Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 12, 2019

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ


(ဖတ်​ကြည့်​​နော်​.. အရမ်း​ကောင်းမို့)

ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …

ရေထဲပြန်ဆင်းဖို့ သူ..လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကိုမရောက်နိုင်ဖြစ်နေတော့.
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့
နာကျင်ခြင်းတွေဟာ.. …
တစ်ချို့
တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက်အထောက်အပံ့ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်ကပိုပြီးသန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..၊

အားမာန်​​တွေရကြပါ​စေ
မင်္ဂလာ နံနက်​ခင်းပါ ရှင်

No comments:

Post a Comment