမည္ဟု အဝတ္မ်ားလဲလွယ္စဥ္ ေခ်ာင္း၏အထက္ ေပ တစ္ရာခန႔္ ကြာေသာေနရာ၌ တစ္ေယာက္တည္းေရခ်ိဳးလၽွက္ရွိေသာလူတစ္ေယာက္ကို ျမင္မိသျဖင့္ သတိျပဳၾကည့္မိ၏။ထိုသူမွာေက်ာက္တုံးေပၚတြင္ထိုင္၍ ဆပ္ျပာႏွင့္ ေခ်းတြန္းစဥ္ ၿပိဳင္းၿပိဳင္းထလ်က္ရွိေသာနံရိုးမ်ားကိုျမင္လိုက္ရသျဖင့္ ယမန္ညက လူႀကီးျဖစ္ေလသေလာဟုအံ့ၾသစြာေငးၾကည့္စဥ္ ကၽြန္ုပ္ဖက္သို႔မ်က္ႏွာလွည့္လိုက္စဥ္ ထိုလူႀကီးပင္ျဖစ္ေၾကာင္း သိရွိရေလသည္။ထိုအခါ ကၽြန္ုပ္မွာ ထူးဆန္းေသာလူပိန္ႀကီးကို ေတြ႕လိုေဇာ ႏွင့္ သားမယားမ်ားကိုေအာ္ေျပာခဲ့ၿပီးလ်င္ ထိုသူရွိရာသို႔ ေလၽွာက္လာခဲ့ေလ၏။အနီးသို႔ေရာက္ေသာအခါ

ကၽြန္ုပ္ ။ ။မေန႔ညတုန္းက ေလးေကာင္ဂ်င္ဝိုင္းမွာ ခင္ဗ်ားထိုးသမၽွ တိုက္ တာခ်ည္းပါလားခင္ဗ်ာ၊ခင္ဗ်ား သိပ္ကံေကာင္းတာပဲ

ပိန္ ။ ။( မရႊင္ေသာ မ်က္ႏွာျဖင့္ ကၽြန္ုပ္အားတစ္ခ်က္လွမ္းၾကည့္၍မ်က္ႏွာလႊဲသြားၿပီးေနာက္ )
ကံ အလုပ္လို႔ခင္ဗ်ားထင္သလား ၊ကံအလုပ္ဆိုရင္လည္း ကံေကာင္းတာမဟုတ္ဘူးဆရာႀကီး က်ဳပ္အဖို႔ ကံဆိုးတာဗ်

ကၽြန္ုပ္ ။ ။ ဘယ့္ႏွယ္ေျပာတာလဲဗ်ာ ခင္ဗ်ားထိုးသမၽွ အားလုံးတိုက္ၿပီးေလ်ာ္ေျငးေတြရေနတာမ်ား ကံဆိုးေသးလားဗ်ာ ဒါထက္ ေလ်ာ္တဲ့ေငြေတြကို ခင္ဗ်ားယူမသြားတာမ်ား သတိရေသးရဲ့ မဟုတ္လား

ပိန္ ။ ။ဘယ့္ႏွယ္မရပဲ ေနမလဲ

ကၽြန္ုပ္ ။ ။နို႔ဗ်ာ ေငြေတြဒီေလာက္နိုင္တာ ကံေကာင္းတာမဟုတ္ေသးဘူးလားဗ်

ပိန္။ ။ကံ ဆိုတဲ့အလုပ္ဟာ မေတာ္တစ္ဆျဖစ္မွ ကံလို႔ဆိုနိုင္တယ္ဗ် က်ဳပ္အလုပ္က မေတာ္တစ္ဆ မဟုတ္ဘူး ဘာေကာင္ေပၚလိမ့္ဆိုတာေသေသခ်ာခ်ာ သိၿပီးသားဗ်

ကၽြန္ုပ္ ။ ။အခါတိုင္းပဲ ခင္ဗ်ား သိသေပါ့ေလ

ပိန္ ။ ။ခါတိုင္းပဲ က်ဳပ္သိတယ္ ဒါေၾကာင့္က်ဳပ္မွာအခက္ေတြ႕ေနတာေပါ့ဗ် ဒီပြဲကို က်ဳပ္လာရျခင္းကလည္း က်ဳပ္ဆရာဝန္က အိမ္ထဲမွာခ်ည္း တကုပ္ကုပ္ ေတြးမေနနဲ႔တဲ့ ပြဲလမ္းသဘင္ နဲ႔ စည္စည္ကားကားရွိတဲ့ ေနရာကို ေလၽွာက္လည္ရမယ္ဆိုလို႔ က်ဳပ္လာခဲ့တာပါဗ်ာ

ကၽြန္ုပ္ ။ ။ ေၾသာ္ ခင္ဗ်ားက မက်န္းမာဘူးလား

ပိန္ ။ ။မက်န္းမာတာေတာ့မေျပာနဲ႔ေတာ့ က်ဳပ္ေရာဂါကလည္း သိပ္ဆန္းတဲ့ေရာဂါဗ် အစဥ္အလာေဖာက္ၿပီး တစ္ခုတစ္ခု ကြဲလြဲလာရင္ ေရာဂါလို႔ဆိုရမယ္တဲ့ဗ်

ကၽြန္ုပ္ ။ ။ျဖစ္မွ ျဖစ္ရေလ့ဗ်ာ ႀကိဳတင္ၿပီးသိတာကိုေရာဂါလို႔ဆိုရင္ ဒီေရာဂါမ်ိဳးကၽြန္ေတာ္ျဖစ္စမ္းခ်င္ပါတယ္

ပိန္ ။ ။မထင္နဲ႔ဆရာႀကီး ခင္ဗ်ားကတစ္ကယ္မျဖစ္ေသးလို႔ေျပာတာ က်ဳပ္မွာျဖင့္ ႀကိဳတင္သိရတဲ့အတြက္ ဒုကၡျဖစ္ေနတာ လက္ေတြ႕ပဲ

ကၽြန္ုပ္ ။ ။ေျပာစမ္းပါဦးဗ်ာ ေနာင္အျဖစ္ကိုႀကိဳတင္ၿပီးသိထားတာနဲ႔ ဘယ့္ႏွယ္လုပ္ၿပီး ဒုကၡ ျဖစ္ရမလဲဗ်ာ

ပိန္ ။ ။ဒီလိုဗ် ပထမေတာ့ အိပ္မေပ်ာ္ စားမဝင္တဲ့ ခြန္အားနည္းတဲ့ေရာဂါ စြဲကပ္ေနတယ္ တစ္ေန႔ေတာ့ လူတစ္ေယာက္က မိုးေတြအုံ႔ ေနတာေတြ႕ေလေတာ့ သူ႔ကိစၥအတြက္ ခရီးထြက္လို႔ေတာ္ပါ့မလား လို႔ ညည္းတြားေနတုန္း ျဗဳန္းဆို က်ဳပ္က
သြားသာသြားပါ မိုးမရြာပါဘူး ည ၁၂ နာရီေလာက္မွရြာမွာပါ လို႔ေျပာလိုက္မိတယ္
ေျပာလိုက္တုန္းကေတာ့ စိတ္ထဲထင္တာကိုရမ္းေျပာလိုက္သလိုေျပာလိုက္မိတာပဲ ေျပာတဲ့အတိုင္းပဲ တစ္ေန႔လုံး မိုးမရြာပဲ ည ၁၂ နာရီတိတိ မွာမွ မိုးေတြရြာခ်လာတယ္ ပထမေတာ့ က်ဳပ္က မေတာ္တစ္ဆ ျဖစ္ေလသလားလို႔ ေအာက္ေမ့မိေသးတယ္ ဒါနဲ႔ ေနရာမွာထိုင္ရင္း ငါးမိနစ္ ဆယ္မိနစ္ တင္ကူးၿပီး အျဖစ္အပ်က္ေလးေတြကို ေတြးေတြးၾကည့္လိုက္ေတာ့ သ့အခ်ိန္ေစ့ေတာ့ က်ဳပ္ထင္တဲ့အတိုင္းျဖစ္လာတာခ်ည္းပဲ သိသိခ်င္းပထမေတာ့ အံ့ၾသသြားတယ္ဗ်ာ ေနာက္ေတာ့ေၾကာက္လာတယ္ ေနာက္ေတာ့တစ္ခါ ဝမ္းသာျပန္ေရာ အားလုံးေပါင္းၾကည့္လိုက္ရင္ ေၾကာက္တဲ့ဖက္က မ်ားေနတယ္ဗ် စိတ္ထဲမွာလုံးလုံးေနလို႔မေကာင္းဘူး ခင္ဗ်ားကေတာ့ ဒါကို အဖိုးတန္တယ္လို႔ထင္ေကာင္းထင္လိမ့္မယ္ သို႔ေသာ္ က်ဳပ္ တစ္ခုေျပာျပမယ္ ဘာနဲ႔ အလားသဏၰန္ တူလဲဆိုေတာ့ မီးရထားလမ္းေပၚမွာ ႀကိဳးနဲ႔တုတ္ၿပီးခ်ထားေတာ့ ရထားႀကီးခုတ္လာလို႔ ကိုယ့္ကိုႀကိတ္ေတာ့မယ္ဆိုတာ သိရသလို ဘာမွလည္းမတတ္နိုင္ပဲ ငုတ္တုတ္ခံေနရရင္ ခင္ဗ်ားစိတ္ထဲ ဘယ့္ႏွယ့္ျဖစ္မလဲ

ေနာင္အျဖစ္ကိုႀကိဳတင္ၿပီးသိရင္ ေလာကမွာ ေငြဝင္စရာနည္းလမ္းေတြအမ်ားႀကီးရွိမယ္လို႔ ခင္ဗ်ားကဆိုလိမ့္မယ္ ဘယ္ေန႔ ဘယ္ရက္မွာ ဘယ္လို ေဘးအႏၲရာယ္မ်ိဳးနဲ႔ ေသရလိမ့္မယ္လို႔ ႀကိဳတင္ၿပီးသိထားႏွင့္တဲ့ လူတစ္ေယာက္အတြက္မွာ ေငြဟာ ဘာလုပ္ဖို႔လဲဗ် က်ဳပ္မွာေတာ့ ေနာက္ သုံး ေလး ႏွစ္ၾကာရင္ ဘယ္လိုေသပုံေသနည္းနဲ႔ ေသရမယ္ဆိုတာသိေနေလေတ်ာ့
အာ႐ုံငါးပါးထဲက ဘယ္အရသာမ်ိဳးေပးေပး က်ဳပ္အဖို႔ေတာ့ ေျခာက္ကပ္ကပ္ႀကီးျဖစ္ေနေတာ့တာပဲ က်ဳပ္ေသရမဲ့ ေန႔ကို က်ဳပ္သိရတဲ့အခ်ိန္ကစၿပီး တျဖည္းျဖည္း ခ်ဳံးလာလို႔ တစ္ေန႔ထက္တစ္ေန႔ အသားအေရ ဆုတ္ယုတ္ ၿပီး သူမ်ားရယ္လားေမာလားၾကည္ရႊင္ေနရင္ ထစ္ကနဲဆို စိတ္ေပါက္ခ်င္ၿပီးလူျမင္သမၽွကို ရန္သူခ်ည့္ေအာက္ေမ့ေတာ့တာပဲ ဒီေတာ့ က်ဳပ္ဘာလုပ္သလဲသိလား

ကၽြန္ုပ္ ။ ။ ဆိုစမ္းပါဦးဗ်ာ

ပိန္။ ။က်ဳပ္တစ္ေယာက္တည္းေတာ့ စိတ္ညစ္မခံဘူး ဒီ့ျပင္လူေတြကိုလည္းက်ဳပ္လိုစိတ္ညစ္ေအာင္ လုပ္မယ္ဆိုၿပီးသူတို႔အေၾကာင္းက်ဳပ္ သိသမၽွ ကို ႀကိဳ တင္ၿပီးေျပာထားတာပဲ

ဥပမာ ဆိုရင္ ေရွးႏွစ္ခါ ဇူလိုင္ ၁၉ ရက္ေန႔မွာ ခင္ဗ်ား ဘာျဖစ္လိမ့္မယ္ဆိုတာ က်ဳပ္သိတယ္ က်ဳပ္ သိသမၽွ ေျပာျပလိုက္ရင္ ခင္ဗ်ား စိတ္ခ်မ္းသာမွာ မဟုတ္ဘူး
------------------

ထိုအခါကၽြန္ုပ္မွာ လူပိန္ႀကီးေျပာသမၽွကိုမယုံ႔တစ္ယုံပင္ရွိေသးေသာ္လည္း ရင္ထဲက ဒိတ္ခနဲ ျဖစ္သြားမိ၏။၎၏ စကားအတြက္ေၾကာင့္ စိတ္၌ ထိခိုက္မိသြားသည္ကို လူသိမခံေစလိုသျဖင့္ ဟန္ေဆာင္ကာ အေရးမႀကီးလွေသာ အမူအရာႏွင့္ ေခ်ာင္းထဲ၌ေမ်ာ ပါသြားေသာ ေဗဒါပင္မ်ားကို အာ႐ုံစိုက္ေနဟန္ ေဆာင္ေသာ္လည္း မတတ္နိုင္သျဖင့္ လူပိန္ႀကီး၏မ်က္ႏွာကိုတစ္ဖန္ ျပန္၍ၾကည့္မိျပန္သည္။

ကၽြန္ုပ္ ။ ။ ေနစမ္းပါဦးဗ် ခင္ဗ်ားခုနကေျပာတဲ့ ဇူလိုင္လ ၁၉ ရက္ေန႔မွာ ကၽြန္ေတာ့္အဖို႔ဘာျဖစ္မွာလဲေျပာျပစမ္းပါ

ပိန္ ။ ။ မသိခ်င္ပါနဲ႔ဗ်ာ ခင္ဗ်ားစိတ္ခ်မ္းသာမွာမဟုတ္ဘူး

ကၽြန္ုပ္ ။ ။ဘယ္လိုပဲျဖစ္ျဖစ္သိပါရေစလားဗ်ာ ေျပာသာေျပာပါ

ပိန္။ ။ေနဦး က်ဳပ္တစ္ခုေျပာဦးမယ္ ဒီဘုရားပြဲက ခင္ဗ်ား ႐ုတ္တရက္မျပန္ေသးဘူးမဟုတ္လား

ကၽြန္ုပ္။ ။သန္ဘက္ခါ ျပန္မယ္ ေအာက္ေမ့တယ္

ပိန္ ။ ။ေကာင္းၿပီ ဒီကေန႔တစ္ညရယ္ ၊ နက္ဖန္ခါ တစ္ေန႔ရယ္ ခင္ဗ်ားစဥ္းစားေခ်ဦး စဥ္းစားၿပီးေနာက္သိခ်င္ပါေသးတယ္ဆိုရင္ နက္ဖန္ ည ၉ နာရီ ေလာက္မွာ ၃၆ ေကာင္တန္းလ်ားကို လာခဲ့ေပေတာ့

ကၽြန္ုပ္သည္ လူပိန္ႀကီးအားခ်က္ခ်င္းေျပာရန္ အတန္တန္တိုက္တြန္းပါေသာ္လည္း ကၽြန္ုပ္အားသနားသျဖင့္ စဥ္းစားရန္ အခ်ိန္ေပး ျခင္းျဖစ္ေၾကာင္း အျခားလူမ်ားကိုမူ ေမးသည္ႏွင့္တစ္ၿပိဳင္နက္ ဖြင့္၍ေျပာခဲ့ေၾကာင္း ေမးမိသည့္ အတြက္လည္းေနာင္တရ၍မဆုံးနိုင္ေအာင္ ရွိေနလိမ့္မည့္အေၾကာင္း မ်ားသတိေပး ကာအတင္းျငင္းဆန္ေနသျဖင့္ လက္ေလၽွာ့လိုက္ရေလ၏။

ယင္းသို႔စကားေျပာဆိုလ်က္ရွိစဥ္ အသက္ ၅၀ အရြယ္ခန႔္ရွိ အထက္တန္းစားတ႐ုတ္လူမ်ိဳးတစ္ေယာက္ ၏အမူအရာရွိေသာ ေပါက္ေဖာ္ႀကီး တစ္ေယာက္ သည္ တပည့္ တစ္ေယာက္ႏွင့္ အတူ ဝင္လာၾကေလရာ လူပိန္ႀကီးသည္ ဧည့္သည္မ်ားကို ေနရာထိုင္ခင္းေပးၿပီး ေနာက္

ပိန္။ ။ေထာင္ကဲႀကီးက ကၽြန္ေတာ္နဲ႔ေတြ႕ခ်င္ေနတယ္ထင္တယ္ ကိုင္း ေျပာစရာရွိတဲ့စကားကိုေျပာပါ ေဟာဒီ ကၽြန္ေတာ့မိတ္ေဆြ ကိုဘယ္လိုမွ သေဘာမထားပါနဲ႔ ေျပာခ်င္တဲ့စကားကို သူ႔ေရွ႕မွာ ေျပာနိုင္ပါတယ္

ေထာင္ကဲ ။ ။( အနည္းငယ္ ဆိုင္းငံ့ေနၿပီးေနာက္ ) မေန႔ညတုန္းက ဂ်င္ဝိုင္းမွာ ခင္ဗ်ားနိုင္ထားတဲ့ေငြေတြ ကၽြန္ေတာ္ကိုယ္တိုင္လာပို႔ပါတယ္

ပိန္။ ။ေက်းဇူးတင္ပါတယ္ ေထာငိကဲ သို႔ေပမယ့္လဲ ကၽြန္ေတာ့မွာ ေလာေလာဆယ္ ေငြ အေရးမႀကီးေသးပါဘူး ဒါျဖင့္ ဒီလိုလုပ္ေပေတာ့ဗ်ာ ကၽြန္ေတာ္နိုင္ခဲ့တဲ့ ေငြကိုတစ္ဝက္ခြဲၿပီး ခင္ဗ်ားတို႔ တ႐ုတ္ေက်ာင္းေဆာက္ဖို႔ကိုလႉ လိုက္ ခင္ဗ်ားတို႔ ေဆး႐ုံႀကီးအတြက္တစ္ဝက္ ခင္ဗ်ားကိုယ္တိုင္ပဲလႉ လိုက္ပါေတာ့ဗ်ာ

ထိုခါ ေထာင္ကဲႀကီးမွာ ထူးဆန္းေသာလူပိန္ႀကီး၏ အျပဳအမူကိုနားမလည္နိုင္သျဖင့္ စဥ္းစားေတြေဝကာရွိၿပီးေနာက္

ကဲ ။ ။ကၽြန္ေတာ္တစ္ခုေမးပါရေစ ဒီဘူရားပြဲမွာ ခင္ဗ်ားၾကာၾကာေနဖို႔ စိတ္ကူးရွိသလား

ပိန္ ။ ။ဒါေတာ့မဆုံးျဖတ္ရေသးဘူးဗ်ာ

ကဲ ။ ။ဒါဆိုလည္း ဒီပြဲေတာ္မွာ ရွိတဲ့အခ်ဳက္မွာ ကၽြန္ေတာ္တို႔ဂ်င္ဝိုင္းကို လာဖို႔ စိတ္ကူးပါေသးလား

ပိန္ ။ ။ဒါလည္း ကၽြန္ေတာ္အမွန္မေျပာနိုင္ေသးဘူး

ေထာင္ကဲႀကီးသည္ ေမးေစ့ကိုပြတ္ကာစိတ္ကူးရင္း

ကဲ ။ ။ဒီလိုလုပ္ပါ ဆရာႀကီး ကၽြန္ေတာ္တို႔ေျပာခ်င္တာက ဒီပြဲေတာ္မွာ ဆရာႀကီးမေနပဲ ျမန္ျမန္ျပန္သြားလို႔ရွိရင္ ကၽြန္ေတာ္တို႔အဖြဲ႕က စရိတ္စက ေထာက္ပံ့ေပးခ်င္လို႔ပါ ဒါေၾကာင့္မို႔

ပိန္ ။ ။ကိစၥမရွိပါဘူး က်ဳပ္ကေငြအေရးႀကီးတဲ့လူမဟုတ္ဘူး ကၽြန္ေတာ္နိုင္ထားတဲ့ေငြေတြေတာင္ ထားပစ္ခဲ့တာ ခင္ဗ်ားျမင္တယ္မို႔လား

ကဲ ။ ။မွန္ပါတယ္ဆရာႀကီး ဆရာႀကီးက အားႀကီးကံေကာင္းတဲ့ လူပဲ

ပိန္ ။ ။လာျပန္ၿပီ တစ္ေယာက္ ကံေကာင္းတာမဟုတ္ဘူးဗ် ဘာေကာင္ေပၚလိမ့္မယ္ဆိုတာ က်ဳပ္ကေသေသခ်ာခ်ာ သိထားတယ္ ခင္ဗ်ား တို႔ကယုံမွာမဟုတ္ဘူး ကိုင္း ကိုင္း လာၾကစမ္းလ က်ဳပ္ျပမယ္

ဟုဆိုကာ ထိုင္ရာမွ ထ၍ကားလမ္းဖက္သို႔ မ်က္ႏွာမူလိုက္ေလသည္။ကၽြန္ုပ္တို႔ ထိုင္လ်က္ရွိေသာ ေနရာမွ တစ္ဖာလုံခန႔္ေဝးေသာအရပ္တြင္ ကားလမ္းႀကီးရွိေလရာ ၎လမ္းေပၚ၌ လွည္းမ်ား ၊ ေမာ္ေတာ္ကားမ်ား ႏွင့္ လူမ်ားသည္ အသြားအျပန္ကူးသန္းလ်က္ ရွိၾကေလ၏။

ပိန္ ။ ။ကိုင္း ေဟာဒီကရပ္ၾကည့္ ရင္ ကားလမ္းကိုျမင္တယ္ မို႔လား ၊ခင္ဗ်ားတို႔ၾကည့္ေနၾက ဘယ္သူဘယ္ဝါေတြလာမယ္ဆိုတာ ႀကိဳတင္ၿပီးက်ဳပ္ေျပာျပမယ္ ၾကည့္ေနၾကေနာ္ ေဟာ လက္ယာဖက္က ဘက္စ္ကားအစိမ္းႀကီးတစ္စီး ခရီးသည္ေတြအျပည့္နဲ႔ ေမာင္းလာလိမ့္မယ္

ဟုေျပာ၍ ၁၀ စကၠန႔္မၽွ မၾကာခင္ ၎ေျပာသည့္အတိုင္းခရီးသည္အျပည့္ႏွင့္ ကားစိမ္းႀကီးတစ္စီး ေမာင္းႏွင္လာသည္ကို ေတြ႕ၾကရသည္။၎ေနာက္

ပိန္ ။ ။ ေဟာအခု လာမွာက ႏြားလွည္းႀကီးဗ် ၊ လက္ဝဲဖက္က ႏြားၾကား ႀကီး လက္ယာဖက္က ႏြားနက္ႀကီး လွည္းသမားက ခေမာက္ေဆာင္းလို႔ လွည္းေပၚမွာ ရွမ္းအမ်ိဳးသမီးႏွစ္ေယာက္ နဲ႔ ေယာက္်ား တစ္ေယာက္ ပါတယ္

ဟုေျပာၿပီးသည္ေနာက္မၾကာမီအတြင္း ၎ေျပာသည့္ အတိုင္းပင္ ေမာင္းႏွင္လာသည္ကို ေတြ႕ၾကရေလသည္။ထို႔ေနာက္ ဘယ္ဖက္က ဘာ လာ တယ္ ဘယ္လို လူေတြ လာ တယ္ စသျဖင့္ သူေျပာသမၽွ အားလုံး ကိုေတြ႕ျမင္ ၾကရေလသည္။တစ္ဖက္မွာ ခ်ဳံေတာႀကီးႏွင့္ က်န္တစ္ဖက္မွာ ဇရပ္ႀကီးမ်ားကို ေက်ာ္လြန္၍ ႐ုတ္တရက္ထြက္ေပၚ လာၾကျခင္း ျဖစ္ေသာေၾကာင့္ ႀကိဳ တင္ေတြ႕ျမင္နိုင္ရန္ မည္သည့္နည္းႏွင့္မၽွ မျဖစ္နိုင္ေလရကား ေထာင္ကဲႀကီး ဆရာတပည့္ ႏွင့္ ကၽြန္ုပ္ တို႔မွာ လူပိန္ႀကီး၏ ႀကိဳ တင္သိျမင္နိုင္သည္ဆိုေသာ အစြမ္းသတၱိကို မယုံၾကည္ပဲ မေနနိုင္ေအာင္ ျဖစ္ေနၾကေတာ့သည္။

ေထာင္ကဲႀကီးတို႔သည္ လူပိန္ႀကီး ၎ တို႔ဆီသို႔ လာေရာက္ကစားမည္ကို စိုးရိမ္ေသာကျဖစ္ရင္း ေကာင္းစြာ စိတ္မခ်နိုင္ေသာ လကၡဏာရွိေသာ္လည္း ဆရာတပည့္ႏွစ္ေယာက္တို႔သည္ ျပန္သြားၾကေလ၏။၎တို႔ထြက္သြားၿပီးေနာက္

ပိန္ ။ ။ဘယ့္ႏွယ္လဲဗ် ခင္ဗ်ားျမင္လိုက္တယ္ မဟုတ္လား ေပါက္ေဖာ္ ႏွစ္ေယာက္ေတာ့ အေတာ္စိုးရိမ္သြားၾကၿပီ က်ဳပ္က ဒါမ်ိဳးၾကည့္ခ်င္တာဗ် ဟုေျပာရင္း ေပ်ာ္ရႊင္ဟန္ႏွင့္ ရယ္ေမာလၽွက္ရွိေလ၏။

လူပိန္ႀကီးသည္ ေပါက္ေဖာ္ မ်ားက ၎တို႔ကစားဝိုင္းသို႔ လာမကစားရန္ ေတာင္းဆိုေသာ္လည္း ေသခ်ာကတိမေပး ပဲ " ေထာင္ကဲ တို႔နစ္နာ ေအါင္မလုပ္ပါဘူး " ဟုသာ ျပန္ေျပာ ခဲ့၏ ။

ကၽြန္ုပ္သည္ လူပိန္ႀကီး၏ အခန္းထဲမွ ထြက္လာခဲ့ေသာ္လည္း မိမိအခန္းသို႔ ျပန္ေရာက္ေသာအခါ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔ တြင္ ကၽြန္ုပ္အဖို႔ မည္ကဲ့သို႔ျဖစ္ရမည္ကို ထိုလူပိန္ႀကီးအားေမးထိုက္ မေမးထိုက္ စဥ္းစား ေနမိေလေတာ့သည္။

------------------
ထိုလူပိန္ႀကီး ေျပာလိုက္ေသာ အေၾကာင္းအရာႏွင့္ပတ္သက္၍ ဇနီးသည္အား ဖြင့္ဟတိုင္ပင္ရန္ ႀကံစည္လိုေသာ္လည္း မိန္းမတို႔ မည္သည္မွာ သာ၍ ထိတ္လန႔္တုန္လႈပ္တတ္သည့္ျပင္ သိခ်င္ေသာအရာဌာနတြင္လည္းေယာက္်ားမ်ားထက္ကဲလြန္းေသာေၾကာင့္ ေမးျမန္းဖို႔တိုက္တြန္းေတာ့မည့္အျဖစ္ကိုသိသျဖင့္မတိုင္ပင္ဘဲေနခဲ့ေလသည္။
ထိုညတြင္ကၽြန္ုပ္မွာ တစ္ေမွးမွ မအိပ္နိုင္ပဲ ၎ျပသနာကိုအျပန္ျပန္အလွန္လွန္ စဥ္းစားလၽွက္ရွိ၏။အမွန္ေျပာရလၽွင္ ကၽြန္ုပ္သည္ သူတစ္ပါးစိတ္မခ်မ္းသာသည္ကို အရသာခံစားတတ္သည့္ လူပိန္ႀကီးကို ရြံ့မုန္းလာသည္ျဖစ္၍ ဤလူႀကီးႏွင့္ေတြ႕ရျခင္းသည္ ကၽြန္ုပ္အဖို႔ စိုးရိမ္ေသာကျဖစ္ေစဖို႔ ၾကမၼာငင္ ျခင္းပင္ျဖစ္ေခ်သည္ဟု ေအာက္ေမ့မိေပ၏။
နံနက္လင္းသည္ႏွင့္ တစ္ၿပိဳင္နက္ ကၽြန္ုပ္သည္ လူပိန္ႀကီးအား ေမးရန္ရွိေသာစကားကို ညဉ့္အခ်ိန္တိုင္ေအာင္မေစာင့္နိုင္ေတာ့ပဲ ယခုခ်က္ခ်င္းပင္ ေျပာပါရန္ ေတာင္းပန္မည့္အႀကံႏွင့္ ၎တည္းခိုေသာ အခန္းသို႔သြားေရာက္ရာ ထိုေနရာသို႔ေရာက္ေသာအခါ ထိုလူႀကီးတည္းခိုေသာေနရာတြင္ ဗလာေဟာင္းေလာင္းျဖစ္ေနသည္ကို ေတြ႕ရသျဖင့္ ထိတ္ကနဲ ျဖစ္သြားမိ၏။၎ေနာက္ ထိုေနရာႏွင့္ကပ္လ်က္ရွိေသာ အခန္းမွလူမ်ားကို စုံစမ္းေမးျမန္းရာတြင္ ထိုေန႔ နံနက္လင္းသည္ႏွင့္တစ္ၿပိဳင္နက္ ထိုလူပိန္ႀကီးသည္ ၎၏ တပည့္ ႏွစ္ေယာက္ႏွင့္အတူ ထြက္သြားၾကၿပီျဖစ္ေၾကာင္း သိရွိရ ေလရကား ကၽြန္ုပ္၏ စိတ္ထဲမွာ မည္သို႔ျဖစ္သြားသည္ကို ေရးသားေဖာ္ျပျခင္းငွာ မတတ္နိုင္ပဲ ေျမေပၚမွာ ကၽြမ္းလွိမ့္၍ထိုးလိုက္ခ်င္သကဲ့သို႔ ျဖစ္သြားေလေတာ့၏။
ကၽြန္ုပ္မွာ လူပိန္ႀကီးႏွင့္ သုံးႀကိမ္တိုင္တိုင္ ေတြ႕ဆုံခဲ့ရေသာ္လည္း ၎ ၏ အမည္နာမႏွင့္ ေနရပ္လိပ္စာတို႔ကိုမေမးမိခဲ့သျဖင့္ စိတ္ထဲ၌မခ်င့္မရဲျဖစ္မိေလ၏။
ကၽြန္ုပ္သည္ တည္းခိုေသာအခန္းသို႔ျပန္ေရာက္ေသာအခါ ရပ္တည္ရာမရပဲ အိမ္ေျမႇာင္အၿမီးျပတ္သကဲ့သို႔ ဂဏွာမၿငိမ္ ရွိေနရာ အိမ္သားမ်ားက မည္ကဲ့သို႔ျဖစ္ခဲ့ပါသနည္းဟု ေမးျမန္းၾက၏။သို႔ရာတြင္ ၎တို႔အားရွင္းလင္းေျပာျပျခင္းအားျဖင့္ အက်ိဳးမရွိသည့္ျပင္ ၎ တို႔သည္ပင္ ကၽြန္ုပ္ကဲ့သို႔စိတ္ထဲ၌ အေႏွာင့္အယွက္ျဖစ္မည္ကို သိရွိသျဖင့္ ထိုအေၾကာင္းကို မေျပာျပေတာ့ပဲ " ကိစၥမရွိပါဘူးကြယ္ ဘာမွအေရးမႀကီးပါဘူး " ဟူ၍သာ ေျပာထားလိုက္ရေလ၏။သို႔ပါေသာ္လည္းအိမ္ရွင္မသည္ ကၽြန္ုပ္၏ အမူအရာ ကိုမေက်နပ္သျဖင့္ ကၽြန္ုပ္၏ မ်က္ႏွာကိုသာ အကဲခတ္လ်က္ရွိေလ၏။
ကၽြန္ုပ္တို႔သည္ ၁၉၄၆ ခုႏွစ္ တေပါင္းလတြင္ဘေဘာ္ႀကိဳ ဘုရားပြဲမွ ျပန္လာခဲ့ၾက၍ ထိုႏွစ္မကုန္မခ်င္း လူပိန္ႀကီးကို ေထာက္လွမ္းစုံစမ္းလာခဲ့ ရာ အမည္ကိုလည္းမသိ ေနရပ္ကိုလည္းလုံးဝမေမးမိခဲ့ေသာ လူတစ္ေယာက္ ကိုရွာေဖြရန္မွာ ေကာက္ရိုးပုံထဲ၌ေပ်ာက္ဆုံးေသာအပ္တစ္ေခ်ာင္းကို ရွာရေသာကိစၥထက္ လြယ္ကူလွသည္မဟုတ္ေခ် ။
လူတို႔၏သေဘာမွာ တစ္စုံတစ္ခုေသာအရာကို သိလိုေသာ သေဘာႏွင့္ ေမၽွာ္လင့္ေစာင့္စားလ်က္ရွိစဥ္ စိတ္ထဲ၌ ခိုးလို႔ခုလုျဖစ္၍ ရပ္တည္ရာမရဘဲျဖစ္တတ္ေသာ္လည္းစိတ္ေျပေသာလူအနည္းငယ္ တို႔မွာမူကား တစ္ခုေသာအရာကို လက္ေလၽွာ့လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အထိုက္အေလ်ာက္သက္သာရာ ရတတ္ေသးသည္။ကၽြန္ုပ္အဖို႔မွာမူ ၎ႏွစ္ေစ့ကုန္၍ ဇႏၷဝါရီ လဆန္းသည္ႏွင့္တစ္ၿပိဳင္တည္း လုံးဝလက္ေလၽွာ့ခဲ့ေသာ သံႏၷိဌာန္ ေၾကာင့္ မအိပ္နိုင္ မစားနိုင္ ေသာအျဖစ္မွသည္ အေတာ္အတန္သက္သာရာရခဲ့၍သားမယားမ်ားမွာ ဝမ္းေျမာက္ဝမ္းသာျဖစ္လာၾကသည္။သားသမီးမ်ားကို မသိေစေသာ္လည္း ဇနီးျဖစ္သူ ကိုမူကား လူပိန္ႀကီးအေၾကာင္းကို အလုံးစုံ ေျပာျပခဲ့ေလသည္။ဇနီးမွာ ကၽြန္ုပ္အား စိတ္သက္သာရာရေစေသာငွာ ဘုရားရဟႏၲာ မဟုတ္သူ တစ္ေယာက္၏စကားကို ယုံၾကည္ဖို႔မထိုက္သျဖင့္ စိုးရိမ္ေသာကမျဖစ္ပဲ ေနျမဲအတိုင္းသာပင္ လုပ္ကိုင္ေနထိုင္စားေသာက္ ဖို႔ အားေပးစကားေျပာၾကား၏။၎ကိုယ္တိုင္မွာ မယုံၾကည္ဟန္ျပေသာ္လည္း မိန္းမသားျဖစ္သည့္အေလ်ာက္ လူပိန္ႀကီး၏စကားကို ကၽြန္ုပ္ထက္ပင္ ေလးစားဟန္တူေသာ္လည္း ေယာက္်ားစိတ္သက္သာခြင့္ရေအာင္ မထီမဲ့ျမင္ ျပဳလုပ္ကာ ဟန္ေဆာင္ေျပာဆိုသည့္လကၡဏာရွိ၏။
ဇန္နဝါရီလ ၅ ရက္ေန႔တြင္ ကၽြန္ုပ္သည္ ကိစၥတစ္ခု ႏွင့္ သာစည္ မွ ျမင္းၿခံ သို႔သြားေသာမီးရထား ေပၚတြင္ဒုတိယတန္းတြဲျဖင့္ လိုက္ပါသြားရာ မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံတြင္ ထိုင္လ်က္ရွိေသာထိုသူသည္ အိမ္သာခန္းသို႔ထသြား၍ျပန္လာေသာအခါ တြင္မွ ထိုသူ၏မ်က္ႏွာကို ေသခ်ာၾကည့္မိ၏။ျမင္လိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ကၽြန္ုပ္သည္ ထိုသူကိုျမင္ဖူးပါသည္ဟု စိတ္ထဲ၌ ေအာက္ေမ့မိေသာ္လည္း မည္သည့္ေနရာတြင္ေတြ႕ခဲ့ဖူးသည္ဟူ၍မူကား အလ်င္းပင္ေဖာ္ျပ၍ မရနိုင္ေအာင္ ျဖစ္ေန၏။
စဥ္းစား၍မရသည့္အဆုံး လက္မွသတင္းစာကို ခ်ကာ " မိတ္ေဆြကို ကၽြန္ေတာ္ျမင္ဖူးတယ္ ထင္ပါတယ္ "ဟုလွမ္းေျပာလိုက္ရ၏။ထိုသူသည္လည္း သတင္းစာကိုခ်ၿပီးေနာက္ ကၽြန္ုပ္မ်က္ႏွာကို ေစ့ေစ့ ၾကည့္ၿပီးေနာက္

ထိုသူ ။ ။က်ဳပ္ကလည္း ခင္ဗ်ားကိုျမင္ဖူးတယ္ ထင္တာပဲ ေနစမ္းပါဦး ေဘာ္ႀကိဳ ဘုရားပြဲကို ခင္ဗ်ား ေရာက္ဖူးလား

ကၽြန္ုပ္ ။ ။ မႏွစ္တေပါင္းလက တစ္ေခါက္ေရာက္ဖူးတယ္

ယင္းကဲ့သို႔ ေျဖဆိုစဥ္တြင္ ကၽြန္ုပ္သည္လူပိန္ ႀကီးကို ႐ုတ္တရက္ သတိရလာ၍ ၎ ၏ မ်က္ႏွာႏွင့္ ကၽြန္ုပ္၏ေရွ႕၌ရွိေသာသူ၏ မ်က္ႏွာတို႔ကို ႏွိုင္းယွဥ္ ၾကည့္ရာတြင္ မ်က္လုံး ၊ မ်က္ခုံး ၊ႏွာတံ စေသာ အဂၤါအစိတ္အပိုင္းတို႔၏ တူညီေသာအျဖစ္ကို ႐ုတ္တရက္သိျမင္သျဖင့္ စိတ္ထဲတြင္ထိတ္ကနဲ ျဖစ္သြားမိေလ၏။

ထိုသူ ။ ။ ဟုတ္ၿပီဗ်ိဳ႕ က်ဳပ္သတိရလာၿပီ။ခင္ဗ်ားကို ေဘာ္ႀကိဳ ဘုရားပြဲမွာေတြ႕ဖူးတယ္

ကၽြန္ုပ္ ။ ။ကၽြန္ေတာ္လည္းသတိရၿပီ ၊ ခင္ဗ်ားေျပာဖူးတဲ့စကားေၾကာင့္ ကၽြန္ေတာ့မွာေနမထိထိုင္မသာ ျဖစ္ၿပီး စိတ္ဆင္းရဲလိုက္သည့္ျဖစ္ျခင္း ဘာေျပာေကာင္းမလဲ ဆရာႀကီးရယ္ ။ခင္ဗ်ားက ေနာက္ေန႔ညက်မွ ေျပာမယ္ဆိုၿပီးဘယ့္ႏွယ္ေၾကာင့္ ႐ုတ္တရက္ေပ်ာက္သြားရတာလဲ

ထိုသူ ။ ။ သည္းခံပါဗ်ာ အိမ္ကလသားမယားမ်ားက အေရးႀကီးတဲ့ကိစၥတစ္ခုနဲ႔ အေခၚလႊတ္လိုက္တဲ့လူက ည တြင္းခ်င္းေရာက္လာလို႔ ခင္ဗ်ားနဲ႔ခ်ိန္းထားတာကို လုံးဝသတိမရပဲ မိုးလင္းလင္းခ်င္းထြက္ခဲ့ရလို႔ပါဗ်ာ ကတိထားခဲ့မိလို႔ရွိရင္ကၽြန္ေတာ့အျပစ္ကို ကိုကၽြန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ

ကၽြန္ုပ္ ။ ။ ခင္ဗ်ားကိုကၽြန္ေတာ္လိုက္ရွာလိုက္တာဟာ ဘယ္မွာမွ သတင္းမၾကားရလို လုံးဝ လက္ေလ်ာ့ ပစ္ လိုက္ရတာ ေလး ငါး ရက္ပဲရွိပါေသးတယ္ ကိုင္းဗ်ာ ဒီဟာေတြအသာထားၿပီး ဒီႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔မွာ ကၽြန္ေတာ့အတြက္ဘာျဖစ္မယ္ဆိုတာသာေျပာျပပါေတာ့ခင္ဗ်ာ

ကၽြန္ုပ္၏စကားကိုၾကားေသာအခါ ထိုလူသည္ စဥ္းစားေသာအမူအရာႏွင့္ ဦးေခါင္းကို အခါခါပြတ္သပ္ၿပီးေနာက္ ကၽြန္ုပ္၏မ်က္ႏွာကိုၾကည့္လၽွက္

ထိုသူ ။ ။ သည္းခံပါဗ်ာ ကၽြန္ေတာ္တစ္ခုမွ မမွတ္မိေတာ့လို႔ပါ ၊ဟိုတုန္းက ေရာဂါ စြဲကပ္လို႔ ကၽြန္ေတာ့ဦးေႏွာက္ထဲမွာ ထင္မိထင္ရာေတြ ထင္ ၊ေျပာမိေျပာရာ ေတြေျပာခဲ့တာ အခုေတာ့ဘိလပ္က ေရာက္လာတဲ့ ဆရာဝန္နဲ႔ကုသလို႔ ကၽြန္ေတာ့ေရာဂါေပ်ာက္သြားၿပီ ဟိုတုန္းကဟာေတြကိုကၽြန္ေတာ္ ဘာမွ မမွတ္မိေတာ့ပါဘးဗ်ာ။ဒီေရာဂါေပ်ာက္သြားကတည္းကကၽြန္ေတာ့မွာ စားလို႔ေသာက္လို႔ေကာင္းၿပီး ဝဝ ၿဖိဳးၿဖိဳး ျဖစ္လာတာ ခင္ဗ်ားျမင္တဲ့ အတိုင္းပါပဲ

ကၽြန္ုပ္ ။ ။ခင္ဗ်ား စားေသာက္ေကာင္းလာတာက ဟုတ္ပါရဲ့ ၊ခင္ဗ်ားေျပာဖူးတဲ့ စကားေၾကာင့္ ကၽြန္ေတာ္ မစားနိုင္ မေသာက္နိုင္ ျဖစ္ေနတာကခက္တယ္ ဆရာႀကီးရဲ့ ၊ေသခ်ာႀကိဳးစားၿပီး စဥ္းစားၾကည့္ပါဦး ဗ်ာ

ထိုသူသည္ ဦးေခါင္းကိုပြတ္ကာ တစ္မိနစ္မၽွ စဥ္းစားပါေသာ္လည္း အခ်ီးႏွီး ပင္ရွိေလေတာ့သည္။ထိုအေတာအတြင္း၌ ကၽြန္ုပ္စိတ္ထဲမွ အႀကံျဖစ္ေပၚမိသည္မွာ ထိုလူသည္ ကၽြန္ုပ္ စိတ္ဆင္းရဲေစေသာစကားကို ေျပာဖူးသည္၊ ယခုအခါ၌ ထိုလူသည္ သုံး ႏွစ္ေစ့ေသာအခ်ိန္တြင္ ၎ အဖို႔မည္သို႔ ျဖစ္လိမ့္မည္ ဟူေသာအျခင္းအရာကို ၎အားသတိေပးလိုက္ရလၽွင္ ေကာင္းလိမ့္မည္ မဟုတ္ေလာ ဟု စိတ္ထဲ၌ျဖစ္ေပၚလာခဲ့၏။သို႔ေသာ္ ထိုသူ သည္ ၎၏စကားတစ္ခြန္းအတြက္ေၾကာင့္ ကၽြန္ုပ္၌ စိတ္ဆင္းရဲ ရသည္ဆိုျခင္းကို ယူၾကဳံး မရရွိေနေသာအမူအရာႏွင့္ ကၽြန္ုပ္အား အတန္တန္ ေတာင္းပန္စကားေျပာၾကားေနရကား လက္စားေခ်ခ်င္ေသာဆႏၵသည္ စိတ္ထဲမွတစ္ေျဖးေျဖးေလ်ာ့သြားေလေတာ့သည္။မေကာင္းသည္ကို မေကာင္းျခင္းျဖင့္တုန႔္ျပန္ျခင္းသည္ သေဘာထားႀကီးရင့္သူတို႔၏ အက်င့္မဟုတ္သည့္အျဖစ္ကို ကၽြန္ုပ္စဥ္းစားမိေလ၏။

ထိုသူ ။ ။အလကားပါ မိတ္ေဆြ ဟိုတုန္းက ကၽြန္ေတာ္ေျပာတာေတြကိုမယုံပါနဲ႔ ကၽြန္ေတာ့ ဦးေႏွာက္က ေရာဂါစြဲကပ္ေနလို႔ ထင္မိထင္ရာေတြေလၽွာက္ေျပာေနတာပါဗ်ာ အဘိညဥ္ မရပဲနဲ႔ ေနာက္ျဖစ္မယ့္ အျခင္းအရာကို ႀကိဳ တင္ၿပီးေျပာနိုင္တယ္ဆိုတာ ဟုတ္နိုင္ပါ့မလားဗ်

ထိုခဏ၌ ဟုတ္နိုင္သည္ျဖစ္ေစ မဟုတ္နိုင္သည္ျဖစ္ေစ သုံးႏွစ္ေစ့ေရာက္ေသာအခါ၌ ၎အဖို႔ တစ္စုံတစ္ခုျဖစ္လိမ့္မည္ ဟူေသာအျခင္းအရာကို ေျပာလိုက္ခ်င္ေသာစိတ္သည္ လႈတ္လႈတ္ရွားရွား ျဖစ္လာျပန္သည္။သို႔ရာတြင္၎စိတ္ကိုႏွိပ္ႏွင္း၍

ကၽြန္ုပ္ ။ ။မဟုတ္နိုင္ဘူးဆိုေပမယ့္ ဂ်င္ဝိုင္းမွာ ခင္ဗ်ားေျပာသြားတာေတြ အကုန္လုံးမွန္ေနတယ္ေနတယ္ဗ်

ထိုလူ ။ ။ကံအားေလ်ာ္စြာ မွန္ခ်င္လို႔မွန္တာေတြပါဗ်ာ

ကၽြန္ုပ္ ။ ။ေလးေကာင္ဂ်င္ ကံအားေလ်ာ္စြာမွန္တယ္ထားပါဦး လမ္းမေပၚက ဘယ္ကား၊ဘယ္ႏြား ၊ ဘယ္သူ ဘယ္ဝါ လာမယ္ဆိုတာေတြ မွန္ေနတာေရာ ကံအားေလ်ာ္စြာ မျဖစ္နိုင္ေတာ့ဘူးဗ်

ထိုလူ ။ ။ ဘယ္ေလာက္မွန္မွန္ အဘိညဥ္ မပါပဲ ဘယ္နည္းနဲ႔မွ မျဖစ္နိုင္ဘူးဗ်

ကၽြန္ုပ္ ။ ။ကိုင္းပါဗ်ာ ခင္ဗ်ားကို ကၽြန္ေတာ္မျငင္းလိုေတာ့ပါဘူး ခင္ဗ်ားေျပာတဲ့အတိုင္းပဲ ကံအားေလ်ာ္စြာ မွန္တယ္လို႔သာျဖစ္ပါေစေတာ့လို႔ ဆုေတာင္း ရေတာ့မွာပဲ

အမွန္ကိုဆိုရလၽွင္ ကံအားေလ်ာ္စြာမွန္ျခင္းမဟုတ္ပဲ အတပ္ သိ၍ေျပာျခင္းျဖစ္သည္ဟု ကၽြန္ုပ္ ဦးေႏွာက္ထဲတြင္စြဲေနေသာ္လည္း ျဖစ္လိုရာျဖစ္ေစေတာ့ဟု မ်က္စိစုံမွိတ္၍ ဘုရား တရား ကိုေအာက္ေမ့ကာ ေမ့ေဖ်ာက္ပစ္ရန္ ႀကိဳးစားေနထိုင္ခဲ့ရျခင္းျဖစ္သည္။ထိုသူ၏ အမည္မွာ ဦးသိဒၶိ ျဖစ္၍ ယခုအခါတြင္ စစ္ကိုင္းေတာင္ရိုးရွိ ဣစၧာသယ ေခ်ာင္တြင္ ဥပုသ္ သီတင္းေဆာက္တည္ လ်က္ရွိရာမွ ကိစၥတစ္ခုႏွင့္ မလွိုင္သို႔ လာေရာက္ျခင္းျဖစ္သည္ဟု ေျပာသြားေလသည္။

ကၽြန္ုပ္သည္ ဦးသိဒၶိ ႏွင့္ ေတြ႕ၾကဳံ ရေသာ ဤထူးဆန္းေသာအျဖစ္အပ်က္မ်ားကို မွတ္တမ္းတင္ထားခဲ့လိုသည္ျဖစ္ေသာေၾကာင့္ ဇူလိုင္လထဲသို႔ဝင္ေရာက္ေသာအခါ ဤအေၾကာင္းအရာမ်ားကို အျပည့္အစုံမွတ္တမ္းတင္ေရးသားခဲ့ၿပီးလၽွင္ ဇူလိုင္လ ၁၈ ရက္ေန႔တြင္အၿပီးသတ္ေရးသားခဲ့ေပသည္။ရည္ရြယ္ခ်က္မွာ ဦးသိဒၶိ စကားအရ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ မေတာ္ တစ္ဆ တစ္စုံ တစ္ရာျဖစ္ခဲ့ေသာ္ အေၾကာင္းအားေလ်ာ္စြာ တိုင္းျပည္သို႔ တင္ျပရန္ ျဖစ္၍ ၊မျဖစ္ပြားခဲ့ေသာ္ကား ကၽြန္ုပ္ ၏ကိုယ္ပိုင္ မွတ္တမ္း အျဖစ္ျဖင့္သာအသုံးခ်ရန္ျဖစ္ေပသည္။အကယ္၍ တိုင္းျပည္သို႔ တင္ျပရန္ လိုခဲ့ေသာ္ ဤကိစၥ မ်ိဳးႏွင့္ အသင့္ေတာ္ဆုံးျဖစ္သည့္ စာေရးဆရာႀကီး " ေရႊဥေဒါင္း " ထံမွတစ္ဆင့္တင္ျပလိုသည့္ ဆႏၵ ရွိရကား ဆရာႀကီးထံသို႔ ေပးပို႔ရန္ ရည္ညႊန္းခဲ့ေပသည္။

ဤသည္ကား ဝန္ႀကီးကေတာ္ တစ္ဦးထံမွ ေပးပို႔လိုက္ေသာ အေၾကာင္းအရာမ်ားကို အနည္းငယ္ ျပင္ဆင္၍ေဖာ္ျပလိုက္ျခင္း ျဖစ္ေပသည္။ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာအျခင္းအရာမ်ားကား သိၾကၿပီးသည့္
အတိုင္းပင္ ျဖစ္ေလသတည္း။

{ၿပီးပါၿပီ }

ေရြဥေဒါင္း

ဗိုလ်ချုပ်တို့သေဆုံးပြီးနောက်ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ကျွန်ုပ်သည် စာကြည့်တိုက်မှပါဆယ် ထုပ်တစ်ခုရရှိသဖြင့် ဖွင့်ကြည့်လိုက်ရာတွင် မိန်းမလက်ရေးနှင့်စာတစ်စောင်အပြင် ဖူးစကတ်စာရွက်ဖြင့် ရေးသားထားသော စာများကိုတွေ့ရှိရလေ၏။ထိုစာမှာ..........
စာရေးအစီရင်ခံပါသည် ဆရာကြီးရွှေဥဒေါင်းရှင့်။
ပူးတွဲပါစာအိတ်မှာ နိုင်ငံတော်လုပ်ကြံမှုကြီးတွင် ကျဆုံးသွားရသော ကျွန်မ၏ လင်ယောက်ျားသည် မသေဆုံးမီ ဇူလိုင်လ ၁၈ ရက်ညက စီကုံးရေးသားခဲ့ပြီးလျှင် ဆရာကြီး၏ လိပ်စာကိုတပ်၍ စာရေးစားပွဲ အံဆွဲထဲတွင် ထားပစ်ခဲ့သော စာအိတ်ဖြစ်ပါသည်။တွေ့သည့်အချိန်ကပင် ဆရာကြီးထံပေးပို့ရန်ဖြစ်သော်လည်း ကိစ္စများပြားလှသဖြင့်ယခုမှပေးပို့လိုက်ရပါသည်။၎င်းင်းစာအိတ်ကို ဖွင့်ထားသောကြောင့် ကျွန်မ ဖတ်ကြည့်သည့်အခါ ဝတ္ထု သဖွယ်ထူးဆန်းအံ့သြဖွယ်ကောင်းသည်ဖြစ်၍ ကျွန်မတို့၏အမည်နာမများကို အထင်အရှားမဖော်ပြပဲ အသုံးပြုထိုက်သည်ထင်ကအသုံးပြု ပါရန် ပေးပို့လိုက်ခြင်းဖြစ်ပါကြောင်း။

ကျွန်ုပ်သည် အထက်ပါစာကိုဖတ်ပြီးနောက် ပူးတွဲပါစာများကိုဖတ်ကြည့်ရာတွင် ဝန်ကြီးကတော်ရေးသား ခဲ့သည့်အတိုင်း အမှန်ပင် ထူးဆန်းလှသည် ဖြစ်သောကြောင့် ကာယကံရှင်၏အမည်နာမများကိုမဖော်ပြပဲ အချို့သောစကားလုံးများကို သင့်တော်ဆီလျော်အောင် ပြင်ဆင်၍ ဝန်ကတော်၏ခွင့်ပြု ချက်အ " ဒဂုန် မဂ္ဂဇင်း " တိုက်သို့ ပို့ပေးလိုက်ရခြင်းဖြစ်ပေသည်။

၁၉၄၆ ခုနှစ်မတ် လ တွင် ကျွန်ုပ်သည် မြောက်ပိုင်းရှမ်းပြည်နယ်သီပေါနယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘော်ကြို ဘုရားပွဲတော်သို့ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသဖြင့် အိမ်သားတစ်စုတို့နှင့်အတူ သွားရောက်ခဲ့၏။တပေါင်းလဆန်း၁၃ရက်နေ့ ညနေခင်းအချိန်တွင် အသင့်ဆောက်လုပ်ထားသော ကပ်မိုး ကပ်ကာ အခန်းလေးတစ်ခုတွင် ပွဲမပြီးမချင်း ငွေ ၁၅ ကျပ်နှင့် အိမ်သားတစ်စုနေထိုင်ရန်စီမံကြလေရာ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ယောက်ဖြစ်သောကြောင့် မိတ်ဆွေများကကျောက်မဲမြို့ထဲ၌တည်းခို၍ ဘုရားပွဲသို့တစ်နေ့တစ်ခေါက်သွားရောက်ရန် ပြောကြသော်လည်း လာရသည့်အတူတူ ပွဲစခန်း အတွင်း၌ တည်းခိုနေထိုင် ရခြင်းကသာ၍ပျော်စရာကောင်းသည်ဟုအိမ်သားများကပြောဆိုကြသည့်အလျှောက် ထိုကဲ့သို့တည်းခိုနေထိုင်ရခြင်းဖြစ်လေသည်။
ဘော်ကြို ဘုရားပွဲမှာ ရှမ်းပြည်နယ်အတွင်း၌ကျင်းပသော ဘုရားပွဲမျိုးများအနက်တွင် အစည်ကားဆုံး ဖြစ်၍ မြန်မာလူမျိုးတို့အများဆုံးသွားရောက်ကြသော ဘုရားပွဲကြီးဖြစ်ပေ၏။သို့ရာတွင် ၎င်းင်းပွဲတော်သို့သွားကြသည့်မြန်မာများအနက် ၃၆ ကောင်နှင့် လေးကောင်ဂျင်၊ ပါထမ် စသောလောင်းကစားနည်းများကို ဝါသနာပါသူတို့သာလျှင် များလှပေသည်။စင်စစ်သော်ကား ကုသိုလ်ရေးအတွက် သွားသူတို့မှာ တစ် ရာခိုင်နှုန်းပင်မပြည့်သဖြင့် ဒသမ ဖွဲ့၍ ဖော်ပြရပေလိမ့်မည်။ကျွန်ုပ်မှာလည်း အမှန်ဆိုရလျှင် ကုသိုလ်ရေးကြောင်မဟုတ် ၊ထို ဘုရားပွဲသို့ ရောက်ဖူးသောမိတ်ဆွေတစ်ယောက်က အလွန်တရာ ပျော်စရာကောင်းသည် ဟု အကြိမ် ကြိမ် ပြောဖူးသည့်အတိုင်း အခါအခွင့်သင့်သည့် အားလျော်စွာ ထို တပေါင်းလက သွားခဲ့ရခြင်းဖြစ်လေသည်။
ကျွန်ုပ်တို့မိသားစုသည်အလျား ၁၅ပေ အနံ ၁၀ပေ ခန့်ရှိသော တဲကလေးတစ်ခုအတွင်း တည်းခိုကြ၍ အစေခံ နှစ်ယောက်တို့က အခန်းကို ရှင်းလင်းပြီးနောက် ကော်ဇောများခင်းကျင်းပြီးနောက် မီးမွှေးသူမွှေး ၊ဈေးဝယ်သူဝယ်၊ ချက်သူချက် ပြုတ်သူပြုတ် ၊အလုပ်များလျှက်ရှကြသော်လည်း ဘုရားပွဲတို့ထုံးစံအတိုင်း ကျွန်တို့ အိမ်သူအိမ်သားများမှာ ပင်ပန်းသည် မအောင့်မေ့ပဲ ကြည်နူးပျော်ရွှင်စွာ အလုပ်လုပ်လျက်ရှိကြလေသည်။ည ၇ နာရီထိုးသည်နှင့်တစ်ပြိင်နက် ဘုရားပွဲလာရခြင်း ၏အကြီးဆုံးသောအရသာတစ်ခုဖြစ်သည့် ထမင်းမြိန် စားရခြင်းတည်းဟူသော ကျေနပ်မှုကိုခံစားကြပြီးနောက် ကစားဝိုင်းများသို့အိမ်သားတစ်စု သွားရောက်ကြလေ၏။ကစားဝိုင်းများအနက် အကြီးကျယ်ဆုံးမှာ လေးကောင်ဂျင်ဝိုင်းနှင့်ပါထမ် ဝိုင်းတို့ဖြစ်ရာ တစ်မူး၊တစ်မတ် လောင်းကစားရသော ခြောက်ကောင် ဝိုင်း၊ဂုန်းဂင်ဝိုင်း၊စကြာ ဝိုင်း စသည်တို့မှာလည်း ရှမ်းကြီး၊ရှမ်းကလေး၊အပျို အအို မကျန် ဝိုင်းအုံလောင်းကစားလျက်ရှိကြ၏။

၉ နာရီလောက်တွင် ညပိုင်းအတွက် ၃၆ ကောင်ဖွင့်လေရာ အလွန်စိတ်ဝင်စားလျက်ရှိသော လူတစ်စုတို့သည် အနီးရှိလက်ဖက်ရည်ဆိုင်တွင် လေးယောက်တစ်ဝိုင်း ၊ ငါးယောက်တစ်ဝိုင်း စသည်ဖြင့် ခုံကလေးများနှင့် ဝိုင်းဖွဲ့ကာ လက်ဖက်ရည်သောက်ရင်း စောင့်မျှော် လျက်ရှိကြသည်။ ၃၆ ကောင်မပိတ်မီ တစ်နာရီခန့်၌ ဝါးလုံးတန်းများတွင် သူ့ထက်ငါ တိုးဝှေ့ကာ လေးပဲဖိုးမှ တစ်ရာ ၊နှစ်ရာဖိုး တိုင်အောင် ထိုးလျက်ရှိကြသော ပရိတာသတ်များကြောင့် ဆယ်ယောက်ထက်မနည်းသော ၃၆ ကောင်စာရေးများ လက်မလည်နိုင်အောင်ရှိကြလေ၏။လက်ကြီးသမားများ ထိုးသော စာရေးထံ၌ကား တစ်ချို့လူများသည် တစ်ကောင်တည်းအတွက် ငါးရာ ၊ခြောက်ရာ မျှပင် ထိုးနေကြသည်ကို တွေ့ရသဖြင့် အံ့သြမိ၏။စုံ နှင့် မ ၊အဖြူ နှင့် အနီ စသည်ဖြင့် နှစ်လမ်းထဲ ရှိသော လောင်းကစားမျိုးတွင် ငါးရာ ၊တစ်ထောင် လောင်းကစားခြင်းကို မအံ့သြမိသော်လည်း၊၃၆ ကောင်ရှိသည့်အနက် "တိုက်" ခဲ့လျှင် ၂၇ ဆလျော်ကြေးရသော လောင်းကစားမျိုးတွင် တစ်ကောင်တည်းအတွက် ငါးရာမျှလောင်းကစားဝံ့ခြင်းကိုမူကားမအံ့သြ ပဲမနေနိုင်အောင်ဖြစ်ရ၍ ထိုသူတို့၏အစား အသည်းယားမိ၏။

မည်သူသည် ငါးရာဖိုး ထိုး၍ ငွေ တစ်သောင်းသုံးထောင့်ငါးရာ ကိုက်သွားသည်။ခြောက်ရာဖိုးထိုး၍တစ်ောင်းခြောက်ထောင်ကျော် တိုက်သွားသည် ဟူသောသတင်းကိုကြားရသဖြင့် အားကျကာ ပါသမျှ ငွေကိုတစ်ကောင်တည်း ထိုးသူများလည်း မရှားချေ။၃၆ ကောင်တန်းလျားကြီးမှ ထလာခဲ့ကြပြီးနောက် ကျွန်ုပ်သည် အိမ်သားများကို တဲခန်း သို့လိုက်ပို့၍ တပည့် တစ်ယောက်နှင့်အတူ လေးကောင် ဂျင်ဝိုင်းသို့ လျှောက်လာခဲ့လေသည်။ကျွန်ုပ်မှာ လောင်းကစားခြင်း၏ အသည်းနှလုံးတုန်လှုတ်ရသော အရသာ ကိုခံစားခဲ့ရဖူး သဖြင့် နှစ်သက်တုန်းပင်ဖြစ်သော်လည်း အရွယ်အားဖြင့် မသင့်တော်သည့်အဖြစ်ကိုသိရှိ၍ မိမိ ၏စိတ်ကိုချုပ်တည်းပြီး ထားရစေကာမူ အခြားသူတို့လောင်းကစားခြင်းကို မူကား ကြည့်လိုသောစိတ် ရှိသေး၏။သို့ဖြစ်၍ ကျွန်ုပ်သည် လက်ကြီးသမားများ လောင်းကစားကြသောလက်ရင်းဇယား သို့ဆေးပြင်းလိပ်သောက်ရင်း ကြည့်ရှုလျက်ရှိလေ။ကျွန်ုပ်သည် ကိုယ်တိုင် မလောင်းစားသော်လည်း အခြားသူတို့စိတ်ဝင်စားကြပုံနှင့် ချမ်းအေးသောဒေသဖြစ်သော်လည်း နဖူး၌ ချွေးများပြန်နေကြပုံတို့ကိုကြည့်ရင်း စိတ်ဝင်စားလျက်ရှိရာ ညဥ့် ၁၁ နာရီကျော်ခန့်တွင် အရပ်မြင့်မြင့် နှင့် အလွန်တစ်ရာ ကြုံလှီလှသော မြန်မာတစ်ယောက်သည် တုတ်ကောက်ကိုထောက်ကာ ခုံရှည်ပေါ်တွင်ခြေတစ်ဖက်တင်လျှက် အင်္ကျီ အိတ်ထဲမှ ၁၀ တန်တစ်ရွက်ကိုထုတ်ပြီးလျှင် ဝက်ကုန်းပေါ်၌ တင်၍ " အော " လိုက်၏။လေးကောင်ဂျင်ထိုးခြင်း၌ အပါးဝသူတို့သည် တစ်ကောင်တည်း အော ထိုးသည်မရှိ။ဆတူလျော်ကြေးရသော "ကြိုး"ကို၎င်းင်း ၊နှစ်ဆ လျော်ကြေးရသော " ရံ "ကို၎င်းင်းထိုးတတ်ကြလေရာ အများအားဖြင့်မူကား ရံ နှင့် ကြိုး ကိုတွဲ၍ထိုးတတ်ကြသည်။ အော ထိုးခြင်းမှာလျော်ကြေး ၃ ဆ ရသော်လည်း အလွန်တရာ ဖြစ်ခဲသောကြောင့် မကျင်လည် သူတို့သာလျင် လောဘအလိုက်ထိုးတတ်ကြ၍ ကျွမ်းကျင်သူတို့မူကား ရံဖန်ရံခါ မျှသာ ထိုးတတ်ကြလေသည်။ ကျွန်ုပ်ကြည့်နေသောလူပိန်ကြီးမှာမူကား ငွေ ၁၀ ကို ဝက်ကုန်း တစ်ကောင်တည်း အော ထိုးလိုက်သဖြင့် အပါးမဝသေးသည့် လူရမ်း တစ်ယောက်ဟူ၍သာအောက်မေ့လိုက်မိ၏။

ခွက်ကိုဖွင့်လိုက်သောအခါ ထိုးထားသောလူ အချို့က
ဝက်ကုန်း ဟုအော်လိုက်ကြ၍ ကျွန်ုပ် သည် လူပိန်ကြီး၏ မျက်နှာကို လှမ်းကြည့်လိုက်ရာတွင် ကျွန်ုပ် မျှော်လင့်သည့်အတိုင်း အားရဝမ်းသာရှိသော အမူအရာမျိုးကို မတွေ့ရပဲ တစ်ပဲ၊နှစ်ပြား အလျော်ရသော လူတစ်ယောက်၏မျက်နှာထားမျိုးနှင့်ခပ်အေးအေးပင် ရှိနေသ်ာကိုတွေ့ရသဖြင့် အံ့သြမိ၏။အလံ ရှူးသည် လူပိန်ကြီး၏ ငွေ တစ်ဆယ် အတွက် အကောက်နှုတ်ပြီး ၂၈ ကျပ် ၂ ပဲ လျော်လိုက်ရာတွင် ထိုသူသည် အရင်းရော လျော်ကြေးပါ သိမ်းယူ၍ ရှေ့၌ရှိသောခုံပေါ်တွင် ပုံထားလေ၏။
အလံရှူးများသည် အလျော်အစား ပေးပြီးနောက် ဂျင်ကိုလှည့်၍ ခွက်နှင့်ဖုံးလိုက်ရာ လူပိန်ကြီးသည် ဂျင်လည်အောင်ပင်မစောင့်ပဲ ရှေ့၌ရှသောငွေ ၂၈ ကျပ် ၂ ပဲကို ဖား ပေါ်သို့ တင်၍ တစ်ကောင်တည်း အော လိုက်ပြန်၏။အလံရှူးများသည် ခွက်ကိုဖွင့်လိုက်ရာ
"ဖားကားရားကွ"ဟု လူတစ်ချို့ကအော်လိုက်ကြ၏။ကျွန်ုပ်မှာ လူပိန်ကြီးကိုတိုး၍ စိတ်ဝင်စားလာခဲ့လေပြီ။ထို့ကြောင့် ထိုသူအား လှမ်းကြည့်မိရာ အခြားဖက်လှည့်၍ဆေးပြင်းလိပ်တစ်လိပ်ကိုမီးညှိ ၍ နေသည်ကိုပင်တွေ့မြင်ရ၏။တုန်လှုပ်ဟန် လက္ခဏာ မူကား အလျင်းပင် မရှိချေ။
တတိယ အကြိမ် မြောက် ဂျင်ကို လှည့်၍ ခွက်နှင့်အုပ် ပြီးသည့်နောက် လူပိန်ကြီးသည် တစ်ရာ ကျော်မျှ ရှိသောငွေအားလုံးကို ကြက် ပေါ်သို့ပုံချ လိုက်ရာ ထိုသူအား စိတ်ဝင်စားနေကြပြီဖြစ်သော လူအုပ်ကြီးမှာ တစ်အံ့တစ်သြဝေဖန်နေကြပြီဖြစ်ရာ လူပိန်ကြီးကမူ ဆေးပြင်းလိပ်ကို ခဲမြဲတိုင်း ခဲ လျက်ရှိ၏။ထို့နောက် ခွက်ကို ဖွင့်လိုက်သောအခါ ကြက် ပင်ကျလေ၏။ကျွန်ုပ်ပင်လျင်မက ပရိတ်သတ် တို့ပါ အံ့အားသင့်သွားကြလေ၏။ဤအချိန်တွင်မူကား အလံရှူးသည် သုံးရာကျော်မျှသောငွေကို မလျော်ချင့်လျော်ချင် လျော်ပေး၍ အလံရှူးပေါက်ဖော် အချင်းချင်း ပွစိ ပွစိ နှင့် စကားပြောကုန်ကြလေ၏။စတုတ္ထ အကြိမ် လူပိန်ကြီးသည် ငွေ လေးရာ ကျော်ကို " ငါးရှဉ့် " ပေါ်သို့ ရှေးနည်းတူတစ်ကောင်တည်း ပုံချ လိုက်ပြန်ရာ ထို အကြိမ်တွင်မူကားအချို့ လူများသည် လူပိန်ကြီးနောက်သို့ လိုက်၍ ထိုးနေကြလေပြီ။အလံရှူး များသည် မိမိတို့၏ အကြီးအကဲအား လှမ်း၍ တိုင်ပင်သေးရာ ပေါက်ဖော်ကြီး ကိုယ်တိုင်ထွက်လာ၍ ဖွင့်သာဖွင့် ဟု အမိန့်ပေးလေ၏။ဖွင့်လိုက်သော အခါ ၌ကား ငါးရှဉ့် ပင်ဖြစ်နေသဖြင့် ဂျင်ဝိုင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားရကား အခြားဝိုင်းမှထိုးသားများသည်ပင် ၎င်းင်းဝိုင်းသို့ ရွှေ့ပြောင်းလာကြ၏။
ပရိတ်သတ်တို့မှာ ထိုအခါတွင် ရုတ်ရုတ်ရက်ရက် ဖြစ်လာကြ၍ လူပိန် ကြီးအနားသို့တိုးဝှေ့ကာ ရောက်လာကြသည်တွင် လူပိန်ကြီးသည် မိမိ၏ ငွေရင်း လေးရာကျော်နှင့် လျော်ကြေး ၁၂၀၀ ကျပ်တို့ကို လှည့်၍မျှမကြည့်ပဲစွတ်ခနဲ ထွက်သွားသဖြင့် ပရိတ်သတ်ကြီးမှာ အံ့အားသင့် လျက် ကျန်နေရစ်ကြလေ၏။
"ဘယ်မလဲ ဟိုလူကြီး ဟိုလူကြီးဘယ်ရောက်သွားသလဲ "ဟု အချင်းချင်းမေးမြန်းကာ လူပိန်ကြီး၏ အပြု အမူကို နားမလည်နိုင်ဖြစ်ကြရလေ၏။
ဒိုင်လူကြီးသည် လူပိန်ကြီးထားခဲ့သော ငွေများကို လူအားလုံးရှေ့တွင်ရေတွက်ကာသိမ်းယူထားပြီးနောက်ဆက်ကစားကြပြန်ရာ ကျွန်ုပ်မှာမူ ၎င်းင်းတို့ကစားဝိုင်းကို စိတ်မဝင်စားတော့ပဲ လူပိန်ကြီးအကြောင်းကိုသာစဉ်းစား၍နေမိသဖြင့် ဂျင်ဝိုင်းမှထွက်ကာ တဲအိမ်သို့ ပြန်လာခဲ့လေ၏။ထိုညတစ်ညလုံးအိပ်မပျော်ပဲလူပိန်ကြီးမျက်နှာသာတစ်ဝဲလည်လည် ပေါ်လာ၍ လူသား စင်စစ် ဟုတ်ပါလေ၏လော မှော် အောင်သည်၊ ခွက်ပေါက် ဆေး ရှိသည်ဆိုသောစကားများမှာ အကယ်ပင် ဟုတ်လေသလော စသည်ဖြင့် အမျိုးမျိုးတွေးတောကာ အိပ်ယာထဲ၌ တလိမ်လိမ် တလွန့်လွန့် ဖြစ်နေလေတော့သည်။
နောက်တစ်နေ့နံနက်၌ အိမ်သားတစ်စုတို့သည်ဘုရားပွဲအနီး၌ရှိသောချောင်းထဲသ်ို့ ရေချိုးရန် ထွက်လာခဲ့ကြရာ ရေဆိပ်သို့ရောက်ကြ၍ လူအများချိုးကြသောနေရာတွင် ရေချိုးမည်ဟု အဝတ်များလဲလှယ်စဉ် ချောင်း၏အထက် ပေ တစ်ရာခန့် ကွာသောနေရာ၌ တစ်ယောက်တည်းရေချိုးလျှက်ရှိသောလူတစ်ယောက်ကို မြင်မိသဖြင့် သတိပြုကြည့်မိ၏။ထိုသူမှာကျောက်တုံးပေါ်တွင်ထိုင်၍ ဆပ်ပြာနှင့် ချေးတွန်းစဉ် ပြိုင်းပြိုင်းထလျက်ရှိသောနံရိုးများကိုမြင်လိုက်ရသဖြင့် ယမန်ညက လူကြီးဖြစ်လေသလောဟုအံ့သြစွာငေးကြည့်စဉ် ကျွန်ုပ်ဖက်သို့မျက်နှာလှည့်လိုက်စဉ် ထိုလူကြီးပင်ဖြစ်ကြောင်း သိရှိရလေသည်။ထိုအခါ ကျွန်ုပ်မှာ ထူးဆန်းသောလူပိန်ကြီးကို တွေ့လိုဇော နှင့် သားမယားများကိုအော်ပြောခဲ့ပြီးလျင် ထိုသူရှိရာသို့ လျှောက်လာခဲ့လေ၏။အနီးသို့ရောက်သောအခါ

ကျွန်ုပ် ။ ။မနေ့ညတုန်းက လေးကောင်ဂျင်ဝိုင်းမှာ ခင်ဗျားထိုးသမျှ တိုက် တာချည်းပါလားခင်ဗျာ၊ခင်ဗျား သိပ်ကံကောင်းတာပဲ

ပိန် ။ ။( မရွှင်သော မျက်နှာဖြင့် ကျွန်ုပ်အားတစ်ချက်လှမ်းကြည့်၍မျက်နှာလွှဲသွားပြီးနောက် )
ကံ အလုပ်လို့ခင်ဗျားထင်သလား ၊ကံအလုပ်ဆိုရင်လည်း ကံကောင်းတာမဟုတ်ဘူးဆရာကြီး ကျုပ်အဖို့ ကံဆိုးတာဗျ

ကျွန်ုပ် ။ ။ ဘယ့်နှယ်ပြောတာလဲဗျာ ခင်ဗျားထိုးသမျှ အားလုံးတိုက်ပြီးလျော်ငြေးတွေရနေတာများ ကံဆိုးသေးလားဗျာ ဒါထက် လျော်တဲ့ငွေတွေကို ခင်ဗျားယူမသွားတာများ သတိရသေးရဲ့ မဟုတ်လား

ပိန် ။ ။ဘယ့်နှယ်မရပဲ နေမလဲ

ကျွန်ုပ် ။ ။နို့ဗျာ ငွေတွေဒီလောက်နိုင်တာ ကံကောင်းတာမဟုတ်သေးဘူးလားဗျ

ပိန်။ ။ကံ ဆိုတဲ့အလုပ်ဟာ မတော်တစ်ဆဖြစ်မှ ကံလို့ဆိုနိုင်တယ်ဗျ ကျုပ်အလုပ်က မတော်တစ်ဆ မဟုတ်ဘူး ဘာကောင်ပေါ်လိမ့်ဆိုတာသေသေချာချာ သိပြီးသားဗျ

ကျွန်ုပ် ။ ။အခါတိုင်းပဲ ခင်ဗျား သိသပေါ့လေ

ပိန် ။ ။ခါတိုင်းပဲ ကျုပ်သိတယ် ဒါကြောင့်ကျုပ်မှာအခက်တွေ့နေတာပေါ့ဗျ ဒီပွဲကို ကျုပ်လာရခြင်းကလည်း ကျုပ်ဆရာဝန်က အိမ်ထဲမှာချည်း တကုပ်ကုပ် တွေးမနေနဲ့တဲ့ ပွဲလမ်းသဘင် နဲ့ စည်စည်ကားကားရှိတဲ့ နေရာကို လျှောက်လည်ရမယ်ဆိုလို့ ကျုပ်လာခဲ့တာပါဗျာ

ကျွန်ုပ် ။ ။ သြော် ခင်ဗျားက မကျန်းမာဘူးလား

ပိန် ။ ။မကျန်းမာတာတော့မပြောနဲ့တော့ ကျုပ်ရောဂါကလည်း သိပ်ဆန်းတဲ့ရောဂါဗျ အစဉ်အလာဖောက်ပြီး တစ်ခုတစ်ခု ကွဲလွဲလာရင် ရောဂါလို့ဆိုရမယ်တဲ့ဗျ

ကျွန်ုပ် ။ ။ဖြစ်မှ ဖြစ်ရလေ့ဗျာ ကြိုတင်ပြီးသိတာကိုရောဂါလို့ဆိုရင် ဒီရောဂါမျိုးကျွန်တော်ဖြစ်စမ်းချင်ပါတယ်

ပိန် ။ ။မထင်နဲ့ဆရာကြီး ခင်ဗျားကတစ်ကယ်မဖြစ်သေးလို့ပြောတာ ကျုပ်မှာဖြင့် ကြိုတင်သိရတဲ့အတွက် ဒုက္ခဖြစ်နေတာ လက်တွေ့ပဲ

ကျွန်ုပ် ။ ။ပြောစမ်းပါဦးဗျာ နောင်အဖြစ်ကိုကြိုတင်ပြီးသိထားတာနဲ့ ဘယ့်နှယ်လုပ်ပြီး ဒုက္ခ ဖြစ်ရမလဲဗျာ

ပိန် ။ ။ဒီလိုဗျ ပထမတော့ အိပ်မပျော် စားမဝင်တဲ့ ခွန်အားနည်းတဲ့ရောဂါ စွဲကပ်နေတယ် တစ်နေ့တော့ လူတစ်ယောက်က မိုးတွေအုံ့ နေတာတွေ့လေတော့ သူ့ကိစ္စအတွက် ခရီးထွက်လို့တော်ပါ့မလား လို့ ညည်းတွားနေတုန်း ဗြုန်းဆို ကျုပ်က
သွားသာသွားပါ မိုးမရွာပါဘူး ည ၁၂ နာရီလောက်မှရွာမှာပါ လို့ပြောလိုက်မိတယ်
ပြောလိုက်တုန်းကတော့ စိတ်ထဲထင်တာကိုရမ်းပြောလိုက်သလိုပြောလိုက်မိတာပဲ ပြောတဲ့အတိုင်းပဲ တစ်နေ့လုံး မိုးမရွာပဲ ည ၁၂ နာရီတိတိ မှာမှ မိုးတွေရွာချလာတယ် ပထမတော့ ကျုပ်က မတော်တစ်ဆ ဖြစ်လေသလားလို့ အောက်မေ့မိသေးတယ် ဒါနဲ့ နေရာမှာထိုင်ရင်း ငါးမိနစ် ဆယ်မိနစ် တင်ကူးပြီး အဖြစ်အပျက်လေးတွေကို တွေးတွေးကြည့်လိုက်တော့ သ့အချိန်စေ့တော့ ကျုပ်ထင်တဲ့အတိုင်းဖြစ်လာတာချည်းပဲ သိသိချင်းပထမတော့ အံ့သြသွားတယ်ဗျာ နောက်တော့ကြောက်လာတယ် နောက်တော့တစ်ခါ ဝမ်းသာပြန်ရော အားလုံးပေါင်းကြည့်လိုက်ရင် ကြောက်တဲ့ဖက်က များနေတယ်ဗျ စိတ်ထဲမှာလုံးလုံးနေလို့မကောင်းဘူး ခင်ဗျားကတော့ ဒါကို အဖိုးတန်တယ်လို့ထင်ကောင်းထင်လိမ့်မယ် သို့သော် ကျုပ် တစ်ခုပြောပြမယ် ဘာနဲ့ အလားသဏ္ဏန် တူလဲဆိုတော့ မီးရထားလမ်းပေါ်မှာ ကြိုးနဲ့တုတ်ပြီးချထားတော့ ရထားကြီးခုတ်လာလို့ ကိုယ့်ကိုကြိတ်တော့မယ်ဆိုတာ သိရသလို ဘာမှလည်းမတတ်နိုင်ပဲ ငုတ်တုတ်ခံနေရရင် ခင်ဗျားစိတ်ထဲ ဘယ့်နှယ့်ဖြစ်မလဲ

နောင်အဖြစ်ကိုကြိုတင်ပြီးသိရင် လောကမှာ ငွေဝင်စရာနည်းလမ်းတွေအများကြီးရှိမယ်လို့ ခင်ဗျားကဆိုလိမ့်မယ် ဘယ်နေ့ ဘယ်ရက်မှာ ဘယ်လို ဘေးအန္တရာယ်မျိုးနဲ့ သေရလိမ့်မယ်လို့ ကြိုတင်ပြီးသိထားနှင့်တဲ့ လူတစ်ယောက်အတွက်မှာ ငွေဟာ ဘာလုပ်ဖို့လဲဗျ ကျုပ်မှာတော့ နောက် သုံး လေး နှစ်ကြာရင် ဘယ်လိုသေပုံသေနည်းနဲ့ သေရမယ်ဆိုတာသိနေလေတေျာ့
အာရုံငါးပါးထဲက ဘယ်အရသာမျိုးပေးပေး ကျုပ်အဖို့တော့ ခြောက်ကပ်ကပ်ကြီးဖြစ်နေတော့တာပဲ ကျုပ်သေရမဲ့ နေ့ကို ကျုပ်သိရတဲ့အချိန်ကစပြီး တဖြည်းဖြည်း ချုံးလာလို့ တစ်နေ့ထက်တစ်နေ့ အသားအရေ ဆုတ်ယုတ် ပြီး သူများရယ်လားမောလားကြည်ရွှင်နေရင် ထစ်ကနဲဆို စိတ်ပေါက်ချင်ပြီးလူမြင်သမျှကို ရန်သူချည့်အောက်မေ့တော့တာပဲ ဒီတော့ ကျုပ်ဘာလုပ်သလဲသိလား

ကျွန်ုပ် ။ ။ ဆိုစမ်းပါဦးဗျာ

ပိန်။ ။ကျုပ်တစ်ယောက်တည်းတော့ စိတ်ညစ်မခံဘူး ဒီ့ပြင်လူတွေကိုလည်းကျုပ်လိုစိတ်ညစ်အောင် လုပ်မယ်ဆိုပြီးသူတို့အကြောင်းကျုပ် သိသမျှ ကို ကြို တင်ပြီးပြောထားတာပဲ

ဥပမာ ဆိုရင် ရှေးနှစ်ခါ ဇူလိုင် ၁၉ ရက်နေ့မှာ ခင်ဗျား ဘာဖြစ်လိမ့်မယ်ဆိုတာ ကျုပ်သိတယ် ကျုပ် သိသမျှ ပြောပြလိုက်ရင် ခင်ဗျား စိတ်ချမ်းသာမှာ မဟုတ်ဘူး
------------------

ထိုအခါကျွန်ုပ်မှာ လူပိန်ကြီးပြောသမျှကိုမယုံ့တစ်ယုံပင်ရှိသေးသော်လည်း ရင်ထဲက ဒိတ်ခနဲ ဖြစ်သွားမိ၏။၎င်း၏ စကားအတွက်ကြောင့် စိတ်၌ ထိခိုက်မိသွားသည်ကို လူသိမခံစေလိုသဖြင့် ဟန်ဆောင်ကာ အရေးမကြီးလှသော အမူအရာနှင့် ချောင်းထဲ၌မျော ပါသွားသော ဗေဒါပင်များကို အာရုံစိုက်နေဟန် ဆောင်သော်လည်း မတတ်နိုင်သဖြင့် လူပိန်ကြီး၏မျက်နှာကိုတစ်ဖန် ပြန်၍ကြည့်မိပြန်သည်။

ကျွန်ုပ် ။ ။ နေစမ်းပါဦးဗျ ခင်ဗျားခုနကပြောတဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်တော့်အဖို့ဘာဖြစ်မှာလဲပြောပြစမ်းပါ

ပိန် ။ ။ မသိချင်ပါနဲ့ဗျာ ခင်ဗျားစိတ်ချမ်းသာမှာမဟုတ်ဘူး

ကျွန်ုပ် ။ ။ဘယ်လိုပဲဖြစ်ဖြစ်သိပါရစေလားဗျာ ပြောသာပြောပါ

ပိန်။ ။နေဦး ကျုပ်တစ်ခုပြောဦးမယ် ဒီဘုရားပွဲက ခင်ဗျား ရုတ်တရက်မပြန်သေးဘူးမဟုတ်လာ

ကျွန်ုပ်။ ။သန်ဘက်ခါ ပြန်မယ် အောက်မေ့တယ်

ပိန် ။ ။ကောင်းပြီ ဒီကနေ့တစ်ညရယ် ၊ နက်ဖန်ခါ တစ်နေ့ရယ် ခင်ဗျားစဉ်းစားချေဦး စဉ်းစားပြီးနောက်သိချင်ပါသေးတယ်ဆိုရင် နက်ဖန် ည ၉ နာရီ လောက်မှာ ၃၆ ကောင်တန်းလျားကို လာခဲ့ပေတော့

ကျွန်ုပ်သည် လူပိန်ကြီးအားချက်ချင်းပြောရန် အတန်တန်တိုက်တွန်းပါသော်လည်း ကျွန်ုပ်အားသနားသဖြင့် စဉ်းစားရန် အချိန်ပေး ခြင်းဖြစ်ကြောင်း အခြားလူများကိုမူ မေးသည်နှင့်တစ်ပြိုင်နက် ဖွင့်၍ပြောခဲ့ကြောင်း မေးမိသည့် အတွက်လည်းနောင်တရ၍မဆုံးနိုင်အောင် ရှိနေလိမ့်မည့်အကြောင်း များသတိပေး ကာအတင်းငြင်းဆန်နေသဖြင့် လက်လျှော့လိုက်ရလေ၏။

ယင်းသို့စကားပြောဆိုလျက်ရှိစဉ် အသက် ၅၀ အရွယ်ခန့်ရှိ အထက်တန်းစားတရုတ်လူမျိုးတစ်ယောက် ၏အမူအရာရှိသော ပေါက်ဖော်ကြီး တစ်ယောက် သည် တပည့် တစ်ယောက်နှင့် အတူ ဝင်လာကြလေရာ လူပိန်ကြီးသည် ဧည့်သည်များကို နေရာထိုင်ခင်းပေးပြီး နောက်

ပိန်။ ။ထောင်ကဲကြီးက ကျွန်တော်နဲ့တွေ့ချင်နေတယ်ထင်တယ် ကိုင်း ပြောစရာရှိတဲ့စကားကိုပြောပါ ဟောဒီ ကျွန်တော့မိတ်ဆွေ ကိုဘယ်လိုမှ သဘောမထားပါနဲ့ ပြောချင်တဲ့စကားကို သူ့ရှေ့မှာ ပြောနိုင်ပါတယ်

ထောင်ကဲ ။ ။( အနည်းငယ် ဆိုင်းငံ့နေပြီးနောက် ) မနေ့ညတုန်းက ဂျင်ဝိုင်းမှာ ခင်ဗျားနိုင်ထားတဲ့ငွေတွေ ကျွန်တော်ကိုယ်တိုင်လာပို့ပါတယ်

ပိန်။ ။ကျေးဇူးတင်ပါတယ် ထောငိကဲ သို့ပေမယ့်လဲ ကျွန်တော့မှာ လောလောဆယ် ငွေ အရေးမကြီးသေးပါဘူး ဒါဖြင့် ဒီလိုလုပ်ပေတော့ဗျာ ကျွန်တော်နိုင်ခဲ့တဲ့ ငွေကိုတစ်ဝက်ခွဲပြီး ခင်ဗျားတို့ တရုတ်ကျောင်းဆောက်ဖို့ကိုလှူ လိုက် ခင်ဗျားတို့ ဆေးရုံကြီးအတွက်တစ်ဝက် ခင်ဗျားကိုယ်တိုင်ပဲလှူ လိုက်ပါတော့ဗျာ

ထိုခါ ထောင်ကဲကြီးမှာ ထူးဆန်းသောလူပိန်ကြီး၏ အပြုအမူကိုနားမလည်နိုင်သဖြင့် စဉ်းစားတွေဝေကာရှိပြီးနောက်

ကဲ ။ ။ကျွန်တော်တစ်ခုမေးပါရစေ ဒီဘူရားပွဲမှာ ခင်ဗျားကြာကြာနေဖို့ စိတ်ကူးရှိသလား

ပိန် ။ ။ဒါတော့မဆုံးဖြတ်ရသေးဘူးဗျာ

ကဲ ။ ။ဒါဆိုလည်း ဒီပွဲတော်မှာ ရှိတဲ့အချုက်မှာ ကျွန်တော်တို့ဂျင်ဝိုင်းကို လာဖို့ စိတ်ကူးပါသေးလား

ပိန် ။ ။ဒါလည်း ကျွန်တော်အမှန်မပြောနိုင်သေးဘူး

ထောင်ကဲကြီးသည် မေးစေ့ကိုပွတ်ကာစိတ်ကူးရင်း

ကဲ ။ ။ဒီလိုလုပ်ပါ ဆရာကြီး ကျွန်တော်တို့ပြောချင်တာက ဒီပွဲတော်မှာ ဆရာကြီးမနေပဲ မြန်မြန်ပြန်သွားလို့ရှိရင် ကျွန်တော်တို့အဖွဲ့က စရိတ်စက ထောက်ပံ့ပေးချင်လို့ပါ ဒါကြောင့်မို့

ပိန် ။ ။ကိစ္စမရှိပါဘူး ကျုပ်ကငွေအရေးကြီးတဲ့လူမဟုတ်ဘူး ကျွန်တော်နိုင်ထားတဲ့ငွေတွေတောင် ထားပစ်ခဲ့တာ ခင်ဗျားမြင်တယ်မို့လား

ကဲ ။ ။မှန်ပါတယ်ဆရာကြီး ဆရာကြီးက အားကြီးကံကောင်းတဲ့ လူပဲ

ပိန် ။ ။လာပြန်ပြီ တစ်ယောက် ကံကောင်းတာမဟုတ်ဘူးဗျ ဘာကောင်ပေါ်လိမ့်မယ်ဆိုတာ ကျုပ်ကသေသေချာချာ သိထားတယ် ခင်ဗျား တို့ကယုံမှာမဟုတ်ဘူး ကိုင်း ကိုင်း လာကြစမ်းလ ကျုပ်ပြမယ်

ဟုဆိုကာ ထိုင်ရာမှ ထ၍ကားလမ်းဖက်သို့ မျက်နှာမူလိုက်လေသည်။ကျွန်ုပ်တို့ ထိုင်လျက်ရှိသော နေရာမှ တစ်ဖာလုံခန့်ဝေးသောအရပ်တွင် ကားလမ်းကြီးရှိလေရာ ၎င်းလမ်းပေါ်၌ လှည်းများ ၊ မော်တော်ကားများ နှင့် လူများသည် အသွားအပြန်ကူးသန်းလျက် ရှိကြလေ၏။

ပိန် ။ ။ကိုင်း ဟောဒီကရပ်ကြည့် ရင် ကားလမ်းကိုမြင်တယ် မို့လား ၊ခင်ဗျားတို့ကြည့်နေကြ ဘယ်သူဘယ်ဝါတွေလာမယ်ဆိုတာ ကြိုတင်ပြီးကျုပ်ပြောပြမယ် ကြည့်နေကြနော် ဟော လက်ယာဖက်က ဘက်စ်ကားအစိမ်းကြီးတစ်စီး ခရီးသည်တွေအပြည့်နဲ့ မောင်းလာလိမ့်မယ်

ဟုပြော၍ ၁၀ စက္ကန့်မျှ မကြာခင် ၎င်းပြောသည့်အတိုင်းခရီးသည်အပြည့်နှင့် ကားစိမ်းကြီးတစ်စီး မောင်းနှင်လာသည်ကို တွေ့ကြရသည်။၎င်းနောက်

ပိန် ။ ။ ဟောအခု လာမှာက နွားလှည်းကြီးဗျ ၊ လက်ဝဲဖက်က နွားကြား ကြီး လက်ယာဖက်က နွားနက်ကြီး လှည်းသမားက ခမောက်ဆောင်းလို့ လှည်းပေါ်မှာ ရှမ်းအမျိုးသမီးနှစ်ယောက် နဲ့ ယောက်ျား တစ်ယောက် ပါတယ်

ဟုပြောပြီးသည်နောက်မကြာမီအတွင်း ၎င်းပြောသည့် အတိုင်းပင် မောင်းနှင်လာသည်ကို တွေ့ကြရလေသည်။ထို့နောက် ဘယ်ဖက်က ဘာ လာ တယ် ဘယ်လို လူတွေ လာ တယ် စသဖြင့် သူပြောသမျှ အားလုံး ကိုတွေ့မြင် ကြရလေသည်။တစ်ဖက်မှာ ချုံတောကြီးနှင့် ကျန်တစ်ဖက်မှာ ဇရပ်ကြီးများကို ကျော်လွန်၍ ရုတ်တရက်ထွက်ပေါ် လာကြခြင်း ဖြစ်သောကြောင့် ကြို တင်တွေ့မြင်နိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်လေရကား ထောင်ကဲကြီး ဆရာတပည့် နှင့် ကျွန်ုပ် တို့မှာ လူပိန်ကြီး၏ ကြို တင်သိမြင်နိုင်သည်ဆိုသော အစွမ်းသတ္တိကို မယုံကြည်ပဲ မနေနိုင်အောင် ဖြစ်နေကြတော့သည်။

ထောင်ကဲကြီးတို့သည် လူပိန်ကြီး ၎င်း တို့ဆီသို့ လာရောက်ကစားမည်ကို စိုးရိမ်သောကဖြစ်ရင်း ကောင်းစွာ စိတ်မချနိုင်သော လက္ခဏာရှိသော်လည်း ဆရာတပည့်နှစ်ယောက်တို့သည် ပြန်သွားကြလေ၏။၎င်းတို့ထွက်သွားပြီးနောက်

ပိန် ။ ။ဘယ့်နှယ်လဲဗျ ခင်ဗျားမြင်လိုက်တယ် မဟုတ်လား ပေါက်ဖော် နှစ်ယောက်တော့ အတော်စိုးရိမ်သွားကြပြီ ကျုပ်က ဒါမျိုးကြည့်ချင်တာဗျ ဟုပြောရင်း ပျော်ရွှင်ဟန်နှင့် ရယ်မောလျှက်ရှိလေ၏။

လူပိန်ကြီးသည် ပေါက်ဖော် များက ၎င်းတို့ကစားဝိုင်းသို့ လာမကစားရန် တောင်းဆိုသော်လည်း သေချာကတိမပေး ပဲ " ထောင်ကဲ တို့နစ်နာ အေါင်မလုပ်ပါဘူး " ဟုသာ ပြန်ပြော ခဲ့၏ ။

ကျွန်ုပ်သည် လူပိန်ကြီး၏ အခန်းထဲမှ ထွက်လာခဲ့သော်လည်း မိမိအခန်းသို့ ပြန်ရောက်သောအခါ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျွန်ုပ်အဖို့ မည်ကဲ့သို့ဖြစ်ရမည်ကို ထိုလူပိန်ကြီးအားမေးထိုက် မမေးထိုက် စဉ်းစား နေမိလေတော့သည်။

------------------
ထိုလူပိန်ကြီး ပြောလိုက်သော အကြောင်းအရာနှင့်ပတ်သက်၍ ဇနီးသည်အား ဖွင့်ဟတိုင်ပင်ရန် ကြံစည်လိုသော်လည်း မိန်းမတို့ မည်သည်မှာ သာ၍ ထိတ်လန့်တုန်လှုပ်တတ်သည့်ပြင် သိချင်သောအရာဌာနတွင်လည်းယောက်ျားများထက်ကဲလွန်းသောကြောင့် မေးမြန်းဖို့တိုက်တွန်းတော့မည့်အဖြစ်ကိုသိသဖြင့်မတိုင်ပင်ဘဲနေခဲ့လေသည်။
ထိုညတွင်ကျွန်ုပ်မှာ တစ်မှေးမှ မအိပ်နိုင်ပဲ ၎င်းပြသနာကိုအပြန်ပြန်အလှန်လှန် စဉ်းစားလျှက်ရှိ၏။အမှန်ပြောရလျှင် ကျွန်ုပ်သည် သူတစ်ပါးစိတ်မချမ်းသာသည်ကို အရသာခံစားတတ်သည့် လူပိန်ကြီးကို ရွံ့မုန်းလာသည်ဖြစ်၍ ဤလူကြီးနှင့်တွေ့ရခြင်းသည် ကျွန်ုပ်အဖို့ စိုးရိမ်သောကဖြစ်စေဖို့ ကြမ္မာငင် ခြင်းပင်ဖြစ်ချေသည်ဟု အောက်မေ့မိပေ၏။
နံနက်လင်းသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် လူပိန်ကြီးအား မေးရန်ရှိသောစကားကို ညဉ့်အချိန်တိုင်အောင်မစောင့်နိုင်တော့ပဲ ယခုချက်ချင်းပင် ပြောပါရန် တောင်းပန်မည့်အကြံနှင့် ၎င်းတည်းခိုသော အခန်းသို့သွားရောက်ရာ ထိုနေရာသို့ရောက်သောအခါ ထိုလူကြီးတည်းခိုသောနေရာတွင် ဗလာဟောင်းလောင်းဖြစ်နေသည်ကို တွေ့ရသဖြင့် ထိတ်ကနဲ ဖြစ်သွားမိ၏။၎င်းနောက် ထိုနေရာနှင့်ကပ်လျက်ရှိသော အခန်းမှလူများကို စုံစမ်းမေးမြန်းရာတွင် ထိုနေ့ နံနက်လင်းသည်နှင့်တစ်ပြိုင်နက် ထိုလူပိန်ကြီးသည် ၎င်း၏ တပည့် နှစ်ယောက်နှင့်အတူ ထွက်သွားကြပြီဖြစ်ကြောင်း သိရှိရ လေရကား ကျွန်ုပ်၏ စိတ်ထဲမှာ မည်သို့ဖြစ်သွားသည်ကို ရေးသားဖော်ပြခြင်းငှာ မတတ်နိုင်ပဲ မြေပေါ်မှာ ကျွမ်းလှိမ့်၍ထိုးလိုက်ချင်သကဲ့သို့ ဖြစ်သွားလေတော့၏။
ကျွန်ုပ်မှာ လူပိန်ကြီးနှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ရသော်လည်း ၎င်း ၏ အမည်နာမနှင့် နေရပ်လိပ်စာတို့ကိုမမေးမိခဲ့သဖြင့် စိတ်ထဲ၌မချင့်မရဲဖြစ်မိလေ၏။
ကျွန်ုပ်သည် တည်းခိုသောအခန်းသို့ပြန်ရောက်သောအခါ ရပ်တည်ရာမရပဲ အိမ်မြှောင်အမြီးပြတ်သကဲ့သို့ ဂဏှာမငြိမ် ရှိနေရာ အိမ်သားများက မည်ကဲ့သို့ဖြစ်ခဲ့ပါသနည်းဟု မေးမြန်းကြ၏။သို့ရာတွင် ၎င်းတို့အားရှင်းလင်းပြောပြခြင်းအားဖြင့် အကျိုးမရှိသည့်ပြင် ၎င်း တို့သည်ပင် ကျွန်ုပ်ကဲ့သို့စိတ်ထဲ၌ အနှောင့်အယှက်ဖြစ်မည်ကို သိရှိသဖြင့် ထိုအကြောင်းကို မပြောပြတော့ပဲ " ကိစ္စမရှိပါဘူးကွယ် ဘာမှအရေးမကြီးပါဘူး " ဟူ၍သာ ပြောထားလိုက်ရလေ၏။သို့ပါသော်လည်းအိမ်ရှင်မသည် ကျွန်ုပ်၏ အမူအရာ ကိုမကျေနပ်သဖြင့် ကျွန်ုပ်၏ မျက်နှာကိုသာ အကဲခတ်လျက်ရှိလေ၏။
ကျွန်ုပ်တို့သည် ၁၉၄၆ ခုနှစ် တပေါင်းလတွင်ဘဘော်ကြို ဘုရားပွဲမှ ပြန်လာခဲ့ကြ၍ ထိုနှစ်မကုန်မချင်း လူပိန်ကြီးကို ထောက်လှမ်းစုံစမ်းလာခဲ့ ရာ အမည်ကိုလည်းမသိ နေရပ်ကိုလည်းလုံးဝမမေးမိခဲ့သော လူတစ်ယောက် ကိုရှာဖွေရန်မှာ ကောက်ရိုးပုံထဲ၌ပျောက်ဆုံးသောအပ်တစ်ချောင်းကို ရှာရသောကိစ္စထက် လွယ်ကူလှသည်မဟုတ်ချေ ။
လူတို့၏သဘောမှာ တစ်စုံတစ်ခုသောအရာကို သိလိုသော သဘောနှင့် မျှော်လင့်စောင့်စားလျက်ရှိစဉ် စိတ်ထဲ၌ ခိုးလို့ခုလုဖြစ်၍ ရပ်တည်ရာမရဘဲဖြစ်တတ်သော်လည်းစိတ်ပြေသောလူအနည်းငယ် တို့မှာမူကား တစ်ခုသောအရာကို လက်လျှော့လိုက်သည်နှင့်တစ်ပြိုင်နက် အထိုက်အလျောက်သက်သာရာ ရတတ်သေးသည်။ကျွန်ုပ်အဖို့မှာမူ ၎င်းနှစ်စေ့ကုန်၍ ဇန္နဝါရီ လဆန်းသည်နှင့်တစ်ပြိုင်တည်း လုံးဝလက်လျှော့ခဲ့သော သံန္နိဌာန် ကြောင့် မအိပ်နိုင် မစားနိုင် သောအဖြစ်မှသည် အတော်အတန်သက်သာရာရခဲ့၍သားမယားများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်လာကြသည်။သားသမီးများကို မသိစေသော်လည်း ဇနီးဖြစ်သူ ကိုမူကား လူပိန်ကြီးအကြောင်းကို အလုံးစုံ ပြောပြခဲ့လေသည်။ဇနီးမှာ ကျွန်ုပ်အား စိတ်သက်သာရာရစေသောငှာ ဘုရားရဟန္တာ မဟုတ်သူ တစ်ယောက်၏စကားကို ယုံကြည်ဖို့မထိုက်သဖြင့် စိုးရိမ်သောကမဖြစ်ပဲ နေမြဲအတိုင်းသာပင် လုပ်ကိုင်နေထိုင်စားသောက် ဖို့ အားပေးစကားပြောကြား၏။၎င်းကိုယ်တိုင်မှာ မယုံကြည်ဟန်ပြသော်လည်း မိန်းမသားဖြစ်သည့်အလျောက် လူပိန်ကြီး၏စကားကို ကျွန်ုပ်ထက်ပင် လေးစားဟန်တူသော်လည်း ယောက်ျားစိတ်သက်သာခွင့်ရအောင် မထီမဲ့မြင် ပြုလုပ်ကာ ဟန်ဆောင်ပြောဆိုသည့်လက္ခဏာရှိ၏။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ကျွန်ုပ်သည် ကိစ္စတစ်ခု နှင့် သာစည် မှ မြင်းခြံ သို့သွားသောမီးရထား ပေါ်တွင်ဒုတိယတန်းတွဲဖြင့် လိုက်ပါသွားရာ မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ထိုင်လျက်ရှိသောထိုသူသည် အိမ်သာခန်းသို့ထသွား၍ပြန်လာသောအခါ တွင်မှ ထိုသူ၏မျက်နှာကို သေချာကြည့်မိ၏။မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သည် ထိုသူကိုမြင်ဖူးပါသည်ဟု စိတ်ထဲ၌ အောက်မေ့မိသော်လည်း မည်သည့်နေရာတွင်တွေ့ခဲ့ဖူးသည်ဟူ၍မူကား အလျင်းပင်ဖော်ပြ၍ မရနိုင်အောင် ဖြစ်နေ၏။
စဉ်းစား၍မရသည့်အဆုံး လက်မှသတင်းစာကို ချကာ " မိတ်ဆွေကို ကျွန်တော်မြင်ဖူးတယ် ထင်ပါတယ် "ဟုလှမ်းပြောလိုက်ရ၏။ထိုသူသည်လည်း သတင်းစာကိုချပြီးနောက် ကျွန်ုပ်မျက်နှာကို စေ့စေ့ ကြည့်ပြီးနောက်

ထိုသူ ။ ။ကျုပ်ကလည်း ခင်ဗျားကိုမြင်ဖူးတယ် ထင်တာပဲ နေစမ်းပါဦး ဘော်ကြို ဘုရားပွဲကို ခင်ဗျား ရောက်ဖူးလား

ကျွန်ုပ် ။ ။ မနှစ်တပေါင်းလက တစ်ခေါက်ရောက်ဖူးတယ်

ယင်းကဲ့သို့ ဖြေဆိုစဉ်တွင် ကျွန်ုပ်သည်လူပိန် ကြီးကို ရုတ်တရက် သတိရလာ၍ ၎င်း ၏ မျက်နှာနှင့် ကျွန်ုပ်၏ရှေ့၌ရှိသောသူ၏ မျက်နှာတို့ကို နှိုင်းယှဉ် ကြည့်ရာတွင် မျက်လုံး ၊ မျက်ခုံး ၊နှာတံ စသော အင်္ဂါအစိတ်အပိုင်းတို့၏ တူညီသောအဖြစ်ကို ရုတ်တရက်သိမြင်သဖြင့် စိတ်ထဲတွင်ထိတ်ကနဲ ဖြစ်သွားမိလေ၏။

ထိုသူ ။ ။ ဟုတ်ပြီဗျို့ ကျုပ်သတိရလာပြီ။ခင်ဗျားကို ဘော်ကြို ဘုရားပွဲမှာတွေ့ဖူးတယ်

ကျွန်ုပ် ။ ။ကျွန်တော်လည်းသတိရပြီ ၊ ခင်ဗျားပြောဖူးတဲ့စကားကြောင့် ကျွန်တော့မှာနေမထိထိုင်မသာ ဖြစ်ပြီး စိတ်ဆင်းရဲလိုက်သည့်ဖြစ်ခြင်း ဘာပြောကောင်းမလဲ ဆရာကြီးရယ် ။ခင်ဗျားက နောက်နေ့ညကျမှ ပြောမယ်ဆိုပြီးဘယ့်နှယ်ကြောင့် ရုတ်တရက်ပျောက်သွားရတာလဲ

ထိုသူ ။ ။ သည်းခံပါဗျာ အိမ်ကလသားမယားများက အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ အခေါ်လွှတ်လိုက်တဲ့လူက ည တွင်းချင်းရောက်လာလို့ ခင်ဗျားနဲ့ချိန်းထားတာကို လုံးဝသတိမရပဲ မိုးလင်းလင်းချင်းထွက်ခဲ့ရလို့ပါဗျာ ကတိထားခဲ့မိလို့ရှိရင်ကျွန်တော့အပြစ်ကို ကိုကျွန်တော်တောင်းပန်ပါတယ်ဗျာ

ကျွန်ုပ် ။ ။ ခင်ဗျားကိုကျွန်တော်လိုက်ရှာလိုက်တာဟာ ဘယ်မှာမှ သတင်းမကြားရလို လုံးဝ လက်လျော့ ပစ် လိုက်ရတာ လေး ငါး ရက်ပဲရှိပါသေးတယ် ကိုင်းဗျာ ဒီဟာတွေအသာထားပြီး ဒီနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျွန်တော့အတွက်ဘာဖြစ်မယ်ဆိုတာသာပြောပြပါတော့ခင်ဗျာ

ကျွန်ုပ်၏စကားကိုကြားသောအခါ ထိုလူသည် စဉ်းစားသောအမူအရာနှင့် ဦးခေါင်းကို အခါခါပွတ်သပ်ပြီးနောက် ကျွန်ုပ်၏မျက်နှာကိုကြည့်လျှက်

ထိုသူ ။ ။ သည်းခံပါဗျာ ကျွန်တော်တစ်ခုမှ မမှတ်မိတော့လို့ပါ ၊ဟိုတုန်းက ရောဂါ စွဲကပ်လို့ ကျွန်တော့ဦးနှောက်ထဲမှာ ထင်မိထင်ရာတွေ ထင် ၊ပြောမိပြောရာ တွေပြောခဲ့တာ အခုတော့ဘိလပ်က ရောက်လာတဲ့ ဆရာဝန်နဲ့ကုသလို့ ကျွန်တော့ရောဂါပျောက်သွားပြီ ဟိုတုန်းကဟာတွေကိုကျွန်တော် ဘာမှ မမှတ်မိတော့ပါဘးဗျာ။ဒီရောဂါပျောက်သွားကတည်းကကျွန်တော့မှာ စားလို့သောက်လို့ကောင်းပြီး ဝဝ ဖြိုးဖြိုး ဖြစ်လာတာ ခင်ဗျားမြင်တဲ့ အတိုင်းပါပဲ

ကျွန်ုပ် ။ ။ခင်ဗျား စားသောက်ကောင်းလာတာက ဟုတ်ပါရဲ့ ၊ခင်ဗျားပြောဖူးတဲ့ စကားကြောင့် ကျွန်တော် မစားနိုင် မသောက်နိုင် ဖြစ်နေတာကခက်တယ် ဆရာကြီးရဲ့ ၊သေချာကြိုးစားပြီး စဉ်းစားကြည့်ပါဦး ဗျာ

ထိုသူသည် ဦးခေါင်းကိုပွတ်ကာ တစ်မိနစ်မျှ စဉ်းစားပါသော်လည်း အချီးနှီး ပင်ရှိလေတော့သည်။ထိုအတောအတွင်း၌ ကျွန်ုပ်စိတ်ထဲမှ အကြံဖြစ်ပေါ်မိသည်မှာ ထိုလူသည် ကျွန်ုပ် စိတ်ဆင်းရဲစေသောစကားကို ပြောဖူးသည်၊ ယခုအခါ၌ ထိုလူသည် သုံး နှစ်စေ့သောအချိန်တွင် ၎င်း အဖို့မည်သို့ ဖြစ်လိမ့်မည် ဟူသောအခြင်းအရာကို ၎င်းအားသတိပေးလိုက်ရလျှင် ကောင်းလိမ့်မည် မဟုတ်လော ဟု စိတ်ထဲ၌ဖြစ်ပေါ်လာခဲ့၏။သို့သော် ထိုသူ သည် ၎င်း၏စကားတစ်ခွန်းအတွက်ကြောင့် ကျွန်ုပ်၌ စိတ်ဆင်းရဲ ရသည်ဆိုခြင်းကို ယူကြုံး မရရှိနေသောအမူအရာနှင့် ကျွန်ုပ်အား အတန်တန် တောင်းပန်စကားပြောကြားနေရကား လက်စားချေချင်သောဆန္ဒသည် စိတ်ထဲမှတစ်ဖြေးဖြေးလျော့သွားလေတော့သည်။မကောင်းသည်ကို မကောင်းခြင်းဖြင့်တုန့်ပြန်ခြင်းသည် သဘောထားကြီးရင့်သူတို့၏ အကျင့်မဟုတ်သည့်အဖြစ်ကို ကျွန်ုပ်စဉ်းစားမိလေ၏။

ထိုသူ ။ ။အလကားပါ မိတ်ဆွေ ဟိုတုန်းက ကျွန်တော်ပြောတာတွေကိုမယုံပါနဲ့ ကျွန်တော့ ဦးနှောက်က ရောဂါစွဲကပ်နေလို့ ထင်မိထင်ရာတွေလျှောက်ပြောနေတာပါဗျာ အဘိညဉ် မရပဲနဲ့ နောက်ဖြစ်မယ့် အခြင်းအရာကို ကြို တင်ပြီးပြောနိုင်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလားဗျ

ထိုခဏ၌ ဟုတ်နိုင်သည်ဖြစ်စေ မဟုတ်နိုင်သည်ဖြစ်စေ သုံးနှစ်စေ့ရောက်သောအခါ၌ ၎င်းအဖို့ တစ်စုံတစ်ခုဖြစ်လိမ့်မည် ဟူသောအခြင်းအရာကို ပြောလိုက်ချင်သောစိတ်သည် လှုတ်လှုတ်ရှားရှား ဖြစ်လာပြန်သည်။သို့ရာတွင်၎င်းစိတ်ကိုနှိပ်နှင်း၍

ကျွန်ုပ် ။ ။မဟုတ်နိုင်ဘူးဆိုပေမယ့် ဂျင်ဝိုင်းမှာ ခင်ဗျားပြောသွားတာတွေ အကုန်လုံးမှန်နေတယ်နေတယ်ဗျ

ထိုလူ ။ ။ကံအားလျော်စွာ မှန်ချင်လို့မှန်တာတွေပါဗျာ

ကျွန်ုပ် ။ ။လေးကောင်ဂျင် ကံအားလျော်စွာမှန်တယ်ထားပါဦး လမ်းမပေါ်က ဘယ်ကား၊ဘယ်နွား ၊ ဘယ်သူ ဘယ်ဝါ လာမယ်ဆိုတာတွေ မှန်နေတာရော ကံအားလျော်စွာ မဖြစ်နိုင်တော့ဘူးဗျ

ထိုလူ ။ ။ ဘယ်လောက်မှန်မှန် အဘိညဉ် မပါပဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဗျ

ကျွန်ုပ် ။ ။ကိုင်းပါဗျာ ခင်ဗျားကို ကျွန်တော်မငြင်းလိုတော့ပါဘူး ခင်ဗျားပြောတဲ့အတိုင်းပဲ ကံအားလျော်စွာ မှန်တယ်လို့သာဖြစ်ပါစေတော့လို့ ဆုတောင်း ရတော့မှာပဲ

အမှန်ကိုဆိုရလျှင် ကံအားလျော်စွာမှန်ခြင်းမဟုတ်ပဲ အတပ် သိ၍ပြောခြင်းဖြစ်သည်ဟု ကျွန်ုပ် ဦးနှောက်ထဲတွင်စွဲနေသော်လည်း ဖြစ်လိုရာဖြစ်စေတော့ဟု မျက်စိစုံမှိတ်၍ ဘုရား တရား ကိုအောက်မေ့ကာ မေ့ဖျောက်ပစ်ရန် ကြိုးစားနေထိုင်ခဲ့ရခြင်းဖြစ်သည်။ထိုသူ၏ အမည်မှာ ဦးသိဒ္ဓိ ဖြစ်၍ ယခုအခါတွင် စစ်ကိုင်းတောင်ရိုးရှိ ဣစ္ဆာသယ ချောင်တွင် ဥပုသ် သီတင်းဆောက်တည် လျက်ရှိရာမှ ကိစ္စတစ်ခုနှင့် မလှိုင်သို့ လာရောက်ခြင်းဖြစ်သည်ဟု ပြောသွားလေသည်။

ကျွန်ုပ်သည် ဦးသိဒ္ဓိ နှင့် တွေ့ကြုံ ရသော ဤထူးဆန်းသောအဖြစ်အပျက်များကို မှတ်တမ်းတင်ထားခဲ့လိုသည်ဖြစ်သောကြောင့် ဇူလိုင်လထဲသို့ဝင်ရောက်သောအခါ ဤအကြောင်းအရာများကို အပြည့်အစုံမှတ်တမ်းတင်ရေးသားခဲ့ပြီးလျှင် ဇူလိုင်လ ၁၈ ရက်နေ့တွင်အပြီးသတ်ရေးသားခဲ့ပေသည်။ရည်ရွယ်ချက်မှာ ဦးသိဒ္ဓိ စကားအရ ဇူလိုင်လ ၁၉ ရက်နေ့တွင် မတော် တစ်ဆ တစ်စုံ တစ်ရာဖြစ်ခဲ့သော် အကြောင်းအားလျော်စွာ တိုင်းပြည်သို့ တင်ပြရန် ဖြစ်၍ ၊မဖြစ်ပွားခဲ့သော်ကား ကျွန်ုပ် ၏ကိုယ်ပိုင် မှတ်တမ်း အဖြစ်ဖြင့်သာအသုံးချရန်ဖြစ်ပေသည်။အကယ်၍ တိုင်းပြည်သို့ တင်ပြရန် လိုခဲ့သော် ဤကိစ္စ မျိုးနှင့် အသင့်တော်ဆုံးဖြစ်သည့် စာရေးဆရာကြီး " ရွှေဥဒေါင်း " ထံမှတစ်ဆင့်တင်ပြလိုသည့် ဆန္ဒ ရှိရကား ဆရာကြီးထံသို့ ပေးပို့ရန် ရည်ညွှန်းခဲ့ပေသည်။

ဤသည်ကား ဝန်ကြီးကတော် တစ်ဦးထံမှ ပေးပို့လိုက်သော အကြောင်းအရာများကို အနည်းငယ် ပြင်ဆင်၍ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သောအခြင်းအရာများကား သိကြပြီးသည့်
အတိုင်းပင် ဖြစ်လေသတည်း။

{ပြီးပါပြီ }

ရွေဥဒေါင်း

ဒဂုန်မဂ္ဂဇင်း ၊ အတွဲ ၂၂ ၊အမှတ် ၃ ၊ဧပြီလ ၁၉၄၈

No comments:

Post a Comment