CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 17, 2019
USမှာ တရားဝင်ပြည့်တန်ဆာလုပ်ရင်း ကြောက်ခမန်းလိလိ ဝင်ငွေကြမ်းနေသူ
နေသူရိန် (D Khit Media)
source : ladbible
ယူနီကုဒ်ဖြင့် ဖတ်ရန်-
အသက်(၂၇)နှစ်အရွယ် Alice Little အမည်ရ ကောင်မလေးဟာ အမေရိကန်မှာ တရားဝင် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တစ်နှစ်ကို ထင်မှတ်မထားတဲ့ ငွေကြေးတွေ စုဆောင်းနိုင်ခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ Alice ဟာ အိုင်ယာလန်ဖွား တစ်ယောက်ပါ။
အမေရိကန်မှာ လိင်အလုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ ဆုံးဖြတ်လိုက်ကတည်းက တစ်နှစ်ဝင်ငွေ ဒေါ်လာ တစ်သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သူမ တစ်လပျမ်းမျှဘယ်လောက်ဝင်သလဲဆိုတာ မြင်သာစေတဲ့ ပမာဏဖြစ်ပါတယ်။ သူမဟာ တစ်လမှာ ပျမ်းမျှ ဒေါ်လာ(၈)သောင်းကျော် ရနေတဲ့သဘောပါ။
မကြာသေးခင်က Refinery29 နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ Alice က ” တစ်သန်းဆိုတော့ ကျွန်မဝင်ငွေက တစ်လကို ဒေါ်လာ (၈၄၀၀၀)လောက် ရနေတဲ့သဘောပေါ့ … ညလုံးပေါက် အော်ဒါရတဲ့အခမျိးဆိုရင် တစ်ပတ်ကို ဒေါ်လာ (၂၀၀၀၀)တော့ ကိုက်ပါတယ် “လို့ ပြောခဲ့ပါတယ်။
သူမဟာ ဝင်ငွေကိုအဓိကထားတဲ့အတွက် အော်ဒါတွေကို အချိန်ဇယားနဲ့တိတိကျကျ ရေးဆွဲပြီးမှ လက်ခံလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ အစုအဖွဲ့လိုက်ကျင်းပတဲ့ သူဌေးကြီးတွေရဲ့ပါတီလိုမျိုးတွေမှာ ဒေါ်လာ (၃)သောင်းလောက် အသာကလေး ရနိုင်တယ်လို့လည်း သူမက ပြောပါတယ်။
Alice က သူမတို့နဲ့ ဘယ်လိုလူတွေ ပျော်ပါးသင့်သလဲဆိုတာကို အကြံဉာဏ်ပေးတာကတော့ ” စိတ်ဖိအား အရမ်းများနေသူတွေ .. အိမ်ထောင်ရေးအဆင်မပြေသူတွေ … စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့်စိတ်ညစ်နေသူတွေကို ပျော်အောင် ပေးဆပ်ရတာ ကျွန်မတို့ အလုပ်ပါ “လို့ ပြောပါတယ်။
Alice ဟာ နာဗာဒါ၊ Moonlite Bunny Ranch မှာ အခြေစိုက်နေထိုင်သူဖြစ်ပြီး၊ တစ်ပတ်ကို အလုပ်လုပ်ချိန် အနည်းဆုံး နာရီ(၆၀)ကနေ အများဆုံး နာရီ(၈၀)အထိ အလုပ်လုပ်တယ်လို့ ပြောပါတယ်။ ဒီလိုလုပ်မှလည်း သူမ နှစ်စဉ်မျှော်မှန်းထားတဲ့ ဝင်ငွေကို ပြည့်မီမှာလို့လည်း ပြောပါတယ်။
အမေရိကန် နာဗာဒါမှာတော့ ပြည်တန်ဆာလုပ်ငန်းကို အကြီးအကျယ်ခွင့်ပြုထားပြီး၊ အခွန်ကလည်း မြင့်မားပါတယ်။ ဖောက်သည်တွေနဲ့ မိမိတို့ စိတ်ကြိုက်စျေးနှုန်းချိန်ညှိနိုင်ပြီး၊ ဝင်ငွေရဲ့ (၅၀)%ကို ဇိမ်ခံဖွင့်လှစ်ထားသူတွေက သက်ဆိုင်ရာပြည်နယ်အကောက်အခွန်ထံမှာ ပေးဆောင်ရတယ်လို့ သိရပါတယ်။
နေသူရိန် (D Khit Media)
source : ladbible
USမှာ တရားဝင်ပြည့်တန်ဆာလုပ်ရင်း ကြောက်ခမန်းလိလိ ဝင်ငွေကြမ်းနေသူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 17, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 17, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment