CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Monday, June 17, 2019
ကင္ဆာနဲ႔မေသဆုံးခင္မွာ ဘဝအေၾကာင္း အဓိပၸါယ္ဖြင့္ဆုိခဲ့တဲ့ ေဒါက္တာ
တစ္ခါတေလမွာ ေငြေၾကးခ်မ္းသာမႈဆုိတာ ဘဝအတြက္ ၿပီးျပည့္စုံတဲ့ ခ်မ္းသာျခင္း မဟုတ္ပါဘူး။ တစ္ခါတေလက်ေတာ့လည္း ေငြမရွိလုိ႔ အလြန္ဆင္းရဲလွၿပီလုိ႔ ထင္ေနခဲ့တာကလည္း ဒီထက္ပုိၿပီးဆင္းရဲတဲ့ဒဏ္ကို မသိေသးခင္သာ မွန္ခ်င္မွန္ပါလိမ့္မယ္။ ဘဝမွာ ခ်မ္းသာျခင္း၊ ေငြရွိျခင္းမရွိျခင္းဆုိတဲ့ အဓိၸပါယ္ထက္ ပုိေလးနက္တာေတြလည္း ရွိပါတယ္။
ေအာင္ျမင္မႈဆုိတာလည္း သင့္မွာ ဥစၥာဓနေပါၾကြယ္ဝျခင္းနဲ႔ တစ္ခါတေလ ဆက္စပ္ေနသလုိ၊ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေငြက အရာရာကုိ ဖန္တီးႏုိင္တယ္၊ ဒါမွမဟုတ္ ဘဝတစ္ခုလုံးရဲ႕ လုိခ်င္တာမွန္သမွ်နီးပါးကို ဖန္တီးႏုိင္တယ္လုိ႔ ယုံၾကည္ေနၾကပါတယ္။
ေဒါက္တာ Richard Teo Ken Siang ဆုိတာ မိိသားစုစဥ္ဆက္ ခ်မ္းသာလာသူျဖစ္ၿပီး၊ သူဝါသနာပါတဲ့ ေဆးကုသျခင္းအလုပ္ကို ေစတနာပါပါနဲ႔ လုပ္ေဆာင္ခဲ့သူပါ။ ေငြေၾကးကလည္း က်ိက်ိတတ္ခ်မ္းသာသူျဖစ္ျခင္းေၾကာင့္ အသျပာဆရာဝန္မဟုတ္ဘဲ၊ ေစတနာဆရာဝန္ဘဝနဲ႔ သန္႔သန္႔ေလး ရပ္တည္ခဲ့ပါတယ္။
ကံဆုိးတာက (၂၀၁၁) မတ္လ (၁၁)ရက္ေန႔မွာ သူဟာ Terminal cancer ကင္ဆာကို ခံစားေနရၿပီလုိ႔ ေဆးစစ္ခ်က္အေျဖ ထြက္လာခဲ့ပါတယ္။ Terminal cancer ဟာ ကုသလုိ႔မရတဲ့ ေနာက္ဆုံးကင္ဆာအဆင့္မုိ႔ End-stage cancer လုိ႔ေတာင္ ဆရာဝန္ေတြက ဆုိၾကပါတယ္။
ဒီေရာဂါကို ခံစားေနရၿပီဆုိတာ သိလုိက္တာနဲ႔ ဇနီးျဖစ္သူ Teo နဲ႔အတူ ေဒါက္တာ Ken တုိ႔ ဝမ္းနည္းစြာနဲ႔ တစ္ညလုံး ငုိခဲ့ရတယ္လုိ႔ ဇနီးက ေျပာပါတယ္။ ေဒါက္တာ Ken ဟာ ဒီကင္ဆာရဲ႕သေဘာတရားကို ကိုယ္တုိင္သေဘာေပါက္ထားသူမုိ႔ ေငြေတြက ဘယ္လုိမွ အသုံးမဝင္ေတာ့ဘူးဆုိတာကို သိခဲ့ရတာပါ။
သူဟာ ေဆး႐ုံကုတင္ထက္မွာ ေသအံဆဲဆဲအေနအထားနဲ႔ တန္းဖုိ႔ရွိတဲ့ သံေဝဂစကားကို ေျပာခဲ့ပါတယ္။ သူက ” တ႐ုတ္ႏွစ္ကူးေရာက္တုိင္း က်ေနာ္ ဖာရာရီကားႀကီးေမာင္းၿပီး ေဆြမ်ိဳးေတြကို ပတ္ၾကြားခဲ့တာ အမွတ္ရမိေသးတယ္ … ဒီလုိ အေပ်ာ္မ်ိဳးက တကယ့္ေပ်ာ္ရႊင္မႈလုိ႔ ေတြးမိၾကမွာပါဘဲ .. “လုိ႔ ေျပာခဲ့ပါတယ္။
သူက ဆက္လက္ၿပီး ” တကယ့္ ေသမယ့္အေရးနဲ႔ ႀကဳံလာေတာ့ ကၽြန္ေတာ့္မွာ ဘာေပ်ာ္ရႊင္မႈမွ မရွိေတာ့ဘူး … ကၽြန္ေတာ့္ရဲ႕ ဖာရာရီကား .. ေနာက္ ၿခံကြက္က်ယ္က်ယ္ေလးမွာ မိန္းမနဲ႔အတူေနဖုိ႔ ေဆာက္ထားတဲ့ ဘန္ဂလုိေလး … ဘာကမွ ကၽြန္ေတာ့္ကို ေပ်ာ္ေအာင္ မစြမ္းေဆာင္ႏုိင္ေတာ့ဘူး ”
” တကယ္ေတာ့ ေပ်ာ္ရႊင္မႈဆုိတာ ပစၥည္းေတြ အရာဝတၳဳေတြ မဟုတ္ပါဘူး .. ေဆြမ်ိဳးသားခ်င္းအခ်င္းခ်င္း ခ်စ္ခင္ႏွစ္သက္မႈ ႐ုိင္းပင္းမႈ … ေပ်ာ္တာေတြကို အတူခံစား ငုိစရာေတြ အခ်င္းခ်င္း မွ်ေဝႏွစ္သိမ့္မႈ .. သူတုိ႔ကသာ ကၽြန္ေတာ္ ဘာျဖစ္ေနတယ္ဆုိတာကို ကိုယ္ခ်င္းစာႏုိင္တာပါ … ေလာကမွာ ေငြေၾကးထက္၊ ပစၥည္းဥစၥာေတြထက္ ပုိၿပီး မက္ေမာစရာေကာင္းတာက ခ်စ္ရသူေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ ျဖစ္ပါတယ္ “လုိ႔ ေျပာခဲ့ပါတယ္။
ေဒါက္တာ Ken ဟာ (၂၀၁၂)ခုႏွစ္မွာ ေသဆုံးသြားခဲ့ပါတယ္။ ေဒါက္တာ Ken ဟာ လူနာေတြကို ႀကိဳးစားပမ္းစား ကုသရင္း မိမိရဲ႕ အေျခအေနကိုေတာ့ ေမ့ေလွ်ာ့ေနခဲ့သူ ျဖစ္ပါတယ္။ ဒီလုိပဲ ေသဆုံးဖုိ႔ အခ်ိန္ေရာက္လာတဲ့အခါ ပုထုဇဥ္ပီပီ ေၾကာက္ရြံ႔ခဲ့ေပမယ့္ ဘဝမွာ ဘာက အေရးႀကီးဆုံးဆုိတာကို ေထာက္ျပခဲ့ပါတယ္။
လင္းေဇာ္ကို (D Khit Media)
source : worldofbuzz
ယူနီကုဒ်ဖြင့် ဖတ်ရန်-
တစ်ခါတလေမှာ ငွေကြေးချမ်းသာမှုဆိုတာ ဘဝအတွက် ပြီးပြည့်စုံတဲ့ ချမ်းသာခြင်း မဟုတ်ပါဘူး။ တစ်ခါတလေကျတော့လည်း ငွေမရှိလို့ အလွန်ဆင်းရဲလှပြီလို့ ထင်နေခဲ့တာကလည်း ဒီထက်ပိုပြီးဆင်းရဲတဲ့ဒဏ်ကို မသိသေးခင်သာ မှန်ချင်မှန်ပါလိမ့်မယ်။ ဘဝမှာ ချမ်းသာခြင်း၊ ငွေရှိခြင်းမရှိခြင်းဆိုတဲ့ အဓ္ပိပါယ်ထက် ပိုလေးနက်တာတွေလည်း ရှိပါတယ်။
အောင်မြင်မှုဆိုတာလည်း သင့်မှာ ဥစ္စာဓနပေါကြွယ်ဝခြင်းနဲ့ တစ်ခါတလေ ဆက်စပ်နေသလို၊ လူတော်တော်များများကတော့ ငွေက အရာရာကို ဖန်တီးနိုင်တယ်၊ ဒါမှမဟုတ် ဘဝတစ်ခုလုံးရဲ့ လိုချင်တာမှန်သမျှနီးပါးကို ဖန်တီးနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
ဒေါက်တာ Richard Teo Ken Siang ဆိုတာ မိိသားစုစဉ်ဆက် ချမ်းသာလာသူဖြစ်ပြီး၊ သူဝါသနာပါတဲ့ ဆေးကုသခြင်းအလုပ်ကို စေတနာပါပါနဲ့ လုပ်ဆောင်ခဲ့သူပါ။ ငွေကြေးကလည်း ကျိကျိတတ်ချမ်းသာသူဖြစ်ခြင်းကြောင့် အသပြာဆရာဝန်မဟုတ်ဘဲ၊ စေတနာဆရာဝန်ဘဝနဲ့ သန့်သန့်လေး ရပ်တည်ခဲ့ပါတယ်။
ကံဆိုးတာက (၂၀၁၁) မတ်လ (၁၁)ရက်နေ့မှာ သူဟာ Terminal cancer ကင်ဆာကို ခံစားနေရပြီလို့ ဆေးစစ်ချက်အဖြေ ထွက်လာခဲ့ပါတယ်။ Terminal cancer ဟာ ကုသလို့မရတဲ့ နောက်ဆုံးကင်ဆာအဆင့်မို့ End-stage cancer လို့တောင် ဆရာဝန်တွေက ဆိုကြပါတယ်။
ဒီရောဂါကို ခံစားနေရပြီဆိုတာ သိလိုက်တာနဲ့ ဇနီးဖြစ်သူ Teo နဲ့အတူ ဒေါက်တာ Ken တို့ ဝမ်းနည်းစွာနဲ့ တစ်ညလုံး ငိုခဲ့ရတယ်လို့ ဇနီးက ပြောပါတယ်။ ဒေါက်တာ Ken ဟာ ဒီကင်ဆာရဲ့သဘောတရားကို ကိုယ်တိုင်သဘောပေါက်ထားသူမို့ ငွေတွေက ဘယ်လိုမှ အသုံးမဝင်တော့ဘူးဆိုတာကို သိခဲ့ရတာပါ။
သူဟာ ဆေးရုံကုတင်ထက်မှာ သေအံဆဲဆဲအနေအထားနဲ့ တန်းဖို့ရှိတဲ့ သံဝေဂစကားကို ပြောခဲ့ပါတယ်။ သူက ” တရုတ်နှစ်ကူးရောက်တိုင်း ကျနော် ဖာရာရီကားကြီးမောင်းပြီး ဆွေမျိုးတွေကို ပတ်ကြွားခဲ့တာ အမှတ်ရမိသေးတယ် … ဒီလို အပျော်မျိုးက တကယ့်ပျော်ရွှင်မှုလို့ တွေးမိကြမှာပါဘဲ .. “လို့ ပြောခဲ့ပါတယ်။
သူက ဆက်လက်ပြီး ” တကယ့် သေမယ့်အရေးနဲ့ ကြုံလာတော့ ကျွန်တော့်မှာ ဘာပျော်ရွှင်မှုမှ မရှိတော့ဘူး … ကျွန်တော့်ရဲ့ ဖာရာရီကား .. နောက် ခြံကွက်ကျယ်ကျယ်လေးမှာ မိန်းမနဲ့အတူနေဖို့ ဆောက်ထားတဲ့ ဘန်ဂလိုလေး … ဘာကမှ ကျွန်တော့်ကို ပျော်အောင် မစွမ်းဆောင်နိုင်တော့ဘူး ”
” တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပစ္စည်းတွေ အရာဝတ္ထုတွေ မဟုတ်ပါဘူး .. ဆွေမျိုးသားချင်းအချင်းချင်း ချစ်ခင်နှစ်သက်မှု ရိုင်းပင်းမှု … ပျော်တာတွေကို အတူခံစား ငိုစရာတွေ အချင်းချင်း မျှဝေနှစ်သိမ့်မှု .. သူတို့ကသာ ကျွန်တော် ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်ချင်းစာနိုင်တာပါ … လောကမှာ ငွေကြေးထက်၊ ပစ္စည်းဥစ္စာတွေထက် ပိုပြီး မက်မောစရာကောင်းတာက ချစ်ရသူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ပါတယ် “လို့ ပြောခဲ့ပါတယ်။
ဒေါက်တာ Ken ဟာ (၂၀၁၂)ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဒေါက်တာ Ken ဟာ လူနာတွေကို ကြိုးစားပမ်းစား ကုသရင်း မိမိရဲ့ အခြေအနေကိုတော့ မေ့လျှော့နေခဲ့သူ ဖြစ်ပါတယ်။ ဒီလိုပဲ သေဆုံးဖို့ အချိန်ရောက်လာတဲ့အခါ ပုထုဇဉ်ပီပီ ကြောက်ရွံ့ခဲ့ပေမယ့် ဘဝမှာ ဘာက အရေးကြီးဆုံးဆိုတာကို ထောက်ပြခဲ့ပါတယ်။
လင်းဇော်ကို (D Khit Media)
source : worldofbuzz
ကင္ဆာနဲ႔မေသဆုံးခင္မွာ ဘဝအေၾကာင္း အဓိပၸါယ္ဖြင့္ဆုိခဲ့တဲ့ ေဒါက္တာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 17, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 17, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment