Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

တရားသမားကုိ ရည္းစား လုပ္မိေတာ့


က်မမွာရည္းစားတစ္ေယာက္ရွိခဲ့ဘူးတယ္။ နာမည္က ကိုမ်ိဳးႀကီး တဲ့…fb ကပဲေတြ႕တာပါ… လူပံုက ရိုးပံုရိုးလက္နဲ႔ ယဥ္ယဥ္ မြန္မြန္ပါပဲ။ သူက လာ add တာရွင့္…သူ႔ profile က လျပည့္ေန႔ဘုရားေပၚမွာရိုက္ထားတဲ့ပံုေလးနဲ႔ ပန္းေလးကိုင္ ေယာပုဆိုးေလးနဲ႔ လည္ကတံုးေလးနဲ႔မို႔ acc ကလည္းအစစ္မို႔က်မလည္း လက္ခံလိုက္မိတယ္…

ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘုရားတရားစာေတြshareတယ္။ ဆံုးမစာေတြ shareတယ္သံေဝဂစာေတြတင္တယ္ဆိုေတာ့ ေအာ္…ရုပ္ရည္ေလး သနားကမားေလး ဘာသာတရားကိုင္းရွိုင္း ဘုန္းႀကီးလည္းတႏွစ္တခါဝတ္တယ္ဆိုေတာ့ ေႂကြၿပီေလဆိုၿပီး….ေနာက္ပိုင္းသူနဲ႔က်မ cb ကစကားေတြဘာေတြေျပာရင္း ခ်စ္သူေတြျဖစ္သြားၾကေရာေပါ့ရွင္.. ခ်စ္သူျဖစ္ အေျဖေပးၿပီးေနာက္ပိုင္းလည္း cb ကစကားေျပာေတာ့ ယဥ္ယဥ္ေက်းေက်းပဲ…

တေန႔ေတာ့ က်မတို႔ေတြ႕ရေအာင္ဆိုၿပီး ခ်ိန္းၾကတယ္..ကဲ..ေတြ႕ပါၿပီရွင္…ကိုယ္ေတာ္ေခ်ာ… ထိုင္ၿပီးစကားေလး ဘာေလးေျပာ..ရီရီေမာေမာနဲ႔ က်မနားကိုကပ္လာတယ္..

“လက္ေလးကိုင္ၾကည့္ခ်င္တယ္”
“အို..အကိုကလည္း”
က်မလည္း ရင္ေတြခုန္တာေပါ့ရွင္
“ေအာ္..လွၾကည္ရယ္ လက္ကေလးက အေပၚယံအေရျပားတေထာက္စာသာ လွေနေပမယ့္ ေအာက္မွာေတာ့ေသြးေတြ အေၾကာေတြနဲ႔ရြံစရာႀကီးပါ..မီးရွို႔ရင္ ဒီလက္ေတြက ေကာက္ေကြးၿပီး မဲျပာကုန္မွာေနာ္…”
“အမ္…ဘာေတြေျပာေနတာလဲ နိမိတ္မရွိ နိမာမရွိ အကိုရယ္…”
“ေျပာျပတာပါ လွၾကည္ရယ္..”
“ကိုယ္လံုးေလးကေသးေသးေလးေနာ္လွၾကည္ ခါးေလးကေသးေသးေလး တပ္မက္စရာပဲ.. ဒီအသုဘခနၶာကိုယ္မွာ မၾကည့္တတ္ရင္ေတာ့ တဏွာစိတ္ရိုင္းေတြဝင္တတ္ၾကတယ္လွၾကည္ရယ္”
“ဟမ္..ဘာေတြေျပာေနတာလဲ ဘယ္က အသုဘလဲ ဘာတဏွာစိတ္ရိုင္းလဲ အကိုရယ္ စကားကိုေကာင္းေကာင္းေျပာပါ”
“ေတြးမိတာ ေျပာတာပါ လွၾကည္ရဲ႕..”
“ရင္ေတြခုန္ေနလား လွၾကည္” တဲ့
“အင္း…ခုန္ေနသလိုပဲ အကို..”လို႔ေျပာေတာ့
“သတိလက္မလြတ္ေစနဲ႔ လွၾကည္ ကာမစိတ္ရိုင္းေတြဝင္မလာခင္ အေတြ႕အထိကို အသိနဲ႔ျဖတ္ပါ” တဲ့…
“ဘာ…ရွင္.. ရွင္ဘာေတြေျပာေနတာလဲ”
“မဟုတ္ပါဘူး ပုထုဇဥ္လူသားေတြအတြက္ ကာမဂုဏ္ခံစားတတ္တာကိုသတိရမိလို႔ပါ လွၾကည္ရယ္…”
“ဟယ္…ဘာကာမဂုဏ္လဲ အကိုရယ္ ဒုကၡပါပဲ..”
“လွၾကည္ကို အကိုတကယ္ခ်စ္တာလားဟင္” က်မေမးရတာေပါ့..မျဖစ္ေတာ့ဘူးေလ..
“ခ်စ္တာေပါ့ လွၾကည္ရယ္..လွၾကည္ေရာ အကို႔ကို တပ္မက္လား”
“ဟမ္..ဘာကို တပ္မက္ရမွာတုန္း စကားေတြက ဘယ္လိုေတြေျပာေနတာလဲ”
“ဟုတ္တယ္ေလ ခ်စ္တယ္ဆိုတာ တပ္မက္တာဘဲေပါ့ လွၾကည္ရယ္။ သူေတာ္ေကာင္းေတြမွာရွိတဲ့ ေမတၱာကမွ ေအးခ်မ္းတာ…”
“ကဲ..ဟုတ္ပါၿပီ အကိုရယ္..ထားပါေတာ့ က်မ ဘုန္းႀကီးတစ္ပါးရဲ႕ တရားေတြလာနာေနရသလိုပဲ..”
“မင္း မ်က္လံုးေလးေတြသိပ္လွတယ္ အကို႔ကို ၾကည့္စမ္း လွၾကည္”
“သိပ္လွလြန္းတယ္ လွၾကည္ရယ္” တဲ့…
ကဲ.. က်မ ရင္ေတြခုန္လိုက္တာ
“ၾကားရဲ႕လား လွၾကည္..ခံစားလို႔ရရဲ႕လား” တဲ့
“ဟမ္.. ဘာ…ဘာ..ဘာလဲ ဘာေတြေျပာေနတာလဲ”
“မ်က္စိေလ လွၾကည္ရဲ႕ မ်က္စိကေနအကို႔ကိုျမင္ၿပီး နားေပါက္ကေနအကိုေျပာတဲ့စကားေတြကို ခံစားမိလားလို႔တရားသေဘာအရ ခနၶာကိုယ္ရဲ႕ ဒြါရ ကိုးေပါက္စလံုးက အပုပ္ရည္ေတြက်ဆင္းေနၾကတာေလ.. လွၾကည္ရဲ႕ေရာ အကို႔ရဲ႕ပါ..ပါ..ပါ..”

“ျဖန္း…” (ပါးခ်သံ)

“ရွင္ မိုက္ရိုင္းလွခ်ည္လား ဟင္။ ရည္းစားနဲ႔လာ date ပါတယ္။ ကာမေတြေရာ တပ္မက္တာေတြေရာ တဏွာေတြေရာ…
ဘာေတြလည္း …ရွင္ ရူးေနတာလား ဟမ္ က်မအဖြားတရားေခြဖြင့္ထားရင္း ထိုင္နာတာေတာင္ ခုေလာက္တရားမရဘူး.. က်မျပန္မယ္”

“ေဒါသေတြႀကီးလွခ်ည္လား လွၾကည္ရယ္ ပါးရိုက္လိုက္တဲ့အခ်ိန္မွာ ေဒါသေတြထြက္ အကို႔ကိုစိုးပိုးဆက္ပက္ (အဲ..)ပိုးစိုးပက္ဆက္ ေျပာေနတဲ့အခါမွာ ဖရုႆဝါစာေတြထြက္နဲ႔ မင္းဟာ စိတ္ဆင္ရိုင္းကို အသိဥာဏ္ခၽြန္းနဲ႔ အုပ္လို႔မရတဲ့ ဘီလူးမတစ္ေကာင္လိုပါလား ”

“ဘာ…..”
“ျဖန္း…”(ပါးထပ္ရိုက္သံ)

“ထပ္ေျပာစမ္း..ထပ္ခ်မွာ …ဟင္ က်မကိုဘာမွတ္ေနလည္း အရင္ေခတ္က လက္ပက္နီအဖြဲ႕ဝင္ က်မက.. က်မအေဖက အရင္က လက္ပက္နီေခါင္းေဆာင္ ရွင့္ေလာက္ကေတာ့ ဂုတ္ကေနဆြဲၿပီး လႊင့္ပစ္လိုက္လို႔ရတယ္..ထပ္ေျပာၾကည့္စမ္း..”

“မ..မ..ေျပာေတာ့ပါဘူး။ လွၾကည္ရယ္..အကိုမင္းကိုခ်စ္လို႔ပါ..”
“တိတ္စမ္း..အရူးေကာင္…အလကားေကာင္…ဖီးလ္မယ္ၾကံလိုက္ရိုက္ခ်လိုက္…ro မယ္ရွိေသး ေတာက္ခ်လိုက္နဲ႔… ရိုလာကိုစတာစီးေနရသလိုပဲ..တာ့တာပဲ..ရွင္နဲ႔က်မ ျပတ္ၿပီ ငေပါေကာင္…fb မွာလည္း block လိုက္ၿပီ ေနာက္လည္း လာမပတ္သက္နဲ႔ေတာ့..”

“လွၾကည္သေဘာပါ..အကိုကေတာ့ ေရစက္ပါလာတယ္ထင္ၿပီး ေပ်ာ္လိုက္ရတာ.. ေရွးဘဝကဆုေတာင္းေတြျပည့္ၿပီ ငါ့အတြက္ပါရမီျဖည့္ဖက္ရၿပီဆိုၿပီး မေနာပီတိ ဂြမ္းဆီထိေနခဲ့ရတာ။ အခု ဥေပကၡာျပဳေတာ့မွာေပါ့…ရပါတယ္ အကိုေက်နပ္ ပါတယ္.. ပါးရိုက္ခံရတာကိုလည္း ဝဋ္ေႂကြးလို႔သတ္မွတ္ပါတယ္ အကိုအျပစ္မယူဘူး ခြင့္လႊတ္ပါတယ္..”တဲ့

အဲလိုနဲ႔ပဲ က်မ ရည္းစားနဲ႔လမ္းခြဲခဲ့ပါတယ္။ First date, first cut ပဲရွင့္… သူ႔ fb ကိုလည္း block ထားလိုက္တယ္ ဖုန္းေတြေရာ viber ေရာ အကုန္ block ထားလိုက္တယ္။ က်မမွားလား သူမွားလား ရွင္တို႔ဘဲဆံုးျဖတ္ၾကည့္…

အံမယ္ ဒင္းက အဲ့ေန႔က စေတးတပ္စ္တင္ထားေသးတယ္။ က်မ ေနာက္ acc တစ္ခုနဲ႔ဝင္ၾကည့္တာ..” ဝဋ္ေႂကြးရွိရင္ ေက်ေအာင္ဆပ္ၾကပါ”တဲ့ feeling so sad တဲ့…မသာေကာင္က

ရွင္တို႔လည္း က်မလိုျဖစ္မယ္။ သတိထားၾက…………
Nan Khin Nan Khin

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျမမှာရည်းစားတစ်ယောက်ရှိခဲ့ဘူးတယ်။ နာမည်က ကိုမျိုးကြီး တဲ့…fb ကပဲတွေ့တာပါ… လူပုံက ရိုးပုံရိုးလက်နဲ့ ယဉ်ယဉ် မွန်မွန်ပါပဲ။ သူက လာ add တာရှင့်…သူ့ profile က လပြည့်နေ့ဘုရားပေါ်မှာရိုက်ထားတဲ့ပုံလေးနဲ့ ပန်းလေးကိုင် ယောပုဆိုးလေးနဲ့ လည်ကတုံးလေးနဲ့မို့ acc ကလည်းအစစ်မို့ကျမလည်း လက်ခံလိုက်မိတယ်…

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားစာတွေshareတယ်။ ဆုံးမစာတွေ shareတယ်သံဝေဂစာတွေတင်တယ်ဆိုတော့ အော်…ရုပ်ရည်လေး သနားကမားလေး ဘာသာတရားကိုင်းရှိုင်း ဘုန်းကြီးလည်းတနှစ်တခါဝတ်တယ်ဆိုတော့ ကြွေပြီလေဆိုပြီး….နောက်ပိုင်းသူနဲ့ကျမ cb ကစကားတွေဘာတွေပြောရင်း ချစ်သူတွေဖြစ်သွားကြရောပေါ့ရှင်.. ချစ်သူဖြစ် အဖြေပေးပြီးနောက်ပိုင်းလည်း cb ကစကားပြောတော့ ယဉ်ယဉ်ကျေးကျေးပဲ…

တနေ့တော့ ကျမတို့တွေ့ရအောင်ဆိုပြီး ချိန်းကြတယ်..ကဲ..တွေ့ပါပြီရှင်…ကိုယ်တော်ချော… ထိုင်ပြီးစကားလေး ဘာလေးပြော..ရီရီမောမောနဲ့ ကျမနားကိုကပ်လာတယ်..

“လက်လေးကိုင်ကြည့်ချင်တယ်”

“အို..အကိုကလည်း”

ကျမလည်း ရင်တွေခုန်တာပေါ့ရှင်

“အော်..လှကြည်ရယ် လက်ကလေးက အပေါ်ယံအရေပြားတထောက်စာသာ လှနေပေမယ့် အောက်မှာတော့သွေးတွေ အကြောတွေနဲ့ရွံစရာကြီးပါ..မီးရှို့ရင် ဒီလက်တွေက ကောက်ကွေးပြီး မဲပြာကုန်မှာနော်…”

“အမ်…ဘာတွေပြောနေတာလဲ နိမိတ်မရှိ နိမာမရှိ အကိုရယ်…”

“ပြောပြတာပါ လှကြည်ရယ်..”

“ကိုယ်လုံးလေးကသေးသေးလေးနော်လှကြည် ခါးလေးကသေးသေးလေး တပ်မက်စရာပဲ.. ဒီအသုဘခန္ဓာကိုယ်မှာ မကြည့်တတ်ရင်တော့ တဏှာစိတ်ရိုင်းတွေဝင်တတ်ကြတယ်လှကြည်ရယ်”

“ဟမ်..ဘာတွေပြောနေတာလဲ ဘယ်က အသုဘလဲ ဘာတဏှာစိတ်ရိုင်းလဲ အကိုရယ် စကားကိုကောင်းကောင်းပြောပါ”

“တွေးမိတာ ပြောတာပါ လှကြည်ရဲ့..”

“ရင်တွေခုန်နေလား လှကြည်” တဲ့

“အင်း…ခုန်နေသလိုပဲ အကို..”လို့ပြောတော့

“သတိလက်မလွတ်စေနဲ့ လှကြည် ကာမစိတ်ရိုင်းတွေဝင်မလာခင် အတွေ့အထိကို အသိနဲ့ဖြတ်ပါ” တဲ့…

“ဘာ…ရှင်.. ရှင်ဘာတွေပြောနေတာလဲ”

“မဟုတ်ပါဘူး ပုထုဇဉ်လူသားတွေအတွက် ကာမဂုဏ်ခံစားတတ်တာကိုသတိရမိလို့ပါ လှကြည်ရယ်…”

“ဟယ်…ဘာကာမဂုဏ်လဲ အကိုရယ် ဒုက္ခပါပဲ..”

“လှကြည်ကို အကိုတကယ်ချစ်တာလားဟင်” ကျမမေးရတာပေါ့..မဖြစ်တော့ဘူးလေ..

“ချစ်တာပေါ့ လှကြည်ရယ်..လှကြည်ရော အကို့ကို တပ်မက်လား”

“ဟမ်..ဘာကို တပ်မက်ရမှာတုန်း စကားတွေက ဘယ်လိုတွေပြောနေတာလဲ”

“ဟုတ်တယ်လေ ချစ်တယ်ဆိုတာ တပ်မက်တာဘဲပေါ့ လှကြည်ရယ်။ သူတော်ကောင်းတွေမှာရှိတဲ့ မေတ္တာကမှ အေးချမ်းတာ…”

“ကဲ..ဟုတ်ပါပြီ အကိုရယ်..ထားပါတော့ ကျမ ဘုန်းကြီးတစ်ပါးရဲ့ တရားတွေလာနာနေရသလိုပဲ..”

“မင်း မျက်လုံးလေးတွေသိပ်လှတယ် အကို့ကို ကြည့်စမ်း လှကြည်”

“သိပ်လှလွန်းတယ် လှကြည်ရယ်” တဲ့…

ကဲ.. ကျမ ရင်တွေခုန်လိုက်တာ

“ကြားရဲ့လား လှကြည်..ခံစားလို့ရရဲ့လား” တဲ့

“ဟမ်.. ဘာ…ဘာ..ဘာလဲ ဘာတွေပြောနေတာလဲ”

“မျက်စိလေ လှကြည်ရဲ့ မျက်စိကနေအကို့ကိုမြင်ပြီး နားပေါက်ကနေအကိုပြောတဲ့စကားတွေကို ခံစားမိလားလို့
တရားသဘောအရ ခန္ဓာကိုယ်ရဲ့ ဒွါရ ကိုးပေါက်စလုံးက အပုပ်ရည်တွေကျဆင်းနေကြတာလေ.. လှကြည်ရဲ့ရော အကို့ရဲ့ပါ..ပါ..ပါ..”

“ဖြန်း…” (ပါးချသံ)

“ရှင် မိုက်ရိုင်းလှချည်လား ဟင်။ ရည်းစားနဲ့လာ date ပါတယ်။ ကာမတွေရော တပ်မက်တာတွေရော တဏှာတွေရော…
ဘာတွေလည်း …ရှင် ရူးနေတာလား ဟမ် ကျမအဖွားတရားခွေဖွင့်ထားရင်း ထိုင်နာတာတောင် ခုလောက်တရားမရဘူး.. ကျမပြန်မယ်”

“ဒေါသတွေကြီးလှချည်လား လှကြည်ရယ် ပါးရိုက်လိုက်တဲ့အချိန်မှာ ဒေါသတွေထွက် အကို့ကိုစိုးပိုးဆက်ပက် (အဲ..)ပိုးစိုးပက်ဆက် ပြောနေတဲ့အခါမှာ ဖရုဿဝါစာတွေထွက်နဲ့ မင်းဟာ စိတ်ဆင်ရိုင်းကို အသိဉာဏ်ချွန်းနဲ့ အုပ်လို့မရတဲ့ ဘီလူးမတစ်ကောင်လိုပါလား ”

“ဘာ…..”

“ဖြန်း…”(ပါးထပ်ရိုက်သံ)

“ထပ်ပြောစမ်း..ထပ်ချမှာ …ဟင် ကျမကိုဘာမှတ်နေလည်း အရင်ခေတ်က လက်ပက်နီအဖွဲ့ဝင် ကျမက.. ကျမအဖေက အရင်က လက်ပက်နီခေါင်းဆောင် ရှင့်လောက်ကတော့ ဂုတ်ကနေဆွဲပြီး လွှင့်ပစ်လိုက်လို့ရတယ်..ထပ်ပြောကြည့်စမ်း..”

“မ..မ..ပြောတော့ပါဘူး။ လှကြည်ရယ်..အကိုမင်းကိုချစ်လို့ပါ..”

“တိတ်စမ်း..အရူးကောင်…အလကားကောင်…ဖီးလ်မယ်ကြံလိုက်ရိုက်ချလိုက်…ro မယ်ရှိသေး တောက်ချလိုက်နဲ့… ရိုလာကိုစတာစီးနေရသလိုပဲ..တာ့တာပဲ..ရှင်နဲ့ကျမ ပြတ်ပြီ ငပေါကောင်…fb မှာလည်း block လိုက်ပြီ နောက်လည်း လာမပတ်သက်နဲ့တော့..”

“လှကြည်သဘောပါ..အကိုကတော့ ရေစက်ပါလာတယ်ထင်ပြီး ပျော်လိုက်ရတာ.. ရှေးဘဝကဆုတောင်းတွေပြည့်ပြီ ငါ့အတွက်ပါရမီဖြည့်ဖက်ရပြီဆိုပြီး မနောပီတိ ဂွမ်းဆီထိနေခဲ့ရတာ။ အခု ဥပေက္ခာပြုတော့မှာပေါ့…ရပါတယ် အကိုကျေနပ် ပါတယ်.. ပါးရိုက်ခံရတာကိုလည်း ဝဋ်ကြွေးလို့သတ်မှတ်ပါတယ် အကိုအပြစ်မယူဘူး ခွင့်လွှတ်ပါတယ်..”တဲ့

အဲလိုနဲ့ပဲ ကျမ ရည်းစားနဲ့လမ်းခွဲခဲ့ပါတယ်။ First date, first cut ပဲရှင့်… သူ့ fb ကိုလည်း block ထားလိုက်တယ် ဖုန်းတွေရော viber ရော အကုန် block ထားလိုက်တယ်။ ကျမမှားလား သူမှားလား ရှင်တို့ဘဲဆုံးဖြတ်ကြည့်…

အံမယ် ဒင်းက အဲ့နေ့က စတေးတပ်စ်တင်ထားသေးတယ်။ ကျမ နောက် acc တစ်ခုနဲ့ဝင်ကြည့်တာ..” ဝဋ်ကြွေးရှိရင် ကျေအောင်ဆပ်ကြပါ”တဲ့ feeling so sad တဲ့…မသာကောင်က

ရှင်တို့လည်း ကျမလိုဖြစ်မယ်။ သတိထားကြ…………
Nan Khin Nan Khin

No comments:

Post a Comment