Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 17, 2019
မလှိုင် ကိုယ်ပိုင် အထက်တန်းကျောင်းရဲ့ ဝင်ခွင့်စိတ်ဝင်စားကြေး (၂) သိန်းအကြောင်း
Daily Hot News
Unicode
လူအများ စိတ်ဝင်စားနေကြသော မလှိုင် ကိုယ်ပိုင် အထက်တန်းကျောင်း ရဲ့ လူမှုကွန်ယက် ပေါ်ရောက်လာသော ဝင်ခွင့်စိတ်ဝင်စားကြေး (၂) သိန်းအကြောင်း
ကျောင်းကအောင်ချက်ကောင်းလွန်းတော့မိဘတွေ
ဝိုင်းဝိုင်းလည်နေတာပေါ့။တက်ခွင့်ရသူတွေ ပျော်နေချိန် တက်ခွင့်မရသူတွေ ဟိုပြေးဒီပြေးနဲ့ ပုဂံနဲ့ညောင်ဦးကြားကခွေးလိုဟိုမမှီ ဒီမမှီ ဒုက္ခရောက်ရပါတယ်။ဝင်ခွင့်ပါမပါ အဖြေက ၄ လပိုင်း လဆန်း၁ ရက်လောက်မှ သိရတာပါ။ အခြားဘော်ဒါတွေက မတ်လကတည်းကစပြီး စာသင်နေကြပြီမို့ နောက်ကျနေပါပြီ ။
သူများကျောင်းတွေလို စာရင်းပိတ်ပါပြီလို့ မရှိဘူး လာသမျှ လက်ခံတယ် စိတ်ဝင်စားကြေးငွေ ၂ သိန်း သွင်းခိုင်းတယ်။ဒီနှစ် ၉ တန်း လက်ခံနိုင်တဲ့ လူဦးရေက ၁၅၀၀ ဆိုရင် စာရင်းလက်ခံထားတာက ၁၀၀၀၀ ကျော် ၁၅၀၀၀ လောက်ဖြစ်နေတယ် ။
မလှိုင်ကိုယ်ပိုင်အထက်တန်းကျောင်းလာကြတာက မြန်မာနိုင်ငံဒေသအသီးသီးကမူဆယ်/နမ့်ခမ်း/မြစ်ကြီးနား/ပူတာအိုရေး/မြိတ်/ထားဝယ်/ဟားခါး/မင်းတပ်စစ်တွေ/မြောက်ဦး/ မြဝတီ/ကော့ကရိတ် တို့မှ လာဖြေတဲ့သူတွေလည်း နှစ်စဉ်ရှိပါတယ်။ဝင်ခွင့်မအောင်မှသာ ပြုတ်ကျ ကုန်တယ်။
လူအရေအတွက် အချိ ု းချ ကြည့်ရင် အဆမတန် ကွာလွန်းတယ် ။ တက်ခွင့်ရသူ တွေက လူနည်းစုသာ တက်ခွင့်မရသူက လူများစွာ မပါတဲ့ကလေးတွေ စိတ်ဒဏ်ရာ ရသူတွေက ဒုနဲ့ဒေး ။ ခေါ်မှာက ၁၅၀၀ ဆိုရင် စာရင်းလက်ခံတာ ၃၀၀၀ လောက်သာ လက်ခံသင့်တယ် ။ ဒီထဲက ရွေးချယ်လို့ရပါတယ် ကျန်တဲ့သူတွေကို ဒုက္ခပေးသလို ဖြစ်နေတယ် ။ အခြားကျောင်းတွေလို ကိုယ်သတ်မှတ်ထားတဲ့လူဦးရေ ပြည့်ပြီဆိုရင် စာရင်းလက်မခံသင့် တော့ဘူး။[တစ်ယောက် ၂ သိန်း သွင်းခိုင်းတဲ့ငွေ ကလည်း နည်းတော့မနည်းဘူးပေါ့ဗျာ(2017-10 လပိုင်းက သွင်းထားရတဲ့ငွေ တက်ခွင့်မပါရင်2018-5 လပိုင်း လဆန်းမှ ပြန်ထုတ်ပေးတယ်။)
မလှိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတက်ခွင့်မရသူ လူ ၁၀၀၀၀ကျော်ဆိုတော့ သိန်း ၂၀၀၀၀ ကျော်ကို ၆လကျော်သုံးလို့ရတဲ့ သဘော ဆိုတော့ ဘဏ်မှာ စာရင်းသေအပ်ငွေ ထားလိုက်ရင် မက်စရာပါ။]တက်ခွင့်ရသူတွေ သွင်းရမယ့် သတ်မှတ်ငွေကိုဧပြီလဆန်း 7 ရက်အတွင်း သွင်းခိုင်းပါတယ်။ ပေးရမယ့်ငွေ နဲ့ ရယူရမယ့်ငွေ အနည်းဆုံး တစ်လခြားပါတယ်။ အကြောင်းအမျိ ု းမျိ ု း(ကျန်းမာရေး/ရာသီဥတု/ရန်သူမျိ ု းငါးပါး) ကြောင့် မတ်လဝင်ခွင့်စာမေးပွဲ လာမဖြေခဲ့ရင်ဒီငွေ ၂ သိန်း ပြန်မရပါဘူး အဆုံးပါ ။
မလှိုင်ကိုယ်ပိုင်အထက်တန်းကျောင်းဝင်ခွင့်မပါတဲ့ အချိ ု ့သူတွေလည်း စိတ်ဓါတ်ကျပြီးပြန်မထုတ်ဘဲအဆုံးခံလိုက်တာမျိ ု းလည်း ရှိပါတယ် ။လူမှန်ရင် နှစ်ဘို့ ထားရတယ် တစ်ဘို့တည်းရှိတာ နွားဘဲ!!တက်ခွင့်ရသူတွေအတွက်သာ မကတက်ခွင့်မရသူတွေအတွက်လည်း ထည့်စဉ်းစားသင့်တယ်။ မိသားစုများစွာကို ဒုက္ခပေးသလို အဖြစ်မျိ ု းအနည်းဆုံးဖြစ်အောင် နည်းလမ်းရှာသင့်တယ် ။ကနဦး စာရင်းလက်ခံတဲ့ အပိုင်းကို ထိမ်းချ ု ပ် သင့်ပါတယ် ။ တက်ခွင့်မသူများစွာရဲ့အချိန်တွေ ငွေတွေ အလဟသ မဖြစ်တော့ဘူးပေါ့ ။
credit:Daily Hot News
No comments:
Post a Comment