Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 9, 2020

ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ခြင်းခံလိုက်ရတဲ့မိန်းကလေး


အရင်ဆုံးကျွန်တော်အားလုံးကို တောင်းပန်အပ်ပါတယ်
သတင်းကောင်းတစ်ခုမဟုတ်ပါဘူး သတင်းဆိုးတစ်ခုပါ...
စိတ်အနှောင့်အယှက်ဖြစ်နိုင်မယ့်အခြေအနေနဲ့ နှလုံးမကောင်း, ခံနိုင်ရည်မရှိသူများမဖတ်ကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်
သို့သော် မှန်ကန်မှုတစ်ခုကိုမြတ်နိုးတဲ့သူတွေနဲ့အမျိုးသမီးထုတစ်ရပ်လုံးကိုတော့ပါဝင်ဝန်းရံစေချင်တာတော့အမှန်ပါ...
ယခုပုံပါအမျိုးသမီးဟာကျွှန်တော့်ညီမလေးပါ
ကျွှန်တော့်ညီမလေးကို သူ့အမျိုးသား(ကွာရှင်းစာချုပ်ဖြစ် တရားသူကြီးရှေ့မှောက်ကွဲကွာထားသူ) တောင်ဒဂုံ (26) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက်ဝန်းကျင်တွင်နေထိုင်သူ စိုးသူရ(ခေါ်)စိုးကြီး သည် 11/01/2020 စနေ့နေ့ မနက်အစောပိုင်းဖြစ်သော 3:00AM နှင့် 4:00AM ကြားက မိဘအုပ်ထိန်းသူတို့နှင့်နေထိုင်အိပ်စက်နေစဉ် လာရောက်ခေါ်ဆောင်သွားပြီး မနက်11:00 AMဝန်းကျင်က ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရန် စောင့်နေရသော မီးလောင်ဒဏ်ရာများနှင့်ရုပ်ပျက် ဆင်းပျက်ဖြစ်နေသောကျွန်တော့်ညီမလေးကို မြင်တွေ့လိုက်ရပါတယ်
ထိုအချင်းအရာတို့ကြောင့်ကျွန်တော်ဖခင်ဖြစ်သူမှ လာရောက်ခေါ်ယူသွားသော စိုးသူရ(ခေါ် )စိုးကြီးအား စုံစမ်းစစ်ဆေးပေးရန်အတွက်တောင်ဒဂုံ ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းခဲ့ပါသည် ထိုတိုင်တန်းစစ်ဆေးမှုများကို အမှန်အတိုင်းနှင့်အမြန်ဆုံးထိရောက်အောင် လုပ်ငန်းစဉ်များမှန်ကန်မှုရှိရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်
ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးအရာရှိများ , ရဲလုပ်ငန်းကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေသော တောင်ဒဂုံရဲစခန်းမှ လူကြီးမင်းများနှင့် သက်ဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့အစည်းများကို အကူအညီတောင်းခံအပ်ပါတယ်...
ကျွန်တော်လိုချင်တာအမှန်တရားပါ ဘယ်သူ့ဘယ်သူကိုမှအတင်းအဓမ္မမလုပ်ချင်ပါ အမှန်တရားတစ်ခုအမြန်ဆုံးပေါ်ပေါက်လာဖို့ ဝိုင်းဝန်းကူညီပေးကြပါရန် တောင်းဆိုအပ်ပါတယ် အခုထိ ကျွန်တော်ညီမလေး ဆေးရုံမှာအတွင်းလူနာအဖြစ်ဆက်လက်ကုသနေလျက်ရှိပါတယ် အသက်အန္တာရာယ်စိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်ပြီး လူလောင်ကျွှမ်းပျက်စီးမှု 70% ဖြစ်ပါတယ် ကျွန်တော်ကိုဝိုင်းဝန်းကူညီပေးကြပါ....
Aung Aung Oo
အကိုအရင်းတော်စပ်သူ
09795928275
..............
မီးရှို့ခံရတဲ့ ညီမလေးလွင်မာဦး
ဒီနေ့မနက် ၆:၀၀ မထိုးခင်က ဆုံးသွားပါပြီ...

သူ့အမေကိုယ်တိုင် ကျွန်မကို အကြောင်းကြားတာပါ...

မီးရှို့ခံရပြီး ဆုံးသွားရှာသူလေးမို့...
မိသားစုက မီးမသင်္ဂြိုလ်ဘဲ...
သန်ဘက်ခါ
ရေဝေးမှာ ဂူသွင်းဖို့ စီစဉ်နေပါပြီတဲ့...

ဖြစ်လေရာ ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ဝေးပါစေ ညီမလေးရယ်...

သူတော်ကောင်းများနဲ့သာ တွေ့ဆုံပါစေ ...

ဝဋ်ကြွေးရှိရင်လည်း ဒီဘဝ ဒီမျှနဲ့ ကြေပါစေ ညီမလေးရယ်...

ညီမလေးလွင်မာဦးရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလပ်ကို
၁၁. ၂. ၂၀၂၀ နေ့လည် ၁ နာရီမှာ
ရေဝေးမှာ ဂူသွင်းပါမယ်😢

ညီမငယ်လေးကို သနားစာနာတဲ့ မည်သူမဆို လိုက်ပါပို့ဆောင်ပေးလို့ရပါတယ်ရှင့်

ရေဝေးခန်းမကျယ်ကို လာခဲ့လို့ ရပါတယ်...
တောင်ဒဂုံ ( ၂၆ ) ရပ်ကွက် မှာ ၁၁ ့၁ ့၂၀၂ဝနေ့ နံနက်
( ၄ )နာရီ ဝန်းကျင်အချိန် တရားဝင်ကွာရှင်းထားတဲ့ခင်ပွန်းဟောင်းက မိဘနေအိမ်ကနေ
ခြိမ်းခြောက်ခေါ်သွားပြီးကားဘော်ဒီရုံမှာ ဓာတ်ဆီလောင်း
ပြီးမီးရှို့ခံရတဲ့သမီးလေးလွင်မာဦး တစ်ကိုယ်လုံး
မီးလောင်ဒဏ်ရာတွေကိုဆေးကုသမှုခံယူနေစဉ်
အတွင်းရန်ကုန်ဆေးရုံကြီးမေးရိုးဌာနအရေးပေါ်မှာ
ဒီနေ့ ၉ ့ ၂ ့၂၀၂၀ မနက် ၆ နာရီ ဝန်းကျင်မှာ
ကွယ်လွန်သွားပါပြီ
အမှုစဖြစ်စဉ်မှသမီးလေးအကြမ်းဖက်ခံရမှုအတွက်
တရားမျှတမှုရရှိစေရန်လိုအပ်သည်တို့ကိုကူညီမှုပေး
နေပါသော အမျိုးသမီးများအခွင့်အရေးလှုပ်ရှား
သူများကွန်ရက် ( A ့ W ့ R ) တောင်ဒဂုံ
အဖွဲ့ဝင်များမှကျန်ရစ်သူသမီးလေးမိသားစု
နှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါသည်

အမှန်တရားကိုသမီးလေးမိသားစုအပြည့်အဝရရှိ
စေရန်ဝန်းရံပေးကြပါနော်




No comments:

Post a Comment