Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2020

ရန်ကုန်မြို့က အောင်လောင်ငှက်ဖမ်းပွဲ



အုပ်စုဖွဲ့နေထိုင်တက်တဲ့ အောင်လောင်ငှက်တွေထဲက သင်းကွဲတစ်ကောင်ဟာ ရန်ကုန်မြို့ အရှေ့ဒဂုံ ၂ရပ်ကွက် ဗိုလ်ဗစိုးလမ်းမှာ လွန်ခဲ့တဲ့ ငါးလလောက်ကရောက်ရှိလာပါတယ်။ရပ်ကွက်အတွင်းက နေအိမ်တစ်ခုရဲ့ သစ်ပင်တစ်ခုမှာ အိပ်တန်းလုပ်နေထိုင်ခဲ့တာ ကြာပါပြီ။ရပ်ကွက်အတွင်းနေထိုင်တဲ့ ကလေးငယ်အချို့ကတော့ လောက်လေးခွတွေနဲ့လာလာပစ်ကြလို့ အောင်လောင်ငှက်လေးက လူတွေကို ကြောက်နေပါတယ်။ဖေဖော်ဝါရီ ၂၂ရက်နံနက်ပိုင်းမှာတော့ ရပ်ကွက်အတွင်းမှာနေထိုင်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာ(facebook)မှာတင်လိုက်တဲ့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူတွေအပါအဝင် သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးခဲ့ကြပါတယ်။အောင်လောင်ငှက်ဟာ အထီးဖြစ်ပါတယ်။သူ့ကိုဖမ်းဖို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ အောင်လောင်ငှက် အထီးတစ်ကောင်နဲ့မြှားဖမ်းဖို့ ကြိုးစားနေပါတယ်။ညနေ ၄နာရီခန့်မှာ မေ့ဆေးမှုတ်ပြောင်းနဲ့ ပစ်ခဲ့ပါတယ်။အောင်လောင်ငှက်ရဲ့အတောင်ပံကိုသာထိမှန်ခဲ့တဲ့အတွက် ဖမ်းမမိခဲ့ပါဘူး။ည၈နာရီဝန်းကျင်မှာ မေ့ဆေးထပ်မံထိမှန်ခဲ့ပါတယ်။ဒါပေမယ့် အောင်လောင်းငှက်လေးကတော့ ထပ်မံထွက်ပြေးလွတ်မြောက်သွားပါတယ်။ငှက်လေးတွေအကြောင်း မသိတဲ့သူတွေလက်ထဲရောက်သွားရင် အသတ်ခံရနိုင်ပါတယ်။အောင်လောင်ငှက်တွေဟာ ရှားပါးမျိုးစိတ်ငှက်ကလေးတွေဖြစ်ပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖမ်းဆီးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

photo@myo htet paing







No comments:

Post a Comment