Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 17, 2019

၁၆ နှစ်မပြည့်သေးတဲ့မိန်းခလေးတယောက်.. ရုပ်ရည်က လဲချောတယ်


မနေ့ညက ၈နာရီ ခွဲလောက်က ပေါ့… kl တီတီဝန်ဆာ ဘက်ကမိန်းခလေးတချို့ဖုန်းဆက်တယ် “မိန်းခလေး တယောက် ဘိတ်(မြိတ်)ဘက်က အသက် ၁၆နှစ်မပြည့်သေးတဲ့ မိန်းခလေးတယောက် ကို ကားပေါ်ကနေထားခဲ့ပီး အသိသက်သေမရှိ ဆွေမျိုးတွေ မရှိပဲ တီတီဝန်ဆာ ကားဂိတ်နားက မြန်မာတွေရှိတယ်

ဆိုင်ရှေ့မှာ ထားပီး ကားမောင်းပြေးသွားလို့ ပီးတော့ကောင်မလေးကချောချောငယ်ငယ်လေးမို့လို့ မတော်တရော်နဲ့တွေ့မှာစိုးလို့ ကူညီပါအုန်းတဲ့” တယောက်ထဲမို့ဘေးပါတ်ဝန်ကျင်က ယောက်ျားလေး များက ခေါ်ထားဖို့မသင့်တော် သောကြောင့်အဆိုပါကလေးမကို မမီးမီးတို့သူငယ်ချင်းများက အိမ်မှာတညခေါ်ထားလိုက်ကြတယ်
ဒီကနေ့မနက် သွားတွေ့တော့မှ မိဘတွေအိမ်ထောင်ကွဲကြတော့ အဖွားအိမ်မှာ ကြီးမိဘကိုတာဝန်မယူ ၁၀တန်းကလဲကျမယ်သိတာနဲ့ ပွဲစားနဲ့ချိတ်ပီး မလေးရှားရောက်လာသတဲ့ ပီနန်း က သူ့အမဝမ်းကွဲချိတ်ပေးတဲ့အလုပ်ဆီမှာတလလောက်လုပ်ပီး အဆင်မပြေ တာနဲ့ ပထွေးက မလေးလူမျိုးတယောက်နဲ့ kl မှာအလုပ်လိုချင်သူ့ဆီသွားဆိုပီးချိတ်ပေးပီး klကို bus ကားနဲ့လိုက်လာခဲ့တယ်
kl ရောက်ပီးမှ အလုပ်ရှာခိုင်းတာကို အခုဏက ပြောသလို တီတီဝန်ဆာ ကားဂိတ်က ဟော့ကိုင်းဒိုး မြန်မာပြည်သား ယောက်ျားလေး တွေရှိတဲ့ဆိုင်ရှေ့ရောက်ပီး ကိုယ့်ဖာသာ ဆင်းပီးအလုပ်လိုလားကိုမေးခိုင်းပီး ကားပေါ်ကအဆင်း ကားမောင်းပြေးသတဲ့….ဇာတ်လမ်းကတော့ ဒါပါပဲ…

အတိုချုပ်ပြောရသော် မိတ်ဆွေတဦးအကူအညီနဲ့ ထားဝယ် ဘိတ်(မြိတ်) သားတွေအများကြီးရှိတဲ့ ပူချွန်း မန်ချူးဂျာရာက ဖူးကော့တခုကိုပို့ပေးခဲ့တယ် နေဖို့ စားဖို့နဲ့ အလုပ်အကိုင်ရရှိဖို့ ကိုအပ်နှံထားပီးပြန်ခဲ့တယ်…ကျွေးစရာရှိတာကျွေး ပြောစရာတွေ ပြောပြတော့ မလေးရှား မှာ အန္တရယ်ရှိကြောင်း ကောင်းကောင်းမွန်မွန် နေဖို့ပြောပြတော့လဲ ငိုလို့( ၁၆ နှစ်မပြည့်သေးတဲ့မိန်းခလေးတယောက်) ရုပ်ရည်က လဲချောတယ် မတော်တရော်တွေနဲ့တွေ့ပီး လမ်းဘေးရောက်မှာလဲစိုးရိမ်ရသေးလေ…

ဟူးးး သူပြောပြသမျှနားထောင်ရတာတင်ရင်မောစရာ… အရွယ်မရောက်သေးတဲ့မိန်းခလေးတယောက် ဆွေမျိုးတွေ မရှိ အပေါင်းအသင်းမရှိပဲ အော်ပရာစီ ဆိုတာဘာမှန်းမသိ အဖမ်းအစီး ဆိုဘာမသိ ခလေးတယောက် စိတ်ကူးပေါက်ရာသွားချင်သလိုသွား ကြောက်ရွံ့မူ့က မရှိ..ဟူးးး
မိတကွဲဖတကွဲဆိုတဲ့ ဒုက္ခ ရဲ့ ဒုတိယံပိ မိန်းခလေးဘဝ…
အခုတလော အောက်လမ်းတွေမှာလဲ နယ်ခြားစောင့်အပြင် ၂နိုင်ငံစစ်သားတွေက တင်းကြပ်နေသတဲ့…
မလာပါနဲ့လို့မပြောတော့ပါဘူး…. ဆင်ခြင်ကြဖို့ ပဲပြောချင်ပါတယ်….
တလက်စထဲပြောရအုန်းမယ်…
နေ့တိုင်းနီးပါး မေးကြတာ…ဘာကဒ် ညာကဒ်တွေ ဘယ်နှစ်ထောင် ဘယ်လောက်ပဲပေးရပေးရ အားလုံး ဂျင်းကဒ်တွေ ဖြစ်ပါကြောင်း ပြောပါရစေ “ကျုပ် အာမခံတယ်လို့ပြောရင် ခင်ဗျား အရင်ဆုံးအဲ့ကဒ်ကိုင်ပီး ရဲစခန်း မှာ ကဒ်စစ်မစစ် ကဒ်သုံးရမရ သွားမေးပါလို့ပြောကွာ…..ci မဖွင့်သေးဘူး… ဒါပဲနော်

ကိုထက်(ဆွေးနွေးတိုင်ပင်အဖြေရှာ) ကိုထက်(၀၁၄ ၃၃၃ ၀၈၀၂).. credit,ko htet

No comments:

Post a Comment