Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 12, 2019

ေက်ာက္ကပ္ကိုေဆးေၾကာေပးပါ


 ေက်ာက္ကပ္ဟာ အေရးႀကီးတဲ့ကလီစာတစ္ခုျဖစ္ပါတယ္။ေန႔စဥ္ေန႔တိုင္း စားေသာက္ေနတဲ့ အစာေတြထဲက အဆိပ္အေတာက္ေတြကို သန္႔စင္ဖယ္ရွားေပးေနရတဲ့ အဂၤါတစ္ခုျဖစ္ပါတယ္။ဒါေၾကာင့္ အလုပ္ေတာ္ေတာ္မ်ားမ်ားလုပ္ရပါတယ္။

အခုေခတ္မွာလူအမ်ားစုဟာေရေသာက္တာအရမ္းနည္းလြန္းၾကတယ္။ေရဆာသလိုရွိေတာ့မွသာေရနဲနဲေလာက္ေသာက္ၾကေလ့ရွိပါတယ္။တစ္ခ်ိဳ႕လူေတြဆိုရင္ေရမေသာက္ဘဲလက္ဖက္ရည္၊ေကာ္ဖီေလာက္ပဲ ေသာက္ၾကပါတယ္။အခ်ိဳရည္၊အေအးပုလင္းေတြ ေသာက္ၾကသူေတြလည္းမ်ားပါတယ္။

အဲဒီ့အျပင္ယေန႔ေခတ္မွာစားရေသာက္ရတာေတြကလည္းဓာတုေဆးႂကြင္းေတြအမ်ားႀကီးပါေနတဲ့အစားအေသာက္ေတြပဲျဖစ္ေနပါတယ္။စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးလုပ္ငန္းေတြဟာစီးပြားျဖစ္အထြက္တိုးဖို႔ဓာတုေဆးေတြကိုအလြန္အကြၽံသံုးစြဲၾကေတာ့လူေတြရဲ႕ကိုယ္ထဲကိုနည္းအမ်ိဳးမ်ိဳးနဲ႔ေရာက္လာပါတယ္။
စားရတာေတြကအဆိပ္ေတြ၊ေရေသာက္တာကလည္းသိပ္နည္းၾကတယ္ဆိုေတာ့ေက်ာက္ကပ္ကအလြန္ပ်စ္ခြၽဲေနတဲ့အဆိပ္အေတာက္ေတြကိုေန႔စဥ္ေဆးေၾကာေပးေနရပါတယ္။ေက်ာက္ကပ္ဆိုတာကသံမဏိနဲ႔တည္ေဆာက္ထားတာမဟုတ္ပါဘူး၊အေသြးအသားေတြနဲ႔တည္ေဆာက္ထားတာပါ။

ေန႔စဥ္ေန႔တိုင္းအဆိပ္ျပင္းေတြကိုေဆးေၾကာေပးေနရတဲ့ေက်ာက္ကပ္ဟာၾကာလာေတာ့ဂ်ီးေညႇာ္ေတြကပ္ညိလာပါတယ္။အဲဒီကေနေက်ာက္ေတြျဖစ္လာပါတယ္။ေက်ာက္တည္တဲ့အေျခေနမ်ိဳးကိုေရာက္လာပါတယ္။ေနာက္ဆံုးမွာေက်ာက္ကပ္ကအလုပ္မလုပ္နိုင္ေတာ့ပဲပ်က္စီးသြားတဲ့အထိျဖစ္သြားတတ္ပါတယ္။

အဲဒီလိုအေျခအေနမ်ိဳးအထိမျဖစ္ရေအာင္ေက်ာက္ကပ္ကိုမၾကာခဏေဆးေၾကာေပးဖို႔လိုပါတယ္။ရိုးရိုးေလးပါပဲ၊မခက္ပါဘူး၊ေက်ာက္ဖယံုသီးကိုပဲအသံုးျပဳၿပီးဲေက်ာက္ကပ္ကိုေဆးမွာျဖစ္ပါတယ္။ေစ်းကေနၾကက္လည္ေခ်ာင္းရိုးအနည္းငယ္ဝယ္လာၿပီးျပဳတ္ပါ။အရသာထည့္ပါ။

ေက်ာက္ဖယံုသီး၂စိပ္ေလာက္ကိုတံုးၿပီးထည့္ပါ။က်က္ၿပီဆိုရင္တရုတ္နံနံကိုထည့္ခတ္လိုက္ပါ။ငရုတ္ေကာင္းနဲနဲရိုက္ထည့္ပါ။ပန္းကန္ထဲထည့္ၿပီးရင္သံပရာသီးတစ္လံုးညႇစ္ထည့္ၿပီးေသာက္ပါ။တစ္ပန္းကန္လံုးကုန္ေအာင္ေသာက္ပစ္လိုက္ပါ။ဒါပါပဲ။

အဲဒီ့ေက်ာက္ဖယံုသီးဟင္းခ်ိဳကိုမၾကာခဏေသာက္ေပးျခင္းအားျဖင့္ေက်ာက္ကပ္ကေက်ာက္ေတြသာမကခနၶာကိုယ္ထဲမွာေအာင္းေနတဲ့ေက်ာက္ေတြလည္းရွင္းလင္းသြားပါလိမ့္မယ္။ဝမ္းဗိုက္မွာပိုေနတဲ့အဆီေတြလည္းက်သြားပါလိမ့္မယ္။ဒါဟာေရွးကတည္းကအေရွ႕တိုင္းသားတို႔သံုးခဲ့တဲ့အစာလည္းေဆး၊ေဆးလည္းအစာျဖစ္တဲ့နည္းေကာင္းေလးတစ္ခုျဖစ္ပါတယ္။
က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

 ကျောက်ကပ်ဟာ အရေးကြီးတဲ့ကလီစာတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့ အစာတွေထဲက အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနေရတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အလုပ်တော်တော်များများလုပ်ရပါတယ်။

အခုခေတ်မှာလူအများစုဟာရေသောက်တာအရမ်းနည်းလွန်းကြတယ်။ရေဆာသလိုရှိတော့မှသာရေနဲနဲလောက်သောက်ကြလေ့ရှိပါတယ်။တစ်ချို့လူတွေဆိုရင်ရေမသောက်ဘဲလက်ဖက်ရည်၊ကော်ဖီလောက်ပဲ သောက်ကြပါတယ်။အချိုရည်၊အအေးပုလင်းတွေ သောက်ကြသူတွေလည်းများပါတယ်။

အဲဒီ့အပြင်ယနေ့ခေတ်မှာစားရသောက်ရတာတွေကလည်းဓာတုဆေးကြွင်းတွေအများကြီးပါနေတဲ့အစားအသောက်တွေပဲဖြစ်နေပါတယ်။စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေဟာစီးပွားဖြစ်အထွက်တိုးဖို့ဓာတုဆေးတွေကိုအလွန်အကျွံသုံးစွဲကြတော့လူတွေရဲ့ကိုယ်ထဲကိုနည်းအမျိုးမျိုးနဲ့ရောက်လာပါတယ်။
စားရတာတွေကအဆိပ်တွေ၊ရေသောက်တာကလည်းသိပ်နည်းကြတယ်ဆိုတော့ကျောက်ကပ်ကအလွန်ပျစ်ချွဲနေတဲ့အဆိပ်အတောက်တွေကိုနေ့စဉ်ဆေးကြောပေးနေရပါတယ်။ကျောက်ကပ်ဆိုတာကသံမဏိနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး၊အသွေးအသားတွေနဲ့တည်ဆောက်ထားတာပါ။

နေ့စဉ်နေ့တိုင်းအဆိပ်ပြင်းတွေကိုဆေးကြောပေးနေရတဲ့ကျောက်ကပ်ဟာကြာလာတော့ဂျီးညှော်တွေကပ်ညိလာပါတယ်။အဲဒီကနေကျောက်တွေဖြစ်လာပါတယ်။ကျောက်တည်တဲ့အခြေနေမျိုးကိုရောက်လာပါတယ်။နောက်ဆုံးမှာကျောက်ကပ်ကအလုပ်မလုပ်နိုင်တော့ပဲပျက်စီးသွားတဲ့အထိဖြစ်သွားတတ်ပါတယ်။

အဲဒီလိုအခြေအနေမျိုးအထိမဖြစ်ရအောင်ကျောက်ကပ်ကိုမကြာခဏဆေးကြောပေးဖို့လိုပါတယ်။ရိုးရိုးလေးပါပဲ၊မခက်ပါဘူး၊ကျောက်ဖယုံသီးကိုပဲအသုံးပြုပြီးဲကျောက်ကပ်ကိုဆေးမှာဖြစ်ပါတယ်။ဈေးကနေကြက်လည်ချောင်းရိုးအနည်းငယ်ဝယ်လာပြီးပြုတ်ပါ။အရသာထည့်ပါ။

ကျောက်ဖယုံသီး၂စိပ်လောက်ကိုတုံးပြီးထည့်ပါ။ကျက်ပြီဆိုရင်တရုတ်နံနံကိုထည့်ခတ်လိုက်ပါ။ငရုတ်ကောင်းနဲနဲရိုက်ထည့်ပါ။ပန်းကန်ထဲထည့်ပြီးရင်သံပရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်ပါ။တစ်ပန်းကန်လုံးကုန်အောင်သောက်ပစ်လိုက်ပါ။ဒါပါပဲ။

အဲဒီ့ကျောက်ဖယုံသီးဟင်းချိုကိုမကြာခဏသောက်ပေးခြင်းအားဖြင့်ကျောက်ကပ်ကကျောက်တွေသာမကခန္ဓာကိုယ်ထဲမှာအောင်းနေတဲ့ကျောက်တွေလည်းရှင်းလင်းသွားပါလိမ့်မယ်။ဝမ်းဗိုက်မှာပိုနေတဲ့အဆီတွေလည်းကျသွားပါလိမ့်မယ်။ဒါဟာရှေးကတည်းကအရှေ့တိုင်းသားတို့သုံးခဲ့တဲ့အစာလည်းဆေး၊ဆေးလည်းအစာဖြစ်တဲ့နည်းကောင်းလေးတစ်ခုဖြစ်ပါတယ်။
ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ FB မှ

No comments:

Post a Comment