Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 17, 2019

အသက္ႏွစ္ႏွစ္မျပည့္ေသးသူကေလးကို သားမယားျပဳက်င့္သူအား အေရးယူ


ျပစ္မႈက်ဴးလြန္သူ ကိုရင္ႀကီး(ခ) ဥဴးဥတၱရ(ခ) ေဇယ်ာလင္း

ေရႊေပါကၠံၿမိဳ႕နယ္တြင္အသက္ႏွစ္ႏွစ္မျပည့္ေသးသူကေလးကို သားမယားျပဳက်င့္ခဲ့သူအား သက္ဆိုင္ရာက ဇြန္ ၁၆ ရက္တြင္ အမႈဖြင့္အေရးယူခဲ့သည္။
ဇြန္ ၁၅ ရက္ည ၁၂ နာရီခြဲခန္႔တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ ေရႊေပါကၠံၿမိဳ႕နယ္ေန အသက္ ၃၄ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက ဇနီးျဖစ္သူႏွင့္အတူ ဘုန္းႀကီးေက်ာင္းလမ္းရွိေမာ္ကၽြန္းေက်ာင္းဝင္းအတြင္း ေရသန္႔ဗူးမ်ားေဆးေၾကာေနစဥ္ အသက္ေလး ႏွစ္အရြယ္သားျဖစ္သူႏွင့္ အသက္တစ္ႏွစ္ကိုးလအရြယ္ သမီးျဖစ္သူတို႔ကို ေက်ာင္းတိုက္ရွိ ႐ုံးခန္းတြင္ အိပ္ေစခဲ့သည္။
အလုပ္လုပ္သည့္ေနရာႏွင့္ ကေလးငယ္ႏွစ္ ဦးအိပ္ေနသည့္ ေနရာမွာ ေပ ၈၀ ခန္႔ကြာေဝးၿပီး နံနက္ ၁ နာရီခြဲတြင္ အလုပ္ၿပီးဆုံးသျဖင့္ ဇနီးျဖစ္သူႏွင့္ အတူ ကေလးငယ္မ်ားအိပ္ေနသည့္ ႐ုံးခန္းသို႔ သြားၾကည့္ရာ သမီးျဖစ္သူေပ်ာက္ဆုံးေနသည္ကို ေတြ႕ရသျဖင့္ ေက်ာင္းတိုက္အတြင္း လိုက္လံရွာေဖြခဲ့သည္။
ေမာ္ကၽြန္းဘုန္းႀကီးေက်ာင္း အေရွ႕ဘက္ ကိုက္ ၁၅၀ ခန္႔အကြာကိုင္းေတာအတြင္း ကေလးငယ္တစ္ဦးကို မတ္တပ္ရပ္လ်က္ေတြ႕ရွိေၾကာင္း နံနက္ ၉ နာရီခြဲခန္႔တြင္ သတင္းရရွိသျဖင့္ သြားေရာက္ ၾကည့္ရႈခဲ့ရာ သမီးျဖစ္ေနသည္ကို ေတြ႕ရွိခဲ့သည္။

သမီးငယ္၏ခႏၶာကိုယ္တြင္ ျခင္ႏွင့္ျဖဳတ္မ်ားကိုက္ထားသျဖင့္ ရန္ကင္းကေလးေဆး႐ုံသို႔ ေခၚေဆာင္သြားၿပီး စစ္ေဆးခဲ့ရာ ကေလးငယ္တြင္ အဓမၼျပဳက်င့္ခံထားရသည့္ လကၡဏာမ်ား ေတြ႕ရွိေၾကာင္း ဆရာဝန္ႀကီးမ်ားက ေျပာျပသျဖင့္ မိဘႏွစ္ဦးက သိရွိခဲ့သည္။

ပစၧိမာ႐ုံေက်ာင္းတိုက္မွ ကိုရင္ႀကီး(ခ) ဥဴးဥတၱရက သမီးျဖစ္သူကို ေက်ာင္းဝင္းျပင္ပသို႔ ေန႔စဥ္၄/၅ ႀကိမ္ခန္႔ ေခၚယူသြားတတ္ေၾကာင္း၊ၿပီးခဲ့သည့္ ဇြန္ ၁၃ ရက္ မြန္းလြဲ ၁ နာရီခန္႔တြင္ ကိုရင္ႀကီး (ခ) ဥဴးဥတၱရက သမီးငယ္ကိုေက်ာင္းဝင္းျပင္ပသို႔ ေခၚယူသြားၿပီး ျပန္လာစဥ္ မိန္းမကိုယ္တြင္း၌ပြန္းပဲ့ေနသည္ကိုေတြ႕ရၿပီး သမီးျဖစ္သူမွာ ဆီးသြားသည့္ အခါတိုင္းငိ္ုေနသည္ကို သတိထားမိခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။
ဆရာဝန္ႀကီးမ်ား၏ စစ္ေဆးေပၚေပါက္ခ်က္၊ ၾကဳံေတြ႕ေနရသည့္ ျဖစ္စဥ္မ်ားအရ သမီးျဖစ္သူကို အဓမၼျပဳက်င့္သူ ကိုရင္ႀကီး(ခ) ဥဴးဥတၱရ(ခ) ေဇယ်ာလင္း (၃၉ ႏွစ္) ကို အေရးယူေပးရန္တိုင္ၾကားခဲ့သည္။

ေရႊေပါကၠံၿမိဳ႕မရဲစခန္းက (ပ) ၅၉၇/၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၃၆၃ အရ အမႈဖြင့္ ကာ ျပစ္မႈက်ဴးလြန္သူ ကိုရင္ႀကီး(ခ) ဥဴးဥတၱရ ကိုလူဝတ္လဲဖမ္းဆီးကာ ဆက္လက္စစ္ေဆး လ်က္ရွိသည္။

တိုးေဝေအာင္

17 JUN 2019    |   ျမန္မာတိုင္းမ္အပတ္စဥ္
...........................
အသက်နှစ်နှစ်မပြည့်သေးသူကလေးကို သားမယားပြုကျင့်သူအား အရေးယူ

 ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ(ခ) ဇေယျာလင်း။ ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ(ခ) ဇေယျာလင်း။ ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရွှေပေါက္ကံမြို့နယ်တွင်အသက်နှစ်နှစ်မပြည့်သေးသူကလေးကို သားမယားပြုကျင့်ခဲ့သူအား သက်ဆိုင်ရာက ဇွန် ၁၆ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။


ဇွန် ၁၅ ရက်ည ၁၂ နာရီခွဲခန့်တွင် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့နယ်နေ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့်အတူ ဘုန်းကြီးကျောင်းလမ်းရှိမော်ကျွန်းကျောင်းဝင်းအတွင်း ရေသန့်ဗူးများဆေးကြောနေစဉ် အသက်လေး နှစ်အရွယ်သားဖြစ်သူနှင့် အသက်တစ်နှစ်ကိုးလအရွယ် သမီးဖြစ်သူတို့ကို ကျောင်းတိုက်ရှိ ရုံးခန်းတွင် အိပ်စေခဲ့သည်။

အလုပ်လုပ်သည့်နေရာနှင့် ကလေးငယ်နှစ် ဦးအိပ်နေသည့် နေရာမှာ ပေ ၈၀ ခန့်ကွာဝေးပြီး နံနက် ၁ နာရီခွဲတွင် အလုပ်ပြီးဆုံးသဖြင့် ဇနီးဖြစ်သူနှင့် အတူ ကလေးငယ်များအိပ်နေသည့် ရုံးခန်းသို့ သွားကြည့်ရာ သမီးဖြစ်သူပျောက်ဆုံးနေသည်ကို တွေ့ရသဖြင့် ကျောင်းတိုက်အတွင်း လိုက်လံရှာဖွေခဲ့သည်။

မော်ကျွန်းဘုန်းကြီးကျောင်း အရှေ့ဘက် ကိုက် ၁၅၀ ခန့်အကွာကိုင်းတောအတွင်း ကလေးငယ်တစ်ဦးကို မတ်တပ်ရပ်လျက်တွေ့ရှိကြောင်း

နံနက် ၉ နာရီခွဲခန့်တွင် သတင်းရရှိသဖြင့် သွားရောက် ကြည့်ရှုခဲ့ရာ သမီးဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။


သမီးငယ်၏ခန္ဓာကိုယ်တွင် ခြင်နှင့်ဖြုတ်များကိုက်ထားသဖြင့် ရန်ကင်းကလေးဆေးရုံသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးခဲ့ရာ ကလေးငယ်တွင် အဓမ္မပြုကျင့်ခံထားရသည့် လက္ခဏာများ တွေ့ရှိကြောင်း ဆရာဝန်ကြီးများက ပြောပြသဖြင့် မိဘနှစ်ဦးက သိရှိခဲ့သည်။

ပစ္ဆိမာရုံကျောင်းတိုက်မှ ကိုရင်ကြီး(ခ) ဥူးဥတ္တရက သမီးဖြစ်သူကို ကျောင်းဝင်းပြင်ပသို့ နေ့စဉ်၄/၅ ကြိမ်ခန့် ခေါ်ယူသွားတတ်ကြောင်း၊ပြီးခဲ့သည့် ဇွန် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကိုရင်ကြီး (ခ) ဥူးဥတ္တရက သမီးငယ်ကိုကျောင်းဝင်းပြင်ပသို့ ခေါ်ယူသွားပြီး ပြန်လာစဉ် မိန်းမကိုယ်တွင်း၌ပွန်းပဲ့နေသည်ကိုတွေ့ရပြီး သမီးဖြစ်သူမှာ ဆီးသွားသည့် အခါတိုင်းငိ်ုနေသည်ကို သတိထားမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆရာဝန်ကြီးများ၏ စစ်ဆေးပေါ်ပေါက်ချက်၊ ကြုံတွေ့နေရသည့် ဖြစ်စဉ်များအရ သမီးဖြစ်သူကို အဓမ္မပြုကျင့်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ(ခ) ဇေယျာလင်း (၃၉ နှစ်) ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ရွှေပေါက္ကံမြို့မရဲစခန်းက (ပ) ၅၉၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့် ကာ ပြစ်မှုကျူးလွန်သူ ကိုရင်ကြီး(ခ) ဥူးဥတ္တရ ကိုလူဝတ်လဲဖမ်းဆီးကာ ဆက်လက်စစ်ဆေး လျက်ရှိသည်။
တိုးဝေအောင်
17 JUN 2019    |   မြန်မာတိုင်းမ်အပတ်စဉ်

No comments:

Post a Comment