Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 27, 2019

ကျန်းမာလိုသူတိုင်း နှစ်၁၀၀ သီးကိုစားပါ


Hitotsubashi University ရဲ့ Kunitachi Campus မှာ ကမ္ဘာဦးပင် (Ginkgo) တွေကို လမ်းဘေးမှာ တန်းစီ စိုက်ထား ပါတယ်။ မြန်မာပြည်မှာ နှစ်တစ်ရာသီး လို့လဲ ခေါ်ပါတယ်။

(၁၀) မိနစ်လောက် ပြုတ် အအေးခံ အခွံနွှာ ဒညင်း သီး လို့ သဘောထားပြီး ငပိရေ နဲ့ အဝစား ပါတယ်။ နှမ်းဆီ နဲ့ ဆားဖြူး စားပြီး လဘက်ရည် ကြမ်း လေးနဲ့ သောက်ကြည့်ပါ။

ဆေးပညာမှာ ဘာတွေအသုံးကျလဲဆိုတော့ ….

လေ့လာသိရှိရ သလောက် ကမ္ဘာဦးပင် (Ginkgo) အရွက်ထဲမှာ ဓာတု အမျိုးအစားပေါင်း ၄၀ကျော် ပါရှိပါတယ်..အဲဒီအထဲက Flavonoid (ဖလေ ဗိုးနွိုက်ဓာတ်) နဲ့ Terpenoids (တာပင်း နွိုက်ဓာတ်) တွေဟာ ဆေးပညာမှာ အဓိကအသုံးဝင်တယ် လို့ သိရပါတယ်။

Flavonoid (ဖလေဗိုးနွိုက်ဓာတ်)

• ဦးနှောက် ထဲမှာရှိတဲ့ serotonin ဓာတ်တမျိုးကို များစေတယ်။

• မှတ်ဉာဏ်ဖွံ့ဖြိုးစေတယ်။

• စိတ်ကျ ရောဂါကို ကာကွယ်ပေးတယ်။

Terpenoids (တာပင်း နွိုက်ဓာတ်)

• သွေးကြောတွေ ကျယ်စေတယ်။

• သွေးလျှောက်အားကောင်းမယ်။

• ဆဲလ်တွေဟာ အောက်ဆီဂျင်ကောင်းကောင်းရမယ်။

• သွေးမခဲအောင်ကာကွယ်တယ်။

• အသက်အရွယ်ကြီးရင့်သူတွေနဲ့ ပိုမိုသင့်တော်တယ်။

• အဓိကအားဖြင့် သွေးလည်ပတ်မှုအားကောင်းစေတယ်။

• မှတ်ဉာဏ်စွမ်း တိုးတက်လာစေတယ်။

• အသက်ကြီးသူတွေအဖြစ်များတဲ့ Alzheimer’s ရောဂါကို ကာကွယ်ပေးနိုင်တယ်။သက်သာစေတယ်။

• ဒီလိုရောဂါမျိုးမှာ Ginkgo leave extract ပမာဏအနည်းဆုံး 120mg ပေးတဲ့အခါ အကျိုးရှိတာ တွေ့ရတယ်။

• သွေးခဲတာကို ကာကွယ်ပေးတဲ့သဘောရှိလို့ နှလုံး၊ လေဖြတ် နိုင်သူတွေ အတွက် သင့်တော်တယ်။

• နားအူတာ၊ခေါင်းကိုက်တာ၊ချာချာလည်ခေါင်းမူးတာ အတွက်လည်း အသုံးပြု တတ်ကြသေးတယ်။

• ခြေဖျားလက်ဖျား အေးတာ၊ထုံကျင်တာ၊ လမ်းလျှောက်တဲ့အခါ ခြေထောက်နာ တဲ့ အခါမျိုးတွေမှာ အဓိကသုံးတတ်ကြတယ်။

• တချို့က ရင်ကျပ်၊ပန်းနာ၊နှင်းခူစတဲ့ အရေပြားရောဂါ တွေမှာ အသုံးပြုကြတယ်။

• ရေရှည်သောက်တဲ့အခါ သိပ်မဆိုးတဲ့ ခရုသင်းအရေပြားရောဂါမျိုးကို လျှော့ပါး သက်သာ စေတယ်။

• ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHOကတော့ ဦးနှောက်နဲ့ ခြေထောက် သွေးလျှာက် နည်းတာတွေအတွက် အသုံးပြုနိုင်တယ် ဆိုပါတယ်။

Credit

နှစ် ၁၀၀ သီးဟာအခွံမာသီးတစ်မျိုးပါ

အရသာမှာ ခါးသက်သက် အရသာရှိပါတယ်

ဘယ်လိုစားမလဲ ….

နှစ် ၁၀၀ သီးကို ရေနွေးနဲ့ ၁၀ မိနစ်ခန့်ပြုတ်ပါတယ်

ပြီးရင် အခွံကိုထု ပြီး အထဲက အဝါရောင်အဆံ လေးကိုထုတ်ပြီး ဒီတိုင်းစားရင်စား

ကြော်စားရင်စား စားလို့ရပါတယ်

မမတင်ကတော့ ကြက်သွန်ဖြူဆီသပ် ဂျူးဖူးလေးနဲ့ရောကြော်တော့ မွှေးလဲမွှေး ချိုလဲချိုမို့ နှစ် ၁၀၀ သီးရဲ့ခါးသက်သက် အရသာလေး နဲနဲရော့သွားပြီးစားလို့ပိုကောင်းပါတယ်

စေတနာမေတ္တာများဖြင့်

Credit:—တင်တင်

No comments:

Post a Comment