Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 21, 2020

Toxic Chemicals in Plastic


အရင်ကလဲ ကြားဖူးပါတယ်။ အကြော်သည်တွေ အကြော်ကြွပ်အောင် ကော်( ပလတ်စတစ် ) တွေထည့် ကြော်တယ် ဆိုတာ။

မနေ့က မြို့ထဲရောက်တော့ ကားရပ် စရာမရ။ ဒါနဲ့ခပ်လှမ်းလှမ်းမှာ ရပ်ထားခဲ့ပြီး သွားလိုရာ ကို ၄-၅ လမ်း ပြန်​ေလျှာက်ရတယ်။ ထူးခြားတာက အဲ့နား တစ်ဝိုက်မှာ အကြော်သည်တွေ အတော်များတယ်။ အချို့လဲ ကြော်ပြီး ရောင်းနေပြီ။ အချို့က အကြော်ကြော် မလို့ ဆီအပူပေးတုန်း။

ကိုယ်တွေက လဲ လမ်းလျှောက်သွားရင်း လမ်းဘေး အကြော်သည် ကို အမှတ်တမဲ့ ကြည့်ရင်းက သူမ လုပ်နေတာ တခု ကို တွေ့လို့ ခပ်သုတ်သုတ် လျှောက်နေတဲ့ ခြေလှမ်းတွေ နှေးသွားတယ်။ နောက်ဆုံး သူမ နဲ့ မလှမ်းမကမ်းမှာ ရပ်နေပြီး သူမ ကိုပဲ ဆက်ကြည့်နေမိတယ်။

မီးဖို ပေါ်မှာ ပွက်ပွက် ဆူနေတဲ့ ဆီအိုး ၊ သူ့အပေါ် မှာ အကြော် ဆီ စစ်တဲ့ သံ လင်ဗန်း။ သံ လင်ဗန်း ကို အပေါက်သေးသေးလေးတွေ ဖောက်ထားတယ်။ မီး အားကောင်းတော့ ဆီအိုး ထဲက ဆီက ပွက်ပွက်ဆူ နေပြီး ၊ အပေါ်က လင်ဗန်းပါ အတော် ပူခြစ်နေပုံရတယ်။ သူမ က ဘာ ဆက်လုပ် လဲ ဆိုတော့....

ဆီကုန် သွားတဲ့ ဆီဘူး ( ရေသန့်ဘူးအခွံ ) ကို အဆိုပါ သံ လင်ဗန်းပေါ် ဖိထားတယ်။ ရေသန့်ဘူး ထိပ် အဝ က မကြာမီ အရေပျော်ပြီး လင်ဗန်း အပေါက်လေးတွေက တဆင့် အလွန်ကြည်လင်စွာ ဖြင့် တစ်စက်ချင်း ကျသွားတယ်။ စက္ကန့်ပိုင်း ကိုယ်တွေ ကြည့်နေစဉ် အတွင်း ရေသန့်ဘူး နှုတ်သီးက အရည်ပျော်ပြီး ဆီအိုး ထဲ ကို ​အကုန် ကျသွားတယ်။

အစက တော့ ဆီ အကပ်အသပ် အကျန်ကို ကျအောင် လုပ်နေတယ်ပဲ ထင်မိတာပါပဲ။ ကြည့်နေရင်း ဒေါသ လဲ ထွက်လာ သလို ၊ ဆက်လဲ မမြင်ချင်တော့ဘူး။ ၎င်း အမျိုးသမီး က တော့ အေးဆေးပဲ။ လုပ်နေကျ အတိုင်း ကျွမ်းကျင်စွာ လုပ်နေတာပါပဲ။ ကိုယ်လဲ " ခင်ဗျား ဘာလုပ်တာလဲ " ဆိုရင် အကြော်သည်တွေ အများကြီး ဝိုင်း ရန်တွေ့မလား ၊ ဆီပူ နဲ့ ဝိုင်း ပက်ကြမလား မသိ။

ကိုယ်တွေက တော့ ရှင်းတယ်။ ကိုးရီးယားယဉ်ကျေးမှု ၊ ဘာယဉ်ကျေးမှု ထွန်းကားကား ၊ အကင်မစားဘူး ။ အတတ်နိုင်ဆုံးရှောင်တယ်။ Nitrosamine တွေ ကာဗွန်ကြပ်ခိုး တွေက ကင်ဆာဖြစ်နိုင်ချေကို 3% အထိ ရှိစေတယ် ဆိုတာ တိတိကျကျ သိလို့။ နီးစပ်သူတွေကို လဲ အကင် တတ်နိုင်သမျှ မစားဖို့ တိုက်တွန်းတယ်။

နောက်ပြီးအကြော်ကြွပ်ကြွပ်လေးမှ ကြိုက်တယ် ဆိုသူတွေ။ အကြော် သဘာဝ က လေထိတာ ကြာရင် ပျော့မှာပဲ။ အကြာကြီး ကြွပ်နေဖို့ ဆိုတာ အတော်ကြီးကို သဘာဝ ကို လွန်ဆန်နိုင်မှ ရမယ်။ အကြော်ကြွပ်ကြွပ်လေးမှ ကောင်းတယ် လို့ ခံယူသူတွေရှိလို့ ဒီလို ပလတ်စတစ် တွေ ထည့် ကြော်သူတွေ ရှိနေတာပါပဲ။

အဓိက က တော့ လူတွေက လုပ်လို့ ရသ၍ လုပ်ကြမှာပါပဲ။ ကိုယ့် အသိတရား ၊ ပညာ ၊ ဆင်ခြင်တုံတရား နဲ့ ချိန်ဆ ပြီး ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။

ပလတ်စတစ် ဆိုပေမယ့် လူတွေ အသုံးချလို့ရတဲ့ ပလတ်စတစ် ရှိသလို ၊ အရမ်းအဆိပ်အတောက်များတဲ့ ပလတ်စတစ် လဲ ရှိတယ်။ အစားအသောက်တွေ ထည့်လို့ ရတဲ့ Grade ထဲက ပလတ်စတစ်တောင် bisphenol A ( BPA ) ပမာဏ ကို ထိန်းချုပ်ထားတယ်။ BPA က လူတွေမှာ နှလုံးရောဂါ ၊ ဟိုမုန်းချို့တဲ့ပြသနာ ၊ ကင်ဆာရောဂါ စတာတွေ ကို ဖြစ်နိုင်ချေ များစေပါတယ်။

ဒီလောက် အန္တရာယ်များတဲ့ ပလတ်စတစ် ကို မဖြစ်မနေသုံး နေရတာ နဲ့ တင် အခြေနေ ဆိုးလှပါပြီ။ ဒီလိုမျိုး ထည့်ပါ စားလို့ကတော့.....

ဟင်း

ကိုယ်တွေ ခံယူချက်က တော့ ရှင်းတယ်။ နှမ်းတစိ နဲ့ ဆီမဖြစ်ဘူး ဆိုပေမယ့် ကိုယ်ကတော့ အတတ်နိုင်ဆုံး ပလတ်စတစ် မသုံးဘူး။ Mini Store တွေ ဝယ်တိုင်း အိတ်မယူဘူး။ လက်ထဲ ကိုင်တယ်။ တတ်နိုင်သမျှ ပလတ်စတစ်အမှိုက်မပစ်ဘူး။

ဒါပေမယ့် ဒီလို အစားအသောက်ထဲ ထည့်ကြော်ကျွေးနေတာ မျက်ဝါးထင်ထင် မြင်မိတော့ အတော်ကြီး ကို တုန်လှုပ်မိတယ်။ နဂိုထဲက မှ အကင် ၊ အကြော် ကို တတ်နိုင် သမျှ ရှောင်နေသူမို့.... ခုတော့ ပို သေချာပါပြီ

အောက်မှာ ပလတ်စတစ် အကြောင်း ဗဟုသုတ ဖော်ပြထားပါတယ်။ နိုင်ငံခြားမှာ ထုတ်လုပ်သမျှ ပလတ်စတစ်တွေထဲ အောက်ဖော်ပြပါ သင်္ကေတလေးတွေပါတယ်။ ဒါတွေကို ကြည့်ပြီး ဘယ်နေရာမှာ သုံးရလဲ သိနိုင်တယ်။ အထူးသဖြင့် အစားအသောက် ၊ အသုံးအဆောင်။ နားလည် လွယ်မှာပါ။

Credit - Aung Pyae Sone



No comments:

Post a Comment