Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 3, 2020

COVIC 19 တိုက်ခိုက်ခြင်းခံရသူတစ်ဦးရေးတဲ့စာ


29-03-2020 နေ့ကဆေးရုံတက်
သွေးဖေါက်စစ်တော့ သွေးဖြူဥ သွေးနီဥ တွေ မရှိသလောက်ပါဘဲ
သွေးအားလည်းနည်းနေတယ်တဲ့
ရောဂါပိုးက ခန္တကိုယ် တစ်ခုလုံးကို တိုက်ခိုက်ခြင်းကို ခံနေရတာ။ သေတာတော့ မသေနိုင်ပါဘူးတဲ့။ မသေဘူးဆိုတာယုံကြည်ထားပေမယ့် ခန္တာကိုယ်က ခံနိုင်ရည် ချိနဲ့နဲ့ဘဲပေးနိုင်တဲ့အချိန်

သွေးထဲမှာ အောက်စီဂျင်ဓာတ်က အပြည့် ရှိနေတော့ အောက်စီဂျင် သွင်းစရာ တော့မလိုဘူးမို့ ကျေးဇူးတင်မိ။ နဂိုက ကျန်းမာရေး အခြေခံ ကောင်းထားလို့သာပါဘဲ။ ကျမသာဆေးလိပ်သောက်သူဖြစ်ယင် မလွယ်ကြော

အသက်ရူနုန်းက ရောက်တဲ့နေ့ တစ်မိနစ်မှာ ၃၄ ကြိမ် ရူနေတာမို့ တဖြေးဖြေးကျဖို့ စောင့်နေဆဲပါ

ပိုးစတင်ဝင်တဲ့အချိန်တုန်းက အာရုံကြောကိုစတင်တိုက်ခိုက်တာမို့ ပါးစပ်က ဘာစားစား ဘာအရသာ မှ မတွေ့တော့တာပါ။ နှာခေါင်းကလည်း ဘာအနံ့မှ မရတောတာတွေ ဖြစ်သွားတယ် ( အဒီအချိန်တုန်းက ဘာနာကျင်ခြင်းမှ ခံစားရသေးပါဘူး
ငါ ဘာဖြစ်တာလည်းမသိဘူး လို့ အမျိုးသားကိုပြောပြိး ငါ့ ခန္တာကိုယ်ထဲမှာ တမျိုးကြိးဘဲလို့ ပြောခဲ့သေးတယ်။ သူကတော့ကျမကို မင်းစိတ်ထဲမှာ တွေးပူတာပါတဲ့လေ
နောက်တစ်ရက်မှာ ကိုက်ခဲခြင်းဝေဒနာတွေ ခံစားရတယ်။ တကိုယ်လုံးရိုက်ခံထားရသလို။ ခေါင်းကို အုံခဲနေခဲ့တယ်
နောက်တော့ ၃/၄ ရက် ဝမ်းအပျော့တွေသွားတဲ့အချိန်တုန်းက ပိုးက အူလမ်းကြောင်းထဲမှာရောက်နေတဲ့ လက္ခဏာပါ တဲ့
အဖျားကတော့ ဗိုင်းရပ်စ်နဲ့ကျမခန္တာကိုယ်ကခုခံပေးနေတဲ့ ပိုးလေးတွေက အပြင်းအထန် ခုခံနေလို့ တု့န်ပြန်ချက်တွေပါ
လူတိုင်းကအခုလိုမျိုး အကုန်လုံးကို မခံစားရပါဘူး။ တစ်ခု နှစ်ခု တချို့ဆို သိတောင်မသိလိုက်ရဘူးတဲ့။ ကျမ ကံဆိုးစွာနဲ့ ရောဂါပိုးက တမြေ့မြေ့တိုက်စား လို့ ခန္တာကိုယ်အားတွေ့ ဆုတ်လျော့သွားတာ။ ကျမလောက်စိတ်မသူကျမဘဲရှိတာ။ တခါတလေ ငါသာသေသွားယင်ငါစိတ်မခိုင်လို့ စိတ်မမာလို့ သေသွားတယ်များပြောကြမလားဘဲလို့ တွေးမိပါတယ်😂😂😂
ဆရာဝန်က ရောဂါပိုးကြောင့် သွေးနီ ဥတွေ ပျက်စီး ဆုတ်လျော့သွားတာ သဘာဝပါ။ လောလောဆယ် ပိုးပျောက်အောင်စောင့်ပြိးမှ လိုအပ်ချက်တွေကို ပြန်ဖြည့်ဖို့လုပ်ပေးပါမယ် တဲ့
ဆေးရုံကလည်း အကုန်ကောင်းပါတယ်။
အိမ်ကို ကားလွတ်ခေါပေးတယ်။ ပိုက်ဆံယူသွားစရာမလိုပါဘူးး ။ ကျမတို့ကျန်းမာရေးကဒ်လေးတစ်ခုဘဲ ယူသွားရပါတယ်။
အခန်းကျယ်ကြိးထဲမှာ ဘာမှတပ်ထားစရာ မလို။ သူတို့ကတော့ အာကာသသွားမယ့်သူတွေလို့ အမြဲဝတ်ဆင်ထားကြပါတယ်။
ညဘက်ဝင်လာတော့ လန့်သွားလားတဲ့။ လူက မသောက် ဘဲ မူးနေတော့ လန့်ဖို့ အချိန်မရှိပါဘူး
ကျမကိုယ်တိုင်ကလည်း ဇီဇာကြောင် အပြစ်တင်ပြောတတ်ူ မဟုတ်တော့ သူတို့လည်း ကျမကို သေသေချာချာနွေးနွေးထွေးထွေး ဆက်ဆံကြတယ်
မနေ့က တယောက်ထဲမျက်ရည်တွေ ကျနေချိန်မှာ သူနာပြုဝင်လာတာနဲ့ ကြုံသွားတော့ သူတို့က ပြာပြာသလည်းဖြစ်ပြိး။ မငိုဖို့ နဲ့ ဘာလိုလည်း ဘာလို့သူတို့ကို မခေါ်တာလည်းမေးပါတယ်
ကျမကလည်း မငိုပါဘူး မျက်ရည်က သူ့ဘာသာသူကျတာလို့ ပြန်ဖြေလိုက်တယ်လေ 😔 သူတို့ ကျမအမြဲလာကြည့် မေးကြပါတယ်
ဒီနိုင်ငံကကောင်းတာကတော့ ဆင်းရဲချမ်းသာမရွေး လူတိုင်းကို တပြေးညီဆက်ဆံပေးကြတာပါဘဲ။ အားလုံးက education ကောင်းကြတယ်။ ဆင်းရဲသူ မို့နိမ့်ချခြင်းမရှိသလို ချမ်းသာလို့လည်း မျက်နှာမလုပ်ကြဘူး
အားမရှိ နုန်းနဲ့နေတာကြောင့် ခေါင်းမူး ခေါင်းကိုက်ကလွဲပြီး ဘာမှမဖြစ်ပါဘူး။ ရင်တွေကတော့ပူနေတာဘဲ။ အစားစားတိုင်းမှာ အံချင်သလိုဖြစ်တာကြောင့် အစားတခုပြိးဖို့ အချိန်အကြာကြီးစောင့်စားနေရတယ်
ပြူတင်းပေါက်အကျယ်ကြိးနဲ့ အခန်းမို့ စိတ်မကျဉ်းကျပ်ရဘူး
ဆေးရုံရဲ့ အပေါ်ဆုံး အထပ်မှာမို့ ကောင်းကင်ပြာကြိးကို တမျော်တခေါ် လှမ်းမြင်နေရတယ်
တခါတရံဖြတ်သွားဖြတ်လာကားလေးတွေမြင်ရတာလည်း ရှင်သန်ခြင်းအတွက် ခွန်အားတစ်ခု
အခန်းထဲမှာတီဗီထားပေးထားတယ်။ဖွင့်မကြည့်ဖြစ့်တော့ပါဘူး။ ကိုယ့်အတွက်အားတက်စေမယ့် သတင်းကနည်းပြိးလတခါတလေ လိမ်ညာတဲ့စကားတွေ ကိုယ်လက်မခံနိုင်တာတွေပါယင် ကိုယ်ဘဲ စိတ်တိုမိမှာဖို့
အိပ်ယာပေါ်မှာ ကွေးကွေးလေးအနားယူတာက အားပြည့်ပါသေးတယ်
၃၀/၀၃/၂၀၂၀
မနေ့က ထဲက တဖြေးဖြေးချင်းရေးထားတဲ့စာ
ဒီနေ့အသက်ရူတာစစ်တော့ တစ်မိနစ်မှာအကြိမ် ၄၀ တဲ့။ ပုံမှန်ဆို၁၂/၁၄ ခါလောက်ပဲရူကြတယ်
အသံကလည်း ပုံမှန်အသံပျောက်နေလို့မေးကြည့်တော့ ပြန်ကောင်းလာမှာပါတဲ့
ကျမပိုးကူးတာ 15-03-2020 ရက်နေ့ကထဲကဆိုတော့ ပိုးက တစေ့စေ့ နဲ့ ခန္တာကိုယ်ထဲ ပွဲတော်ကြိး တည်နေခဲ့တာ
တချို့က ကျမစိတ်ထင်လို့နေမှာပါလို့တွင်တွင်ခါခါပြောခဲ့ကြတယ်။ ကျမအပြင်မထွက် လူတွေနဲ့ မတွေ့တာလည်း ၁၅ရက် မတချ်လထဲကပါဘဲမို့ တွေးလည်းတွေးချင်စရာပါ
ကျေးဇူးပါ ကိုဗစ်ရယ်။ လူလည်းဲ့ယဲ့ဘဲကျန်ခဲ့တယ်
အိမ်က ကျန်ခဲ့သူတွေအတွက် အဆင်ပြေကြပါစေ။ ပိုး ဘေးကင်းကြပါစေ 🙏🏻🙏🏻🙏🏻
မြန်မာပြည်သူ ပြည်သား နဲ့ ကမ်ဘာပြည်သူ ပြည်သား တွေ ဒီကပ်ဆိုးက အမြန်လွတ်ကင်းကြပါစေ 🙏🏻🙏🏻🙏🏻Suu San Aung

30 March · 





29-03-2020 ေန့ကေဆးရံုတက္
ေသြးေဖါက္စစ္ေတာ့ ေသြးျဖူဥ ေသြးနီဥ ေတြ မရိွသေလာက္ပါဘဲ
ေသြးအားလည္းနည္းေနတယ္တဲ့

ေရာဂါပိုးက ခနၱကိုယ္ တစ္ခုလံုးကို တိုက္ခိုက္ျခင္းကို ခံေနရတာ။ ေသတာေတာ့ မေသနိုင္ပါဘူးတဲ့။ မေသဘူးဆိုတာယံုျကည္ထားေပမယ့္ ခနၱာကိုယ္က ခံနိုင္ရည္ ခ်ိနဲ့နဲ့ဘဲေပးနိုင္တဲ့အခ်ိန္
ေသြးထဲမွာ ေအာက္စီဂ်င္ဓာတ္က အျပည့္ ရိွေနေတာ့ ေအာက္စီဂ်င္ သြင္းစရာ ေတာ့မလိုဘူးမို့ ေက်းဇူးတင္မိ။ နဂိုက က်န္းမာေရး အေျခခံ ေကာင္းထားလို့သာပါဘဲ။ က်မသာေဆးလိပ္ေသာက္သူျဖစ္ယင္ မလြယ္ေျကာ
အသက္ရူနုန္းက ေရာက္တဲ့ေန့ တစ္မိနစ္မွာ ၃၄ ျကိမ္ ရူေနတာမို့ တေျဖးေျဖးက်ဖို့ ေစာင့္ေနဆဲပါ
ပိုးစတင္၀င္တဲ့အခ်ိန္တုန္းက အာရံုေျကာကိုစတင္တိုက္ခိုက္တာမို့ ပါးစပ္က ဘာစားစား ဘာအရသာ မွ မေတြ့ေတာ့တာပါ။ နွာေခါင္းကလည္း ဘာအနံ့မွ မရေတာတာေတြ ျဖစ္သြားတယ္ ( အဒီအခ်ိန္တုန္းက ဘာနာက်င္ျခင္းမွ ခံစားရေသးပါဘူး

ငါ ဘာျဖစ္တာလည္းမသိဘူး လို့ အမ်ိုးသားကိုေျပာျပိး ငါ့ ခနၱာကိုယ္ထဲမွာ တမ်ိုးျကိးဘဲလို့ ေျပာခဲ့ေသးတယ္။ သူကေတာ့က်မကို မင္းစိတ္ထဲမွာ ေတြးပူတာပါတဲ့ေလ

ေနာက္တစ္ရက္မွာ ကိုက္ခဲျခင္းေ၀ဒနာေတြ ခံစားရတယ္။ တကိုယ္လံုးရိုက္ခံထားရသလို။ ေခါင္းကို အံုခဲေနခဲ့တယ္

ေနာက္ေတာ့ ၃/၄ ရက္ ၀မ္းအေပ်ာ့ေတြသြားတဲ့အခ်ိန္တုန္းက ပိုးက အူလမ္းေျကာင္းထဲမွာေရာက္ေနတဲ့ လကၡဏာပါ တဲ့

အဖ်ားကေတာ့ ဗိုင္းရပ္စ္နဲ့က်မခနၱာကိုယ္ကခုခံေပးေနတဲ့ ပိုးေလးေတြက အျပင္းအထန္ ခုခံေနလို့ တု့န္ျပန္ခ်က္ေတြပါ

လူတိုင္းကအခုလိုမ်ိုး အကုန္လံုးကို မခံစားရပါဘူး။ တစ္ခု နွစ္ခု တခ်ို့ဆို သိေတာင္မသိလိုက္ရဘူးတဲ့။ က်မ ကံဆိုးစြာနဲ့ ေရာဂါပိုးက တေျမ့ေျမ့တိုက္စား လို့ ခနၱာကိုယ္အားေတြ့ ဆုတ္ေလ်ာ့သြားတာ။ က်မေလာက္စိတ္မသူက်မဘဲရိွတာ။ တခါတေလ ငါသာေသသြားယင္ငါစိတ္မခိုင္လို့ စိတ္မမာလို့ ေသသြားတယ္မ်ားေျပာျကမလားဘဲလို့ ေတြးမိပါတယ္😂😂😂

ဆရာ၀န္က ေရာဂါပိုးေျကာင့္ ေသြးနီ ဥေတြ ပ်က္စီး ဆုတ္ေလ်ာ့သြားတာ သဘာ၀ပါ။ ေလာေလာဆယ္ ပိုးေပ်ာက္ေအာင္ေစာင့္ျပိးမွ လိုအပ္ခ်က္ေတြကို ျပန္ျဖည့္ဖို့လုပ္ေပးပါမယ္ တဲ့

ေဆးရံုကလည္း အကုန္ေကာင္းပါတယ္။

အိမ္ကို ကားလြတ္ေခါေပးတယ္။ ပိုက္ဆံယူသြားစရာမလိုပါဘူးး ။ က်မတို့က်န္းမာေရးကဒ္ေလးတစ္ခုဘဲ ယူသြားရပါတယ္။

အခန္းက်ယ္ျကိးထဲမွာ ဘာမွတပ္ထားစရာ မလို။ သူတို့ကေတာ့ အာကာသသြားမယ့္သူေတြလို့ အျမဲ၀တ္ဆင္ထားျကပါတယ္။

ညဘက္၀င္လာေတာ့ လန့္သြားလားတဲ့။ လူက မေသာက္ ဘဲ မူးေနေတာ့ လန့္ဖို့ အခ်ိန္မရိွပါဘူး

က်မကိုယ္တိုင္ကလည္း ဇီဇာေျကာင္ အျပစ္တင္ေျပာတတ္ူ မဟုတ္ေတာ့ သူတို့လည္း က်မကို ေသေသခ်ာခ်ာေနြးေနြးေထြးေထြး ဆက္ဆံျကတယ္

မေန့က တေယာက္ထဲမ်က္ရည္ေတြ က်ေနခ်ိန္မွာ သူနာျပု၀င္လာတာနဲ့ ျကံုသြားေတာ့ သူတို့က ျပာျပာသလည္းျဖစ္ျပိး။ မငိုဖို့ နဲ့ ဘာလိုလည္း ဘာလို့သူတို့ကို မေခါ္တာလည္းေမးပါတယ္

က်မကလည္း မငိုပါဘူး မ်က္ရည္က သူ့ဘာသာသူက်တာလို့ ျပန္ေျဖလိုက္တယ္ေလ 😔 သူတို့ က်မအျမဲလာျကည့္ ေမးျကပါတယ္

ဒီနိုင္ငံကေကာင္းတာကေတာ့ ဆင္းရဲခ်မ္းသာမေရြး လူတိုင္းကို တေျပးညီဆက္ဆံေပးျကတာပါဘဲ။ အားလံုးက education ေကာင္းျကတယ္။ ဆင္းရဲသူ မို့နိမ့္ခ်ျခင္းမရိွသလို ခ်မ္းသာလို့လည္း မ်က္နွာမလုပ္ျကဘူး

အားမရိွ နုန္းနဲ့ေနတာေျကာင့္ ေခါင္းမူး ေခါင္းကိုက္ကလြဲျပီး ဘာမွမျဖစ္ပါဘူး။ ရင္ေတြကေတာ့ပူေနတာဘဲ။ အစားစားတိုင္းမွာ အံခ်င္သလိုျဖစ္တာေျကာင့္ အစားတခုျပိးဖို့ အခ်ိန္အျကာျကီးေစာင့္စားေနရတယ္

ျပူတင္းေပါက္အက်ယ္ျကိးနဲ့ အခန္းမို့ စိတ္မက်ဥ္းက်ပ္ရဘူး

ေဆးရံုရဲ့ အေပါ္ဆံုး အထပ္မွာမို့ ေကာင္းကင္ျပာျကိးကို တေမ်ာ္တေခါ္ လွမ္းျမင္ေနရတယ္

တခါတရံျဖတ္သြားျဖတ္လာကားေလးေတြျမင္ရတာလည္း ရွင္သန္ျခင္းအတြက္ ခြန္အားတစ္ခု

အခန္းထဲမွာတီဗီထားေပးထားတယ္။ဖြင့္မျကည့္ျဖစ့္ေတာ့ပါဘူး။ ကိုယ့္အတြက္အားတက္ေစမယ့္ သတင္းကနည္းျပိးလတခါတေလ လိမ္ညာတဲ့စကားေတြ ကိုယ္လက္မခံနိုင္တာေတြပါယင္ ကိုယ္ဘဲ စိတ္တိုမိမွာဖို့

အိပ္ယာေပါ္မွာ ေကြးေကြးေလးအနားယူတာက အားျပည့္ပါေသးတယ္

၃၀/၀၃/၂၀၂၀

မေန့က ထဲက တေျဖးေျဖးခ်င္းေရးထားတဲ့စာ

ဒီေန့အသက္ရူတာစစ္ေတာ့ တစ္မိနစ္မွာအျကိမ္ ၄၀ တဲ့။ ပံုမွန္ဆို၁၂/၁၄ ခါေလာက္ပဲရူျကတယ္

အသံကလည္း ပံုမွန္အသံေပ်ာက္ေနလို့ေမးျကည့္ေတာ့ ျပန္ေကာင္းလာမွာပါတဲ့

က်မပိုးကူးတာ 15-03-2020 ရက္ေန့ကထဲကဆိုေတာ့ ပိုးက တေစ့ေစ့ နဲ့ ခနၱာကိုယ္ထဲ ပြဲေတာ္ျကိး တည္ေနခဲ့တာ

တခ်ို့က က်မစိတ္ထင္လို့ေနမွာပါလို့တြင္တြင္ခါခါေျပာခဲ့ျကတယ္။ က်မအျပင္မထြက္ လူေတြနဲ့ မေတြ့တာလည္း ၁၅ရက္ မတခ်္လထဲကပါဘဲမို့ ေတြးလည္းေတြးခ်င္စရာပါ

ေက်းဇူးပါ ကိုဗစ္ရယ္။ လူလည္းဲ့ယဲ့ဘဲက်န္ခဲ့တယ္

အိမ္က က်န္ခဲ့သူေတြအတြက္ အဆင္ေျပျကပါေစ။ ပိုး ေဘးကင္းျကပါေစ 🙏🏻🙏🏻🙏🏻

ျမန္မာျပည္သူ ျပည္သား နဲ့ ကမ္ဘာျပည္သူ ျပည္သား ေတြ ဒီကပ္ဆိုးက အျမန္လြတ္ကင္းျကပါေစ 🙏🏻🙏🏻🙏🏻Suu San Aung
30 March ·



No comments:

Post a Comment