Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 3, 2019

မျက်ရည်များနဲ့ရေးတဲ့စာ


ဒီနေ့ ကလေးလေးအိမ် တို့ admin team ကညီအစ်မတတွေ သွားကြတယ်။ ကလေးလေးနဲ့ ကလေးလေးမေမေကိုအားပေးဖို့ရယ် ကလေးလေးအတွက် အထောက်အကူရဖို့ တုနှိုင်းမဲ့ရတနာလေးတို့ရဲ့ မေမေတွေ စုလှူထားတဲ့ ငွေကိုပေးဖို့သွားကြတာ။

ဆေးရုံသွားတုန်းက မယောင်မလည် တိုးတိုးတိတ်တိတ်သွားကြည့်ရတော့ ဒီလောက် စကားအများကြီးလည်းမပြောဖြစ်ကြဘူး။ အိပ်ယာပေါ်မှာလှဲနေတဲ့ ကလေးကို ပိုက်တန်းလန်းနဲ့ပဲ မြင်ခဲ့တာ။ စောင်ခြုံထားတာ လှန်တောင်ကြည့်ခွင့်မရှိလို့ မကြည့်ခဲ့ပါဘူး။ ဖုန်းထဲကနေ စကားပြောကြတော့လည်း ကလေးအမေချင်းချင်းမို့ အလုပ်များနေသလားဆိုပြီး လိုရင်းပြော ဖုန်းချလိုက်တာလေ။

ဒီနေ့မှ သေချာစကားပြော ကလေးလေးကိုလည်း သေချာကြည့်ရတော့တယ်။ ဖြစ်ကြောင်းကုန်စင်ကိုလည်း နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်။ ကလေးလေးရဲ့ ကိုယ်တွင်းကိုယ်ပြင်ဒဏ်ရာ စိတ်ဒဏ်ရာတွေကို အသေအချာမြင်လိုက်ရတော့ ရင်ထဲမချိဘူး။ ကလေးရှေ့မှာမို ငိုချင်စိတ်ဆို ထိန်းပြီး ဟန်ဆောင်နေရတယ်။

အော်
တို့တွေတောင် ဒီလောက်ခံစားရရင် ကလေးအမေဆို ရင်နဲ့မဆန့်ခံစားရရှာမှာပေါ့။

အစ်မတို့ရောက်တော့ ကလေးလေးအိပ်နေတယ်။

သူ့အမေကို ပိုက်ဆံပေး စကားပြောနေတုန်း ကလေးလေးနိုးလာတော့ အမေဖြစ်သူကကောက်ချီထားပြီး စကားဆက်ပြောကြတယ်။

ဗိုက်ကချုပ်ရိုးလေး အနာမကျက်ဘူးလား မသိဘူး ဆိုပြီး ကလေးဒဏ်ရာလေးပြပါတယ်။

အစ်မစိတ်ထဲ ဆီးဝမ်းအတွက် ဗိုက်က အပေါက်ဖောက်ထားလို့ ပြန်ချုပ်ရတယ် ချုပ်ရိုးသေးသေးလေး ဖြစ်မယ်ထင်တာ။ တွေ့ရတော့ အစ်မတို့ ကလေးဗိုက်ခွဲမွေးသလို ဆီးခုံအောက် တောက်လျှောက်ချုပ်ထားရရှာတာဘဲ။

ဘာလို့ အဲ့လောက်တောင် ချုပ်ရတာလဲ မေးကြည့်တော့

အတွင်းထိ ချုပ်ရတယ် ပြောတယ်တဲ့

ဒါဆို ဆီးအိမ် ဒါမှမဟုတ် သားအိမ်ကွဲလို့ ချုပ်ရတာပေါ့။ အိုး သမီးလေးရယ်။

ကလေးတကိုယ်လုံးလည်း ခြင်တွေ ဖြုတ်တွေ အကောင်ပလောင်တွေကိုက်ထားတဲ့ ဒဏ်ရာတွေနဲ့။ ဟိုနေ့က ဆေးရုံသွားကြည့်တော့ ခေါင်းအုံးပေါ် မျက်နှာလေးဝှက်ပြီး ကြောက်နေလို့ သေချာမမြင်ရခဲ့ဘူး။ ခုမှ ကြည့်တော့ မျက်နှာမှာလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့ပါလား ကလေးလေးရယ်။

မနေနိုင်လို့
ဟယ် ဒဏ်ရာတွေနဲ့ပါလား ပြောမိတော့
ကလေးအမေက

ပျောက်သွားတာ ည ၁၂ နာရီကတည်းက နောက်တနေ့ နေ့လည်လောက်မှ ပြန်တွေ့တာအစ်မရယ်။ ပြန်တွေ့တော့လည်း ခြုံထဲမှာ ဘောင်းဘီလည်းမရှိဘူး။ ရွံ့တွေ ချီးတွေ သွေးတွေနဲ့။ ။ ညီမလည်း ရေးချိုးပေးရတာပေါ့။ လူတွေက ဝိုင်းကြည့်နေတော့ ညီမလည်း သွေးတစက်စက် ကျနေတာမြင်ပေမယ့် ဖြဲမကြည့်ရဲဘူး။ ဒါနဲ့ဆေးခန်းပြေးပြရတယ်။ ဆရာဝန်က ရန်ကင်းဆေးရုံပို့ဆိုတော့ ပို့လိုက်ရတယ်။ အဲ့လူက ကလေးပါးစပ်ကို ပလာစတာနဲ့ပိတ်ထားတယ်ထင်တယ်။ တွေ့တော့ ကလေးပါးစပ်မှာ ပလာစတာကပ်ရာတွေနဲ့။ ကြည့်ရတာ ကလေးသတိလစ်သွားတော့ သေပြီထင်ပြီး ပစ်ထားခဲ့တာထင်တယ်။

အဲ့လိုပြောနေချိန်မှာ ကလေးလေးက သူ့အမေပါးစပ်ကို သူ့ပါးလေးနဲ့ ဖိပြီး မပြောဖို့တားတယ်။ သူသိနေတယ်။ သူ ဒီအကြောင်းတွေကို ထပ်မကြားချင်တော့ဘူး။

ဒါနဲ့ အစ်မတို့လည်း အကြောင်းအရာ ပြောင်းပြောကြသေးတယ်။

အဲ့လူက ရုံးချိန်မှာ တွေ့တော့်ထောင်ကထွက်လာရင် နင်တို့တမိသားစုလုံး သတ်မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ကလေးအမေက ပြောတယ်။

ဟယ် လူပါးဝလိုက်တာ။ ဒင်းထောင်ကမထွက်ရပါစေနဲ့။

ဒါလိုနဲ့ ပြောရင်းအစ်မတို့က ဒီလူမှန်းဘယ်လိုသိလဲ မေးကြည့်တော့
အဲ့နေ့ညနဲ့ အဲ့လူအကြောင်းတွေပြောဖြစ်ကြပြန်တာပေါ့။

အမရယ် ကလေးကို သေပြီဆိုပြီးသူက ခြုံထဲပစ်ထားပြီး သူအခန်းမှာသူပြန်နေတာ။ ကလေးကို နတ်စောင့်လို့သာ မသေတာ။ အဲ့ညက မိုးတွေလည်းရွာနေတာလေ။

အဲ့ခါမှာ ကလေးလေးက သူ့အမေပါးစပ်ကိုလှမ်းပိတ်ပြန်တယ်။ တိုးတိုးလေးး မပီကလာလေးပြောရှာတယ်။ မပြောနဲ့တဲ့

ဘယ်လိုမှ ရင်ထဲ မချိတော့ဘူး။ ဆက်ပြောနေဖို့ အင်အားမရှိတော့ဘူး။ ဒါနဲ့

ပြန်တော့မယ်ညီမရယ်။ အမကို အဖြေတခုတော့ ပေးပါဦး။ ခုဆို ညီမတို့သားမိကို ကူညီချင်သူတွေ အများကြီးရှိပါတယ်။ အနုပညာရှင်တွေရော cele တွေရောကပေါ့။ အဲ့ဒါ ညီမဖုန်းနံပါတ်ပေးလိုက်ရမလား မေးတော့

အစ်မသဘောပါ။ အစ်မပဲ အခြေအနေကို ကြည့်စီစဉ်ပေးပါတဲ့

ဟဲ့။ အဲ့လိုကြီးတော့မလုပ်ပါနဲ့ ညီမဟာ ညီမ စဉ်းစားပြီး သေချာပြောပါ ဆိုတော့။

သူခဏစဉ်းစားပြီး

အစ်မရယ် သမီးလေးက တစိမ်းယောက်ျားဆို လုံးဝကြောက်နေပြီ။ နောက်ပြီး ညီမတို့က ခု ဘယ်သူမှ မသိတဲ့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာပြီ။ ညီမတို့ဆီကို တရုန်းရုန်းနဲ့ လာကြရင် ပတ်ဝန်းကျင်သတိထားမိတော့မယ်နော်။

အေး ဒါလည်းဟုတ်တာပဲ။

နောက်တခုရှိတာက လာတဲ့လူတွေကအကျိုးအကြောင်းမေးကြမယ်။ အဲ့ခါ သမီးလေးရှေ့ထားပြီး ဒီအကြောင်းထပ်ပြောရမယ်။ ကြာလာတော့ သမီးလေးမှတ်ဥာဏ်ထဲ ဒီအကြောင်းကို မမေ့အောင် ခဏခဏ ပြောသလိုများ ဖြစ်လာမလားလို့

ဟုတ်တယ် ညီမ ခုတောင် ကလေးက အဲ့လူ အဲ့ဒီညက ဆိုတဲ့ အသံကြားတာတောင် ပါးစပ်လိုက်လိုက်ပိတ်နေတာ။ သူလည်း ကြားတိုင်း သတိရရသွားပြီး ခံစားရရှာမှာပေါ့။

ဒါဆို ဒီလိုလုပ်ရအောင် အစ်မတို့ ညီမတို့ သားမိရှေ့ကနေကာကွယ်ပြီး ကူညီပေးမယ်။ ဟိုလူကိုလည်း အပြစ်ဒဏ်ကြီးကြီး ခံရအောင် ဘယ်လိုလုပ်ရမလဲလို့ ရှေ့နေတွေကို အကူအညီတောင်းမယ်။ နောက်ဆုံး တရားရုံးလိုက်ပြီး အင်အားပြဆို မေမေတွေ ရုံးချိန်းလာပြီး အင်အားပြမယ်ညီမ။

အားပေးပြောဆိုပြီး ပြန်လာတဲ့လမ်းတလျှောက် admin တွေတိုင်ပင်ကြတယ်။ Admin team က မကြည်ပြာရဲ့ ကိတ်ဆိုင်ဝင်ထိုင် တိုင်ပင်ရင်း ငိုတဲ့သူငို ဒေါသထွက် အံတကြိတ်ကြိတ်နဲ့ လူယုတ်မာ အသေဆိုးနဲ့ သေပါစေလို့ ကြိမ်ဆဲသူက ကြိမ်ဆဲကြရင်း ဆုံးဖြတ်ချက်ချလိုက်တာက ဒီကလေးလေးကို အစ်မတို့ Group ကနေ ရေဆုံးရေဖျားကူညီမယ် ဆိုတာပါပဲ။
Group က member ဝင်များမှလည်း ဥပဒေကြောင်းအရ ကူညီနိုင်မယ့်သူရှိရင် ကူညီအကြံပေးကြပါလို့။ အလှူငွေကောက်ပြီး နောက်အပတ်မှာလည်း သွားပေးပေးပါ့မယ်နော်။
လှူရမယ့် bank acc နံပါတ်တွေလည်း တင်ပေးထားပါတယ်။
KBZ
99930723600047501
Ma Thandar Myo

AGT
0161240000501
Ma Thandar Myo

KPAY
095670367
Ma Thandar Myo

CB
0063600100043017
Daw Kyi Pyar Linn

AYA
0093201010011305
Ma Myat Su Mon
30th, June, 2019

ယုတ်မာခံရတာခြင်းတူပေမဲ့ နေပြည်တော်က သမီးလေးက အွန်လိုင်းဆယ်လီတွေ အနုပညာရှင်တွေ အရာရှိဘက်တွေကပါ ဝန်းရံကြလို့ အမှုမှန်မပေါ်သေးတာပဲရှိတယ် တရားခံရုပ်တွေကတော့ ပွထွနေအောင် မြင်ရပါတယ် . . သမီးလေး မိဘတွေကလည်း ကိုယ်ပိုင်ကျောင်းထားနိုင်တဲ့ အသင့်အတင့်ဝန်ထမ်းမိဘတွေပါ . . သူတို့သမီးလေးအတွက်လျော်ကြေးငွေမလိုပါ ကူညီငွေလက်မခံပါ ဘယ်လိုပေးပေးမယူပါ တရားမျှတမှုကိုသာ လိုပါတယ်လို့ အခါခါ ပြောထားတာပါ . .
မြောက်ဥက္ကလာ ရွှေပေါကံ္က က သမီးလေးဟာ မိဘက ဆင်းရဲလွန်းလို့ ညသန်းခေါင် အလုပ်လုပ် အိပ်နေတဲ့ မောင်နှမနှစ်ယောက်ကို တလှည့်စီ သွားကြည့်နေတဲ့ကြားက ချောင်းနေတဲ့မဒိန်းကောင် လက်ချက်မိ ရှေ့အင်္ဂါ နောက်စအိုပါ ကွဲ လမ်းတောင်စမ်းလျှောက်နေတဲ့ လူမမယ်အရွယ်လေးခမျာ တညလုံး သေအောင် ပစ်ထားခံရ . . အဲ့ဒိညက မိုးတွေအရမ်းရွာတဲ့ည .. မသေပဲပြန်တွေ့ရပေမဲ့ သေလောက်အောင် ဒဏ်ရာတွေရ ၁နှစ်၈လအရွယ်လေးနဲ့မမျှ ချုပ်လိုက်ရတဲ့ ဒဏ်ရာ . . အမေလုပ်သူက ထမင်းတောင်ထွက်မစား သမီးလေးအနားမှာ ကပ်နေရှာပါတယ် . . သူတို့မိသားစုအတွက် ငွေလိုပါတယ် . . လှူ ရင်လည်း လက်ခံရှာပါတယ် . . သူတို့အလုပ်မလုပ်နိုင်သေးပါဘူး ကလေး ၂ယောက်နဲ့ စိတ်ဒဏ်ရာ လူဒဏ်ရာတွေ တပုံကြီးနဲ့ ဒုက္ခတကယ်ရောက်နေရတာပါ . . တက်နိုင်တဲ့ဘက်က ကူညီမယ် လို့စိတ်ပိုင်းဖြတ်ထားပါတယ် . .
နေပြည်တော်က သမီးလေးနဲ့နှိုင်းယှဉ်ထားတာမဟုတ်ပါဘူးနော် အဲ့ဒိသမီးလေးအတွက်လည်း အွန်လိုင်းကနေ တရားမျှတမှုအတွက် profile တောင်ချိန်းပီး အစွမ်းကုန် အားတက်သရော ကူနေတာပါ .
ရွှေပေါက္ကံက သမီးလေးအတွက်ကတော့ ကာယကံမြောက်အောင် ကူညီမှ ဖြစ်မှမို့ပါ . .ကူညီတဲ့သူတွေကူညီငွေတွေကို စာရင်းနဲ့တင်ပါမယ် ကျမ ကိုယ်တိုင် ၁နှစ် ၈ လ သမီးလေး ရှိတဲ့အတွက် ကိုယ်ချင်းစာ ကိုယ်တိုင်ခံစားနေရပါတယ် . . မေမေများ ဖေဖေများ ကူညီပေးကြပါရှင်
edit
သူငယ်ချင်းတွေကိုပဲ ပြောတာဆိုပေမဲ့ တခြားစေတနာရှင် အလှူ ရှင်များက ဆက်သွယ်လှူ ချင်ပါတယ်ဆိုလို့ ကျမ တာဝန်ယူပီ စုပေးပါမယ် . . ကျမဆီကို ဆက်သွယ်လှူ ပေးပါ . . အားလုံးကို စာရင်းနဲ့တကွ စုပီး wall ပေါ်မှာလည်း တင်မယ်. . အလှူ ငွေတွေ မပျောက်ပျက် အလေအလွင့် အလွဲသုံးစားမရှိအောင် တာဝန်ယူပါတယ်
၀၉ ၄၂၁၀၅၄၅၅၇ မနှင်းဒါလီ



2

No comments:

Post a Comment