Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 10, 2020

ရှက်စရာမှမဟုတ်တာ....


ရှက်စရာမှမဟုတ်တာ....

ဒီပုံဟာ ဘာမှ မလိမ်းထားသလို အဖတ်တွေ အရည်တွေ မပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ပုံပါ.

မျက်နာပေါ် အလှဆုံးပြင်ပြီး အဖတ်တွေ ပါတဲ့ ကင်မရာနဲ့ရိုက်ထားတဲ့ ပုံတွေတင်ပြီး ကိုယ့်ကိုယ်ကို လှတယ်လို့ တခါမှ မပြောခဲ့ဖူးဘူး.

ဒါပေမဲ့ ကိုယ်လည်းလူထဲကလူမို့ လှချင်တာပေါ့.အဲ့တော့ အများနည်းတူ အဖတ်ပါတဲ့ကင်မရာတွေနဲ့ ရိုက်တာပဲလေ.

အဖိုး အဖွားတွေက အစ ဆလ်ဖီဆွဲနေကြတဲ့ခေတ်မှာ ကိုယ်လှချင်တာ အဆန်းတော့ဖြစ်မယ်မထင်မိဘူး.

တချို့ တချို့ လူတွေက ကိုယ်တိုင်ဓာတ်ပုံတွေ ဗွီဒီယိုတွေကိုပါ အဖတ်တွေနဲ့ရိုက်ပြီ သူများကိုဝေဖန်နေတာတွေ တွေ့ရတော့ပြုံးမိတယ်.

တချို့သော ယောက်ကျားတွေက ရုပ်ရှင်ထဲမှာပဲတွေ့ဖူး..အသဲအသန်ကြိုက်ကြပြီး မင်းသမီးယောက်ကျားဖြစ်ချင်တဲ့ အချစ်စစ်မပါတဲ့ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့လာတဲ့စိတ်ဓာတ်အောက်ကြတဲ့လူတွေလည်းကြုံရတော့ ပကာသနကိုမက်မောတဲ့ ဟန်ဆောင်တတ်တဲ့ ယောက်ျားတွေလည်းရှိသားပဲလို့ သိလိုက်ရတယ်.

ကိုယ့်ဘဝမှာ ကိုယ်ချစ်လို့ပတ်သက်ခဲ့တဲ့ ယောက်ျားတွေဆီက (လက်ဆောင်ပေးတဲ့အရာကလွဲရင်) ဘာမှမယူသလို ဘာမှမတောင်းဆိုခဲ့ဘူး.ကိုယ်ကပဲ တတ်နိင်သလောက် သူတို့ဒုက္ခရောက်နေတဲ့အခါကူညီပေးခဲ့တာ.(ယူသွားတဲ့သူတွေ မဟုတ်ပါဘူးလို့ ငြင်းချင်ရင် လာငြင်းပါ.ဘာလို့ကူညီခဲ့ရလဲဆိုတဲ့အကြောင်းအရာနဲ့ ငွေ အမောက်ကိုလူသိရှင်ကြားစာရင်းချပြပေးမယ်)

တခြားလူတွေကို သွားမငြင်းနဲ့နော်.ကိုယ့်ဆီကို ကိုယ်တိုင်လာငြင်း.အပြင်လူကဘာမှ သိတာမဟုတ်ဘူးလေ😆😆 ပြောချင်တဲ့လိုရင်းတောင် ပျောက်သွားတယ်..

မိတ်ကပ်တွေနဲ့ပုံမြင်ပြီး သိပ်လှနေတယ်လို့ထင်တဲ့သူတွေ သိစေချင်တာက ကိုယ်ဟာ အသက်၄၈ နှစ် သာမန် ရွက်ကြမ်းရေချို မိန်းမတယောက်ထက်မပိုပါဘူး.

ကိုယ့်ရဲ့လက်ရှိ မျက်နာကိုမြင်ပြီး ချစ်တတ်တဲ့ သူကသာ ကိုယ့်အတွက်တော့ တန်ဖိုးရှိတဲ့ သူပါ.ကိုယ့်ရဲ့ မလှတဲ့ မျက်နှာဟာ ကိုယ့့်အမေက အသက်နံ့ရင်းပြီး မွေးထားပေးခဲ့လို့ ရှက်စရာမဟုတ်သလို ဘယ်သူမှလည်း အပြစ်ပြောစရာမလိုပါဘူး..

သူများကိုပြောတော့မယ်ဆိုရင် မှန်ရှေ့မြနိမြန်ပြေးကြည့်လိုက်ပါ.ငါရောတော်တော်ြပည့်စုံလို့လားလို့..မှန်မရှိရင် ခုစာကိုဖတ်ပြီးဝယ်ထားလိုကိပါတော့.မှန်ကြည့်ပြီးငါအလှကတော်တော်လှပြီးပြည့်စုံတယ်လို့ ထင်ရင် သေချာနေပြီ..သင့်မှာဘဝင်မြင့်ရူးရောဂါရှိနေပါပြီ..ဘယ်သူမှ ပြည့်စုံတဲ့သူမရှိတဲ့ လောကကြီးမှာ သင့်စိတ်ထဲ အဲ့လိုတွေမြင်နေပြီဆို ဆရာဝန်နဲ့ပြလိုက်ပါလို စေတနာနဲ့ အကြံပေးပါရစေ..

MKTA
.....
ရွက္စရာမွမဟုတ္တာ....

ဒီပုံဟာ ဘာမွ မလိမ္းထားသလို အဖတ္ေတြ အရည္ေတြ မပါတဲ့ ကင္မရာနဲ႔ရိုက္ထားတဲ့ပုံပါ.

မ်က္နာေပၚ အလွဆုံးျပင္ၿပီး အဖတ္ေတြ ပါတဲ့ ကင္မရာနဲ႔ရိုက္ထားတဲ့ ပုံေတြတင္ၿပီး ကိုယ့္ကိုယ္ကို လွတယ္လို႔ တခါမွ မေျပာခဲ့ဖူးဘူး.

ဒါေပမဲ့ ကိုယ္လည္းလူထဲကလူမို႔ လွခ်င္တာေပါ့.အဲ့ေတာ့ အမ်ားနည္းတူ အဖတ္ပါတဲ့ကင္မရာေတြနဲ႔ ရိုက္တာပဲေလ.

အဖိုး အဖြားေတြက အစ ဆလ္ဖီဆြဲေနၾကတဲ့ေခတ္မွာ ကိုယ္လွခ်င္တာ အဆန္းေတာ့ျဖစ္မယ္မထင္မိဘူး.

တခ်ိဳ႕ တခ်ိဳ႕ လူေတြက ကိုယ္တိုင္ဓာတ္ပုံေတြ ဗြီဒီယိုေတြကိုပါ အဖတ္ေတြနဲ႔ရိုက္ၿပီ သူမ်ားကိုေဝဖန္ေနတာေတြ ေတြ႕ရေတာ့ျပဳံးမိတယ္.

တခ်ိဳ႕ေသာ ေယာက္က်ားေတြက ႐ုပ္ရွင္ထဲမွာပဲေတြ႕ဖူး..အသဲအသန္ႀကိဳက္ၾကၿပီး မင္းသမီးေယာက္က်ားျဖစ္ခ်င္တဲ့ အခ်စ္စစ္မပါတဲ့ ေပၚျပဴလာျဖစ္ခ်င္႐ုံသက္သက္နဲ႔လာတဲ့စိတ္ဓာတ္ေအာက္ၾကတဲ့လူေတြလည္းၾကဳံရေတာ့ ပကာသနကိုမက္ေမာတဲ့ ဟန္ေဆာင္တတ္တဲ့ ေယာက္်ားေတြလည္းရွိသားပဲလို႔ သိလိုက္ရတယ္.

ကိုယ့္ဘဝမွာ ကိုယ္ခ်စ္လို႔ပတ္သက္ခဲ့တဲ့ ေယာက္်ားေတြဆီက (လက္ေဆာင္ေပးတဲ့အရာကလြဲရင္) ဘာမွမယူသလို ဘာမွမေတာင္းဆိုခဲ့ဘူး.ကိုယ္ကပဲ တတ္နိင္သေလာက္ သူတို႔ဒုကၡေရာက္ေနတဲ့အခါကူညီေပးခဲ့တာ.(ယူသြားတဲ့သူေတြ မဟုတ္ပါဘူးလို႔ ျငင္းခ်င္ရင္ လာျငင္းပါ.ဘာလို႔ကူညီခဲ့ရလဲဆိုတဲ့အေၾကာင္းအရာနဲ႔ ေငြ အေမာက္ကိုလူသိရွင္ၾကားစာရင္းခ်ျပေပးမယ္)

တျခားလူေတြကို သြားမျငင္းနဲ႔ေနာ္.ကိုယ့္ဆီကို ကိုယ္တိုင္လာျငင္း.အျပင္လူကဘာမွ သိတာမဟုတ္ဘူးေလ😆😆 ေျပာခ်င္တဲ့လိုရင္းေတာင္ ေပ်ာက္သြားတယ္..

မိတ္ကပ္ေတြနဲ႔ပုံျမင္ၿပီး သိပ္လွေနတယ္လို႔ထင္တဲ့သူေတြ သိေစခ်င္တာက ကိုယ္ဟာ အသက္၄၈ ႏွစ္ သာမန္ ရြက္ၾကမ္းေရခ်ိဳ မိန္းမတေယာက္ထက္မပိုပါဘူး.

ကိုယ့္ရဲ့လက္ရွိ မ်က္နာကိုျမင္ၿပီး ခ်စ္တတ္တဲ့ သူကသာ ကိုယ့္အတြက္ေတာ့ တန္ဖိုးရွိတဲ့ သူပါ.ကိုယ့္ရဲ့ မလွတဲ့ မ်က္ႏွာဟာ ကိုယ့့္အေမက အသက္နံ့ရင္းၿပီး ေမြးထားေပးခဲ့လို႔ ရွက္စရာမဟုတ္သလို ဘယ္သူမွလည္း အျပစ္ေျပာစရာမလိုပါဘူး..

သူမ်ားကိုေျပာေတာ့မယ္ဆိုရင္ မွန္ေရွ႕ျမနိျမန္ေျပးၾကည့္လိုက္ပါ.ငါေရာေတာ္ေတာ္ျပည့္စုံလို႔လားလို႔..မွန္မရွိရင္ ခုစာကိုဖတ္ၿပီးဝယ္ထားလိုကိပါေတာ့.မွန္ၾကည့္ၿပီးငါအလွကေတာ္ေတာ္လွၿပီးျပည့္စုံတယ္လို႔ ထင္ရင္ ေသခ်ာေနၿပီ..သင့္မွာဘဝင္ျမင့္႐ူးေရာဂါရွိေနပါၿပီ..ဘယ္သူမွ ျပည့္စုံတဲ့သူမရွိတဲ့ ေလာကႀကီးမွာ သင့္စိတ္ထဲ အဲ့လိုေတြျမင္ေနၿပီဆို ဆရာဝန္နဲ႔ျပလိုက္ပါလို ေစတနာနဲ႔ အႀကံေပးပါရေစ..

MKTA

No comments:

Post a Comment