Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 20, 2019

မြန်မာနိုင်ငံမှာ ဆေးကုရမှာကြောက်တယ်ဆိုတာ ဒါတွေကြောင့်ပါ


ဒီ ၇ တန်းတက်နေတဲ့ ပညာထူးချွန်တဲ့ သမီးငယ်လေး ရင်ဘတ်မှာ အကျိတ်လေးတွေ့လို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်တဲ့ မန္တလေးမြို့က ဆေးရုံတစ်ခုမှာပြခဲ့တယ်။

အသားစထုတ်စစ်လိုက်တော့ ဘာမှမဟုတ်ဘူး အဆီကျိတ်လေး ခွဲလိုက်ရတယ်ဆိုပြီး ၁၈ ရက်နေ့က ခွဲစိတ်ခဲ့တယ်။
၆ နာရီလောက်က ခွဲခန်းဝင်တယ်။ ၇ နာရီလောက်မှာ ခွဲပြီးတဲ့ အဆီကျိတ်လေး မိဘတွေကို ထွက်လာပြတယ်။ အားလုံးအိုကေတယ် အေးဆေးပြောတယ်။
၉ နာရီလောက်ထိ သမီးလေးကထွက်မလာဘူး။ မေးကြည့်တော့ ကလေးက နှလုံးခုန်မြန်နေလို့ ဆေးပေးထားတယ်ပြောတယ်။
၁၀ နာရီထိထွက်မလာတော့ မိဘတွေ အရမ်းစိတ်ပူလာတယ်။ ခွဲခန်းကထွက်လာတဲ့ ၀န်ထမ်းတွေမေးတော့လည်း ဆရာဝန်ကြီးပြောပါလိမ့်မယ်ပဲ ပြောတယ်။ အခြေအနေအမှန်မပြောဘူး။

အတော်ကြာတဲ့အထိ ထွက်မလာတော့ အဒေါ်ဖြစ်သူက ခွဲခန်းထဲ ဇွတ်ဝင်သွားတော့ သမီးလေးက တောင့်ခဲနေပြီး အသက်မရှိတော့ဘူးတဲ့။
မနေ့ကမှ ဆေးရုံဘက်ကဖြေရှင်းချက်ပေးတာက မျိုးရိုးဗီဇအရ မေ့ဆေးနဲ့ မတည့်လို့တဲ့ . . . သေရော သေရော
မတည့်တာကြိုမသိနိုင်ဘူးလား။
ကဲ စဉ်းစားကြည့်ပါအုံးဗျာ။ အလွယ်လေးနော်။ မိဘတွေ ဘယ်လောက်ရင်ကျိုးလိုက်မလဲ
ခုထိ ဆေးရုံဘက်က ဘာမှ တာဝန်ယူပေးမှုမရှိသေးဘူးတဲ့။ ကလေးက ခုသင်္ဂြိုလ်ဖို့တောင်သွားနေပီ။
ဘာမဟုတ်တဲ့ အဆီကျိတ်လေးခွဲမိတာကနေ သမီးလေး ဆုံးရှုံးရတယ်။ ဒါ နံပါတ် ၁ နာမည်ကြီးဆေးရုံမှာ ကုတာနော်။ ဒီအဆီကျိတ်ခွဲတယ်ဆိုတာ ဆေးလောကမှာ Minor ပဲ။ ထုံဆေးနဲ့တောင်ခွဲရတယ်။

ဒါကိုသေတယ်ဆိုတော့ မြန်မာပြည်ရဲ့ ကျန်းမာရေး စနစ်ကြီးကို ဘယ်လိုယုံကြည် စိတ်ချကြရမလဲ

တစ်ခါတုန်းကလည်း ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ်တာကို အူအတက်ရောင်တာဆိုပြီးခွဲစိတ်ခဲ့လို့ ကျောင်းသူတစ်ယောက်သေခဲ့တာ မီဒီယာတွေအပေါ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။

ပြီးခဲ့တဲ့လပိုင်းကလည်း သားငယ်လေးတစ်ယောက် ကုသမှုပေါ့ဆတာကြောင့်သေခဲ့တယ်။
ဘာဖြစ်ဖြစ် ခွဲစိတ်မယ်ဆိုတဲ့ ဟာတွေကလည်း ကြောက်စရာ
ဒါမျိုးဖြစ်စဉ်တွေ အများကြီးပါ။ ကံ ပဲလေလို့ ပုံချလိုက်ရမှာလား။
ကဲ ဘယ်လိုတာဝန်ယူကြမလဲ ဘယ်လို အစားထိုးပေးနိုင်ကြမလဲ။ ကိုယ့်သားသမီးအနေနဲ့ စဉ်းစားကြည့်ကြပါ . . .
မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မြှင့်တင် ပြောင်းလဲသင့်ပါပြီ. . .

- ကျော်ကြီး(MDY)

Photo - Credit




No comments:

Post a Comment