Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2020

Dr. စိုင်းခမ်းလိတ်


ဂီတလောကမှ
နဝတကို တော်လှန်ခဲ့ကြသူတွေအထဲ
Dr. စိုင်းခမ်းလိတ်ကို အကြည်ညိုဆုံးပဲ။

ဦးသန်းရွှေပေးတဲ့ ဒီမိုကရေစီအစိုးရ
၂၀၁၀ မှာ တက်လာဖို့ အစစအရာရာပြင်ဆင်တဲ့အခါ
ဒုတိယသမ္မတ သုံးဦးရွေးဖို့
အရပ်သားဒုသမ္မတကို စဉ်းစားတဲ့အခါ
အရပ်သားစစ်စစ်လည်းဖြစ်ရမယ်
တိုင်းရင်းသား ပညာတတ်လည်းဖြစ်ရမယ်
ထင်ရှားလူသိများ(ချစ်ခင်)သူလည်းဖြစ်ရမယ်
ဆိုတဲ့အချက်နဲ့ စဉ်းစားကြတယ်။

ဦးသန်းရွှေဟာ ခေသူမဟုတ်ပါ။
သူရွေးပေးတာ Dr. စိုင်းခမ်းလိတ်၊
အဲ့လောက် အထိမြင်တတ်သူပါ။

ဒေါက်တာလိတ်ကို စည်းရုံးဖို့တာဝန်ယူရသူက
ဦးသန်းရွှေရဲ့ ကျန်းမာရေးတာဝန်ခံ
ကျန်းမာရေးဝန်ကြီး တရုတ်ကြီး Dr. ကျော်မြင့်ပါ။

ဒေါက်တာကျော်မြင့်က
သူ့သူငယ်ချင်း Dr. လိတ်ထံ
ကိုယ်တိုင်ကိုယ်ကျ သုံးခါတိတိသွားနားချခဲ့ပါတယ်။

မြန်မာ့ခေတ်သစ်သမိုင်းမှာ
ဒုတိယအမြင့်ဆုံးအဆောင်အယောင်ကိုရရှိကာ
သားစဉ်မြေးဆက်ဂုဏ်ယူရမယ့် ရာထူး

ဒေါက်တာလိတ်ရော
ဒေါက်တာနွဲ့တင်ရော
ပြတ်ပါတယ်။
ခံယူချက်လုံးဝမတိမ်းစောင်းခဲ့ဘူး။
ခါးနာတယ်
မထိုင်နိုင် မထနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့
သုံးကြိမ်လုံး ငြင်းပယ်ခဲ့ပါတယ်။

ဒါကြောင့် သူ့နေရာကို
ဒေါက်တာမောက်ခမ်းကိုအစားထိုးလိုက်ရတယ်။

အသက် ၆၁ နှစ် အရွယ်ကောင်း
မပြောပလောက်တဲ့ ခါးနာပြသနာလေးကို
မြဲမြဲမြံမြံစွဲကိုင်ပြီး
ခံယူချက်အတွက် ရွှေပလ္လင်ကိုစွန့်ခဲ့တယ်။

Congratulations ပါ ဒေါက်တာ။

၇၁ နှစ် မွေးနေ့ကို ဂုဏ်ပြုပါတယ်။

Credit:Patrick Tan

No comments:

Post a Comment