Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, July 2, 2019

ထိုင္းလူမႈကြန္ရက္မွာ နာမည္ၾကီးေနသည့္ ဇနီးနဲ ့အတူ ၾကက္ေၾကာ္ ေရာင္းေနသူ ဂ်ာမန္နိုင္ငံသားမွာ အင္တာပိုရဲတပ္ဖြဲ ့က အလိုရွိေနသူ တရားခံေျပးျဖစ္ေန


ထိုင္း နိုင္ငံ နေကာ္ရခ်စီမား ခရိုင္မွာ ဇနီးကို ကူျပီး ၾကက္ေၾကာ္ေရာင္းေပးေနတဲ့ ဂ်ာမန္ နိုင္ငံသား (MR.FERNSEBNER MAXIMILIAN) မက္ဇီမီလီယံ ဟာ ဂ်ာမန္မွာ စီးပြားေရးလုပ္ငန္း၇ွင္ဆိုေပမယ့္ ဇနီးျဖစ္သူရဲ ့ ေနရပ္မွာ ၾကက္ေၾကာ္ကူေရာင္းေပးေနတာလို ့ ဆို၇ွယ္နဲ ့ လူမွုကြန္ယက္ေတြမွာ ေဖၚျပေနၾကပါတယ္။
ဆို၇ွယ္မွာ နာမည္ၾကီးလာေတာ့ မီဒီယာေတြကလာေရာက္ ေမးျမန္းၾက အင္တာဗ်ဴးၾကသလို ေဒသခံရဲေတြကလည္း မိတ္ျဖစ္ေဆြျဖစ္ သြားေရာက္ၾကက္ေၾကာ္၀ယ္စားခဲ့ၾကပါတယ္။
ခုေတာ့ အဆိုပါ ဂ်ာမန္ အမ်ိဳးသားဟာ အင္တာပို (နိုင္ငံတကာမွုခင္းတပ္ဖၤြဲ ့) က အလိုရွိေနတဲ့ မူယစ္ေဆးနဲ ့ သက္ငယ္မုဒိမ္း တရားခံျဖစ္ေနတာ ထိုင္းရဲက သိသြားခဲ့ပါျပီ။
ဒီရက္ပိုင္းက တရားခံကို ဖမ္းဆီးဘို ့ သြားခဲ့ရာမွာ ရဲကားေတြအလာမွာ လတရားခံဟာ ေတာထဲထြက္ေျပးသြားခဲ့ေၾကာင္း သိရပါတယ္၊ တရားခံပုန္းေအာင္းေနတဲ့ သစ္ေတာအတြင္းမွာ နွစ္ရက္ၾကာပိတ္ဆို ့ ရွားေဖြခဲ့ၾကျပီး ဒီကေန ့မွာ တရားခံ မက္ဇီမီလယံ ကို ေရကန္အနွီးမွာ ဖမ္းဆီးနိုင္ခဲ့ေၾကာင္းသိရပါတယ္။
SAW




Unicode Version
ထိုင်း နိုင်ငံ နကော်ရချစီမား ခရိုင်မှာ ဇနီးကို ကူပြီး ကြက်ကြော်ရောင်းပေးနေတဲ့ ဂျာမန် နိုင်ငံသား (MR.FERNSEBNER MAXIMILIAN) မက်ဇီမီလီယံ ဟာ ဂျာမန်မှာ စီးပွားရေးလုပ်ငန်း၇ှင်ဆိုပေမယ့် ဇနီးဖြစ်သူရဲ့ နေရပ်မှာ ကြက်ကြော်ကူရောင်းပေးနေတာလို့ ဆို၇ှယ်နဲ့ လူမှုကွန်ယက်တွေမှာ ဖေါ်ပြနေကြပါတယ်။
ဆို၇ှယ်မှာ နာမည်ကြီးလာတော့ မီဒီယာတွေကလာရောက် မေးမြန်းကြ အင်တာဗျူးကြသလို ဒေသခံရဲတွေကလည်း မိတ်ဖြစ်ဆွေဖြစ် သွားရောက်ကြက်ကြော်ဝယ်စားခဲ့ကြပါတယ်။
ခုတော့ အဆိုပါ ဂျာမန် အမျိုးသားဟာ အင်တာပို (နိုင်ငံတကာမှုခင်းတပ်င်္ဖွဲ့) က အလိုရှိနေတဲ့ မူယစ်ဆေးနဲ့ သက်ငယ်မုဒိမ်း တရားခံဖြစ်နေတာ ထိုင်းရဲက သိသွားခဲ့ပါပြီ။
ဒီရက်ပိုင်းက တရားခံကို ဖမ်းဆီးဘို့ သွားခဲ့ရာမှာ ရဲကားတွေအလာမှာ လတရားခံဟာ တောထဲထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်၊ တရားခံပုန်းအောင်းနေတဲ့ သစ်တောအတွင်းမှာ နှစ်ရက်ကြာပိတ်ဆို့ ရှားဖွေခဲ့ကြပြီး ဒီကနေ့မှာ တရားခံ မက်ဇီမီလယံ ကို ရေကန်အနှီးမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။
SAW

No comments:

Post a Comment