Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 10, 2019

သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ား အခ်ိန္မေ႐ြး သြားေရာက္ေနထိုုင္ႏိုုင္တဲ့ အိမ္မဟုုတ္


ထိုုင္ဝမ္မွာ အမ်ိဳးသမီးႀကီး တစ္ဦးရွိပါတယ္။
သူဟာ ေက်ာင္းဆရာမတစ္ဦး ျဖစ္ပါတယ္။
အ႐ြယ္ေကာင္းတုုန္းမွာပဲ ေယာက္်ားဆုံုးပါးသြားပါတယ္။
ငယ္႐ြယ္တဲ့ သားေလးတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။
သားေလးကိုု ဘေထြးနဲ႔ မႀကဳံေစခ်င္လိုု႔
ေနာင္အိမ္ေထာင္ထပ္မျပဳပဲ အေမတစ္ခုု
သားတစ္ခုုနဲ႔ ပဲ သားေလးကိုု ပ်ိဳးေထာင္လာခဲ့ပါတယ္။
သားေလးလည္း အလြန္လိမၼာပါတယ္။
အေမ့ကိုုလည္း အလြန္သိတတ္ပါတယ္။

ဒီလိုုနဲ႔ ဆရာမဝင္ေငြေငြေလးနဲ႔ သားေလးကိုု
ရွိစုုမဲ့စုု ပ်ိဳးေထာင္လာခဲ့ပါတယ္။
သားကလည္း ထူးခြၽန္တာမိုု႔ အေမရိကန္ႏိုုင္ငံကိုု
ပညာေတာ္သင္ ေစလြတ္ႏိုုင္ခဲ့ပါတယ္။
အေမရိကမွာ သားကလည္း ထူးခြၽန္ပါတယ္။
ေက်ာင္းၿပီးလိုု႔ အလုုပ္ေကာင္းၿပီး အေမရိကမွာပဲ
အိမ္ေထာင္ျပဳၿပီး ကိုုယ္ပိုုင္အိမ္တစ္လုံုး ဝယ္ႏိုုင္ခဲ့ပါတယ္။
ေျမးကေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။

မိခင္ျဖစ္သူ ဆရာမကေတာ့ တာဝန္နဲ႔မိုု႔
ဆရာမအျဖစ္ပဲ ထိုုင္ဝမ္မွာ ဆက္လက္ေနထိုုင္ခဲ့ပါတယ္။
ဒီလိုုနဲ႔ ဆရာမႀကီးဟာ ပင္စင္ယူခ်ိန္နီးလာပါေတာ့တယ္။

ပင္စင္ယူခ်ိန္နီးလာေလေလ သားနဲ႔ ေျမးေလးကိုု
သတိရေလေလျဖစ္ၿပီး သားေလးမိသားစုုနဲ႔
သြားေရာက္ေနထိုုင္ဖိုု႔ ဆႏၵျပင္းျပလာပါတယ္။

အေမ့ျဖစ္သူရဲ႕ စိတ္ထဲမွာ သားလိမၼာႀကီးကိုု
သတိရၿပီး ပီတိျဖစ္ေနတတ္ပါတယ္။
ေၾသာ္ လုုပ္ေဖၚကိုုင္ဘက္ေတြ ဒီသတင္းသိလိုုက္ရင္ေတာ့ျဖင့္
ဘယ္ေလာက္အားက်လိုုက္မလဲဆိုုတာ
ေတြးေတာၿပီး ၿပဳံးေနတတ္ပါတယ္။

ဆရာမရဲ႕ စာေရးခ်င္တဲ့ အမူအက်င့္အတိုုင္း
ဖုုန္းခကိုု ေခြၽတာတတ္သူမိုု႔ သားဆီကိုု ပင္စင္ယူၿပီးရင္
အတူလာေနခ်င္ေၾကာင္း ေရးသားေပးပိုု႔ လိုုက္ပါတယ္။

သားဆီက ျပန္စာကိုု ေတာ္ေတာ္နဲ႔ ျပန္မရဘူး။
အေမကလည္း ပင္စင္ယူဖိုု႔ ျပင္ဆင္ေနၿပီး
သားဆီက ျပန္စာကိုု ေမ်ာ္ေနတာေပါ့။
ပင္စင္ယူဖိုု႔ တစ္ပတ္ေလာက္အလိုုမွာ
သားဆီက စာတစ္ေစာင္ေရာက္ရွိလာပါတယ္။

ေဖာက္ဖတ္ၾကည့္လိုုက္ေတာ့ ေဒၚလာ သုံုးေသာင္းတန္
ခ်က္လက္မွတ္တစ္ေစာင္နဲ႔ စာတစ္ေစာင္ေတြ႕လိုုက္ပါတယ္။
စာက အဲလိုုေရးထားပါတယ္။

“ခ်စ္လွစြာေသာ ေမေမ
သားနဲ႔ သားဇနီး ေသေသခ်ာခ်ာ ညႇိႏိူင္းၾကည့္ၿပီးပါၿပီ။
ေမေမကိုု မလာေစခ်င္ပါဘူး။
ေမေမသားကိုု ေကြၽးေမြးခဲ့တာ မွန္ပါတယ္။
အဲဒီကုုန္က်စားရိတ္ကိုု သားတိုု႔ ေသေသခ်ာခ်ာ
တြက္ခ်က္ၾကည့္ၿပီးပါၿပီ၊ ေဒၚလာ ( ၂ ) ေသာင္းေလာက္က်ပါတယ္။
အပိုု ( ၁ )ေသာင္းပါ ထပ္ေပါင္းလိုုက္ေတာ့ စုုစုုေပါင္း ( ၃ )
ေသာင္းေမေမ့ကိုု ပိုု႔ေပးလိုုက္ပါတယ္။
ေမေမ ေနာက္ဆို သားဆီကိုု စာမေရးပါနဲ႔ေတာ့၊
သားမိန္းမက မႀကိဳက္လိုု႔ပါ။….”

မိခင္ျဖစ္သူမွာ စာဆုံုးေအာင္ပင္
ေကာင္းေကာင္း မဖတ္ႏိုုင္ခဲ့ပါ။
မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနပါၿပီ။
အံ့ၾသျခင္း၊ ရင္နာျခင္း၊ယူက်ဳံးမရျဖစ္ျခင္း၊
ေမ်ာ္လင့္ခ်က္တစ္ခုုလုံုး ေပ်ာက္ဆုံုးသြားျခင္း၊
စတဲ့ခံစားခ်က္ေတြနဲ႔ ခ်ဳံးပြဲခ် ငိုုခ်လိုုက္ပါေတာ့တယ္။

မိခင္ဆရာမျဖစ္သူကိုု တရားက ကယ္တင္သြားပါတယ္။
တရားစခန္းဝင္တယ္။ တရားနာတယ္။ တရားထိုုင္တယ္။
ေတာ္ေတာ္ေလး စိတ္သက္သာရာ ရသြားပါတယ္။

ဒါနဲ႔ သူမဟာ အဲဒီေဒၚလာ ၃ ေသာင္းကိုု
အသုံုးျပဳၿပီး ကမာၻပတ္ပါေတာ့တယ္။
ခရီးတစ္ေလွ်ာက္လုံုးမွာ ရွိတဲ့ သဘာဝတရားရဲ႕
လွပဆန္းက်ယ္မူကိုု သူမေကာင္းစြာ ခံစားမိၿပီး
တစ္ခုုခုု အသိဝင္လိုုက္သလိုု ခံစားလိုုက္ရတယ္ ။
အဲဒါနဲ႔ သူ႔မသားကိုု စာတစ္ေစာင္ ထပ္မံေရးသားလိုုက္ပါတယ္။

“ခ်စ္ရတဲ့ သား….
ေမေမ့ကိုု စာထပ္မေရးပါနဲ႔ေတာ့လိုု႔
သားကေျပာထားေပမဲ့ ေမေမေျပာခ်င္တဲ့စကား
မျပည့္စုံုေသးလိုု႔ သားဆီကိုု စာထပ္ေရးလိုုက္ရပါတယ္။

သားခ်က္လက္မွတ္နဲ႔ ပိုုက္ဆံကိုုထုုတ္ၿပီး
ေမေမကမာၻပတ္ခရီးသြားခဲ့ပါတယ္။
လည္ရင္းပတ္ရင္း စဥ္းစားရင္းဆိုုပါစိုု႔၊
အဲလိုုနဲ႔ အသိတစ္ခုုဝင္လာသလိုုပဲ၊ ဟုုတ္ပါတယ္။
သားကိုု ေက်းဇူးတင္ရမယ္။

တကယ္လိုု႔ သားက ေမေမကိုု ျပတ္ျပတ္သားသား
စိမ္းကားတဲ့ စကားမဆိုုခဲ့ဘူးဆိုုရင္ ေမေမအဲေလာက္
သံေဝဂ တရား ျမန္ျမန္ရခဲ့မွာ မဟုုတ္ပါဘူး။
အခုုေတာ့ ေမေမနားလည္အသိနဲ႔ သိသြားပါၿပီ။

ေလာကႀကီးမွာ အေသခ်ာဆုံုုုး၊ အေရရာဆုံုး အရာဟာ
မေသခ်ာမေရရာျခင္းျဖစ္တယ္ဆိုုတာ
ေကာင္းေကာင္းႀကီးသိသြားပါၿပီ။
ေမတၱာလည္း အနိစၥတရားကိုု ေရွာင္ကြင္းလိုု႔
မရဘူးဆိုုတာ သိသြားပါၿပီ။

တကယ္လိုု႔ သားက ေမေမကိုု မလိုုခ်င္ပဲ လာခဲ့ပါလိုု႔
အားနာနာနဲ႔ ေခၚခဲ့မယ္ဆိုုုုရင္ အခုုေလာက္ဆိုု
အားလုံုးစိတ္ဒုုကၡ ေရာက္ေနေလာက္ပါၿပီ။
ေမေမလည္း စိတ္ဆင္းရဲရပါမယ္။ အသက္တိုုမယ္။

အခုုေတာ့ ေမေမ့စိတ္ထဲမွာလည္း
သားဆိုုတဲ့ အစြဲ မရွိေတာ့ပါဘူး။
သားေရာ ေျမးပါ ေမေမစိတ္ထဲမွာ လြတ္ခ်ႏိုုင္ခဲ့ပါၿပီ။
ကိုုယ့္မွာ အခ်စ္မရွိေတာ့ အခ်စ္ျပန္မလိုုေတာ့ဘူးေပါ့၊
အလိုုမရွိေတာ့ ဒုုကၡကင္းတာေပါ့၊
ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအလဲ အားလုံုးကိုု
ေမေမေက်ေက်နပ္နပ္ႀကီးနဲ႔ လက္ခံလိုုက္ပါၿပီ။
ေက်းဇူးတင္ပါတယ္ သား….”

ဇာတ္လမ္းေလးကေတာ့ ဒီေလာက္ပါပဲ။
ပညာရွင္တစ္ဦးရဲ႕ စကားကိုု သတိရေစပါတယ္။

“ မိဘမ်ားရဲ႕ အိမ္ဟာ သားသမီးမ်ား
အခ်ိန္မေ႐ြး ျပန္ႏိုုင္တဲ့ အိမ္ျဖစ္ပါတယ္။
သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ား
အခ်ိန္မေ႐ြး သြားေရာက္ေနထိုုင္ႏိုုင္တဲ့ အိမ္မဟုုတ္ပါ။

ကေလးကိုု ေမြးဖြားျခင္းဟာ တာဝန္၊
ပ်ိဳးေထာင္ျခင္းဟာ ဝတၱရား ျဖစ္ခဲ့မယ္ဆိုုရင္
အားကိုုးလိုုစိတ္ေမြးျမဴ ခဲ့ရင္ မဟာအမွားျဖစ္သြားပါလိမ့္မယ္။

အိုုလာရင္ ကိုုယ့္က်န္းမာေရးကိုု အတတ္ႏိုုင္ဆုံုး ဂ႐ုုစိုုက္ပါ။
အိုုစာနာစာအၿမဲခ်န္ထားပါ။
အိုုဖိုု႔ အတြက္ မအိုုခင္မွာကတည္းက ႀကိဳတင္ျပင္ဆင္ထားပါ။
ဓမၼေရခ်မ္းစင္

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။
သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။
ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့
နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခု
သားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။
သားလေးလည်း အလွန်လိမ္မာပါတယ်။
အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။

ဒီလိုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကို
ရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။
သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကို
ပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။
အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။
ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲ
အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။
မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့
ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။

ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကို
သတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့
သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို
သတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။
သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်
ဘယ်လောက်အားကျလိုက်မလဲဆိုတာ
တွေးတောပြီး ပြုံးနေတတ်ပါတယ်။

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်း
ဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင်
အတူလာနေချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။

သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။
အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး
သားဆီက ပြန်စာကို မျော်နေတာပေါ့။
ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာ
သားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန်
ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။
စာက အဲလိုရေးထားပါတယ်။

“ချစ်လှစွာသော မေမေ
သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။
မေမေကို မလာစေချင်ပါဘူး။
မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။
အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာ
တွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။
အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )
သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။
မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊
သားမိန်းမက မကြိုက်လို့ပါ။….”

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်
ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။
အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊
မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊
စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။
တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။
တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို
အသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။
ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့
လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး
တစ်ခုခု အသိဝင်လိုက်သလို ခံစားလိုက်ရတယ် ။
အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။

“ချစ်ရတဲ့ သား….
မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့
သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကား
မပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။

သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီး
မေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။
လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊
အဲလိုနဲ့ အသိတစ်ခုဝင်လာသလိုပဲ၊ ဟုတ်ပါတယ်။
သားကို ကျေးဇူးတင်ရမယ်။

တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား
စိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်
သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။
အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာ
မသေချာမရေရာခြင်းဖြစ်တယ်ဆိုတာ
ကောင်းကောင်းကြီးသိသွားပါပြီ။
မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့
မရဘူးဆိုတာ သိသွားပါပြီ။

တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့
အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို
အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။
မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

အခုတော့ မေမေ့စိတ်ထဲမှာလည်း
သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။
သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။
ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊
အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊
ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို
မေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။
ကျေးဇူးတင်ပါတယ် သား….”

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။
ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။

“ မိဘများရဲ့ အိမ်ဟာ သားသမီးများ
အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။
သားသမီးများရဲ့ အိမ်ဟာ မိဘများ
အချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။

ကလေးကို မွေးဖွားခြင်းဟာ တာဝန်၊
ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ်ဆိုရင်
အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။

အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။
အိုစာနာစာအမြဲချန်ထားပါ။
အိုဖို့ အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။
ဓမ္မရေချမ်းစင်

No comments:

Post a Comment